Background
ဟွာဝေး Mate 20 X (5G)ကို တရုတ်နိုင်ငံတွင် သြဂုတ် ၁၆ ရက်၌ စတင်ရောင်းချကြောင်း ဂလိုဘယ်တိုင်းမ် သတင်းတွင်ဖော်ပြသည်။ ရောင်းချသော မိုဘိုင်းဖုန်းမှာ တစ်ခုနှင့်တစ်ခု မတူညီသော SA နှင့် NSA ကွန်ရက် နှစ်ခုစလုံးတွင်အသုံး ပြုနိုင်ပြီး ထိုသို့အသုံးပြုနိုင်မည့်ဖုန်းများ အနက် ယခုဖုန်းမှာ ပထမဆုံးထုတ် လိုက်သော မိုဘိုင်းဖုန်းအမျိုးအစား ဖြစ်သည်။ ဟွာဝေး၏ လှုပ်ရှားမှုသည် 5G ကွန်ရက်ကိုတစ်နိုင်ငံလုံး၌ စီးပွား ဖြစ်ရောင်း ချရန် ခြေတစ်လှမ်း ပြင် လိုက်ခြင်းဖြစ်သည်။ ဂလိုဘယ်တိုင်းမ် သတင်း ထောက်က ပေကျင်းမြို့တွင်းပိုင်းရှိ စတိုးဆိုင်နှစ်ဆိုင်ကို သွားရောက် စုံစမ်းရာ ဖုန်းတန်ဖိုးကို ၆၁၉၉
အာရှတိုက်ရှိ လုပ်ငန်းကျွမ်းကျင်မှုများကို စုစည်းပေးခြင်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ၊ အစိုးရများနှင့် နိုင်ငံစုံဘဏ်များအား ပူးပေါင်းပေးခြင်းတို့ဖြင့် စင်ကာပူနိုင်ငံက ဒေသတွင်း ဖွံ့ဖြိုးရေးအခက်အခဲများကို ဖြေရှင်းပေးပြီး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ် ကြောင်း စထရိတ်တိုင်းမ်သတင်းတွင်ဖော်ပြသည်။ အခြေခံအဆောက်အအုံသည် အာရှတိုက်အောင်မြင်မှုအတွက် အချက် အချာဖြစ်ပြီး စင်ကာပူသည် အာရှအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးနိုင်ပြီး ဒေသတွင်းရှိအလားအလာများကိုထုတ် ဖော်ပေးရန် အကူပေးနိုင်ကြောင်း စင်ကာပူဝါရင့်ဝန်ကြီး တဲအိုချီဟင်းက သြဂုတ် ၁၅ ရက်
အမေရိကန်နိုင်ငံသို့ သွားရောက်မည့်သူများအနေဖြင့် လုပ်ငန်းကိစ္စနှင့် အလည်အပတ်ခရီးများ အတွက် ခွင့်ပြုသည့် ဗီဇာနှစ်မျိုးကို တပေါင်းတည်း လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သြဂုတ် ၁၂ ရက် တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာခဲ့ကြောင်းသိရသည်။ ထိုကဲ့သို့ လုပ်ငန်းကိစ္စနှင့် အလည်အပတ်ခရီးအတွက် ခွင့်ပြုသည့် ဗီဇာနှစ်မျိုးကို တပေါင်းတည်း လျှောက်ထားရာတွင် တစ်ကြိမ်လျှင် ပြည်ဝင်ခွင့်ဗီဇာ သုံးလအထိ အကျုံးဝင် မည်ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား ခရီးသွားရာလာတွင် ပိုမိုလွယ်ကူစေရန်နှင့် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်သည့် နောက်ထပ်ခြေလှမ်းတစ်ခု ဆောင်ရွက်ရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြ
တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ အထူး ရန်ပုံ ငွေတစ်ရပ် ပေးအပ်ထားသည်။ ယင်းရန်ပုံငွေမှာ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေဟု အမည်ရသည်။ ယင်းအထူးရန်ပုံ ငွေဖြင့် မြန်မာနိုင်ငံတွင် ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း ၁၂ ခု အကောင်အထည်ဖော်မည်။ ယင်းရန်ပုံငွေ ပေးအပ်ထောက်ပံ့ခြင်းသည် ဒုတိယအကြိမ် ဖြစ် သည်။ ဇူလိုင် ၃၁ ရက်က နေပြည်တော်ရှိ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၌ မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းများ စတင် ကြောင်း အသိပေးကြေညာခြင်း အခမ်းအနား တစ်ရပ် ကျင်းပခဲ့သည်။
လာမည့် နှစ်လအတွင်း စင်ကာပူ ရှိ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ(SMEs) ၏ လေးပုံ သုံးပုံ နီးပါးသည် ဖွံ့ဖြိုးတိုးတက်လိမ့်မည်ဟု စစ်တမ်းတစ်စောင်တွင် ဖော်ပြထား ကြောင်း စထရိတ်တိုင်းမ် သတ င်းတွင် ဖော်ပြသည်။ ထ့ို ပြင် ယင်းတို့အနက် ရာခိုင်နှုန်း ၉၀ က ပြည်ပနှင့် စီးပွားရေးအဆက်အသွယ်များ ရရှိထားပြီးဖြစ်ကြောင်း ပြောသည်။ သို့သော်လည်း မတည်ရင်း နှီးငွေနှင့် ငွေကြေးစီးဆင်းမှု အခက်အခဲက ပြည်ပတွင် လုပ်ငန်းတိုးချဲ့ရေး လုပ်ငန်းကို အဟန့်အတားဖြစ်စေခဲ့ ကြောင်း စစ်တမ်းတွင်ပါဝင်သော လုပ် ငန်းသုံးပုံတစ်ပုံက ပြောသည်။
ယခုနှစ်အကုန်တွင် ဒေသတွင်းဘက်စုံစီးပွား ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP ) ကို အာဆီယံအ ဖွဲ့ဝင် ၁၀ နိုင်ငံနှင့် ဆွေး နွေးဖက် ခြောက်နိုင်ငံတို့ အပြီးသတ်ဆွေးနွေးနိုင် လိမ့်မည်ဟု အာဆီယံ အထွေထွေအတွင်းရေးမှူး ဒါတိုလင်းဂျော့ဟွိုင်က ခန့်မှန်းကြောင်း ဗီယက်နမ် နယူးစ်သတင်းတွင် ဖော်ပြသည်။ RCEP သည် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နီး ပါးရှိသော ဈေးကွက်ကို လွှမ်းမိုးထားပြီး ကမ္ဘာ့ စုစုပေါင်းပြည်တွင်း ထုတ်ကုန်၏ သုံးပုံတစ်ပုံကို ထုတ်လုပ်ပေးလျက်ရှိသဖြင့် ကမ္ဘာပေါ်တွင်အကြီး မားဆုံးကုန်သွယ်ရေး သဘောတူစာချုပ်တစ်ခု ဖြစ်လာမည်။
အိန္ဒိယနိုင်ငံသည် တရုတ်ဦးဆောင်သော အာရှပစိဖိတ်ကုန်သွယ်ရေး သဘောတူစာချုပ်တွင် ပါဝင်နိုင်ဖွယ်မရှိဟု အိန္ဒိယဝန်ကြီးချုပ် နရိန္ဒရာမိုဒီက သြဂုတ် ၂ ရက်က ပြောကြားကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ဝန်ကြီးချုပ် နှင့်ဆက်စပ်နေသော စက်မှုလုပ်ငန်းနှင့် လယ်သမားများ၏ကန့်ကွက်မှုကြောင့် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ရာ လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကြီးတစ်ခု ဖန်တီးရေးအလားအလာများအတွက် ထိုးနှက်ချက် တစ်ရပ်ဖြစ်ခဲ့သည်။
ယုံကြည်ရသော ကုန်သွယ်ဖက်စာရင်းမှ အပြန်အလှန် ပယ်ဖျက် ကြရန် ဇူလိုင် ၂ ရက်က တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က ဆုံးဖြတ် ကြကြောင်း ယွန်းဟပ်သတင်းတွင် ဖော်ပြသည်။ စေ့စပ်ညှိနှိုင်းအဖြေရှာရန် တောင် ကိုရီးယားနိုင်ငံက အကြိမ်ကြိမ် ပန်ကြားခဲ့သည်ကို ဂျပန်နိုင်ငံက ပယ်ချခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကုန်သွယ်ရေးနှင့် သံတမန်အငြင်းပွားမှုက စီးပွားရေးစစ်ပွဲဆီသို့ ဦးတည်လျက်ရှိသည်။ တစ်ပိုင်းလျှပ်ကူးနှင့် ဖန်သားပြင်ထုတ်လုပ် ရာတွင် အသုံးပြုသော အဓိက အစိတ်အပိုင်းများ တောင်ကိုရီးယားသို့ တင်ပို့ခြင်းကို ဂျပန်နိုင်ငံ က ဇူလိုင် ၄ ရက်တွင် ကန့်သတ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် စစ်အတွင်း အဓမ္မခိုင်းစေမှုနှင့်ပတ်သက်၍
ပြည်တွင်းရှိ ရေထွက်ကုန်တင်ပို့မှုလုပ်ငန်းများ ဝင်ငွေ ပိုမိုရရှိလာစေရန်အတွက် ပင်လယ်ရေထွက်ကုန် အရှင်များ အား ပြည်ပနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း ဇူလိုင် ၃၀ တွင် ကျင်းပသည့် ပင်လယ်ထွက်ကုန် အရှင်ပို့ ထုပ်ပိုးမှု သင်တန်းမှ သိရသည်။ ထိုကဲ့သို့ တင်ပို့ခြင်းကို လာမည့် စက်တင်ဘာလတွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပြည်တွင်းပင်လယ်ရေ ထွက်ကုန်များဖြစ်သော ကျောက်ငါး၊ ကျောက်ပုစွန်၊ ပုစွန်နှင့် ကဏန်း များကို ပြည်ပနိုင်ငံများဖြစ်သော ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအို၊ တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်နိုင်ငံ များသို့ တိုက်ရိုက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံနှင့်ဂျပန်နိုင်ငံတို့သို့ အသီးအနှံ များနှင့် ပို့ကုန်အမယ်သစ် ၁၀ မျိုးတိုးချဲ့တင်ပို့ရန် ကြိုးစားနေ သော်လည်း သစ်သီးဝလံနှင့်ပန်းမန်များအား ရေနွေးငွေ့ဖြင့် ပိုးမွှားသန့်စင်သည့် စက်များအဆင်သင့် မဖြစ်သေးသဖြင့် နှစ် နှစ်ခန့်ကြာမြင့်ဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က သြဂုတ် ၂ ရက်တွင် ပြောသည်။