Background
၂၀၂၃နှစ်သစ်ကိုရောက်ရှိတော့မည်ဖြစ်ပြီး ၂၀၂၂ နောက်ဆုံးလဖြစ်သည့် ဒီဇင် ဘာလသည် ပြင်ဦးလွင်၌ ယခင်နှစ်များထက် အအေးဓာတ်ပိုမိုသည့် နှစ်ဖြစ်သောကြောင့် ပြင်ဦးလွင်မြို့ရှိ ဆွယ်တာဆိုင်များမှာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် စည်ကားပြီး ဆွယ်တာအထည်များ ရောင်းဝယ်အား ယခင်နှစ်တွေထက် များပြားကြောင်း လေ့လာသိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် ဖူးစားပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပျိုးကြသည်။ မိုးရာသီတွင် စိုက်ပျိုးသော ဖူးစား ပြောင်းကို မေလနှင့်ဇွန်လတွင် စိုက်ပျိုးပြီး စက်တင်ဘာနှင့် အောက်တိုဘာတို့တွင် ရိတ်သိမ်းရသည်။ ဆောင်းရာသီတွင် စိုက်ပျိုးသော ဖူးစားပြောင်းကို အောက်တိုဘာနှင့် နိုဝင်ဘာတို့တွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ရိတ်သိမ်းသည်။ ပြည်ခရိုင်အနေဖြင့် ဖူးစားပြောင်း (မိုး) စိုက်ဧကမှာ ၈၃၂၁ ဧကရှိပြီး တစ်ဧကအထွက်နှုန်းမှာ အဖူးရေ ၂၄၆၉၆ဖူး ထွက်ရှိသည်ဟု သိရှိရသည်။ ပြည်မြို့တွင် ဖူးစားပြောင်း(မိုး)စိုက်ဧကမှာ ၈၀၂ ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၉၀၁ ဧက
မြန်မာ့ရိုးရာသရေစာ မုန့်အများစုတွင် ပါဝင်လျက်ရှိပြီး ပြည်တွင်းဈေးကွက် ခိုင်မာလျက်ရှိသော ကောက်ညှင်းဆန် ဈေးနှုန်းမှာ ပုသိမ်ဈေးကွက်တွင် ယခင်နှစ်ထက် ဈေးနှစ်ဆနီးပါး မြင့်တက်လျက်ရှိကြောင်း သိရသည်။ ယခင်နှစ်ကောက်ညှင်းစပါးတင်း ၁၀ဝ လျှင် ကျပ်ကိုးသိန်း၊ ၁၀ သိန်းဝန်းကျင်နှင့် ကောက်ညှင်းဆန် တစ်အိတ်ကို ကျပ် ၄၀ဝ၀ဝ-၄၁၀ဝ၀ ဈေးသာရှိသော်လည်း ယခုနှစ် ကောက်ညှင်းစပါးဈေးမှာ တင်း ၁၀ဝ ကို ကျပ် သိန်း၂၀ ဝန်းကျင်နှင့် ကောက်ညှင်းဆန် တစ်အိတ်ကို ကျပ် ၉၀ဝ၀ဝ-၉၁၀ဝ၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ရွှေဘိုမြို့နယ်၌ အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ကျပ် ၃၆၀ဝ၊ ဧရာမင်း ဆန် တစ်ပြည် ကျပ် ၂၈၀ဝဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
မော်လမြိုင်မြို့၌ ယခုနိုဝင်ဘာလ တတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ)ကျပ် ၁၀၃၀ဝ၊ ဆင်(ထိုင်း) ကျပ် ၁၄၀ဝ၀၊ ကြံ့တံဆိပ် (အဝါ) ကျပ် ၁၀၂၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေ ပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း မှာ ယခုနိုဝင်ဘာလ တတိယအပတ်တွင် ကွန်ပေါင်း (မြန်မာ့ သြဘာရွှေကောမက်) ၁၅း၁၅း၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၂၀ဝ၀၊ ကွန်ပေါင်း ၂၀း၁၂း၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၈၀ဝ၀၊ ကွန်ပေါင်း (Thai Grow How) ၁၅း၁၅း၁၅ 50kg ပါတစ်အိတ်မှာ
မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ယခုဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှုမှာ ပို့ကုန် အမေရိကန် ဒေါ်လာ ၄၀ ဒသမ ၇၀၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၅၇၀ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၆၂ ဒသမ ၂၇၁ သန်းဖြစ်သည်။ ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅ ဒသမ ဝ၅၂သန်း လျော့နည်းခဲ့ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ ၄၃၀ သန်းပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာ ဏအနေဖြင့် အမေရိကန်ဒေါ်လာ ၄၁ဒသမ ၆၂၂သန်း လျော့နည်းခဲ့သည်။
နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ဝ၄၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၁၁၀ဝ၀ ခန့်တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၅၀ဝ၀ ခန့်၊ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၃၃၀ဝ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊ ထိုင်ဝမ်မှ တန်ချိန် ၁၀ဝ၀ ကျော်နှင့် အင်ဒိုနီးရှားနိုင်ငံမှ ၁၀ တန်ကျော် တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဓာတ်မြေသြဇာ အများဆုံးတင်သွင်းကြောင်း သိရသည်။ အနီးစပ်ဆုံးကာလနှင့်နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာတန်ချိန် ၁၅၀ဝ၀ ကျော်
စားဖိုဆောင်သီးနှံ တစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာနှင့် ရေနီကန်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ထွက်ရှိသော ငရုတ်သီးစိမ်းကို ဒေသတွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချ ကြကြောင်း သိရသည်။ နိုဝင်ဘာလအတွင်း ငရုတ်သီးစိမ်း တစ် ပိဿာလျှင် ၄၈၀ဝ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင် အောက်တိုဘာလအတွင်း ငရုတ်သီးစိမ်း တစ်ပိဿာလျှင် ၄၅၀ဝ ကျပ် သာရှိခဲ့ကာ ယခင်လနှင့် ယခုလအတွင်း ငရုတ်သီးစိမ်း တစ် ပိဿာလျှင် ၃၀ဝ ကျပ်ခန့် ဈေးအနည်းငယ် မြင့်တက်လာကြောင်း ငရုတ်သီးစိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရသည်၊။
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင် ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက်ရောင်းချနေကြောင်း သိရှိရသည်။
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ အောက်တိုဘာတတိယပတ်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင် ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ဝါးနက်ချောင်း၊မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့်ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက်ရောင်းချနေ ကြောင်း သိရသည်။ထိုသို့ ဝင်ရောက်ရာတွင်ယခု ရက် သတ္တပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ် (ပိဿာ) ကျပ် ၁၈၀ဝ မှ ၂၆၀ဝ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၈၀ဝ မှ ၃၀ဝ၀ အတွင်း၊ ပန်းဂေါ်ဖီ (ထုပ်)ကျပ် ၈၀ဝ မှ ၃၅၀ဝအတွင်း၊ အာလူး(ပိဿာ)ကျပ် ၁