Main menu

Background

Friday, 30 Dec 2016

        စားအုန်းဆီနှင့်အပြိုင်ဖြစ်သော တရုတ်ဒါလီယံ ဈေး ကွက်နှင့်  အမေရိကန်ပြည်ထောင်စု  ချီကာဂိုဈေးကွက်မှ ပဲပုပ်ဆီတို့က တန်ဖိုးမြင့်တက်လာသည့်အတွက် သုံးရက်ကြာ ကျဆင်းနေခဲ့သော စားအုန်းဆီကြိုရောင်းဈေး သ ည် ဒီဇင်ဘာ ၂၁ရက် နံနက်ပိုင်းဈေးကွက်တွင်  ပြန်လည် မြင့်တက်လာခဲ့ ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) တွင် ဒီဇင်ဘာ ၂၂ ရက် ေ န့လည် ဈေးကွဲချိန်က မတ်လအတွက် စာချုပ်ချုပ်ဆိုရောင်းချသည့် စားအုန်းဆီဈေးမှာ တစ်တန်ကို ၃၁၀၈ ရင်းဂစ် (အမေရိကန် ဒေါ်လာ ၆၉၄ ဒသမ ၂၁) နှုန်းရှိခဲ့ရာ ယခင်နေ့ကဈေးနှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၅ ရာခိုင်နှုန်း မြ င့်တက်ခဲ့သည်။ ထိ

Wednesday, 7 Dec 2016

           ရေနံတင်ပို့သောနိုင်ငံများအဖွဲ့(အိုပက်)က ရေနံ ထုတ် လုပ်မှုကို လျှော့ချတော့မည့်အလားအလာများ ပိုမို ခိုင်မာလာ ပြီးနောက် ရေနံစိမ်းဈေးများ ပြန်လည်မြင့်တက်လာခဲ့ ကြောင်း ၊ရေနံစိမ်းဈေးနှုန်းများ  မြင့်တက်လာ သည်ကိုအကြောင်း ပြု၍ စားအုန်းဆီဈေးများကလည်း ကျဆင်းနေ ရာမှ နိုဝင်ဘာ ၃၀ရက်နေ့မှာပြန်လည် မြင့်တက်လာခဲ့ကြောင်း ဘီရီကော်ဒါ သတင်းတွင် ဖော်ပြသည်။ အိုပက်အဖွဲ့ဝင်များ၏ ရေနံထုတ်လုပ်မှုကို လျှော့ချရန် အတွက် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်းသဘောတူညီမှု ရရှိရန် နီးကပ်လာပြီဖြစ်ကြောင်း  အိုပက်အဖွဲ့ အစည်းအဝေးတစ်ခု တွင် ဆော်ဒီအာရေးဘီးယား စွမ်းအင်ဝန်ကြီးကပြောသည်။

Friday, 2 Dec 2016

           နိုဝင်ဘာ ၂၄ ရက်က မလေးရှား စားအုန်းဆီ ကြို ရောင်းဈေးနှုန်းသည် ၅ရာခိုင်နှုန်း မြင့်တက်ပြီး လေးနှစ် အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ဘီရီကော်ဒါ သတင်းတွင် ဖော်ပြသည်။  အမေရိကန်ပြည်ထောင်စုက ဇီဝဒီဇယ်ဆီ လိုအပ်ချက်ကို တိုးမြှင့်လိုက်ပြီးနောက် ချီကာဂို ကုန်သွယ်ရေးဘုတ်အဖွဲ့တွင် ပဲပုပ်ဆီများ ဈေးနှုန်းမြင့် တက်မှုကို အကြောင်းပြုပြီး  စားအုန်းဆီဈေးကပါ လိုက်ပါ မြင့် တက်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ဒေါ်လာနှင့်  ဖလှယ်ရာတွင် ရင်းဂစ် တန်ဖိုး ကျဆင်းမှုက နိုင်ငံခြားဝယ်ယူသူများအတွက် စား အုန်းဆီဈေးနှုန်းကျဆင်းခဲ့သော်လည်း ရင်းဂစ်ဖြင့် ဝယ်ယူပါက စားအုန်းဆီဈေးနှုန်းကို မြင့်တက်စေခဲ့သည်။ မလေးရှားအစိုးရ

Wednesday, 23 Nov 2016

        အမေရိကန်နိုင်ငံ ချီကာဂိုကုန်သွယ်မှု ဘုတ်အဖွဲ့နှင့် တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တို့တွင် ပြိုင်ဖက် ဟင်းရွက် ဆီဖြစ်သော ပဲပုပ်ဆီဈေးနှုန်းများ မြင့်တက်ပြီးေ နာက် နို ဝင်ဘာ ၁၆ရက်က မလေးရှားနိုင်ငံ၏ စားအုန်းဆီ ကြိုရောင်းဈေး လည်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်မြင့်တက်လာသည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malay -sia Derivatives Exchange) တွင် ဖေဖော်ဝါရီအတွက် ချုပ်ဆို သော စားအုန်းဆီ၏ အခြေခံစံ ထား ဈေးနှုန်းမှာ ၁ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ၂၈၅၅ ရင်းဂစ် (အမေ ရိကန်ဒေါ်လာ ၆၅၇)နှုန်း ရှိခဲ့သည်။ ရောင်းချရသည့် ပမာဏ မှာ ၂၅တန်ရှိ အတွဲပေါင်း ၅၁၃၂၇တွဲ ရှိ သည့်အတွက် ၂၀၁၅ ခုနှစ်က နေ့စဉ်ပျ မ

Thursday, 10 Nov 2016

           မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးက နိုဝင်ဘာ ၃ရက်ညနေက ဒုတိယမြောက်နေ့အဖြစ် ဆက်လက် မြင့်တက် ခဲ့သည်။ ပြိုင်ဖက် ဟင်းရွက်ဆီဖြစ်သော ပဲပုပ်ဆီဈေး ကျ ဆင်း နေသော်လည်း စားအုန်းဆီထုတ်လုပ်မှု ကျဆင်းမည့် လက္ခဏာများကိုတွေ့မြင်ရပြီးနောက်ပိုင်း ဈေးနှုန်းများ ယခုကဲ့သို့ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဘာဆာမလေးရှား ကုန် စည်ဒိုင်မှာ ဇန်နဝါရီအတွက် ချုပ်ဆိုသော ကြိုရောင်းစာချုပ်တွင် သတ်မှတ်သော အခြေခံ စံ ထား  ဈေးနှုန်းမှာ နိုဝင်ဘာ ၃ရက် ညနေပိုင်းက သုညဒသမ ၆ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၇၇၄ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၆၃) နှုန်း ရှိခဲ့ပါသည်။ ပဲပုပ်ဆီဈေး ကျဆင်းမှုနှင့်  မလေးရှားရင်းဂစ် တန်ဖိုး မြင့်တက်မှုေ ကြာင့်

Wednesday, 26 Oct 2016

        တရုတ်နိုင်ငံ ဒါလီယံကုန်စည်ဒိုင်တွင် ပြိုင်ဖက် ဟင်းရွက်ဆီဖြစ်သော ပဲပုပ်ဆီဈေးနှုန်း နှေးကွေးကျဆင်း မှုနှင့် စားအုန်းဆီပို့ကုန်ဝယ်လိုအား ကျဆင်းမှုတို့ကြောင့် အောက်တိုဘာ ၂၀ရက်နေ့တွင် စားအုန်းဆီဈေး ပြန်လည် ကျဆင်းလာခဲ့ကြောင်း ဘီရီကော်ဒါသတင်းတွင်ဖော်ပြသည်။ ဘာဆာမလေးရှား (Bursa Malaysia Derivatives Exchange) ကုန်စည်ဒိုင်တွင် အောက်တိုဘာ ၂၀ရက်နေ့ ညနေက ဇန်နဝါရီအတွက် စာချုပ်သော စားအုန်း ဆီ၏  အခြေခံ စံထားဈေးနှုန်းမှာ သုညဒသမ ၅ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၇၁၈ ရင်းဂစ် (အမေရိကန် ဒေါ်လာ ၆၅၀) နှုန်းရှိခဲ့သည်။ အောက်တိုဘာ ၂၀ရက်က ရောင်းချရသော စားအုန်းဆီ ပမာဏသည် ၂၅တန်ရှိ အ တွဲပေါင်း ၄၆၂၁၂ တွဲ ဖြစ်ရာ

Tuesday, 11 Oct 2016

    ပဲပုပ်ဆီဈေးနှုန်း ကျဆင်းခြင်းနှင့်အတူ မလေးရှား စားအုန်းဆီ ပြည်ပတင်ပို့မှုလည်း ကျဆင်းမည်ဟု ခန့်မှန်းကြသည့်အတွက် အောက်တိုဘာ ၆ ရက်တွင် မလေးရှား စားအုန်းဆီကြိုရောင်းဈေးက ရက်သတ္တပတ်အတွင်း အနိမ့် ဆုံးဈေးအဖြစ် တစ်ဟုန်ထိုးကျဆင်းခဲ့ကြောင်း ဘီရီကော်ဒါ သတင်းတွင် ဖော်ပြသည်။ ဘာဆာမလေးရှား  ကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) တွင် အောက်တိုဘာ ၅ ရက် ဈေး ပိတ်ချိန်က စားအုန်းဆီ တစ်တန်ကို ၂၅၅၆ ရင်းဂစ် ( အမေ ရိကန် ၆၁၈ ဒေါ်လာ)ရှိပြီး ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ သည်။

Tuesday, 20 Sep 2016

ရင်းဂစ်တန်ဖိုး ကျဆင်းမှုနဲ့  သြဂုတ်လအကုန် စတော့ လက်ကျန်က ခြောက်နှစ်အတွင်း  အနိမ့်ဆုံးသို့ ကျဆင်းမှု တွေက စားအုန်းဆီဈေးနှုန်း မြင့်တက်ဖို့ အထောက်အကူ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဝယ်လိုအား ကျဆင်းတဲ့ အတွက် စက်တင်ဘာ ၁၄ရက်မှာ မလေးရှားစားအုန်းဆီ ကြိုရောင်း ဈေးနှုန်းက ရက်သတ္တနှစ်ပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်း ခဲ့ကြောင်း စတားအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ဘာဆာ မလေးရှား ကုန်စည်ဒိုင(Bursa Malaysia Derivatives Exchange) မှာ စက်တင်ဘာ ၁၄ ရက် ဈေးပိတ် ချိန်က နိုဝင်ဘာအတွက် စားအုန်းဆီ ကြိုရောင်းဈေးက ၁ ဒသမ ၁ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၅၆၄ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၂၂) နှုန်း ရှိခဲ့ပါတယ်။ အနိမ့်ဆုံး ဈေးက တစ်

Wednesday, 31 Aug 2016

        မလေးရှား စားအုန်းဆီ ကြိုရောင်းဈေးက သြဂုတ် ၂၄ ရက်မှာ ဒုတိယနေ့အဖြစ် ဆက်တိုက်မြင့်တက်ခဲ့ပါတယ်။ အဓိကအားဖြင့် ရောင်းလိုအား ကျဆင်းလာခြင်းနဲ့ ပို့ကုန်မြင့် တက်လာမယ့် အခြေအနေကို အကြောင်း ပြု ပြီး မြင့်တက်လာ ခြင်းဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Derivative Exchange) မှာ နိုဝင်ဘာအတွက် စာချုပ် ချုပ်ဆို ရောင်းချတဲ့ စားအုန်းဆီ  အခြေခံ စံ ထားဈေးနှုန်းက ညနေ ဘက်ဈေးပိတ်ချိန်မှာ သုည ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး  တစ်တန်ကို ရင်းဂစ် ၂၆၀၀ ( အမေရိကန်ဒေါ်လာ ၆၄၄ ) ရှိပါ တယ်။ တစ်ရက်အတွင်း အမြင့်ဆုံးဈေးနှုန်းက ၂၆၂၃ ရင်းဂစ် ဖြစ်ပြီး သြဂုတ် ၁၉ ရက် နောက်ပိုင်း

Wednesday, 17 Aug 2016

     သြဂုတ် ၉ရက်မှာ အခြား ဟင်းရွက်ဆီ ရောင်းလိုအား ကျဆင်းလာတဲ့အတွက် ဥရောပဈေးကွက်မှာ စားအုန်း ဆီဈေး မြင့်တက်ခဲ့ပါတယ်။ မကြာသေးမီ အချိန်က မြင့်တက် လျက်ရှိနေရာမှ ဆက်လက် မြင့်တက်ခဲ့တာ ဖြစ်ပါ တယ်။ စားအုန်းဆီကြမ်း (Crude Palm Oil) ဈေးက တစ်တန်ကို အမေရိကန် ဒေါ်လာ ၇ ဒသမ ၅၀ မှ ၁၅ဒေါ်လာ ထပ်မံ မြင့်တက်ခဲ့ကာ သြဂုတ် ၉ရက်မှာ စားအုန်းဆီ ကြိုရောင်း ဈေးက နှစ်လအတွင်း အမြင့်ဆုံးနှုန်း ကို ရော က်ရှိခဲ့ ပါတယ်။ ယခုနှစ် နှစ်ဆန်းပိုင်းက အယ်နီညို ရာသီဥတုသွင်ပြင် လက္ခဏာများကြောင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း အင်ဒိုနီးရှားနဲ့ မလေးရှား နိုင်ငံတွေမှာ စားအုန်းဆီ ထုတ်လုပ်မှု ကျဆင်းခဲ့ပါ တယ်။ ရို

Pages