Main menu

Background

Wednesday, 3 Jan 2018

     ရခိုင်ပြည်နယ်၏ စီးပွားရေးလုပ် ငန်းများအနက် ရေလုပ်ငန်းသည် အဓိက နေရာမှ ပါဝင်လျက်ရှိသည်။  ရခိုင်တိုင်း ရင်းသားများသည် ငါး၊  ပုစွန်ဖမ်းဆီး ရေးလုပ်ငန်းများနှင့် သဘာဝနည်းဖြင့်  ရေငန်ပုစွန် မွေးမြူသည့် လုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။ ဒေသခံများ၏ စီးပွားရေး တောင့်တင်း ခိုင်မာမှု အားနည်းသည့်အတွက် ကမ်းဝေးငါးဖမ်းစက်လှေကြီးများဖြင့် ငါးဖမ်း သည့်လုပ်ငန်းများကို ဆောင်ရွက်ခြင်း မပြုနိုင်ဘဲ ကမ်းနီးငါးဖမ်းလုပ်ငန်းများ ကိုသာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။

Monday, 19 Jun 2017

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်း မြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောင်စစ် ဝန်ချုပ် ဦးစိုးပိုင် လိုက်ပါလျက် ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၊ Dianchi International Exhibition and Convention Center ၌ ကျင်းပသည့် ၂၀၁၇ ခုနှစ် တောင်နှင့် အရှေ့တောင် အာရှ ကုန်စည်ပြပွဲနှင့် ရင်း နှီးမြှုပ်နှံမှုပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့သည်။

Wednesday, 8 Jun 2016

             ယခုနှစ် သစ်သီးဝလံဈေးကွက် တွင် သရက်သီးမှည့်များ ဝင်ရောက်မှု ပေါများပြီး ဈေးနှုန်းမှာလည်း ယခင်နှစ် နဲ့မတူဘဲ ဈေးသက်သာလာတာ တွေ့ရပါတယ်။ မိုးလည်း ရွာသွန်းနေပြီမို့ သရက်သီးမှည့်တွေက ချိုလည်းချို အရောင်အသွေးမှာလည်း ကောင်းပြီး၊ ဈေးနှုန်းလည်း သက်သာတာကြောင့် ဒေသတွင်းရော၊ နယ်တင်ပို့မှုပါ အရောင်း အဝယ်သွက်လျက်ရှိနေပါတယ်။ ပြည်ဒေသမှထွက်ရှိသော သရက်သီးများမှာ မြကျောက်၊ စိန်တစ်လုံး၊ မန္တေ လးသရက်သီးတို့ကတော့ ဈေးကွက်ဝင်သစ်သီးများဖြစ်ပြီး ဒေသတွင်း စားသုံးမှုကတော့ သရက်သီးမျိုးစုံလင်စွာ စားသုံးလျက်ရှိကြပါတယ်။ မြကျောက်နှင့် စိန်တစ်လုံးကို ရန်ကုန်၊ မန္တလေးသို့ တင်ပို့ပြီး မန္တလေးသရက်ကို ရန်ကုန် နဲ့ ဒေသတ

Tuesday, 7 Jun 2016

         မေ ၂၁ ရက်မှ ၂၇ ရက်အထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၁၉ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၄၈၀၀ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည  ဒသမ ၅၂၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၈၀၅ တန်ကျော်၊ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၁၃၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၅၁၉ တန်ကျော်နဲ့ ကန်ပိုက်တီးမှ ကန်ဒေါ်လာ သုည ဒသမ ၀၂၆ သန်းတန်ဖိုး ရှိ ပြော င်းဖူးစေ့ ၈၇ တန်ခွဲကျော် အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ယခုတစ်ပတ် မန္တလေး-မူဆယ် ကုန်စည် သယ်ယူခနှုန်းထားများမှာ ပြောင်းတစ်ပိဿာကို ၆၈-၇၇ ကျပ်ရှိပြီး ယခု တစ်ပတ် အတွင်း ကုန်ပစ္စည်း သယ်ပို့ကားခများမှာ မြင့်တက် လျက်ရှိ

Tuesday, 7 Jun 2016

           မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ မေ ၂၁ ရက်မှ ၂၇ ရက်အထိ ကာလအတွင်းကန်ဒေါ်လာ ၁၆ ဒသမ ၇၆၃ သန်းတန်ဖိုးရှိ သကြားဖြူ ၂၉၈၇၃ တန်ကျော်နဲ့  လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၇၂ သန်းတန်ဖိုးရှိသကြားဖြူ တန်၁၃၀ တင်ပို့နိုင်ခဲ့ပါတယ်။မေ ၁ ရက်မှ ၂၀ ရက်အတွင်းမှာတော့ မူဆယ်ကုန်သွယ်ရေးဇုန်မှ သကြားဖြူ ၁၃၂၆၄၄ တန် ကျော် တင်ပို့ခဲ့ပြီး လွယ်ဂျယ်စခန်းမှ ယခုသီတင်း ပတ်မှစတင် တင်ပို့နိုင်တာတွေ့ရပါတယ်။တရုတ်ဝယ်လက်ရှိချိန်ဆိုရင် မန္တလေးဈေးကွက်မှာ တစ်ရက်လျှင်သကြားပိဿာဝင် အိတ်ရေ ၄၀၀၀ ကျော်ခန့် တင်ပို့နိုင်ပြီး ပြည်တွင်းအတွက်စားသုံးရန် လုံလောက် တာကြောင့် ယခုလို ပြည် ပသို့ တင်ပို့နို

Tuesday, 7 Jun 2016

         ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မျိုးနှမ်းများအဝယ်ရှိ သဖြင့် နှမ်းဈေးပြန်တက်လာတာတွေ့ရပါတယ်။ အဝင်မရှိဘဲ လှောင်နှမ်းများကို မျိုးသမားများက အဝယ်ရှိနေသဖြင့်ဈေးမှာ ယခင်တစ်ပတ် ထက် မြင့်တက်လာတာေ တွ့ရပါတယ်။

Tuesday, 7 Jun 2016

           ပခုက္ကူကုန်စည်ဒိုင်တွင် မေလအတွင်း ဆောင်းစိုက် (ပင်စိုက်)ကြက်သွန်နီများ အရောင်းအဝယ် တော်တော်လေး သွက်ခဲ့ပါတယ်။ ပခုက္ကူခရိုင်အတွင်းရှိ  ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်ရာဒေသတွေဖြစ်တဲ့ ပေါက်၊ ဆိပ်ဖြူမြို့ နယ်တို့တွင် ဆောင်းစိုက်(ပင်စိုက်) ကြက်သွန်နီများ မတ်လဆန်းမှ စတင် ၍ ဈေးကွက်အတွင်းဝင်ရောက်လာရာ လက်ကားဈေးနှုန်း တစ်ပိဿာလျှင်  ထိပ်စ ကျပ် ၅၀၀၊ လတ်စ ကျပ် ၄၅၀၊ အနိမ့် ကျပ် ၃၇၀ဈေးနှုန်းများဖြင့် တစ်နေ့ လျှင် ပိဿာချိန် ၁၀၀၀၀ မှ ၁၅၀၀၀ ကြား ဝင်ရောက်ခဲ့ပါတယ်။

Tuesday, 7 Jun 2016

             တစ်ချိန်က အိန္ဒိယဈေးကွက်အတွက် အရေးပါခဲ့တဲ့ ပြည်ပ ပို့ကုန်ကုလားပဲမျိုးစုံဟာ မျိုး၊ အရည်အသွေးနဲ့ပေါက်ဈေး အခြေအနေအရ ပြည်ပအဝယ်ရပ်သွားပြီးတဲ့နောက် ပြည်တွင်းဝယ်လိုအားကြောင့် ဒီနှစ်မှာ ဈေးမြောက် ခဲ့တာ  တွေ့ရပါ တယ်။ အဓိကလိုအပ်တဲ့ ဒေသတွင်းလုပ်ငန်းတွေဖြစ်ကြတဲ့ ကြာဆံလုပ်ငန်း၊ ပဲခွဲစက်၊ အမှုန့်ကြိတ်လုပ်ငန်း၊ ပဲလှော်နဲ့ ပဲကြော်လုပ်ငန်းတွေမှာ ကုန်ကြမ်းအဖြစ် နေ့စဉ်လိုအပ်ချက်ရှိတဲ့ အတွက် ဒေသတွင်းဈေးကွ က်မှာ ကုလားပဲက ဆက်လက် ခိုင်မာနေတာ တွေ့ရပါတယ်။

Tuesday, 7 Jun 2016

           မုံရွာကုန်စည်ဒိုင် ဇွန်လဆန်း ပဲဈေးကွက်မှာ ပြီးခဲ့တဲ့မေလကုန်ပတ် ကထက် ပဲအများစုမှာ ပုံမှန်အောက်သာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ဈေးအသီး သီးကျဆင်းသွားတာ   တွေ့ရပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ဒိုင်ကိုအဝင် သွက် ခဲ့ တဲ့   နွေပဲတီလည်း ယခုတစ်ပတ်မှာ ဒေသတွင်း မိုးရွာသွန်းမှု  ရှိခဲ့လို့ ပဲကောက် ပဲဆွတ် မလုပ်နိုင်တဲ့ အတွက်  ပဲအဝင်လျော့ခဲ့တယ်လို့ ပွဲရုံ ရပ်ကွက်ကဆိုပါတယ်။ ဝယ်လက်အနေ နဲ့ တရုတ်ပြည်အတွက် ဝယ်၊ သယ်၊  ပို့တိုက်ရိုက်သာဖြစ်ခဲ့ပြီး၊ မနှစ်ကလို အမြင့်ဈေးမျိုးမှန်းပြီး၊ လှောင်လက် အဝယ်မျိုးမရှိခဲ့လို့ ယခုတစ်ပတ်မှာ စိမ်းကြီးတစ်တင်းကျပ် ၃၀၀၀၀ အထိ အနိမ့်ဆုံးဈေးဖြစ်ပေါ်ခဲ့တာတွေ့ရပါ တယ်။ စိမ်းသေးကတော့ ဒိုင်

Wednesday, 11 May 2016

    ယခုတစ်ပတ်အတွင်း  အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများ ပြည်ဈေးကွက်သို့ ပိဿာ ၃၀ ဝင်အိတ် ၈၀ ခန့်အဝင်ရှိပြီး၊ ယခင်တစ် ပတ်ကထက်အဝင်နည်းလာပါတယ်။ အဝင်နည်းပေမယ့်ဈေးနှုန်းမှာတည်ငြိမ်ပြီး  ယခင်တစ် ပတ်အတိုင်းမပြောင်းလဲဘဲအရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါတယ်။ဈေးနှုန်းမှာ ချင်းတစ်ပိဿာ(ရှယ်) ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်(ဂျွန်) ၈၀၀ ကျပ်၊ ၉၀၀ ကျပ်နှင့်ဈေးကွက်အတွင်းတစ်နေ့ကို ပိဿာချိန် ၁၅၀ ခန့်အရောင်းအဝယ်ဖြစ်ပြီး ဧရာဝတီ တိုင်းဒေသ ကြီးနှင့် ရခိုင်ပြည်နယ်ဘက်သို့ ဈေးကွက်မှတစ်ဆင့် စားသုံးမှုအဖြစ် ယခုတစ်ပတ် အတွင်း ပိဿာချိန် ၁၅၀ ခန့်တင်ပို့မှုရှိတယ်လို့ ချင်းပွဲရုံများမှသိရပါတယ်။

Pages