Background
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ နိုဝင်ဘာ ၃ ရက်မှ ၉ ရက် နေ့တာကာလအတွင်း ချင်း ၂၄ ဒသမ ၀၉ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ချင်းတင်ပို့ခဲ့တဲ့ နိုင်ငံက အိန္ဒိယနိုင်ငံဖြစ်ပါတယ်။ စက်တင်ဘာ ဒုတိယသီတင်းပတ် မှစတင်ပြီး တင်ပို့မှုပျောက်ခဲ့ရာ ဒီတစ်ပတ်မှာ ပြန်လည်တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။ ဒီတစ်ပတ်ချင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေမှာ ကန်ဒေါ်လာ နှစ်သောင်းခုနှစ်ထောင် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဒုတိယပတ်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၆၄၇ သန်းတန်ဖိုးရှိတဲ့ ပဲတီစိမ်း (လုံးပြည့်) တန် ၇၆၀ ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၈၈ သန်း တန်ဖိုးရှိ (လုံးခြမ်း) ၁၆၅ တန်ခွဲတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က ပဲတီစိမ်း (လုံးပြည့်) ၇၂၂ တန်ကျော်နဲ့ (လုံးခြမ်း) ၆၁ တန်သာတင်ပို့နိုင်ခဲ့လို့ ယခုအပတ် ပဲတီစိမ်း တင်ပို့မှုပိုမိုလာတာတွေ့ရပါတယ်။ မူဆယ် ၁၀၅ မိုင်ကုန်စည်ဒိုင်မှာတော့ ယခင် အပတ်က ပဲတီစိမ်း (အညာ) တစ်တန် မိမိဖက်ပေါက်ဈေး ၈၇၉၄၁၂ ကျပ်ရှိရာမှ ယခုအပတ် ၈၈၅၇၄၉ ကျပ်ကိုဈေးမြင့်တက်လာပါတယ်။ မန္တလေးမှမူဆယ်ကို နေ့စဉ်ပျမ်းမျှ ပဲတီစိမ်းတန်ချိန် ၁၀၀ ကျော်ပုံမှန်တင်ပို့လျက်ရှိပါတယ်။ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့မှာ ယခုနှစ်မိုးရွာသွန်းမှုအခြေအနေ ကောင်းတာကြောင့် မိုးပဲတီစိမ်း (ရေဆင်း ၁၁ နှင့် ရေဆင်း ၁၄) မျိုးများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း ယခင်နှစ်အထွက်နှုန်းထက်ပိုမိုထွက်ရှိခဲ့လို့ တောင်သူတွေ ဝင်ငွေပိုမိုရရှိခဲ့ကြောင်း သိရပါတယ်။ မော်မော်အောင် MIRT (DCCA)
ယခုအပတ် ပြည်ဈေးကွက်မှာ နှမ်း ဈေးအေးနေပါတယ်။ ဈေးကွက်သို့ နှမ်းအဝင်နည်းသွားပြီး ပစ္စည်း လက် ကျန် ရှားသွားသလို ဈေးလည်း အနည်း ငယ်အေးပြီး အရောင်းအဝယ်လည်း ပါး နေပါတယ်။ နှမ်းအဝယ် ရှိသော်လည်း ပစ္စည်းလက်ကျန်မရှိလို့ အချို့ပဲ၊ နှမ်း ပွဲရုံများမှာ မတ်ပဲနှင့် ပဲတီစိမ်းသာ အရောင်းအဝယ်ဖြစ်နေပါတယ်။ မြေပဲ ဆန်မှာယခုချိန်ထိ အဝင်ရှိလို့ အရောင်း အဝယ်မှာ ပုံမှန်ဖြစ်လျက်ရှိပါတယ်။ ရန်ကုန်ဆီစက်နဲ့ ပြည်ဆီစက်များက အဝယ်ရှိလို့ အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ယခုတစ်ပတ် နှမ်းနီတစ် တင်း ၄၀၀၀၀ ကျပ်နဲ့ နှမ်းနက်တစ်တင်း ၄၅၀၀၀ကျပ်ဈေးရှိပြီးနှမ်းဆီတစ်ပိဿာ လျှင် ၅၀၀၀ ကျပ်ဈေးရှိတာတွေ့ရပါ တယ်။ မြေပဲဆီဆန် တစ်ပိဿာလျှင် ၁၄၅၀ ကျပ်၊ လုံးဆန်တစ်ပိဿာလျှင် ၁၇၅၀ ကျပ်ဈေးရှိခဲ့ပြီး မြေပဲဆီတစ် ပိဿာ ၃၀၀၀ ကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်လျက်ရှိပါတယ်။ဝေေ၀မင်း-ပြည်
မုံရွာ ကုန်စည်ဒိုင် နိုဝင်ဘာ လလယ် ပဲဈေးကွက်မှာ ပဲအများစု လက်ကျန် လျော့နည်းလာခဲ့ပေမဲ့ ဝယ် လိုအား လျော့နေတဲ့အတွက် ကျဈေး ဖြစ်ပေါ်ကာ အရောင်းအဝယ်ပါ အေး ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ အထူးသဖြင့် ကုလားပဲမျိုးစုံဈေးကွက် မှာ မန္တလေး၊ ရန်ကုန်ဝယ်လက်မရှိခဲ့ဘဲ ဒေသတွင်း စက်သမားအဝယ်ကိုသာ အားပြုရောင်းနေရသလို စက်သမား အများစုကလည်း ကုန်ကြမ်းဖူလုံနေတဲ့ အတွက် ဝယ်လိုအားလျော့လာကာ ယခုတစ်ပတ်မှာ ကုလားပဲမျိုးစုံဈေး ငြိမ်နေခဲ့တာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ အပတ်က မုံရွာနှမ်းဈေး ကွက်ဟာ မုံရွာကုန်စည်ဒိုင်ရဲ့ စံချိန် တင်ပေါက်ဈေးတွေနဲ့ အတက်ကြမ်းခဲ့ ပေမယ့်ယခုတစ်ပတ်မှာတော့ မန်းလက် က အဝယ်လျော့ကျလို့ နှမ်းအားလုံး ကျဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ယခုတစ်ပတ် နှမ်းရောင်စုံပေါက်ဈေးအားဖြင့် နှမ်းညို တစ်တင်း ၃၆၇၀၀ ကျပ်၊ နှမ်းဝါ တစ် တင်း၄၃၅၀၀ ကျပ်၊ နှမ်းနီတစ်တင်း ၃၉၀၀၀ ကျပ်နဲ့ နှမ်းဖြူတစ်တင်း ၄၇၀၀၀ ကျပ်အသီးသီးတစ်တင်း ၃၀၀၀ ကျပ် ဝန်းကျင် ကျဈေးဖြစ်ပေါ် ခဲ့တာ တွေ့ရပါတယ်။
အောက်တိုဘာလ နောက်ဆုံး ပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲတီစိမ်း သီးနှံများ ဝင်ရောက်လာသလို မတ်ပဲ ဈေးနှုန်းကလည်း ဈေးမြင့်လာခဲ့ပြီး၊ အခြားပဲများကတော့ အရောင်းအဝယ် အေးနေခဲ့ကာ ဈေးလည်းအတက်အကျ သိပ်မဖြစ်ဘဲရှိခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ အောက်တိုဘာ လဆန်းပိုင်းမှစပြီး၊ ဈေးပြန်လှုပ်လာခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း၁၉၀၀၀ ကျပ်ထိ ဈေးကောင်း လာခဲ့ပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်သွက်ခဲ့တာကြောင့် ဈေးနှုန်းများ မြင့်တက်လာကာ၊ တစ်ရက်အိတ် ၄၀၀ ကျော်- ၅၀၀ အထိ လှောင်လက်သမား များကလည်း ထုတ်ရောင်းချလာခဲ့ ကြ ပါတယ်။ တိုင်းအတွင်း အခြားမြို့နယ် များမှာ မတ်ပဲ၊ မျိုးပဲများ ဝယ်ယူလာ ကြပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ရဲ့ မတ်ပဲ သီးနှံဈေးကွက်မှာ နှစ်ဆန်းပိုင်းကစပြီး၊ ပဲဈေးနှုန်းမှာ ဈေးကောင်း မရခဲ့တဲ့ အတွက် ပဲလက်ကျန်များရှိသော်လည်း အရောင်းအဝယ်မှာ မသွက်ခဲ့ပါဘူး။ ဇူလိုင်လမှာတော့ ပဲဈေးနှုန်းများ ဈေး မြင့်လာခဲ့ပြီး၊ သြဂုတ်၊ စက်တင်ဘာလ အတွင်း ဈေးနှုန်းအတက်အကျ သိပ် မဖြစ်ဘဲ ယခုအောက်တိုဘာလဆန်းမှ စပြီး၊ ပဲဈေးပြန်လှုပ်လာကာ လကုန် ပတ်မှာတော့ တစ်တင်း ၁၉၀၀၀ ကျပ် ထိ ဈေးပိုရပြီး ရန်ကုန်ဝယ်လက်အဝယ် လိုက်လာတဲ့အတွက် လှောင်လက် သမားများလည်း ထုတ်ရောင်းချလာပြီ ဖြစ်တာကြောင့် ဈေးမြင့်အရောင်း အဝယ် သွက်ခဲ့တယ်လို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်
မုံရွာကုန်စည်ဒိုင် အောက်တိုဘာ လကုန်ပတ် ပဲမျိုးစုံဈေးကွက်အနေနဲ့ ပဲ အမျိုးအစားအလိုက် ဝယ်လက်သာရှိခဲ့ ပြီး၊ ကုန်သည်တွေထံမှာ ပဲအများစု လက်ကျန် လျော့လာတဲ့အတွက် ဈေး အငြိမ်နဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ကုလားပဲမျိုးစုံ ဈေး ကွက်မှာ ဒေသတွင်းခွဲခြမ်းသမားများနဲ့ မန္တလေးစက်သမားဝယ်လက်တို့သာ ရှိခဲ့ပြီး၊ အဝေးလိုင်းဝယ်လက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ယခုတစ်ပတ်မှာ ကုလားပဲ မျိုးစုံ ဈေးအေးသွားခဲ့ကာ ကုလားပဲ ရိုးရိုးတစ်တင်း ၁၆၂၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ်တစ်တင်း ၁၆၅၀၀ ကျပ်၊ ကုလားပဲ V2 တစ်တင်း ၁၆၉၀၀ နဲ့ 929 တစ်တင်း ၁၆၂၀၀ ကျပ် အသီးသီး ပေါက်ဈေး ဖြစ်ခဲ့တာ တွေ့ရပါတယ်။
ပြည်တွင်းမှာ သကြားလက်ကျန် ကုန်ကြမ်းနည်းခြင်းကြောင့် သကြားဈေး မြင့်တက်လာပါတယ်။ သကြားဈေး ယခုတစ်ပတ်မှာ ကုန်ကြမ်းလက်ကျန်နည်းလာ ပြီ ဖြစ်ပြီး၊ ကုန်ကြမ်းပေါ်မှာ တစ်ပိဿာကျပ် ၄၀ နဲ့ သကြားတစ်ပိဿာကို ကျပ် ၃၀ ဈေးတက်လာပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ကန်ပိုက်တီး စခန်း များမှ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၆ရက်မှ ၂၂ ရက် အတွင်းမှာ ကန်ဒေါ်လာ ၈ ဒသမ ၄၄၄ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ တန်ချိန်ပေါင်း ၂၇၀၅၁ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့တဲ့ ပြောင်းတန်ချိန်တွေကတော့ မူဆယ်မှ ၂၄၃၀၅ တန်ကျော်၊ ချင်းရွှေဟော်မှတန် ၁၇၀၀ နီးပါး၊ လွယ်ဂျယ်မှ၈၃၅ တန်ခွဲနဲ့ ကန်ပိုက်တီးမှ ၂၁၁ တန်ဖြစ်ပါတယ်။