Background
မလေးရှားနိုင်ငံထဲကို နိုင်ငံခြားခရီး သွားတွေ ဝင်ရောက်တဲ့အရင်းအမြစ် တွေထဲမှာ စင်ကာပူနိုင်ငံက အရေးပါ နေဆဲဖြစ်ကြောင်း Tourism Malaysia ကယူဆထားပါတယ်။ မလေးရှား နိုင်ငံထဲ နှစ်စဉ်ဝင်ရောက်လာတဲ့ နိုင်ငံခြားခရီးသွားတွေထဲမှာ စင်ကာပူ နိုင်ငံသားတွေက ၅၀ ရာခိုင်နှုန်းရှိနေပါ တယ်။
စင်ကာပူ အလုပ်အကိုင်အေးဂျင့်တွေက ရှိရင်းစွဲနိုင်ငံတွေက နိုင်ငံခြားသား ဆောက်လုပ်ရေးလုပ်သားတွေနဲ့ အိမ်ဖော် တွေကို အရှိန်မြှင့်စုဆောင်း လျက်ရှိသလို အလုပ်သမားရှားပါးမှု ပြဿနာသက်သာစေဖို့အတွက် နည်းလမ်းသစ်တွေကို စူးစမ်းရှာဖွေနေပါတယ်။ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအသင်း (စင်ကာပူ)က ကမ္ဘောဒီးယားက အိမ်ဖော်တွေကို ငှားရမ်းဖို့ မျှော်မှန်းထားသလို သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ စုဆောင်းမှုတွေကို မြှင့်တင်ဆောင်ရွက်နေပါတယ်။
ဝါရှင်တန် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက အမေရိကန် ပြည် ထောင်စု ဘဏ္ဍာရေးချောက်ကမ်းပါး ကျော်လွှားနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှု ဖြစ်သော "American Taxpayer Relief Act of 2012" ကို လက်မှတ်ရေးထိုးပြီး ဥပဒေအဖြစ် အတည်ပြု ပြဌာန်းခဲ့ပါတယ်။ ဥပဒေ အရ အိမ်ထောင်စု ဝင်ငွေ ဒေါ်လာ ၄၅၀၀၀၀ အထက် ဝင်ငွေရှိသူများကို အခွန်တိုးမြှင့် ကောက်ခံပြီး အသုံး စရိတ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို နှစ်လ ရွှေ့ဆိုင်းခဲ့ပါတယ်။
ဝါရှင်တန် ရုရှားနိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သို့ဝင်ရောက်ခဲ့ပြီး နောက်ပိုင်း အ မေရိကန်နိုင်ငံက စစ်အေးတိုက်ပွဲ ကာလကုန်သွယ်ရေး ကန့်သတ်ချက် တွေကို အဆုံးသတ်ရန် အဆိုကို အမေရိကန်လွှတ်တော်မှာ မဲခွဲ ဆုံး ဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုများကိုရည်မှန်း ထားတဲ့ အစီအစဉ်များကြောင့် မော် စကိုအတွက် စိတ်မသက်သာဖြစ်ခဲ့ ရပါတယ်။အမေရိကန်လွှတ်တော်က အမြဲတမ်း ကုန်သွယ်မှု ဆောင်ရွက်ဖို့ ၉၂-၄ မဲနဲ့နှင့်ဆုံးဖြတ်ခဲ့ကြောင်း အေ အက်ပီသတင်းမှာဖော်ပြထားပါတယ်။
ဝါရှင်တန် ဘဏ္ဍာရေး ချောက်ကမ်းပါးလို့ တင်စားခေါ်ဝေါ်နေတဲ့ အမေရိကန် မှာ အခွန် တိုးမြှင့်ကောက်ရေးနဲ့ အသုံးစရိတ် လျှော့ချရေး ဆွေးနွေး ညှိနှိုင်းမှုတွေ သောင်မတင် ရေမကျ ဖြစ်နေတဲ့အတွက် အမေရိကန် လွှတ် တော်မှာဒီမိုကရက်နဲ့ရီပတ်ပလီကင် အမတ်တွေ ချမ်းသာသူတွေ ထံမှ အခွန်တိုးကောက်ရေးကိစ္စကို ငြင်းခုံ မှုမပြီးပြတ်နိုင်အောင်ရှိနေပါတယ်။ အခွန်တိုးတက်ကောက်ခံရေးနဲ့အသုံး စရိတ်လျှော့ချရေးမှာထိရောက်တဲ့တိုး တက်မှုမရသေးဘူးလို့ရီပတ်ပလီကင် အမတ်ဂျွန်ဘိုးနားကပြောကြောင်းအေ အက်ပီသတင်းမှာဖော်ပြထား ပါတယ်။
တိုကျို ဂျပန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ပိုင် နက် နယ်မြေ အငြင်းပွားမှု ပြင်းပြင်း ထန်ထန် ဖြစ်ပွားနေတဲ့ အကျိုးဆက် ကြောင့် တရုတ်နိုင်ငံက ကုန်ထုတ် လုပ်မှုတွေ ဆက်လက် ကျဆင်းနေ ကြောင်းဂျပန်မော်တော်ကား ထုတ် လုပ်ရေး ကုမ္ပဏီကြီးသုံးခုက နိုဝင် ဘာ ၂၉ ရက်က ပြောပါတယ်။ ယခု နှစ် ပထမခြောက်လအတွင်းမှာ တို ယိုတာရဲ့ ထုတ်လုပ်မှုက ၆၁ ရာခိုင် နှုန်း၊ နီဆန်ရဲ့ထုတ်လုပ်မှုက ၄၄ ရာခိုင်နှုန်းနဲ့ ဟွန်ဒါရဲ့ထုတ်လုပ်မှုက ၅၄ ရာခိုင်နှုန်း ရှိကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
ဆိုးလ် တောင်ကိုရီးယားနိုင်ငံရဲ့ စက်မှု ကုန်ထုတ်လုပ်မှုက အောက်တိုဘာ လမှာ ဒုတိယမြောက်လအဖြစ် မြင့် တက်ခဲ့ကြောင်း ယခင်လနှင့်နှိုင်းယှဉ် ပါက သုည ဒသမ ၆ ရာခိုင်နှုန်း မြင့် တက်ခဲ့ကြောင်း အစိုးရ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ ဒါပေ မဲ့ သတ္တု တူးဖော်ရေး၊ ကုန်ထုတ်လုပ် မှု၊ သဘာ၀ ဓာတ်ငွေနဲ့လျှပ်စစ်ဓာတ် အားလုပ်ငန်းတွေက စက်တင်ဘာလ တိုးတက်နှုန်းဖြစ်တဲ့ သုည ဒသမ ၇ ရာခိုင်နှုန်းအောက် အနည်းငယ် ကျဆင်းကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
တိုကျို သူ့ရဲ့အာဏာရပါတီ ရှုံးနိမ့်လိမ့် မယ်လို့အများစုက ခန့်မှန်းနေတဲ့ရွေး ကောက်ပွဲ မတိုင်မီမှာ ဂျပန်ဝန်ကြီး ချုပ် ယိုရှီဟီကိုနိုဒါရဲ့ဝန်ကြီးအဖွဲ့က နိုဝင်ဘာ ၃၀ ရက်မှာဒေါ်လာ ၁၀ ဒသမ ၇ ဘီလီယံရှိ စီးပွားရေး တွန်းအားပေး အစီအစဉ်ကိုအတည် ပြုခဲ့ကြောင်း သတင်းတွေမှာဖော်ပြ ထားပါတယ်။ ယခု အစီအစဉ်သစ် က ယန်းငွေနဲ့ဆိုရင် ၈၈၀ ဘီလီယံ ရှာမှာဖြစ်တဲ့အတွက် အောက်တိုဘာ ကကြေညာခဲ့တဲ့ အစီအစဉ်ရဲ့နှစ်ဆ ကျော်ရှိကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။
ဘရပ်ဆဲလ် ဥရောပခေါင်းဆောင်များရဲ့ အ စည်းအဝေးသည် နှစ်ရက်ဆက်တိုက် ရှိနေပြီဖြစ်တဲ့တိုင်အောင် အလှမ်း ဝေးနေ ဆဲဖြစ်တဲ့အတွက် ၂၀၁၄-၂၀၂၀ခုနှစ် အီးယူဘတ်ဂျက်အတွက် ယူရို တစ်ထရီလီယံ သဘောတူညီမှု ရရှိရေးအတွက် သံသယ ရှိကြောင်း၊ ဥရောပ ခေါင်းဆောင်များက ပြော ကြားပါတယ်။ ဥရောပရှိ ဆင်းရဲနိုင်ငံတွေနဲ့ ချမ်းသာတဲ့နိုင်ငံတွေကြား ကွာဟ ချက်တွေကြီးမားနေတဲ့အတွက် ဆွေး နွေးပွဲကို တစ်ရက် ရွှေ့ဆိုင်းခဲ့ရ ကြောင်း AFP သတင်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။
တိုကျို လာမယ့်လမှာ ရွေးကောက်ပွဲ တွေကျင်းပနိုင်အောင်ပြင်ဆင်တဲ့အနေ နဲ့ နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဂျပန်ဝန် ကြီးချုပ် ယိုရှိဟီကိုနိုဒါက ဂျပန် အောက်လွှတ်တော်ကို ဖျက်သိမ်းခဲ့ပါ တယ်။ ပြည်သူလူထုရဲ့ အဆုံးအဖြတ် ကို နာခံပါမယ်လို့ ဝန်ကြီးအဖွဲ့ အစည်းအဝေး မတိုင်မီ ဝန်ကြီးချုပ်ရုံး ကိုရောက်လာချိန်မှာ နိုဒါက သတင်း ထောက်တွေ ကို ပြောကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။
ဂရင်းဘိုရို (အမေရိကန်ပြည်ထောင်စု) အမေရိကန်ပြည်ထောင်စုရဲ့ စီး ပွားရေး တိုးတက်နှုန်း နှေးကွေးတာနဲ့ ဥရောပမှာစီးပွားရေးဆုတ်ကပ်ဖြစ်နေ တဲ့အတွက်ပစ္စည်းအရောင်းကျဆင်း တဲ့အတွက် ဖို့ဒ်မော်တာနဲ့ဒေါင်ကင် မီကယ် အပါအဝင် ကုမ္ပဏီပေါင်း များစွာက အလုပ်သမား အမြောက် အမြားကိုထုတ်ပယ်ခဲ့ရပါတယ်။ ဒီဇင် ဘာ ၁ ရက်ကစပြီး အမေရိကန် ပြည် ထောင်စုရှိကုမ္ပဏီတွေက ပြည်တွင်း ပြည်ပရှိ အလုပ်သမားတွေ ထုတ် ပစ်တာ ၆၂၆၀၀ ရှိပါတယ်။ ၂၀၁၀ ပြည့်နှစ် နှစ်စမှ အခုထိ အများဆုံး အရေအတွက် ဖြစ်ပါတယ်။ Source.bloomberg.com
ဘရပ်ဆဲလ် ၂၀၁၄ ခုနှစ်ကစပြီး ယူရိုဇုန် ဘဏ် ၆၀၀၀ လုံးကို ဥရောပဗဟို ဘဏ်(အီးစီဘီ)က ကွပ်ကဲသွားတော့ မှာ ဖြစ်ကြောင်း ပြင်သစ် အစိုးရ သတင်းရပ်ကွက်မှ အောက်တိုဘာ ၁၈ ရက်နေ့က ပြောပါတယ်။ ဘဏ် လုပ်ငန်းသမဂ္ဂနဲ့ဆိုင်တဲ့ သဘောတူ ညီချက် ရရှိရေး အီးယူခေါင်းဆောင် တို့ ကြိုးပမ်းဆောင်ရွက်ရာမှ ဒီရလဒ် ပေါ်ထွက်လာတာဖြစ်ပါတယ်။ Source:AFP
စင်ကာပူ ယခင် ၂၀၁၁ ခုနှစ်ကအာရှရင်း နှီးမြှုပ်နှံသူတို့ရဲ့ အိမ်ခြံမြေဈေးကွက် မှာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုအနက်သုံး ပုံတစ်ပုံ သို့မဟုတ် ကန်ဒေါ်လာ ၇၀ ဘီလီယံက လူချမ်းသာကြီးများ (Ultra Wealthy)ထံမှဖြစ်ကြောင်းနဲ့ အာရှမှာရှိတဲ့ လူချမ်းသာတို့ရဲ့ စုစု ပေါင်းပိုင်ဆိုင်မှု ကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံအနက် ကန် ဒေါ်လာဘီလီယံ ၂၅၀ မှာ အိမ်ခြံ မြေမှဖြစ်ကြောင်း စင်ကာပူအခြေ စိုက် အတိုင်ပင်ခံလုပ်ငန်း Wealth X က ဆိုပါတယ်။ Source:CNA
