Main menu

Background

Monday, 20 May 2019

            တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ယုယောင်မြို့တွင် တရုတ်နိုင်ငံ၏ အကြီးမားဆုံး စက်ရုပ်ထိပ်သီးပြပွဲကို မေ ၉ ရက်မှ စတင်၍ သုံးရက်ကြာ ကျင်းပခဲ့သည်။  အဆိုပါ စက်ရုပ်ထိပ်သီးပြပွဲတွင် ယွမ် ၁၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆ ဘီလီယံ) ကျော်ရှိသည့် ရင်းနှီးမြုှပ်နံှမှုစီမံကိန်း သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့နိုင်ကြောင်း သိရသည်။ သုံးရက်ကြာကျင်းပသည့် အဆိုပါ ခြောက်ကြိမ်မြောက် 6th China Robotop and Intelligent Economic Talent Summit ပြပွဲကို စိတ်ပါဝင်စားစွာ လာရောက် ကြည့်ရှုသူ အများအပြားရှိခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

Monday, 20 May 2019

           သီရိလင်္ကာနိုင်ငံသို့ ဧပြီလအတွင်း ကမ္ဘာလှည့်ခရီး သည် ၁၆၀၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သော အီစတာပွဲတော်နေ့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် ကမ္ဘာလှည့်ခရီးစဉ်ပေါင်း မြောက် မြားစွာကို ဖျက်သိမ်းခဲ့မှုများရှိခဲ့သည်။ ထို့ကြောင့်နိုင်ငံအတွင်း ခရီးသည်ဝင်ရောက်မှုသည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း သီရိလင်္ကာခရီးသွားလုပ်ငန်းမြှင့်တင်ရေး အာဏာပိုင်အဖွဲ့က တရားဝင် ထုတ်ပြန်ထားသည်။

Thursday, 16 May 2019

         ဥရောပနိုင်ငံအချို့အား ယခု ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ဗီဇာကင်းလွတ်ခွင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမောင်က မေ ၆ ရက်တွင် ပြော သည်။"ကျွန်တော်တို့ အောက်တိုဘာလ ၁ ရက်နေ့မှာ ဥရောပနိုင်ငံ အချို့ကို ဗီဇာကင်းလွတ်ခွင့်  ပေးသွားဖို့  စီစဉ်ဆောင်ရွက်ထားပါတယ်။ ခရီးသွားလုပ်ငန်း တိုးတက်လာနဲ့အမျှ ကမ္ဘာက မြန်မာနိုင်ငံကို ပိုပြီးတော့မှ သိရှိ လာမယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ကိုလည်း ခရီးသွားလုပ်ငန်းတွေကတစ်ဆင့် ဆွဲဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟုဝန်ကြီးက ပြော သည်။

Thursday, 2 May 2019

              မြန်မာနိုင်ငံအပါအဝင် အရှေ့ တောင်အာရှနိုင်ငံများတွင် ပြီးပြည့်စုံ သော ငွေကြေးဆိုင်ရာဝန်ဆောင်မှုများ ရယူအသုံးပြုနိုင်ရန်အတွက်  Experian က အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် နေကြောင်း သိရသည်။
Experian သည် ကိုယ်ပိုင်နည်း ပညာဖြင့် တယ်လီဖုန်းအသုံးပြုသူများ ၏ သုံးစွဲမှုနှင့် သုံးစွဲပုံအလေ့အထဆိုင် ရာ ဒေတာအချက်အလက်အပေါ် သုံး သပ်ဆန်းစစ်ထားသည့် သတင်းအချက် အလက်များကို အခြေခံကာ တရား ဝင် ချေးငွေသုံးစွဲမှု မှတ်တမ်းရှိနေရန် မလို အပ်ဘဲ တစ်ဦးတစ်ယောက်ချင်းစီ ငွေ ကြေးဆိုင်ရာ အထောက်အထားများ ရရှိစေရန် ပြုလုပ် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

Friday, 7 Sep 2018

        အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်နိုင်ငံ နှင့် ကုန်သွယ်မှုစစ်ပွဲကို လျင်မြန်စွာ အရှိန်မြှင့်ဆင်နွှဲရန် အသင့်ဖြစ်နေကြောင်းနှင့် အကောက်ခွန်နှင့်ပတ်သက်၍ အများပြည်သူ၏သဘောထား တောင်းခံထားသည့် ကာလတွင် လာမည့်ရက်သတ္တပတ် ကုန်ဆုံးသည်နှင့် အမေရိကန် ဒေါ်လာဘီလီယံ ၂၀၀ ဖိုးရှိ တရုတ်သွင်းကုန်များအပေါ်တွင် အခွန်ကောက်ခံရန် အသင့်ဖြစ်နေပြီဟု သူ၏လက်ထောက်များကို  ပြောကြားထားပြီးဖြစ်ကြောင်း သြဂုတ် ၃၀ တွင် အမည်မဖော်လိုသူ သတင်းရင်းမြစ်ခြောက်ခုနှင့် ငွေတန်ဖိုး ကျုံ့နေသော ဈေးကွက်များကို အကိုးအကားပြု၍ ဖော်ပြ သော ဘလွမ်းဘတ်၏ သတင်းနှင့်ပတ်သက်၍ အိမ်ဖြူတော် ကဝေဖန်ချက်ပေးရန် ငြင်းဆန် ခဲ့သည်။ စတန်းဒတ်အင်ပူးဝါး အညွှန

Monday, 3 Sep 2018

    ဗီယက်နမ်နိုင်ငံရှိ အလယ်ပိုင်း ကုန်းမြင့်ဒေသတစ်ခုဖြစ်သောDak Lakစီရင်စုသည်နိုင်ငံ၏ အဓိကကော်ဖီ စိုက်ပျိုးသည့်ဒေသတစ်ခု ဖြစ်သော်လည်း ယင်းဒေသ၏ ကော်ဖီထုတ်လုပ်မှုသည် နိုင်ငံအတွင်း ကော်ဖီစေ့ထုတ်လုပ် မှု စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိပါသည်။ဗီယက်နမ်နိုင်ငံ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအောက်ရှိ ထုတ်လုပ်မှုနှင့် ဈေး ကွက်ဖွံ့ဖြိုး တိုးတက်ရေး အာဏာပိုင်က ၂၀၂၀ ခုနှစ်တွင် Dak Lakစီရင်စု ၏ ကော်ဖီစေ့ထုတ်လုပ်မှုကို၂၅ ရာခိုင်နှုန်း ကျော်အထိ ပိုမိုထုတ်လုပ်ခြင်းဖြင့် နိုင်ငံ ၏ကော်ဖီထုတ်ကုန် များ၏ တန်ဖိုးကို တိုးမြှင့်လုပ်ဆောင်ရန် ရည်ရွယ်ထား ကြောင်း သိရှိရပါသည်။ဗီယက်နမ် နို

Thursday, 24 May 2018

အမေရိကန် ကုန်ပစ္စည်းများကို ဝယ်ယူရန် အဆိုပြုထားသော အစီအစဉ် နှင့်  တရုတ်နိုင်ငံနှင့်   ကုန်သွယ်ရာတွင် အမေရိကန်ပြည်ထောင်စု၏ လိုငွေပြမှု ကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ခန့်လျှော့ချရန် အခြား အစီအမံများကို  အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား   တရုတ်နိုင်ငံက ကမ်းလှမ်းထားသည်ဟု အဆိုပြုချက် နှင့် နီးစပ်သူများက ပြောကြောင်း  ရိုက် တာသတင်းတွင် ဖော်ပြသည်။

Friday, 30 Mar 2018

    ထိုင်းနိုင်ငံအစိုးရအနေဖြင့်၎င်းး၏တောင်သူလယ်သမားများကိုခိုင်မာစွာထောက်ပံ့နိုင်ရေးကြိုးပမ်းမှုတစ်ခု အဖြစ် အစိုးရအချင်းချင်းပူးပေါင်း၍   တိုက်ရိုက်ဆန်တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ ထိုသို့ ပူး ပေါင်းဆောင်ရွက်နိုင်ရေးအတွက်သက်ဆိုင်ရာထိုင်းအစိုးရအာဏာပိုင်များမှအမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သည်။

Thursday, 28 Dec 2017

       ဗီယက်နမ်နိုင်ငံက ထုတ်လုပ် သည့်  ပင်လယ်စာထုတ်ကုန်များကို တောင်ကိုရီးယားနိုင်ငံသို့ ယခုနှစ် ပထမရှစ်လအတွင်း   အမေရိကန် ဒေါ်လာ ၄၇၅ သန်းဖိုး တင်ပို့နိုင်ခဲ့ရာ ယခင်နှစ် ကာလတူထက် ၂၇ ရာခိုင် နှုန်း ပို မိုတင်ပို့နိုင်ခဲ့ကြောင်း ဗီယက်နမ် နယူးစ်တွင်ဖော်ပြထားသည်။ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ပင်လယ်စာထုတ်ကုန်များ တင်ပို့လျက်ရှိသည့် ဗီယက်နမ်နိုင်ငံမှ Nha Trang Seafood (F17) ကော်ပိုရေးရှင်းသည် ယခုနှစ် ပထမခြောက် လအတွင်း တောင်ကို ရီးယားနိုင်ငံသို့ တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၂၀ ကျော်  ရရှိခဲ့ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးသို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၅ သန်းရရှိခဲ့ကြောင်း အဆိုပါသတင်းတွင် ဖော

Pages