Background
စီးပွားရေးလုပ်ငန်းများအားဆွဲဆောင်တဲ့အနေနဲ့ ဗီယက်နမ်အစိုးရဟာ အသေးစားနဲ့ အလတ်စား လုပ်ငန်းများ (SMEs) အပေါ် အခွန်ကောက်ခံမှု လျှော့ချပေးသွားမယ်လို့ သိရပါတယ်။
အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ပညာရေး၊ ကော်မရှင်ရုံး (Office of the Vocational Education Commission-OVEC) နှင့် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှု ဦးစီးဌာန (Department of Trade Negotiation-DTN) တို့က အာဆီယံစီးပွားရေး အသိုက်အဝန်း အသက်မွေးဝမ်း ကျောင်း အလုပ်အကိုင် ကိုယ်စားလှယ်စီမံကိန်း (AEC Vocational Ambassador Project) ကို ဇူလိုင်လတွင် စတင် လျက်ရှိကြောင်း၊ စီမံကိန်း၏ ရည်ရွယ်ချက်မှာ အာဆီယံစီးပွား ရေးအသိုက်အဝန်း (ASEAN Economic Community-AEC) အတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကွန်ရက်များ ခိုင်မာအားကောင်းစေရန်ဖြစ်ကြောင်း သိရှိရသည်။
လန်ဒန် ဘတ်ဂျက် လိုငွေ လျှော့ချတာ ကို သုံးနှစ်ရွှေ့ဆိုင်းထားမယ် ဆိုပါက ၂၀၁၁ ခုနှစ်မှ ၂၀၂၁ ခုနှစ်ထိ ဗြိတိန် နိုင်ငံရဲ့ ထွက်ကုန်သည် ပေါင် ၂၃၉ ဘီလီယံထိ ပိုမိုလာနိုင်ကြောင်း အမျိုးသားစီးပွားရေးနဲ့ လူမှုရေး သု တေသနသိပ္ပံ (NIESR) ကပြောပါ တယ်။ကွန်ဆာဗေးတစ်နဲ့ လစ်ဘရယ် ဒီမိုကရက်တို့ ပါဝင်တဲ့ ညွန့်ပေါင်း အစိုးရက အသုံးစရိတ် လျှော့ချမှုနဲ့ အခွန်တိုးမြှင့်ကောက်ခံတဲ့တင်းကျပ် တဲ့ မူဝါဒများကို လျှော့ချပေးရန် ငြင်း ဆန်လျက်ရှိတယ်။Source:reuters.com
ကမ္ဘာ့ကုန်သွယ်မှုမှာထိုင်းနိုင်ငံရဲ့ဝေစုက ၁ ဒသမ ၄ ရာခိုင်နှုန်း ရှိရာကနေ ၁ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ၁ ဒသမ ၃ ရာခိုင်နှုန်းကြားမှာ ရောက်ရှိခဲ့ပါတယ်။ ဒီအခြေအနေကြောင့် ထိုင်းနိုင်ငံရဲ့ ယခုနှစ်ပို့ကုန်က ယခုနှစ်မှာ ၃ ဒသမ ၈ ရာခိုင်နှုန်း ကနေ ၅ ဒသမ ၈ ရာခိုင်နှုန်းကြားတိုးတက်မှုရှိနိုင်ပြီး ၂၀၀၉ ခုနှစ် အကျပ်အတည်း နောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံ လမ်ချာဘန်းနဲ့ မြန်မာနိုင်ငံ ထားဝယ်မြို့ကို ဆက်သွယ်တဲ့ မီးရထားကွန်ရက်ဆောက်လုပ် ရေးကို ထိုင်းဖွံ့ဖြိုးရေးသုတေသနအဖွဲ့(TDRI) က အပြည့်အဝထောက်ခံချက်ပေးခဲ့ပါတယ်။ မော်တော်ကား ထုတ်လုပ်ရေး နဲ့ ထောက်ပံ့ပို့ဆောင်ရေး အချက်အချာဖြစ်လာဖို့ ထိုင်းနိုင်ငံရဲ့ ရည်မှန်းချက်ကို ဒီလမ်းကအထောက်အကူပေးမယ်လို့ TDRI ပြောပါတယ်။
၂၀၁၂ ခုနှစ် ပထမ ခြောက်လအတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှေးကွေးခဲ့ရာ အစိုးရအနေနဲ့ ငွေကြေး မူဝါဒတွေ ဖြေလျော့ပေးခြင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့တွေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ် ဒုတိယနှစ်ဝက်မှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ကောင်းမွန်လာမယ်လို့ သုတေသီတွေက ခန့်မှန်း ကြတယ်။
ကွာလာလမ်ပူ သန့်စင်ပြီး စားအုန်းဆီထုတ် ကုန်များရဲ့တင်သွင်းမှုကို အိန္ဒိယနိုင်ငံ က အခွန်တိုးမြှင့်ခြင်းကြောင့် မလေး ရှားနဲ့အင်ဒိုနီးရှားရှိ စားအုန်းဆီ သန့် စင် စက်ရုံများရဲ့ ကုန်စည်များမှ ဝင် ငွေကို ထိခိုက်နိုင်ကြောင်း လေ့လာ ဆန်းစစ်ရေးမှူးတို့က ပြောပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံက စားအုန်းဆီ ကြမ်းကို အခွန်လွတ် တင်သွင်းခွင့် ပြုတဲ့ အတွက် စားအုန်းဆီကြမ်း (CPO) ထုတ်လုပ်သူများ အတွက် ထိ ခိုက်မှု မရှိကြောင်း သိရပါတယ်။ှSource.thenation multimedia.com
မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ စီးပွားရေးအခွင့်အလမ်းတွေကို မျက်စိကျလာ တဲ့ နိုင်ငံတွေ များပြားလာပြီဖြစ်တဲ့အတွက် စင်ကာပူကုမ္ပဏီတွေကလည်း မြန်မာ နိုင်ငံက ယှက်ဖြာလာတဲ့ အခွင့်အလမ်းတွေရဲ့လမ်းကြောင်းမှာ လိုက်ပါနိုင်အောင် ပြင်ဆင်ဖို့ လိုပြီဖြစ်ကြောင်းကုန်သွယ်ရေးထိပ်တန်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အီးယူဒေသ ကြွေးမြီအကျပ် အတည်းထိန်းချုပ်ဖို့ ခက်ခဲစွာရုန်းကန် နေရတဲ့အတွက် ယူရိုငွေတန်ဖိုး ကျဆင်း ပြီး ကန်ဒေါ်လာ တန်ဖိုး မြင့်မားလာ ခြင်း၊ ကမ္ဘာ့ရွှေဝယ်လိုအား အများဆုံး ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုး တက်မှု နှေးကွေးနေခြင်း တို့ကြောင့် ရွှေ ကိုဝယ်ယူဖို့ စိတ်ဝင်စားမှုနည်းသွားရာ ဇူလိုင် ၂၃ ရက် ကမ္ဘာ့ရွှေဈေး အနည်း ငယ် အားနည်းလာတယ်။
ကမ္ဘောဒီးယားနိုင်ငံက ၂၀၁၂ ခုနှစ် ပထမခြောက်လအတွင်းမှာ ချည်မျှင်နဲ့ အထည် ထုတ်ကုန်တွေကို ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံဖိုး ပြည်ပကို တင်ပို့နိုင်ခဲ့တယ်။ ယခင်နှစ် အလားတူကာလက ကန်ဒေါ်လာ ၁ ဒသမ ၉၃ ဘီလီယံဖိုး တင်ပို့နိုင်ခဲ့ရာ ၎င်းပမာဏထက် ၉ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြပါရှိတယ်။
