Main menu

Background

Wednesday, 3 Jul 2019

      အိန္ဒိယနိုင်ငံ၏  မုတ်သုံမိုးရွာသွန်းမှုသည်  ပျမ်းမျှရွာသွန်းမှုအောက်သို့ သီတင်းလေးပတ်ဆက်တိုက် ကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ဇွန်၂၆ ရက်တွင် ကုန်ဆုံးခဲ့သောသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသတို့တွင် မိုးအနည်းငယ်သာ ရွာသွန်းခဲ့သည့်အတွက် အဓိသီးနှံ များစိုက်ပျိုးထုတ်လုပ်မှုနှင့် အိန္ဒိယစီးပွားရေးတစ်ခုလုံးအတွက်  စိုးရိမ်မှုများမြင့် တက်လျက်ရှိသည်။ မုတ်သုံမိုးသည် အိန္ဒိယနိုင် ငံလယ်ယာကဏ္ဍ ထုတ်လုပ်မှုနှင့် နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်  အရေးပါသော အခန်းကဏ္ဍမှပါဝင်လျက်ရှိသည်။ အိန္ဒိယ နိုင်ငံ စိုက်ပျိုးနိုင်သောမြေ၏ ၅၅ ရာခိုင်နှုန်းသည် မိုးရေသော

Wednesday, 3 Jul 2019

        ဘဏ်လုပ်ငန်းမဟုတ်သူများပါ ပါဝင် လုပ်ကိုနိုင်ရန်အတွက်  ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းလိုင်စင်ငါးခုကို ချထားပေးမည်ဟု စင်ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့ Mon- etary Authority of Singapore (MAS) က ဇွန် ၂၈ ရက်တွင်ပြောကြောင်းချန်နယ်နယူး အေးရှသတင်းတွင် ဖော်ပြသည်။ စင်ကာပူ နိုင်ငံသည် အင်တာနက်ဘဏ်လုပ်ငန်း မူဘောင်ကို ၂၀၀၀ ပြည့်နှစ်တွင် ချမှတ်ခဲ့သည်။  ထိုမူဘောင်အရ ဆောင်ရွက်နေ သော စင်ကာပူဘဏ် လုပ်ငန်း အုပ်စုများက ထူထောင်ထားသော ဘဏ်များကို  ချပေးခြင်းဖြစ်သည်။

Wednesday, 3 Jul 2019

        ပညာရပ်ဖလှယ်ရန်နှင့် မူဝါဒမျှဝေရန်အတွက် သိပ္ပံပညာနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ဗဟိုဌာနတစ်ခုတည် ထောင်ရန် တောင်ကိုရီးယားနှင့် အာဆီယံအဖွဲ့တို့ သဘောတူညီခဲ့ကြသည်ဟု  တောင်ကိုရီးယား သိပ္ပံပညာနှင့် အိုင်စီတီဝန်ကြီး ဌာနက ဇွန် ၂၈ ရက်ကပြောကြောင်း ကိုရီးယားဟာရယ်သတင်းတွင်ဖော်ပြသည်။ အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပသော ကိုရီးယားအာဆီယံ သိပ္ပံနှင့် နည်းပညာပူးတွဲကော်မတီ၏ လေးကြိမ်းမြောက် အစည်း အဝေးတွင် သဘောတူညီချက်ကိုရရှိခဲ့ခြင်းဖြစ်သည်။ နှစ်နှစ်တစ်ကြိမ်ကျင်းပသော ဤအခမ်းအနားသို့  အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ သိပ္ပံနှင့်နည်းပညာမူဝါဒရေးရာကို ဦးဆောင်သူဦးရေ ၃၀ ခန့် တက်ရောက်ခဲ့သည်။

Wednesday, 3 Jul 2019

      စတင်  အကောင်အထည်ဖော် တော့မည့် နှစ်နိုင်ငံသဘောတူစာချုပ်အရဥရောပသမဂ္ဂ(အီးယူ) မှ သွင်းကုန်များ၏  ပြင်းထန်သော ယှဉ်ပြိုင်မှုနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရင် ဆိုင်ရဖွယ်ရှိကြောင်း ဗီယက်နမ်နယူး အေဂျင်စီသတင်းတွင်ဖော်ပြသည်။ အီးယူ-ဗီယက်နမ် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ် (EVFTA) နှင့် အီးယူ-ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်  (EVIPA) များကို ဇွန် ၃၀ ရက်တွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်။နှစ်နိုင်ငံ သဘောတူစာချုပ်များက  ဗီယက်နမ်လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအပေါ်သို့ ဂယက်ရိုက်ခတ်လာမည်ကို လေ့လာနိုင်ရန် ကွန်ဖရင့်တစ် ရပ်ကို  ဇွန် ၂၆ ရက်က ဟနွိုင်းမြို့တွင် ကျင်းခဲ့ရာ  ထိုကွန်ဖရင့် ၌

Wednesday, 3 Jul 2019

      ပြည်တွင်းသို့ ပြည်ဝင်ခွင့်ရရှိရန်အတွက် အီးဗီဇာလျှောက်ထားရာတွင် ကြားခံဝန်ဆောင်မှုပေးသည့် ဝက်ဘ်ဆိုဒ်များမှတစ်ဆင့် လျှောက်ထားခြင်းကို ခွင့်မပြုတော့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှသိရသည်။ ပြည် ဝင်ခွင့်အတွက် အီးဗီဇာ လျှောက်ထားရာတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် အီးဗီဇာကို ဝန်ဆောင်ခ နှုန်းထား ကြီးမြင့်စွာကောက်ခံနေပြီး တစ်ဆင့်ခံဆောင်ရွက် မှုများရှိနေသည့်အတွက် www.ivisa.com မှ  တစ်ဆင့် လျှောက်ထားမှုများကို ငြင်းပယ်သွားမည်ဖြစ်သလို ဝက်ဘ်ဆိုဒ် အီးမေးလ်ဒိုမိန်းဖြစ်သည့် govereply.visa.com ဖြင့် အီးဗီဇာ လျှောက်ထားမှုများကိုလည်း ငြင်းပယ်သွားမည်ဖြစ် ကြောင်

Wednesday, 26 Jun 2019

      အာဖရိက ဝက်တုပ်ကွေးရောဂါ ထိန်းချုပ်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရန် အာရှနိုင်ငံများအား ကုလသမဂ္ဂအစားအစာအေဂျင်စီက တိုက် တွန်းထားသည့်အတွက် တရုတ်နိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဝက်သန်း  ပေါင်းများစွာကို သုတ်သင်ခဲ့ရကြောင်း အေပီသတင်းတွင်ဖော်ပြသည်။ ကူးစက်ရောဂါသည် လာအို နိုင်ငံအထိ  ပြန့်ပွားနေကြောင်း ကုလသမဂ္ဂအစားအစာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ကြေညာချက် နှင့်အတူ     ယခုရောဂါပြန့်ပွားမှုမှာ သမိုင်းတွင်  အဆိုးရွားဆုံး  တိရစ္ဆာန် ရောဂါပြန့်ပွားမှုဖြစ်ကြောင်း ကျွမ်းကျင် သူတို့ကပြောသည်။

Thursday, 20 Jun 2019

         ပေကျင်းတွင်ပြုလုပ်သည့်  ကုန် သွယ်ရေးဆွေးနွေးပွဲများတွင် တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီး အမေရိကန် ဈေးကွက်ဝင်ရောက်ရေးကိစ္စကို  စေ့စပ်ရေးလက်နက်တစ်ခုအဖြစ်  မသုံးရန် အမေရိကန် အထက်လွှတ်ေ တာ်အမတ် နှစ်ဦးက ထရမ့်အစိုးရအဖွဲ့ကို ဇွန် ၁၃ ရက်တွင်  သတိပေးခဲ့ကြောင်း အေ အက်ဖ်ပီသတင်းတွင် ဖော်ပြသည်။ ဤကိစ္စမှာ ပြည်ထောင်စုအစိုးရ က အမျိုးသားရေးကိစ္စအဖြစ် ဆောင် ရွက်ရမည့်ကိစ္စ ဖြစ်ကြောင်း လည်း သတိပေးပြောကြားသည်။ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ဖြစ်သော   ရီပတ်ဗလီကင်   အမတ် မာကိုရူဘီယိုနှင့် ဒီမိုကရက်ပါတီအမတ် မတ် ဝါနာတို့နှစ်ဦးစလုံးမှာ  အထက် လွှတ်တော်ထောက်လှမ်းရေး ကော်မတီ အဖွဲ့ဝင်များဖြစ်ကြပြီး  တရုတ်နိုင်ငံနှင့် က

Thursday, 20 Jun 2019

     ဗီယက်နမ် အထည်ချုပ်လုပ်ငန်း သည် ၂၀၁၉ ခုနှစ်တွင် နှစ်အလိုက် တိုးတက်မှုနှုန်း ၁၄ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်းဖြင့်  ပို့ကုန်ဝင်ငွေ  အမေ ရိကန်ဒေါ်လာ ဘီလီယံ ၄၀  အထိရရှိ ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဗီယက်နမ်နယူးစ်သတင်းတွင် ဖော်ပြသည်။ ယခုနှစ်စမှစ၍ အထည်ချုပ်လုပ်ငန်းသည် တိုးတက်မှုရလဒ်များ  ရရှိခဲ့ ကြောင်းစက်မှုနှင့် ကုန်သွယ်ရေးဝန် ကြီးဌာန၏  ကိန်းဂဏန်းများအရ  သိရ သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ် ပါက ဤလုပ်ငန်း၏ တိုးတက်မှုသည် ၁၂ ရာခိုင်နှုန်းကျော်ရှိခဲ့သည်။

Thursday, 20 Jun 2019

        မက်မွန်၊ သစ်ကြားသီးနှင့် ပန်းသီးတို့အပါအဝင် အမေရိကန် ကုန်ပစ္စည်းအချို့ကို လာမည့်သီတင်းပတ်မှစ၍  အခွန်တိုးမြှင့် ကောက် ခံရန် အိန္ဒိယနိုင်ငံက ပြင်ဆင်နေသည်ဟု သတင်းရင်းမြစ်နှစ်ခုက ပြောကြောင်း ရိုက် တာသတင်းတွင်ဖော်ပြသည်။ အိန္ဒိယနိုင်ငံအား ပေးထားသော အဓိကကုန်သွယ်မှု အခွင့်အရေးများကို အမေရိကန်ကရုပ် သိမ်းပြီးနောက် အိန္ဒိယနိုင်ငံက ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်သည်။ အထွေထွေ အခွင့်အေ ရးပေးစနစ် (GSP) အရ အိန္ဒိယနိုင်ငံကို ပေးထားသော ကုန်သွယ်မှုအခွင့်အရေးများကို   အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၅ ရက်မှစ၍ရုပ်သိမ်းခဲ့သည်။ ဤအခွင့်အရေးများမှာ ကြီးမားသော အခွင့်အရေးများဖြစ်ပြီး အိန္ဒိယနိုင်ငံမှတင်ပို့သည့

Monday, 20 May 2019

           သစ်တောဥပဒေ  လွှမ်းမိုးရေး၊ အုပ်ချုပ်ရေးနှင့် ရောင်းဝယ်ရေးဆိုင်ရာ ဆန္ဒအလျောက် ပူးပေါင်းဆောင်ရွက် ရေး သဘောတူစာချုပ် (VPA/FLECT) အရ  ဇွန် ၁ ရက်မှစ၍ ပို့ကုန်အတွက် သာ ကန့်သတ်ထုတ်လုပ်သော သစ်နှင့် သစ်တောထွက်ပစ္စည်းများကို ဗီယက် နမ်နိုင်ငံသည် ဥရောပသမဂ္ဂ (အီးယူ) သို့ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း ဗီယက်နမ်နယူးစ်သတင်းတွင် ဖော်ပြ သည်။ VPA/FLECT ကို စစ်ဆေး အတည်ပြုသည့်လုပ်ငန်းများ အပြီးသတ် ဆောင်ရွက်ပြီးဖြစ်ကြောင်း ဗီယက်နမ်သို့ လာရောက်သော အီးယူကိုယ်စား လှယ်အဖွဲ့နှင့် ဗီယက်နမ် လယ်ယာစိုက် ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနတို့က မေ ၈ ရက်တွင် ကြေညာခဲ့သည်။

Pages