Main menu

Background

Wednesday, 24 Jul 2013

ရှန်ဟဲ အဂတိ  လိုက်စားမှု အတွက် စုံစမ်း စစ်ဆေးမှုကို ရင်ဆိုင်ရမှာဖြစ် တဲ့ အတွက် တရုတ်နိုင်ငံမှာရှိနေတဲ့ ဂလက် ဇိုစမစ်ကလိုင်း (GSK) ရဲ့ ဗြိတိသျှလူမျိုးဘဏ္ဍာရေးဒါရိုက်တာကို တရုတ်အာဏာပိုင်တွေကတိုင်းပြည်မှ ထွက်ခွာခွင့် ပိတ်ထားကြောင်းကုမ္ပဏီကဇူလိုင်၁၈ရက်ကပြောကြားတာကို  အေအက်ဖ်ပီသတင်းမှာဖော်ပြပါတယ်။

Monday, 15 Jul 2013

ဝါရှင်တန် တရုတ်နိုင်ငံက သူရဲ့ငွေကြေး ကို တန်ဖိုးမြှင့်ထားဖို့ အမေရိကန် ဘဏ္ဍာ ရေးဝန်ကြီးဂျက်ကော့လျူးက ဇူလိုင် ၁၁ ရက်နေ့က တိုက်တွန်း ကြောင်း အေအက်ဖ်ဒီ သတင်းမှာ ဖော်ပြပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ က လက်ခံနိုင်ဖွယ် ရှိတဲ့ဘက်ကို ဦးတည်လာပြီဖြစ်ကြောင်း နှစ်ရက် ကြာကျင်းပခဲ့တဲ့ နှစ်နိုင်ငံနှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ မဟာဗျူဟာနဲ့ စီးပွား ရေးဆွေးနွေးပွဲမှာ လျူးက ပြောပါ တယ်။

Monday, 8 Jul 2013

ဗီယက်နမ် ရွှေဈေးက သုံးနှစ် အတွင်း အနိမ့်ဆုံးဈေးကို ရောက်ရှိခဲ့တဲ့ အတွက် ရွှေအဝယ်က အလုအယက် လိုက်လာပြီး ဇွန် ၂၈ ရက်မှာ ကုန်လွန် ခဲ့တဲ့ ရက်သတ္တပတ်နောက်ပိုင်း ပြန် လည် ဦးမော့လာကြောင်း VNS သတင်းမှာ ဖော်ပြထားပါတယ်။

Monday, 1 Jul 2013

ရှန်ဟဲ  ရက်သတ္တပတ်များစွာ ထိန်း ချုပ်မှုကြောင့်ဘဏ္ဍာရေး ဈေးကွက် စနစ်အတွင်း အသံဗလံ များ ပေါ် ပေါက်ခဲ့ပြီး နောက်ပိုင်း ဈေးကွက် တည်ငြိမ်မှုရှိစေဖို့အတွက် ငွေဖြစ် လွယ်မှုကို "ထိန်းညှိဖို့" ဆောင်ရွက် မှာ ဖြစ်ကြောင်း ဇွန် ၂၈ ရက်က တရုတ် ဗဟိုဘဏ်ရဲ့ ပြောကြားချက်ကို အေအက်ဖ်ပီ သတင်းမှာ ဖော်ပြ ထားပါတယ်။ ငွေဖြစ်လွယ်မှုအဆင့် ကို ထိန်းညှိဖို့ နည်းကုန်လမ်းကုန် ဆောင်ရွက်မည်ဖြစ်ကြောင်း ရှန်ဟဲ မှာပြုလုပ်တဲ့ဘဏ္ဍာရေးဖိုရမ်မှာဘဏ် အကြီးအကဲ Zhou Xiaochuan က ပြောပါတယ်။

Thursday, 27 Jun 2013

နယူးယောက် အမေရိကန် ဗဟိုဘဏ်က ငွေ ကြေးတွန်းအားအစီအစဉ်ကိုလျှော့ချ မှုအပြင် တရုတ်နိုင်ငံရဲ့ ကုန်ချော ထုတ်လုပ်မှု ကိန်းဂဏန်းအချက်တွေ ကျဆင်းမှုတို့ကြောင့် ရေနံဈေးနှုန်း က ဇွန် ၂၀ ရက်က အကြီးအကျယ် ကျဆင်းခဲ့ရာ ခုနှစ်လမြောက်ကျဆင်း ခဲ့တာ ဖြစ်ကြောင်း AFP   သတင်းမှာ ဖော်ပြပါတယ်။ နယူးယောက်ဈေး အောက် ၂ ဒသမ ၈၄ ဒေါ်လာကျ ဆင်းပြီး တစ်စည်ကို ၉၅ ဒသမ ၄၀ ဒေါ်လာနှုန်း ရှိခဲ့ပါတယ်။

Wednesday, 12 Jun 2013

ပေကျင်း တရုတ်စီးပွားရေးက ဒီနှစ်ထဲမှာ ခန့်မှန်းထားတာထက်ပိုမိုကျဆင်းမှာ ဖြစ်ကြောင်း ဂျေပီမော်ဂန်က တရုတ် နိုင်ငံရဲ့ စီးပွားရေးကို ၈ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မယ်လို့ ခန့်မှန်း ခဲ့ပေမဲ့ စီးပွားရေးကိန်းဂဏန်းအချက် အလက်တွေ အားနည်းလာတဲ့ အတွက် တရုတ် ဂျီဒီပီတိုးတက်နှုန်း က ၂၀၁၃ ခုနှစ်မှာ ၇ ဒသမ ၆ ရာ ခိုင်နှုန်းသာ ရှိတော့မှာ ဖြစ်ကြောင်း ဂျေပီမော်ဂန်ရဲ့ တရုတ်နိုင်ငံဆိုင်ရာ ဥက္ကဌ ချူဟိုင်ဘင်က ဇွန်  ၆ ရက်က ပြောပါတယ်။

Wednesday, 5 Jun 2013

တိုကျို ဂျပန် နိုင်ငံရဲ့ စက်မှု ကုန်ထုတ် လုပ်မှုက မတ်လနဲ့နှိုင်းယှဉ်ရင် ဧပြီ မှာ ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း မေ ၃၁ ရက်ကထုတ်ပြန်တဲ့ တရားဝင်ကိန်းဂဏန်းအချက် အလက် တွေအရသိရ ပါတယ်။အစိုးရကဂျပန် စီးပွားရေး နာလန်ထူဖို့ ဆောင်ရွက် လာတဲ့အတွက် လအလိုက် တိုးတက် မှု ရှိလာတာကိုကြည့်ရင် စက်မှု ကုန်ထုတ်လုပ်ငန်းတွေ အရှိန်ယူလာ ပြီဆိုတာ တွေ့ရကြောင်း ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။

Tuesday, 28 May 2013

ဂျပန် ဂျပန်နိုင်ငံ နစ်ဆန်းကားကုမ္ပဏီ  သည် ၎င်းင်းတို့ကုမ္ပဏီမှ ထုတ်လုပ် သည့် နစ်ဆန်းကားရှစ်သောင်း ကို ပြန်လည် သိမ်းယူမည် ဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြ ထားသည်။ အဆိုပါ ကုမ္ပဏီမှ ၂၀၀၂ ခုနှစ်မှ ၂၀၀၆ခုနှစ်အတွင်း ထုတ်လုပ် လိုက်သည့်  Nissan Micra ကားများ တွင်တပ်ဆင်ထားသည့်  စတီယာရင် များ၌ ဝက်အူများမှာ၎င်းင်းစတီယာရင် နှင့်ကိုက်ညီမှုမရှိသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် ပြန်လည် သိမ်းယူရန် ဆုံးဖြတ်ရခြင်းဖြစ်ကြောင်းသိရသည်။

Monday, 20 May 2013

တိုကျို ကမ္ဘာ့အကြီးဆုံး မော်တော်ကား ထုတ်လုပ်သည့်တိုယိုတာကားကုမ္ပဏီ သည် ယခုနှစ်အတွင်း ဘဏ္ဍာရေး အကျိုးအမြတ်များကြောင့် ရှယ်ယာ တန်ဖိုးများ မြင့်တက်ခဲ့သည်။ တိုယို တာ ကုမ္ပဏီ၏ ဈေးကွက်အရင်းအနှီး တန်ဖိုးမှ အမေရိကန်ဒေါ်လာ ၂၁၄ သန်းရှိခဲ့ရာတောင်ကိုရီးယားမှ နာ မည်ကြီး ဆမ်ဆောင်းကုမ္ပဏီထက် ရှယ်ယာတန်ဖိုးများမြင့်တက်ခဲ့သည်။ ဆမ်ဆောင်းကုမ္ပဏီ၏ရှယ်ယာ တန် ဖိုး မှာ ၁၃၅၀ ဒေါ်လာ(ဝမ် ၁ ဒသမ ၅၀၆ သန်း) ရှိပြီး တိုယိုတာကား ကုမ္ပဏီ၏ ရှယ်ယာ တန်ဖိုးမှာ ၆၅၃၀ ယန်းဖြစ်သည်။

Monday, 13 May 2013

ဟနွိုင် ဗီယက်နမ် ပြည်တွင်းဖိနပ်လုပ် ငန်းအနာဂတ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းသားရေနဲ့ ဖိနပ်ထုတ် လုပ် ရေးလုပ်ငန်းက ကုန်ကြမ်းပေး သွင်း နိုင်မဲ့ကွင်းဆင်းတစ်စုကိုဖန်တီး ဖို့လို ကြောင်း စက်မှုနဲ့ကုန် သွယ်ရေး ဝန် ကြီးဌာနကပြောကြားပါတယ်။လော လောဆယ်မှာသွင်းကုန်တွေကိုအဆ မတန်မှီခိုနေရလို့ ကုန်ကြမ်းအတွက် ရင်းနှီး မြှုပ်နှံမှုလိုကြောင်း ဝန်ကြီး ဌာနက  ပြောပါတယ်။

 
မနီလာ ဖိလစ်ပိုင်ပြည်ပ  ပို့ကုန် က ဖေဖော်ဝါရီကကျဆင်းနေခဲ့ရာမှ ပြန် လည်နာ လန်ထူလာပြီး မတ်လ အတွင်းမမျှော် လင့်ဘဲ ထောင်တက် လာခဲ့ကြောင်းမေ၁၀ရက်ကထုတ်ပြန် တဲ့အမျိုးသား စာရင်းရဲ့ထုတ်ပြန်ချက် အရသိရပါတယ်။ မတ်လမှာဖိလစ်ပိုင် ရဲ့ ပို့ကုန် ကဒေါ်လာ ၄ဒသမ ၃၂၉ ဘီလီယံကိုရောက်ခဲ့ပါတယ်။ ဒါပေမဲ့ စုစုပေါင်း ပို့ကုန်ဝင်ငွေရဲ့ ၃၄ ဒသမ ၄ ရာခိုင် နှုန်းရှိတဲ့ အီလက်ထရွန်းနစ် ထုတ်ကုန် တင်ပို့မှုက ၂၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။
ရောမ နို့ထွက်ပစ္စည်းတို့ဈေးတက် လာတဲ့အတွက် ဧပြီမှာ စားနပ်ရိက္ခာ ဈေးတွေ  ၁  ရာခိုင်နှုန်းမြင့် တက်ခဲ့ ကြောင်း၊ဒါပေမဲ့ ကမ္ဘာ့ဆန်ဈေးက အနည်းငယ် ကျဆင်းခဲ့ပြီး တခြားအ ရေးပါ တဲ့ညွှန်းကိန်းတွေ ကတန်းနေပါ ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာနဲ့ လယ် ယာစိုက်ပျိုးရေးအဖွဲ့ကမေ ၉ ရက်က ပြောပါတယ်။
ဝါရှင်တန် လာမဲ့ရက်သတ္တပတ်မှာ ကျင်းပ မဲ့ ဘုတ်အဖွဲ့အစည်းနောက်ပိုင်းဆိုက် ပရပ်နိုင်ငံအတွက်ပထမဆုံးကယ်တင် မှုချေးငွေကိုပေးနိုင်လိမ့်မည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေ အဖွဲ့ကမေ ၈ ရက်ကပြောပါတယ်။ အဖွဲ့ရဲ့အမှုဆောင်ဘုတ်အဖွဲ့အစည်း အဝေးကို  မေ  ၁၅  ရက်မှာ ပြုလုပ် မှာဖြစ်ပါတယ်။
နယူးဒေလီ အိန္ဒိယနိုင်ငံ စက်မှုကုန်ထွက်က  ယခင်နှစ်က နှင့် နှိုင်းယှဉ်ရင် ၂ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း မေ ၁၀ရက်က တရားဝင်ထုတ်ပြန်သော သတင်းများအရတွေ့ပါတယ်။ဒါကြောင့် နှေးကွေး ကျဆင်းနေ တဲ့စီးပွားရေး ကအောက် ခြေကပြန် တက်တော့မယ်လို့ခန့်မှန်းရပါ တယ်။

Pages