Main menu

Background

Tuesday, 29 Oct 2013

သီတင်းမကျွတ်ခင်က အဝင်နည်းနည်းရှိခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာတော့ အဝင်ပြန်နည်းသွားပါတယ်။ ရောင်းအား က သိပ်မရှိတော့ အဝင်ကလည်းသိပ်မရှိပါဘူး။ ချင်းကိုသာ ပိဿာချိန် အလုံးအရင်းနဲ့ ဝယ်နေပေမဲ့ နနွင်းကတော့ပေါ် ကာစကနေ အခုအချိန်အထိ မူဆယ်ဝယ်လက်နဲ့ တမူး ဝယ်လက်တွေက ပိဿာချိန် သောင်းချီပြီး ဝယ်တာကလွဲရင် ပြည်တွင်းသုံးလက်လီဈေးကွက်အနေနဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

Tuesday, 29 Oct 2013

ပခုက္ကူရဲ့ စားဖိုချောင်သုံးသီးနှံကြက်သွန်နီ ကုန်စည် ဒိုင်မှာ ကြက်သွန်နီထိပ်စ တစ်ပိဿာ ၉၇၅ ကျပ်၊ အလတ်စ တစ်ပိဿာ ၇၆၀ ကျပ်၊ အောက်စတစ်ပိဿာ ၇၀၀ ကျပ်လို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ အရောင်း အဝယ် ဖြစ်နေတာကို တွေ့ရပါတယ်။ ယခင်အပတ်က ထိပ်စ တစ်ပိဿာ ၈၈၀ ကျပ်၊ လတ်စ တစ်ပိဿာ ၈၅၀ ကျပ်၊ အောက်စ တစ်ပိဿာ ၇၅၀ ကျပ်ဆိုတော့ အတန်းအစားကို လိုက်လို့ ထိပ်စ တစ်ပိဿာ ဆိုရင် တစ်ပိဿာအပေါ် ၇၅ ကျပ် ကွာ၊ အလတ်စ တစ်ပိဿာ ၅၀ ကျပ်ကွာ၊ အောက်စ တစ်ပိဿာ ၁၅၀ ကျပ် ကွာ ဖြစ်နေတာကို တွေ့ရပါတယ်။
 

Tuesday, 29 Oct 2013

ပြည်ချင်းဈေးကွက်အတွင်း ယခုတစ်ပတ်မှာတော့ ချင်းအဟောင်းပစ္စည်း လက်ကျန်ပြတ်သွားပြီး၊ ချင်းအတက်အသစ်များသာ ပိဿာ ၂၀ ဝင်တောင်း ၅၀၀ ခန့် အဝင်ရှိလာပါတယ်။ ချင်းတက်အသစ်မှာ ပစ္စည်းသိပ် မကောင်းသေးဘဲ၊ အရင် လိုသေးသဖြင့် အကျိုးအကြေများတဲ့အတွက် တောင်းများနဲ့ သယ်ယူနေရခြင်း ဖြစ်ပြီး၊ ပြည်ပွဲရုံများ၌ ချင်းတက်တစ်ပိဿာကို (ဂျွန်) ၁၃၀၀ ကျပ်၊ (ရှယ်)  ၁၅၀၀ ကျပ်တို့နှင့်အရောင်းအဝယ်အေးနေပါတယ်။ ချင်းတက်အသစ်ကို လှောင်လက် သမားများမှ ဝယ်ယူခြင်းမရှိသေးဘဲ လက်လီလက်ကား ရောင်းဝယ်သူများမှလည်း ပစ္စည်းသစ်ကို ထိန်းဝယ်နေတဲ့အတွက် တစ်ပတ်အတွင်း တောင်း ၁၈၀ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့သို့ စားသုံးမှု အဖြစ် ယခုတစ်ပတ် ပိဿာချိန် ၁၂၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ဝင်းဝင်းခိုင်-ပြည်

Tuesday, 29 Oct 2013

အောက်တိုဘာ စတုတ္ထအပတ် အတွင်း ပြည်ဈေးကွက်မှာ နှမ်းဈေးနဲ့ အတူ မြေပဲဆန်ဈေးပါ တက်နေ ပါ တယ်။ နှမ်းကို မန္တလေးဝယ်လက်များ က အဝယ်လိုက်သလို မြေပဲဆန်ကို ရန်ကုန် ဆီစက်သမားများက အဝယ် လိုက်နေပါတယ်။ ပေါက်ခေါင်း၊ မြန် အောင်နဲ့ ကံမဘက်မှ တစ်နေ့ကို နှမ်း အိတ် ၅၀၀ ခန့်သာ ဝင်ရောက်လာပြီး၊ အဝင် နည်းသွားတာကြောင့် နှမ်းဈေး ထောင်တက်နေသလို မြေပဲဆန်ကို အောင်လံ၊ ကြံခင်းနဲ့ ပေါက်ခေါင်းဘက် မှ တစ်နေ့ကို ပဲဆန်အိတ် ၁၅၀၀ ခန့် ဝင်ရောက်သော်လည်း မြေပဲဆန် ဈေး မြင့်နေတာ တွေ့ရပါတယ်။
 

Tuesday, 29 Oct 2013

ပဲခူး တိုင်းဒေသကြီး ပြည်ပဲဈေး ကွက်မှာ ယခုအောက်တိုဘာ တတိယ ပတ် အတွင်း ပဲမျိုးစုံအရောင်းအဝယ် အေးခဲ့ပေမယ့် မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်း များ မြင့်တက်လာခဲ့တာကို တွေ့ရပါ တယ်။ ကုလားပဲ၊ ပဲကြီး၊ ပဲလွန်းဖြူနဲ့ ထောပတ်ပဲ၊ စားတော်ပဲဈေးများက တော့ ဈေးငြိမ်အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ မတ်ပဲသီးနှံမှာ ပဲလက်ကျန် များ ထုတ်ရောင်းချလာကြပြီး၊ တစ်ရက် အိတ် ၃၀၀ မှ ၅၀၀ အထိ ရန်ကုန် ဝယ်လက်အဝယ်ရှိသလို မျိုးစိုက်ပျိုးဖို့ ဝယ်ယူမှု ရှိလာတဲ့အတွက် ဈေးနှုန်းများ ဈေးမြင့်လာတယ်လို့ သိရပါတယ်။

Tuesday, 29 Oct 2013

မန္တလေး ကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော် အသင်း)မှာ လက်ရှိ ပြည်ပ(တရုတ်) ဝယ်လက် ဆွဲအားကောင်းနေတဲ့ သီးနှံ တစ်ခုဖြစ်တဲ့ နှမ်းရောင်စုံများ ရောင်း ဝယ်မှု အားကောင်းလျက် ရှိကြောင်း သိရပါတယ်။ နယ်မြို့ပွဲစား၊ တောပွဲစား များထံမှ နှမ်းရောင်စုံများ ဝင်ရောက် သလောက် အရောင်းအဝယ်ဖြစ် နေပါ တယ်။ နှမ်းရောင်စုံများရဲ့ ဈေးနှုန်းများ အတက်ဖက်မှာ ရှိနေပါတယ်။

Tuesday, 29 Oct 2013

မုံရွာကုန်စည်ဒိုင် အောက်တိုဘာ စတုတ္ထပတ် ပဲမျိုးစုံဈေးကွက်မှာ Export ဝယ်လက်ထက် ပဲလက်လီနဲ့ လုပ်ငန်း သုံးသမားတွေ အဝယ်လိုက်ခဲ့လို့ အရောင်းအဝယ် အနည်းငယ် သွက်ခဲ့ တယ်လို့ သိရပါတယ်။ အထူးသဖြင့်  ကုလားပဲအုပ်စု ဈေးကွက်မှာဆိုရင် ပွင့်လင်းရာသီစပြီဖြစ်လို့ မန္တလေးနဲ့ မုံရွာ ခွဲစက်သမားတွေ လုပ်ငန်းသုံး အဖြစ် ပဲအဝယ်သွက်ခဲ့တယ်လို့ ဒိုင် ရပ်ကွက်က ဆိုပါတယ်။ ပဲခွဲခြမ်းဈေး ကောင်းမွန်လာတဲ့အတွက် အခုလို ဝယ် လိုအား မြင့်လာခြင်းဖြစ်သလို ပဲဈေး လည်း အနည်းငယ် မြောက်လာတာ တွေ့ရပါတယ်။

Monday, 21 Oct 2013

ယခုနှစ် သကြားဈေးမှာ အတက်ဈေးနဲ့ ဈေးတန်းနေပါတယ်။ တရုတ်နိုင်ငံမှ မြန်မာ့ သကြားကို တန်ချိန် သိန်းချီပြီး ဝယ်ယူမှုရှိခြင်းနှင့် ယိုးဒယားဘက်မှ သကြား များ ဝင်နေခြင်းကြောင့် သကြားဈေးမှာ အတက်ဈေးနဲ့ တည်ငြိမ်နေခြင်း ဖြစ်ပါ တယ်။

Monday, 21 Oct 2013

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၉ ရက်မှ ၁၅ ရက်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ်နဲ့ကန်ပိုက်တီးစခန်းများမှ ကန်ဒေါ်လာ ၇ ဒသမ ၅၉၆ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ ၂၄၃၁၃ တန် ကျော်ကိုတင်ပို့နိုင်ခဲ့ ပါတယ်။ စခန်းအသီးသီးအလိုက် တင်ပို့တဲ့ပြောင်းတန်ချိန်တွေကတော့ မူဆယ်မှ ၂၂၄၇၈ တန်ကျော်၊ ချင်းရွှေဟော်မှ ၁၀၉၇ တန်ကျော်၊ လွယ်ဂျယ်မှ ၆၅၈တန် နဲ့ ကန်ပိုက်တီးမှ ၇၉  တန်ခွဲ ဖြစ်ပါ တယ်။

Tuesday, 15 Oct 2013

စက်တင်ဘာလ ၂၉ ရက်မှ အောက်တိုဘာလ ၅ ရက်အတွင်း  ဓာတ်ဆီတန် ချိန်ငါးရာနဲ့ ဒီဇယ်တန်ချိန် တစ်သောင်းသုံးထောင်ကျော်ကို သွင်းကုန်လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာ ဓာတ်ဆီအဝင်မရှိခဲ့ဘဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းလာခဲ့ခြင်းဖြစ်ပါတယ်။ ယခင်တစ်ပတ် ဒီဇယ် အဝင်မှာ တန်ချိန် နှစ်ထောင်ကိုးရာကျော်ရှိခဲ့ပြီး ဒီတစ်ပတ်အဝင်မှာ တန်ချိန် တစ်သောင်းသုံးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန်တစ်သောင်း ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။

Pages