Main menu

Background

Friday, 6 Sep 2019

      အိုင်ဖုန်းများပျက်စီးပါက ပြင်ဆင်သည့် လွတ်လပ်သောပြင်ဆိုင်များ အား စက်အစိတ်အပိုင်းများ၊ ပြင်ဆင် ရေးကိရိယာများနှင့် ပြင်ဆင်ရေးလမ်း ညွှန်များကို စတင်ရောင်းချသွားတော့ မည်ဖြစ်ကြောင်း အက်ပဲက သြဂုတ် ၂၉ ရက်တွင် ပြောသည်။ ယခုကဲ့သို့ဆောင်ရွက်ရန် အမေရိကန်ပြည်ထောင်စုရှိ  တချို့ပြည်နယ်များတွင် ပြဋ္ဌာန်းထားသော ဥပဒေများ ကို နှစ်ပေါင်းများစွာ ဆန့်ကျင်လာခဲ့ရာမှ ယခုကဲ့သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ဖုန်းစကရင် များ ကွဲခြင်းနှင့် အားသွင်းပေါက်များ လောင်ကျွမ်းခြင်း စသည့် ကိစ္စများကိုသန်းနှင့်ချီ၍ ပြင်ဆင်နေရသဖြင့် ယခုအစီအစဉ်ကို ဆောင်ရွက်လိုက်ခြင်းဖြင့် အက်ပဲနှင့် ၎င်း၏မိတ်ဖက် စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်န

Friday, 6 Sep 2019

     ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်ကား ပုံစံ ၁၇ မျိုးကို စီးပွားဖြစ်ထုတ် လုပ်မည်ဖြစ်ကြောင်း ဟွန်ဒိုင်း မော်တာကုမ္ပဏီက သြဂုတ် ၂၉ ရက်တွင် ထုတ်ပြန်သည်။ သဘာဝပတ်ဝန်းကျင် ထိခိုက် မှုနည်းသော ကားများ၏ဝယ်လို အား မြင့်မားခြင်းကို ဖြည့်ဆည်းပေးရန် နောက်ဆုံးကြိုးပမ်းမှုအဖြစ် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်သည်။ စီးပွားဖြစ်ထုတ်လုပ်ရန် စီစဉ်ထားသည့်အထဲတွင် လျှပ်စစ်သက်သက် ကားအမျိုးအစား ခုနစ်မျိုးနှင့် လောင်စာခဲနှင့် လျှပ်စစ် သုံးအမျိုးအစား ၁၀ မျိုးတို့ကိုထုတ်လုပ်ရန် ဟွန်ဒိုင်းမော်တာ က စီစဉ်နေကြောင်း ကုမ္ပဏီ၏ကြေညာချက်တွင်ဖော်ပြသည်။

Friday, 6 Sep 2019

      အိန္ဒိယနိုင်ငံသည် အက်ပဲ၊ ဖောက်စကွန်နှင့် ဝစ်စထရွန်ကော်ပို ရေးရှင်းတို့အပါအဝင် ကုမ္ပဏီများကို ပစ်မှတ်ထား၍  ဆွဲဆောင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြထားသည်။ ကုန်သွယ်ရေး စစ်ပွဲ၏  ဒဏ်ကို ခံနေရသော ကမ္ပဏီများ အိန္ဒိယနိုင်ငံသို့ စီးပွားရေးလုပ်ငန်းများ ပြောင်းရွှေ့ လာနိုင်ရေးအတွက် အာပေးဆွဲဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။ အိန္ဒိယ အစိုးရ တာဝန်ရှိသူများသည် သြဂုတ် ၁၄ ရက်က တွေ့ဆုံပြီး ရည်မှန်းချက်ထားသော  ကုမ္ပဏီ စာရင်းကိုပြုစုခဲ့ရာ  တရုတ်(တိုင်ပေ)အခြေစိုက် ကုန်ထုတ်လုပ်ရေးကုမ္ပဏီ ပက်ဂါထရွန် ကော်ပိုရေးရှင်းလည်း ပါဝင်ကြောင်း ဤ ကိစ္စနှင့

Tuesday, 3 Sep 2019

    စင်ကာပူနိုင်ငံရှိ နည်းပညာအလုပ်အကိုင်များသည် လွန်ခဲ့သော ၁၂ လက ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း အလုပ် အကိုင်ရှာဖွေရေးကုမ္ပဏီ မိုက်ကယ်ပေ့ချ် (Michael Page) မှထုတ်ပြန်သော “၂၀၁၉ ခုနှစ် လစာအခြေခံ စံနှုန်း အစီရင်ခံစာကို ကိုးကား၍ စထရိတ်တိုင်းမ်သတင်းတွင်ဖော်ပြသည်။ အထူးသဖြင့် စင်ကာပူတွင် အီးကောမတ်အထူးပြု၊ ဒစ်ဂျစ်တယ်မားကက် တင်းနှင့် ဒေတာသိပ္ပံညာ စသည့်ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအတွ က် အလုပ်အကိုင်လိုအပ်များမြင့်မားသည်။ သို့ရာ တွင် နည်းပညာတိုးတက်မှုတစ်ဟုန်ထိုးမြင့်တက်လာမည်ဟု  တွက်ဆထားသည့်အတွက် ကုမ္ပဏီများက ဒစ်ဂျစ်တယ်မဟာဗျူ ဟာကို အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်မည့် ခေါင်းဆောင်များကိုရှာဖွေလျက်

Tuesday, 3 Sep 2019

      စွမ်းအင်ချွေတာရန်၊  ကုန်ထုတ်လုပ်ငန်းတိုးမြှင့်ရန်နှင့် ကုန်ထုတ်လုပ်မှု အရည်အသွေးကိုမြှင့်တင်ရန် ကုန်ထုတ်လုပ်မှုလိုင်းများအား  ဆန်းသစ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများနှင့် ပြန်လည်စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ရန် သြဂုတ် ၂၁ ရက်က ဟနွိုင်းမြို့တွင်ပြလုပ်သော ဖိုရမ်သို့ တက်ရောက်လာသူတို့က တိုက် တွန်းကြောင်း ဗီယက်နမ်နယူးသတင်းတွင်ဖော်ပြသည်။ စက်မှုလုပ်ငန်းကဏ္ဍမှ စွမ်းအင်သုံးစွဲမှုပမာဏမှာ နိုင်ငံစုစုပေါင်းသုံးစွဲမှုရဲ့ ၄၇ ရာခိုင်နှုန်းရှိကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ စွမ်းအင်ချွေတာရေး ဖိုရမ်သို့ တင်ပြသော အစီရင်ခံစာအရ တွေ့ရသည်။ လောလောဆယ်တွင် ပင်မ  စွမ်းအင်အရင်းအမြစ်များသည်   စီးပွားရေး

Tuesday, 3 Sep 2019

     အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံတန်ဖိုးရှိ အမေရိကန် သွင်းကုန်များအား လက်တုံ့ပြန် အခွန်တိုးမြှင့်ကောက်ခံရန် တရုတ်နိုင်ငံကသြဂုတ် ၂၃ ရက်တွင်ဆုံးဖြတ်ကြောင်း ချန်နယ် နယူးအေရှသတင်းတွင် ဖော်ပြထားသည်။ ကမ္ဘာ့နိုင်ငံကြီး နှစ်ခု အချင်းချင်း ကာလရှည်ကြာစွာအငြင်းပွားနေရာမှ လက်တုံ့ပြန်သည့်အနေဖြင့် ရှိရင်းစွဲအခွန်နှုန်းကို ၁၀ ရာခိုင်နှုန်း ပိုဆောင်း ကာ ကောက်ခံမည်ဖြစ်သည်။ တရုတ်နိုင်ငံက နောက်ဆုံးအကြိမ် အခွန်တိုးမြှင့်ေ ကာက်ခံ ခြင်းမှာ အမေရိကန်ဒေါ်လာဘီလီယံ ၃၀၀ ဖိုးရှိ တရုတ်ကုန်ပစ္စည်းများအပေါ်တွင် အမေရိကန်က အခွန်တိုးမြှင့်ကောက်ခံပြီး နောက်ပိုင်းဆောင်ရွက်ခြင်းဖြစ်သည်။ တိုးမြှင့်ကောက်ခံမည့် ပစ္စည်းများတွင် အီလက်ထရ

Tuesday, 3 Sep 2019

         ယခုသီတင်းပတ်အတွင်း  လက်ထောက်အဆင့်တာဝန်ရှိသူများ စေ့စပ်ညှိနှိုင်းရေးမှူးများ အချင်းချင်း အပြုသဘော  ဆက်သွယ်မှုများပြုလုပ်ပြီး နောက်ကုန်သွယ်မှု  ဆွေးနွေးပွဲများ ကျင်းပရန် အမေရိကန်နှင့် တရုတ် အရာရှိ များက စီစဉ်လျက်ရှိကြောင်း အိမ်ဖြူတော်စီးပွားရေးအကြံပေး လာရီကတ်ဒလိုက သြဂုတ် ၂၂ ရက်က ပြော ကြားကြောင်း  ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဂျပန်စီးပွားရေးဝန်ကြီး တိုရှီမိစု မိုတဲဂီနှင့်  အမေရိကန် ကုန်သွယ်ေ ရး ကိုယ်စားလှယ် လိုက်ဟိုက်ဇာတို့၏ ကုန်သွယ်ရေး  ဆွေးနွေးပွဲများတွင် လည်း လယ်ယာစိုက်ပျိုးရေးနှင့် ဆက်သွယ်ရေးကိစ္စများအတွက် ဆွေးနွေးမှု များမှာ ရလဒ်ကောင်းများထွက်ပေါ်နေ ကြောင်း ကတ်ဒလို ကပြောသည်။

Thursday, 22 Aug 2019

      ၂၀၁၉ ခုနှစ် ကျန်ကာလများတွင် ရေနံဈေးကွက် အလားအလာမှာ ကျဆင်းရန်ရှိကြောင်း အိုပက်အဖွဲ့က သြဂုတ် ၁၆ ရက်တွင်ထုတ်ပြန်သည်။ ကမ္ဘာ့စီးပွားရေးနှေး ကွေးမှုနှင့် ၂၀၂၀ ပြည့်နှစ်တွင် ပြိုင်ဘက် ထုတ်လုပ်သူ များက တိုးမြှင့်ထုတ်လုပ်သဖြင့် ဖြစ်ပေါ်လာသော စိန် ခေါ်မှုများကြောင့် ယခုကဲ့သို့ လျှော့ချခန့်မှန်းခြင်းဖြစ်ပြီး အိုပက်ဦးဆောင်သောဖြန့်ဖြူးရေးထိန်းချုပ်မှုများ လိုအပ် မည်ဖြစ်ကြောင်း သုံးသပ်သည်။  ၂၀၁၉ ခုနှစ် ကမ္ဘာ့ရေနံ ဝယ်လိုအားကို တစ်ရက် လျှင် စည် ၄၀၀၀၀ ကျဆင်းကာ စည် ၁ ဒသမ ၁ သန်းသို့ ရောက်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင်မူ ဈေးကွက်ဝယ်လိုအား အနည်းငယ် မြင့်တက်လာမည်ဟု အိုပက်အဖွဲ့၏လစဉ် အစီရင်ခံစာတွင် ဖော်ပြ သည်။ အမ

Thursday, 22 Aug 2019

      ဟွာဝေး  Mate 20 X (5G)ကို တရုတ်နိုင်ငံတွင် သြဂုတ် ၁၆ ရက်၌ စတင်ရောင်းချကြောင်း ဂလိုဘယ်တိုင်းမ် သတင်းတွင်ဖော်ပြသည်။ ရောင်းချသော  မိုဘိုင်းဖုန်းမှာ တစ်ခုနှင့်တစ်ခု မတူညီသော  SA နှင့် NSA ကွန်ရက် နှစ်ခုစလုံးတွင်အသုံး ပြုနိုင်ပြီး  ထိုသို့အသုံးပြုနိုင်မည့်ဖုန်းများ အနက်   ယခုဖုန်းမှာ ပထမဆုံးထုတ်  လိုက်သော   မိုဘိုင်းဖုန်းအမျိုးအစား ဖြစ်သည်။ ဟွာဝေး၏ လှုပ်ရှားမှုသည် 5G ကွန်ရက်ကိုတစ်နိုင်ငံလုံး၌ စီးပွား ဖြစ်ရောင်း ချရန် ခြေတစ်လှမ်း ပြင် လိုက်ခြင်းဖြစ်သည်။ ဂလိုဘယ်တိုင်းမ် သတင်း ထောက်က ပေကျင်းမြို့တွင်းပိုင်းရှိ စတိုးဆိုင်နှစ်ဆိုင်ကို  သွားရောက် စုံစမ်းရာ ဖုန်းတန်ဖိုးကို  ၆၁၉၉

Thursday, 22 Aug 2019

      အာရှတိုက်ရှိ  လုပ်ငန်းကျွမ်းကျင်မှုများကို  စုစည်းပေးခြင်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ၊ အစိုးရများနှင့် နိုင်ငံစုံဘဏ်များအား ပူးပေါင်းပေးခြင်းတို့ဖြင့် စင်ကာပူနိုင်ငံက ဒေသတွင်း  ဖွံ့ဖြိုးရေးအခက်အခဲများကို ဖြေရှင်းပေးပြီး အခြေခံ အဆောက်အအုံ တည်ဆောက်ရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည်ဖြစ် ကြောင်း စထရိတ်တိုင်းမ်သတင်းတွင်ဖော်ပြသည်။ အခြေခံအဆောက်အအုံသည် အာရှတိုက်အောင်မြင်မှုအတွက် အချက် အချာဖြစ်ပြီး စင်ကာပူသည် အာရှအခြေခံအဆောက်အအုံ  ဖွံ့ဖြိုးရေးအတွက် ပလက်ဖောင်းတစ်ခုကို ဖန်တီးပေးနိုင်ပြီး ဒေသတွင်းရှိအလားအလာများကိုထုတ် ဖော်ပေးရန် အကူပေးနိုင်ကြောင်း စင်ကာပူဝါရင့်ဝန်ကြီး တဲအိုချီဟင်းက သြဂုတ် ၁၅ ရက်

Pages