Main menu

Background

Friday, 20 Jan 2023

မြန်မာနိုင်ငံအတွင်း ပို့ကုန်တင်ပို့နိုင်ခြေ၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် CMP စနစ် လုပ်ငန်းများမှာ လက်ရှိတွင် စက်ရုံပေါင်း ၇၀ဝ ကျော် ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။

CMP စနစ်ဆိုသည်မှာ ပြည်ပမှ ကုန်ကြမ်းတင်သွင်း၍ ပြည်တွင်း၌ ကုန်ချောထုတ်လုပ်ကာ ပြည်ပသို့ ပြန်လည်တင်ပို့သည့်လုပ်ငန်းဖြစ်ပြီး ကုန်ကြမ်းပေး၊ ကုန်ချောယူ ဆောင်ရွက်နေသည့် လက်ခစားလုပ်ငန်းများ ဖြစ်သည်။

Friday, 20 Jan 2023

မြန်မာ့ဒေသထွက် ကြိမ်နှင့်ဝါး လက်မှုအချောထည်ပစ္စည်းများကို နယ်သာလန်နိုင်ငံ၏ အကူအညီဖြင့် အွန်လိုင်းမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ကြိမ်နှင့်ဝါး လက်မှုအချောထည်ပစ္စည်းများမှာ အခြေခံအိမ်တွင်းပရိဘောဂအသုံးဆောင်နှင့် လက်ဆောင်ပစ္စည်းများ၊ အလှဆင်ပစ္စည်းများ၊ လက်မှုပညာအသုံးအဆောင်များ၊ ယွန်းထည်ပရိဘောဂပစ္စည်းများဖြစ်သည်။ အဆိုပါ လက်မှု ပညာပစ္စည်းများကို Burma crafts ဟု အမည်ပေးထားသည့် ဝက်ဘ်ဆိုက်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှု၍ ဝယ်ယူမှုများ ပြုလုပ်နိုင်ပြီဖြစ်သည်။

Thursday, 19 Jan 2023

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် နနွင်း များ စတင်ထွက်ပေါ်နေပြီး ယခင်နှစ်ထက် ဈေးပိုရနေကြောင်း နနွင်းစိုက်တောင်သူများထံမှ သိရသည်။ 
ကျောက်ဆည်ခရိုင်တွင် နနွင်းစိုက်ဧကပေါင်း ၂၃၅၈ ဧကရှိ၍ နနွင်းများကို မိုးဦးကျကာလတွင် စတင်စိုက်ပျိုးပြီး မြစ်သားမြို့နယ်တွင်  ရွာခိုင်ကြီး၊ လွန်ကျော်၊ မဿဲ၊ စမြှောင်၊ ပေတော၊ ဒါးဝယ်အင်းကျေးရွာများတွင်   အများဆုံး စိုက်ပျိုး ကြကြောင်း၊  တစ်ဧက ကုန်ကျစရိတ်မှာ ကျပ် ခုနစ်သိန်းမှ ရှစ်သိန်းခန့်ထိ ကုန်ကျကြောင်းသိရသည်။

Thursday, 19 Jan 2023

ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲတီစိမ်းများ တင်ပို့ရမည့် ၂၀၂၃ ခုနှစ်၏ ရာသီချိန်နီးလာပြီ ဖြစ်ပါသည်။ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန်အတွက် မြန်မာပဲတီစိမ်းများ တင်ပို့နိုင်ရေး၊ အဆိုပြုကုမ္ပဏီများ မှန်ကန်မှုရှိစေရေး၊ တောင်သူပညာပေးသင်တန်းများ ပို့ချနိုင်ရေး၊ တောင်သူ(Farmer)၊ အဝယ်တော်(Collector) နှင့် ပဲတင်ပို့ရေးလုပ်ငန်းစဉ်ဆောင်ရွက်သည့် စက်ရုံများ၏ ထုတ်လုပ်မှု(Processor Level) များ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၅ ရက်က မြန်မာ့ပဲတီစိမ်းများတင်ပို့နိုင်ရေ းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင

Thursday, 19 Jan 2023

အညာဒေသ၌ ထန်းတက်လုပ်ငန်းခွင် စတင်လုပ်ကိုင် နေကြပြီဖြစ်ရာ ယခင်နှစ်များကထက် ထန်းလျက်ဈေးကောင်း ရနေသောကြောင့် ထန်းတက်သူများ  ပိုမိုအားထား လုပ်ကိုင် လျက်ရှိကြောင်း ရေနံချောင်းမြို့နယ်  ဒေသခံများထံမှ သိရ သည်။ အညာဒေသ၌ ထန်းဖိုဦးရာသီကို ပြာသိုလတွင် ထန်းစ ပြင်ကြပြီး ထန်းဖိုရာသီ ပြာသို၊ တပို့တွဲ၊ တပေါင်း၊ ထန်းအလယ် ရာသီကို တပေါင်း၊ တန်ခူးလ၊ ထန်းမ ရာသီမှာ ကဆုန်၊ နယုန် လဖြစ်ပြီး လက်ရှိ ထန်းရာသီမှာ ထန်းဖိုဦးစတင်ချိန်ဖြစ်သည်။ 

Thursday, 19 Jan 2023

မိတ္ထီလာခရိုင်အတွင်း ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာကို မိတ္ထီလာ၊ မလှိုင်နှင့် သာစည်မြို့နယ်များ၌ စိုက်ပျိုးကြပြီး မိုးနေကြာကို စက်တင်ဘာလတွင် စိုက်ပျိုး၍ ဒီဇင်ဘာလတွင် ရိတ်သိမ်းကြသည်။ 
နေကြာကို ယခုနှစ် တိုးချဲ့စိုက်ပျိုးလာရာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နေကြာစိုက်ဧက ၉၀၃၇ဧက၊ ရိတ်ဧက ၁၈၉၆ ဧက၊ အထွက်စုစုပေါင်း ၂၄၈၅၇ တင်း ထွက်ရှိကြောင်း၊ နေကြာဆီသည် ကျန်းမာရေးနှင့်လည်း  ညီညွတ်သဖြင့် ယခင်ကထက် စားသုံးမှုများလာ၍ ဈေးကွက်ပိုမိုရရှိလာကြောင်း၊ ဆီကြိတ်ပြီးထွက်ရှိလာသော နေကြာဖတ်ကိုလည်း တိရစ္ဆာန်စာအဖြစ် အသုံး ပြုကြသည်။ 

Thursday, 19 Jan 2023

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့  ဇန်နဝါရီ  ၄ ရက်မှ ၁၀ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊  မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ  ဟင်းသီးဟင်းရွက်နှင့်  သစ်သီးဝလံပန်းမန်များ  အများဆုံး ဝင်ရောက် ရောင်းချနေကြောင်း သိရှိရသည်။

Tuesday, 10 Jan 2023

စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာနလုပ်ငန်းများနှင့်အတူ ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်း လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စက်မှုကုန်ကြမ်းသီးနှံများ ပိုမိုထွက်ရှိလာနိုင်ရေး သက်ဆိုင်ရာဌာနများ၊ တောင်သူများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

Tuesday, 27 Dec 2022

အင်းစိန်မြို့နယ်ရှိ  တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့  ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အတွင်း ညောင်တုန်း၊  မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရသည်။  ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တ ပတ်အတွင်း ခရမ်းချဉ်သီး  ထိုင်ဝမ်(ပိဿာ) ကျပ် ၉၀ဝ မှ ၁၈၀ဝ အတွင်း၊ ဂေါ်ဖီထုပ် (တစ်ထုပ်) ကျပ် ၅၀ဝ မှ ၁၀ဝ၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်) ကျပ် ၄၀ဝ မှ ၁၂၀

Tuesday, 20 Dec 2022

၂၀၂၃နှစ်သစ်ကိုရောက်ရှိတော့မည်ဖြစ်ပြီး ၂၀၂၂ နောက်ဆုံးလဖြစ်သည့် ဒီဇင် ဘာလသည်  ပြင်ဦးလွင်၌ ယခင်နှစ်များထက် အအေးဓာတ်ပိုမိုသည့်  နှစ်ဖြစ်သောကြောင့် ပြင်ဦးလွင်မြို့ရှိ  ဆွယ်တာဆိုင်များမှာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် စည်ကားပြီး ဆွယ်တာအထည်များ ရောင်းဝယ်အား ယခင်နှစ်တွေထက်  များပြားကြောင်း လေ့လာသိရှိရသည်။

Pages