Main menu

Background

Wednesday, 11 Nov 2020

နို၀င်ဘာ ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၉၃၆၅၀ ဒေါ်လာတန်ဖိုးရှိ နို့ဆီ ၆၂၀ ဒသမ ၁၃၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်း ခဲ့သည်။ ယခုတစ်ပတ် စင်ကာပူနိုင်ငံမှ ၃၇၂ ဒသမ ၀၉၆ တန်နှင့်မလေးရှားနိုင်ငံမှ ၂၄၈ ဒသမ ၀၄ တန် တင်သွင်းခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ်က နို့ဆီတန်ချိန် ၄၀၀ ကျော်တင်သွင်းခဲ့ခြင်းကြောင့်ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၂၀၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။ တင်သွင်းခဲ့သည့်တံဆိပ်များမှာ မာရီးဂိုး၊ ဒွန်းနှင့်Hawk တို့ဖြစ်သည်။

Wednesday, 28 Oct 2020

ပြည်တွင်းစျေးကွက်များဖြစ်သည့် တောင်ကြီး၊ မန္တလေးနှင့် မကွေးတို့တွင် အရောင်းအေးပြီး မော်လမြိုင်၌ အရောင်းပုံမှန်ရှိကြောင်းသိရသည်။

တောင်ကြီးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်အေးပြီး ဈေးငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ စိန်(ထိုင်း) ကျပ် ၈၀ဝ၀၊ အေသုံးလုံး ကျပ် ၅၂၀ဝ၊ အပါချီ ကျပ် ၄၃၀ဝ၊ ကမ္ဘောဇကျပ် ၄၂၀ဝ၊ ကျားခေါင်းကျပ် ၆၂၀ဝ၊ နဂါးကျပ် ၄၃၀ဝဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရသည်။

Friday, 23 Oct 2020

မော်လမြိုင်မြို့၏ အောက်တိုဘာလ တတိယပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်း (စပါး) တင်း (၁၀၀) လျှင် (၉၀၀၀၀၀) ကျပ်၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် (၃၆၅၀၀) ကျပ်၊ ဧည့်မထ (စပါး) တင်း (၁၀၀) (၆၈၀၀၀၀) ကျပ်၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ်အိတ် (၂၈၀၀၀) ကျပ်၊ စားအုန်းဆီ တစ်ပိဿာ (၂၂၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာ (၉၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ (၁၂၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ (၃၅၀၀) ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ (၃၀၀၀) ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာ (၅၀၀၀) ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာ (၅၀၀၀) ကျပ် ၊ ပဲနီလေး (မြန်မာ) တစ်ပိဿာ (၄၅၀၀) ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ (၂

Tuesday, 20 Oct 2020

မွန်ပြည်နယ်တွင် မိုးရာသီရော်ဘာအစေးလှီးခြင်းလုပ်ငန်းများ ရပ်နားထားသည့်အတွက် ယခုအချိန်သည် အစေးထွက်နှုန်းကောင်းမွန်ကြောင်း၊ ထွက်ရှိရော်ဘာများအား ကုမ္ပဏီ/ရော်ဘာ အဝယ်ဒိုင်များဘက်မှ ဝယ်ယူမှုများပြားလာပြီး တစ်ပတ်အတွင်းရော်ဘာတစ်ပေါင်လျှင်(၅၀)ကျပ် ထိ ဈေးနှုန်းမြင့်တက်လာကြောင်း ရော်ဘာဈေးကွက်မှ သိရှိရသည်။

Friday, 16 Oct 2020

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ တရုတ်အာလူးနှင့်ရှမ်းပြည်နယ် အောင်ပန်းမြို့မှအာလူးများ ဝင်ရောက်လျက်ရှိပြီး အောက်တိုဘာ ၁၅ ရက်တွင်တရုတ်အာလူးတစ်ပိဿာဈေးမှာ ကျပ်၇၅၀ ဖြစ်ပြီး အောင်ပန်းမြို့မှ ဝင်ရောက်လာသောအာလူး တစ်ပိဿာဈေးနှုန်းများမှာ  အာလူး A1 ကျပ် ၆၂၅၊အာလူး OK ကျပ် ၆၅၀၊ အာလူး S1 ကျပ် ၇၀ဝ၊ အာလူး S2 ကျပ် ၈၀ဝ ဈေးနှုန်း အသီးသီးဖြစ်သည်။ တရုတ်အာလူးမှာယခင်အပတ်ဈေးနှုန်းထက် ကျပ် ၆၅၀ ကျဆင်းခဲ့ပြီး အောင်ပန်း အာလူးဈေးများမှာ ယခင်တစ်ပတ်ဈေးနှုန်းထက် အာလူး A1 ကျပ် ၁၇၅၊ အာလူး OK ကျပ် ၄၅၀၊ အာလူး S1  ကျပ် ၆၀ဝ၊ အာလူး  S2 မှာ ကျပ် ၅၅၀ခန့်စီ ဈေးနှုန်းကျဆင်း သွားကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရသည်။

Friday, 16 Oct 2020

ပြည်တွင်းစျေးကွက်များဖြစ်သည့် တောင်ကြီး၊ မန္တလေးနှင့် မကွေးတို့တွင် အရောင်းအေးပြီး မော်လမြိုင်၌ အရောင်းသွက်လာကြောင်းသိရသည်။

တောင်ကြီးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်အေးပြီး ဈေးငြိမ်နေကြောင်း သိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ စိန်(ထိုင်း) ကျပ် ၈၀ဝ၀၊ အေသုံးလုံးကျပ် ၅၂၀ဝ၊ အပါချီ ကျပ် ၄၃၀ဝ၊ ကမ္ဘောဇကျပ် ၄၂၀ဝ၊ ကျားခေါင်းကျပ် ၆၂၀ဝ၊ နဂါးကျပ် ၄၃၀ဝဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရသည်။

Friday, 16 Oct 2020

ပြည်တွင်းဈေးကွက်များဖြစ်သည့်မော်လမြိုင်၊ တောင်ကြီး၊ မကွေးနှင့် မန္တလေးတို့တွင် အရောင်းအေးကြောင်း သိရသည်။

Friday, 16 Oct 2020

အောက်တိုဘာ ၃ ရက်မှ ၉ ရက်တာကာလအတွင်း မြန်မာ-တရုတ်နယ်စပ်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၉ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၈၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။  တင်ပို့မှုအနေဖြင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေး ဇုန်မှ ဆန်တန်ချိန် ၆၅၀ နီးပါးနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၁၇၀ ခန့်တင်ပို့နိုင်ခဲ့သဖြင့် ယခင်တစ်ပတ် တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၃၀၀၀ ကျော်လျော့နည်းခဲ့ကြောင်း သိရသည်။

Thursday, 8 Oct 2020

မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုများ နှစ်စဉ်တိုးတက်လျက်ရှိသောပြည်နယ် တစ်ခုဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရော်ဘာစိုက်ဧက ၄၉၇၅၂၁၊ အစေးလှီးဧက ၃၂၈၅၀၀၊ အထွက်နှုန်း ၇၁၃ ပေါင်နှင့် အထွက်စုစုပေါင်း ၂၃၄၃၆၆၄၂၄ပေါင်/၁၀၆၃၀၇တန် ထွက်ရှိခဲ့ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စိုက်ပျိုးဧက၄၉၈၃၁၂ ဧကရှိသည့်အတွက် စိုက်ဧကတိုးတက်လာကြောင်း သိရှိရသည်။ မိုးများသောဒေသဖြစ်သည့်အတွက် မိုးရာသီကုန်ဆုံးချိန် စက်တင်ဘာ လကုန် အောက်တိုဘာလဆန်းတွင် အစေးလှီးရာသီစတင်လေ့ရှိကြောင်း သိရှိရသည်။

Thursday, 8 Oct 2020

ဧရာဝတီတိုင်းဒေသကြီးအတွင်း မတ်ပဲဈေးနှုန်းသည် ယခင်သီတင်းပတ်ကာလတွင် တစ်တင်းလျှင် ကျပ် ၃၆၀၀၀ ဝန်းကျင်ရှိခဲ့ပြီး ဈေးအတက်အကျများစွာမရှိပဲတည်ငြိမ်နေခဲ့သည်။ စက်တင်ဘာ ၃၀ ရက်တွင် အိန္ဒိယနိုင်ငံ DGFT က မတ်ပဲတန်ချိန် တစ်သိန်းခွဲကို ၃၁.၃.၂၀၂၁ ရက်ထိ နောက်ဆုံးထားတင်သွင်းခွင့်ပြုလိုက်သောကြောင့် အောက်တိုဘာ ၁ ရက်တွင် မြန်မာ မတ်ပဲဈေးနှုန်းသိသာစွာတက်လာသည်။ အောက်တိုဘာ ၁ ရက်နှင့် ၂ ရက်တွင် မတ်ပဲတစ်တင်း လျှင် ကျပ် ၃၇၆၀၀ - ၃၈၀၀၀ ၊ အောက်တိုဘာ ၃ ရက်တွင် ကျပ် ၃၇၁၀၀ မှ ၃၇၄၀၀ ဖြင့် လည်းကောင်း၊ အောက်တိုဘာ  ၄ ရက်တွင် ကျပ် ၃၇၈၀၀ ဖြင့်လည်းကောင်း၊ အောက်တိုဘာ  ၅ ရက်တွင် ကျပ် ၃၈၆၀၀ ဖြင့်လည်းကောင်း၊ အောက်တိုဘာ ၆ ရက်တွင် ကျပ် ၃

Pages