Main menu

Background

Sunday, 15 Jan 2012

      ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု အရှိန်ကောင်းလာနေပါပြီ။ ယခင် တစ်ပတ်က တန်ချိန် ၇၈၀၀ ကျော်တင်ပို့နိုင်သလို ယခုတစ်ပတ် (ဇန်နဝါရီလ ၂ ရက်-၆ ရက်) အတွင်းမှာလည်း တန်ချိန် ၇၉၀၀ နီးပါး တင်ပို့လာနိုင်တာ တွေ့ရပါ တယ်။ တင်ပို့တဲ့ပဲတွေထဲမှာ ပဲအဟောင်းရော အသစ်တွေပါတင်နေပြီလို့ သိရပါ တယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ရဲ့ ဇန်နဝါရီ ၁၀ ရက်အထိ ပဲစင်းငုံတင်ပို့မှု ဟာ တန်ချိန် ၂၀၆၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာကန်ဒေါ်လာ ၁၂၅ သန်းကျော်ရရှိထား ကြောင်း သိရပါတယ်။

Sunday, 15 Jan 2012

    ပြည်ပဲဈေးကွက်သို့ မကွေးတိုင်းဒေသကြီး ကံမဘက်မှ မတ်ပဲသစ်များ တစ်နေ့ ကို အိတ် ၂၀-၃၀ ခန့်ဝင်လာပြီး၊ မတ်ပဲအသစ်တစ်တင်းကို ၁၄၀၀၀ ကျပ်ဈေးရှိ တယ်လို့ သိရပါတယ်။ ပဲသစ်အဝင်ရှိပေမဲ့ အရောင်းအဝယ်ကတော့ မဖြစ်သေးဘူး လို့သိရပါတယ်။ ဈေးကွက်အတွင်း လက်ကျန်ပဲတွေကို  ထုတ်ရောင်းလျက်ရှိတာ ကြောင့် ရန်ကုန်ဝယ်လက်တွေ ဝယ်သလောက် အရောင်းအဝယ်ဖြစ်တယ်လို့ ပဲကုန် သည်တစ်ဦးကပြောပါတယ်။ ပြည်မှရန်ကုန်ဘုရင့်နောင်သို့ တစ်နေ့ကို အိတ် ၁၇၀၀ ခန့် တင်ပို့မှုရှိတယ်လို့သိရပါတယ်။ မိမိအေး

Sunday, 15 Jan 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် တစ်ပတ်က မတ်ပဲတန် တစ်သောင်းကျော်ထိ အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခု တစ်ပတ် (ဇန်နဝါရီ ၇-၁၂ ရက်) အတွင်းမှာတော့ တန် ၃၉၀၀ ခန့်သာ အရောင်း အဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီရက်ပိုင်း အိန္ဒိယဝယ်လက်အဝယ် သိပ် မလိုက်ဘူးလို့ ကုန်သည်ကြီးတစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ ဝယ်လက်တွေလာမယ့် ၁၀-၁၅ ရက်လောက်မှာတော့ အဝယ် ပြန်လိုက်လာနိုင်တယ်လို့လည်း ပြောပါ တယ်။    အရောင်းအဝယ်သိပ်မဖြစ်လို့ ဒီတစ်ပတ်မှာ ရန်ကုန် FOB ဈေးအနည်းငယ် လျော့ကျခဲ့ပါတယ်။

Sunday, 15 Jan 2012

    ယခုတစ်ပတ်မှာ မတ်ပဲပြည်ပတင်ပို့မှုက ပုံမှန်အနေအထားကို ရောက်ရှိ လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၃၃၀၀ ခန့်သာ တင်ပို့မှုရှိခဲ့ရာမှ ဇန်နဝါ ရီလ ၂ ရက်မှ ၆ ရက်အတွင်းမှာတော့ တန် ၅၀၀၀ ကျော်ထိ ပြန်တင်ပို့လာနိုင်ခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွင်း ဇန်နဝါရီလ ၁၀ ရက်နေ့အထိ  စုစုပေါင်း မတ်ပဲတင်ပို့မှု တန်ချိန် ၄၉၄၀၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ သန်းပေါင်း ၄၁၀ နီးပါး ရရှိထားကြောင်း သက်ဆိုင်ရာစာရင်းများအရ သိရပါတယ်။

Sunday, 8 Jan 2012

    အိန္ဒိယနိုင်ငံမှာသကြားဈေးနှုန်းတွေ တည်ငြိမ်နေခဲ့ပေမဲ့လည်း လာမယ့်ဇန်နဝါ ရီလအတွက် သကြားအရောင်းကန့်သတ်ပမာဏ(quota)က နည်းသွားတာကြောင့် သကြားဈေးနှုန်းမြင့်တက်နိုင်ကြောင်း ခန့်မှန်းရတယ်။

Sunday, 8 Jan 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၀၂၄ သန်း တန်ဖိုး ရှိ ပြောင်းဖူးစေ့ ၁၇၉၄၁ တန်ကျော် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၅၈၉၄ တန် ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်းခန့် တင်ပို့မှုလျော့နည်းခဲ့တယ်လို့ သိရပါ တယ်။

Sunday, 8 Jan 2012

    ဒီဇင်ဘာလ ၂၅ ရက်မှ ၃၁ ရက်အထိကာလတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၅၉၃ တန်၊ တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၁၆၃ သန်းကို ဗီယက်နမ်နဲ့ အင်ဒို နီးရှားကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၂၀၀ နီးပါး တင်ပို့မှု လျော့နည်းခဲ့တာ တွေ့ရပါတယ်။

Sunday, 8 Jan 2012

    လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက ရော်ဘာဈေးနှုန်းကျခဲ့တာဟာ တာယာထုတ်လုပ်ရေးတွေအတွက် မင်္ဂလာတစ်ပါး ဖြစ်နေပါတယ်။ ဒါပေမယ့် ရူပီးဈေးနှုန်း ကျဆင်းလာတာကြောင့် သွင်းကုန်ဈေးမြင့်တက်ခဲ့ပြီး ကုန်ကြမ်းဈေးကျခြင်းရဲ့ အကျိုး ရလဒ်ကလည်း အကန့်အသတ်နဲ့ဖြစ်သွားပါတယ်။

Sunday, 8 Jan 2012

    ၂၀၁၁ ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၁၂ ဇန်နဝါရီလ ၃ ရက်ထိကာလအတွင်း မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၂၂၅ သန်းတန်ဖိုးရှိ RSS-3 ၈၇၁ တန်ကျော် နဲ့ MSR-50   ၄၉ ဒသမ ၂ တန် အပို့ရှိခဲ့ပါတယ်။ ယခုအပတ် စခန်းအလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ RSS-3  ၈၂၇ တန်ကျော်၊ MSR-50 ၄၉ တန်ကျော်နဲ့ ချင်းရွှေဟော်မှ ၄၄ တန် ဖြစ်ကြပါတယ်။ တစ်ဘက်နိုင်ငံရော်ဘာဈေးများ မပြောင်းလဲသော်လည်း မိမိဘက် မှာတော့ RSS-5 ဈေးအနည်းငယ်တက်တာ တွေ့ရပါတယ်။ RSS-3 ဈေးကတော့ ပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ မိမိဘက် နဲ့ တစ်ထက်နိုင်ငံ ရော်ဘာဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-                                     မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု             ယခင်    ပြောင်းလဲမှု    %    ယခု       ယခင်    ပြောင်းလဲမှု    %RSS - 3      ၂၅၉၁၉၆၂    ၂၅၉၁၉၆၂          -          -     ၃၃၂၀     ၃၃၂၀        -             -RSS - 5     ၂၃၃၆၂၇၆    ၂၆၃၉၉၉၇     ၃၀၃၇၂၁    ၁၂     ၃၀၀၄    ၃၀၀၄        -             - MIRT (DOBT)

Sunday, 8 Jan 2012

    ဒီဇင်ဘာလ ၂၅ ရက်မှ ၃၁ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန် ၆၉၉ တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၂၇၉ သန်းကို တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၁၀၀ ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ မလေးရှားကို ၉၈ တန်၊ စင်ကာပူကို ၂၀၁ တန်နဲ့ တရုတ်ကို တန် ၄၀၀ တင်ပို့ခဲ့တာဖြစ်ပါတယ်။ နယ်စပ်ကတော့ တရုတ်နယ်စပ် မူဆယ်နဲ့ ချင်းရွှေဟော်တို့ကနေ တန် ၉၂၀ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးကတော့ RSS-3  တစ်တန်ကို (၃၁၅၀-၃၂၅၀) ဒေါ်လာနဲ့  RSS-5 တစ်တန်ကို (၃၀၅၀-၃၁၅၀)ဒေါ်လာကြား ဈေးပေါက်နေပါတယ်။K.Z.W

Pages