Main menu

Background

Tuesday, 29 Dec 2015

               မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာလစတုတ္ထပတ် ပဲဈေးကွက်မှာ ပြီးခဲ့တဲ့တစ်ပတ်ကထက် ငုံနီအသစ် ပိုမိုဝင်ရောက်ခဲ့ကာ ပေါက်ဈေးလည်း တစ်တင်း ၂၃၀ဝ ကျပ်အထိကျသွားပြီး ၄၇၂၀ဝ ကျပ်နဲ့ တစ်ရက်အိတ် ၂၀ဝ ခန့်အေ ရာင်းအဝယ်သွက်လာကြောင်း ပွဲရုံရပ်ကွက်က သိရပါတယ်။ ဈေးကွက်တည်ငြိမ်မှုမရှိသေးပေမယ့် ဒီနေ့ ပေါက်ဈေးဟာ တစ်တင်း ၅၀ဝဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ် လုပ်ထားသူတွေအတွက် အချက်ပေး  ခေါင်းလောင်းသံ တ စ်ခုလိုဖြစ်နေလို့ ကြိုပွိုင့်သမားတွေ သတိထားသင့်တယ်လို့  ကုန်သည်ရပ်ကွက်က ဆိုပါတယ်။

Tuesday, 29 Dec 2015

             ပြည်တွင်း ကြက်သွန်နီဈေးနှုန်းမှာ နိုဝင်ဘာ တတိယပတ်တွင် လက်ကား ပျမ်းမျှတစ်ပိဿာကို ကျပ် ၃၀ဝ၀ မှ ၄၀ဝ၀ နီးပါးထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ယခုရက်ပိုင်း လက်ကားတစ် ပိဿာကို ၁၅၀ဝ ကျပ်ေ လာက်ထိ ပြန်လည် ကျဆင်းလာပြီလို့ ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရပါတယ်။

Tuesday, 29 Dec 2015

            အင်းတော်မြို့နယ် ရှေးဟောင်းမြို့တော် မန်လည်သို့သွားရာလမ်းဘေး ဆည်ရွာကျေးရွာမှာ ဒေသထွက်ကုန် ပဲစိမ်းစားဥကို မိသားစုတိုင်းစိုက်ပျိုးကြလို့ နှစ်စဉ် နိုဝင်ဘာနှင့် ဒီဇင်ဘာလများမှာ ပဲစိမ်းစားဥမှ မိသားစုဝင်ငွေ သိန်းဂဏန်းအထိရှိ ကြောင်း သိရပါတယ်။ပဲစိမ်းစားဥကို ရွှေဘို၊ မန္တလေး အဝယ်ကိုယ်စားလှယ်များက ရွာအရောက် လာဝယ်ကြလို့ မိမိခြံဝင်းအတွင်း အလုပ်မပျက်ဈေးကွက်ဖြစ်နေပါ တယ်။ ဆည်ရွာ ထုတ်ကုန် ပဲစိမ်းစားဥ ကို နွားချေး၊ စပါးခွံမြေပဲခွံများနဲ့ စိုက်ပျိုးပြီး အခြားဓာတု ဗေဒဆေးဝါးများ၊ ပိုးသတ်ဆေးများ လုံးဝမထည့်တဲ့အတွက် စိတ်ချစွာစားသုံးနိုင်တယ်လို့ သိရပါတယ်။

Tuesday, 29 Dec 2015

   ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးနှုန်းများမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ ဈေးနှုန်းများအရ ဖျာပုံပေါ်ဆန်း၊ ဆန်ဟောင်းဈေး ထိပ်စတစ်အိတ် ၃၆၅၀ဝ ကျပ်၊ လတ်စ တစ်အိ တ် ၃၅၀ဝ၀ ကျပ်၊ မြော င်းမြ၊ ပုသိမ်၊ ပေါ်ဆန်း ဆန်ဟောင်းဈေး ထိပ်စတစ်အိတ် ၄၀ဝဝဝ ကျပ်၊ လတ်စ တစ်အိတ် ၃၈၅၀ဝ ကျပ်၊ နယ်စုံပေါ်ဆန်း ဆန် ဟောင်းဈေးကတော့ ထိပ်စ တစ်အိတ် ၃၆၀ဝ၀ ကျပ်၊ လ တ်စ တစ်အိတ် ၃၄၅၀ဝ ကျပ်ဖြစ်လို့ ယခ င်တစ်ပတ်အတိုင်း ပြောင်းလဲမှုမရှိဘဲ ဈေးငြိမ်နေတယ်လို့ ဆန်စပါးကုန်စည်ဒိုင်ဝါးတန်းရဲ့ ဈေးနှုန်းစာရင်းအရ သိရှိရပါတယ်။ ဖျာပုံပေါ်ဆန်း ဆန်သစ်ဈေး ထိပ်စ တစ် အိတ် ၂၈၅၀ဝ ကျပ်၊ လတ်စ တစ်အိတ် ၂၇၅၀ဝ ကျပ်ဖြစ်လို့ ယခင်တစ်ပတ် ထက် ၅၀ဝ ကျ

Wednesday, 9 Dec 2015

             ပြည်တွင်းကြက်သွန်နီဈေးနှုန်းများ တည်ငြိမ်စေရေးနှင့် စားသုံးသူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ အိန္ဒိယနိုင်ငံနဲ့  တရုတ်နိုင်ငံတို့မှ ကြက်သွန်နီများ တင်သွင်းရန် သွင်းကုန် လိုင်စင်အား မြန်မာနို င်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့သူများအသင်း ထောက်ခံချက်ဖြင့် ကုမ္ပဏီ ခြောက်ခုအား တင်သွင်းခွင့်ပြုခဲ့ရာ  နိုဝင်ဘာလ ၂၇ရက်နေ့ထိ နယ်စပ်နည်းဖြင့် တရုတ်နိုင်ငံ မူဆယ်န ယ်စပ်မှ တင်သွင်းရန် သွင်းကုန်လိုင်စင် နှစ်စောင်၊ တန်ချိန် ၂၅၀၊ ပင်လယ်ရေကြောင်းဖြင့် အိန္ဒိယနိုင်ငံမှ တင်သွင်းရန် သွင်းကုန် လိုင်စင် သုံးစောင်၊ တန်ချိန် ၃၈၀ တန်၊ စ

Wednesday, 9 Dec 2015

              ပြည်ပဲဈေးကွက်သို့  ဆောင်းဦးပဲသစ်များ   ဝင် ရောက်လျက်ရှိရာ ဘိုကိတ်ပဲသီးနှံဟာလည်း နိုဝင်ဘာလ မှစ၍ အဝင်ရှိခဲ့ပြီး ယခု ဒီဇင်ဘာလဆန်းမှာ ပန်းတောင်း၊ ကံမနဲ့ ပြည်၊ အောင်လံကြားဒေသတစ်ဝိုက်မှ ဝင်ရော က်ခဲ့လို့ တစ်ရက်အိတ် ၄၀ ကျော် ၅၀ အထိ အဝင်ရှိခဲ့ပါတယ်။

Wednesday, 9 Dec 2015

             စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကြက်သွန်နီ  အများဆုံးစိုက်ပျိုးရာဒေသ တစ်ခုဖြစ်တဲ့ မုံရွာမြို့နယ်မှာ ပြီးခဲ့တဲ့ရာသီက ဆောင်းကြက်သွန်နီဧက ၆၀ဝ၀ နီးပါးသာ စိုက်ပျိုးခဲ့ကြပြီး ဥဖော်ချိန် ရွာခဲ့တဲ့ မိုးကြောင့် အထားမခံ ဘဲ အပျက်အစီး များခဲ့ရာ တောင်သူအများစုက အမြင့်ဈေးမှာ မမှီခဲ့ကြဘဲ ဆုံးရှုံးမှုရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီနှစ်ကြက်သွန်ဈေးကွက်မှာ စံချိန်တင်ဈေး တစ်ပိဿာ ၄၀ဝ၀ ကျပ်အ ထိ ရရှိခဲ့လို့ ဈေးကွက်မျှော်လင့်ချက် ရှင်သ န်လာခဲ့တဲ့အတွက် ယခုနှစ်ဆောင်း ကြက်သွန်နီစိုက်ဧကတွေတိုးလာဖွယ်ရှိပြီး ယခုလပထမပတ်အထိ မုံရွာနယ်မှာ ဧက ၃၃၅၀ ခန့်စိုက်ပြီးဖြစ်တယ်လို့ ကိန်းဂဏန်းေ တွ အရ သိရပါတယ်။

Wednesday, 9 Dec 2015

              ပြည်ပဲဈေးကွက်မှာ လက်လီသာ အရောင်းအဝယ်များပေမယ့် ပဲဈေးနှုန်းကတော့ လက်လီပဲ ဈေးကွက်မှာ ဈေးကောင်းအမြဲရနေတဲ့ ပဲကတော့ စားတော်ပဲသီးနှံ ဖြစ်ပါတယ်။ စားတော်ပဲသီးနှံဈေးဟာ တစ်နှစ်တာလုံး  ဈေးေ ကာင်းရလျက်ရှိကာ ယခု အချိန်မှာတော့ တစ်ရက် ၁၀ အိတ်ကျော် ၂၀ အိတ်အတွင်းသာ ဒေသတွင်း လက်လီသမားအချို့နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

Wednesday, 9 Dec 2015

              မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အထိမှာ ကန်ဒေါ်လာ ၁၂ ဒသမ ၂၂၁ သန်းဖိုးရှိ ဆန် ၃၃၀၆၀ တန်ကျော်တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများကတော့ မူဆယ် (၁၀၅) မိုင် မှ ငစိန်ဆန် ၁၉၃၂၄ တန်၊ ဧည့်မထ ၉၃၁၈ တန်၊ ချင်းရွှေဟော်စခန်းမှ ငစိန်ဆန် ၁၇၈ တန်နဲ့ လွယ်ဂျယ်မှ ငစိန်ဆန် ၄၂၄၀ တန်ဖြစ်ပါတယ်။  ယခင်တစ်ပတ်တင်ပို့မှု ထက် ၅၄၁၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။  ဆန်အပြင် ကန်ဒေါ်လာ ၁ ဒသမ ၂၇၆ သန်းဖိုးရှိ ဆန်ကွဲ ၃၉၁၇ တန်ကို မူဆယ်မှ ၃၅၁၇ တန်ကျော်နဲ့  လွယ်ဂျယ်မှ တန် ၄၀ဝ တင်ပို့ ခဲ့ပါ

Pages