Main menu

Background

Monday, 11 Sep 2023

ဖိလစ်ပိုင်နှင့်မြန်မာအကြား    စိုက်ပျိုးရေးနှင့်အသေးစား၊ အငယ်စား၊  အလတ်စားလုပ်ငန်းများ     ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက်ASEAN-BAC Philippines  ဥက္ကဋ္ဌ Mr Joe  Ma A Concepcion III နှင့် ASEAN BA Myanmar ဦးအေးဝင်းတို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ ကြကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်UMFCCIမှ သိရသည်။

Monday, 11 Sep 2023

မြန်မာနိုင်ငံမှ စက်မှုကုန်ချော တင်ပို့မှု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ငါးလတာကာလ အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၈ ဘီလီယံ ကျော်ရရှိခဲ့ကြောင်း စက်တင်ဘာ ၈ ရက်က စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ 
အဆိုပါပမာဏမှာ   အမေရိကန် ဒေါ်လာ ၅ ဒသမ ဝ၅ ဘီလီယံကျော် ဝင်ငွေ ရရှိခဲ့သော ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အလား တူကာလနှင့်  နှိုင်းယှဉ်ပါက အမေရိကန် ဒေါ်လာ ၉၆၂ သန်းကျော် လျော့နည်းသွား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ   ထုတ်ပြန်သည့်  ကိန်း ဂဏန်းများအရ သိရသည်။  

Monday, 11 Sep 2023

ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လအတွင်းCMP အထည်ချုပ် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှု၄၅ ခုကိုခွင့်ပြုခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ၏ထုတ်ပြန်ချက်အရ သိရသည်။

Thursday, 31 Aug 2023

မြန်မာ့လက်ဖက်များကို တန်ဖိုးမြှင့်ထုတ်ကုန်  လက်ဖက်ဝိုင် အဖြစ် ထုတ်လုပ်နိုင်ရန်    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနမှ    မြန်မာနိုင်ငံလက်ဖက်အသင်းကို တိုက်တွန်းထား ကြောင်း သိရသည်။
လက်ဖက်များကို လက်ဖက်အစို၊လက်ဖက်အခါးခြောက်၊ လက် ဖက်အချိုခြောက်၊ လက်ဖက်အချဉ်ခြောက်၊ လက်ဖက်ဝိုင် စသည်ဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ဆန်းသစ်တီထွင်သော နည်းလမ်းများ နှင့် ထုတ်လုပ်ရန် တိုက်တွန်းပြောဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

Thursday, 31 Aug 2023

ပြည်တွင်း ရွှေရည်ညွှန်းဈေး ကျပ် ၂၂ သိန်းကျော်တွင်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေရည်ညွှန်း ဈေးနှုန်းများအနေဖြင့် သြဂုတ် ၁၈ ရက်တွင် အခေါက်ရွှေ တစ်ကျပ် သား ကျပ် ၂၂၂၉၀ဝ၀၊ ၁၉ ရက်တွင် ကျပ် ၂၂၂၅၄၀ဝ၊ ၂၁ ရက်တွင် ကျပ်၂၂၂၃၁၀ဝ၊ ၂၂ ရက်တွင် ကျပ် ၂၂၃၉၆၀ဝ၊ ၂၃ ရက်တွင် ကျပ် ၂၂၄၃၁၀ဝ၊ ၂၄ ရက်တွင် ကျပ် ၂၂၆၀၈၀ဝ၊ ၂၅ ရက်တွင် ကျပ် ၂၂၅၄၉၀ဝ ဖြစ်ကြောင်း သိရသည်။

Tuesday, 18 Jul 2023

(ယခင်တစ်ပတ်မှအဆက်)
စန္ဒကူးကျောင်းတော်ရာဘုရားသည်  ပွင့်ဖြူမြို့နယ်ရှိ လယ် ကျင်းကျေးရွာတွင် တည်ရှိသည်။  မြတ်စွာဘုရားသည်  သာဝတ္ထိ၌ သီတင်းသုံးနေစဉ် သုနာပရန္တတိုင်းမှ မဇ္ဈိမသို့ ကုန်ရောင်းသွားကြသည့် ကုန်သည်အကြီးအမှူး မဟာပုဏ္ဏသည်တရားနာခွင့်ရခဲ့သည်။ 

Tuesday, 18 Jul 2023

ပြီးခဲ့သည့်   ကော်ဖီရာသီချိန် အတွင်း   ထိုင်းနိုင်ငံသို့  မြန်မာ့ကော်ဖီ စိမ်း အထွက်နှုန်း၏   ၇၅ ရာခိုင်နှုန်းကို တင်ပို့ရောင်းချထားကြောင်း   မြန်မာ နိုင်ငံ ကော်ဖီအသင်းမှ သိရသည်။  
ယင်းသို့ တင်ပို့ရောင်းချခဲ့ရာတွင် ကော်ဖီတစ်တန်လျှင် ပြည်တွင်းဈေး ကျပ်သိန်း ၁၅၀ မှ ၁၇၀ ခန့်အထိ ဈေး ကောင်း ရရှိခဲ့ကြောင်း   အဆိုပါအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းလှိုင်က ဇူလိုင် ၁၃ ရက်တွင် ပြောသည်။ အများဆုံးကတော့ ယိုးဒယား ကိုပဲ ၇၅ ရာခိုင်နှုန်းလောက် တင်ပို့နိုင်ခဲ့ ပါတယ်။ ကုန်ကြမ်း  အသီးစိမ်းအနေနဲ့ တင်ပို့ခဲ့တာပါ ဟု ၎င်းက ပြောသည်။

Tuesday, 18 Jul 2023

ဧရာဝတီတိုင်းဒေသကြီးမှတစ်နှစ်လျှင်အုန်းသီး သန်း၁၃၀ကျော် ထွက် ရှိသည့်အနက် ၅၄ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းသာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့လျက်ရှိကြောင်း ဧရာကုန်သွယ်မှု ဗဟိုဌာနမှ သိရသည်။

Tuesday, 18 Jul 2023

ကမ္ဘာ့သကြားဈေးမြင့်တက်နေသည့်အတွက်ပြည်တွင်း သကြားဈေး လိုက်ပါ မြင့်တက်လျက်ရှိရာ လက်လီဈေးကွက် တွင် တစ်ပိဿာ ကျပ် ၄၀ဝ၀ အထက်ရှိနေကြောင်း မြန်မာ နိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ 
ပြည်တွင်း သကြားဈေးကွက်တွင် ကုန်စည်ဒိုင် လက် ကားဈေးအနေဖြင့်  သကြားတစ်ပိဿာလျှင် ကျပ် ၃၂၀ဝ မှ ၃၃၀ဝ အထိရှိပြီး လက်လီဈေးကွက်တွင် အမြင့်ဆုံးကျပ်၄၀ဝ၀ ဝန်းကျင်ရှိနေခြင်းဖြစ်သည်။
ယခု ၂၀၂၃ခုနှစ် ဇွန်လအတွင်းက ကမ္ဘာ့သကြားဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၀ဝ ဝန်းကျင်အထိရှိခဲ့ပြီး လက်ရှိတွင် တစ်တန်အမေရိကန်ဒေါ်လာ ၆၅၀ ဝန်းကျင်တွင် ရှိနေကြောင်း သိရသည်။  

Tuesday, 18 Jul 2023

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ထောပတ် သီး ရာသီအတွက် အိန္ဒိယမှ မြန်မာ့ထောပတ်သီး တန်ချိန် ၁၀ဝ၀ ကျော် ဝယ်ယူရန် ကမ်းလှမ်းထား ကြောင်း မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ် လုပ် တင်ပို့ရောင်းချသူများအသင်း(MAVO)က သိရသည်။
မြန်မာ့ထောပတ်သီး  တင်သွင်းရန်  စိတ်ဝင် စားကြသည့် အိန္ဒိယကုမ္ပဏီ  အများအပြားရှိသည့် အနက် ကုမ္ပဏီတစ်ခုတည်းမှနေ၍တင်ပို့ရန် ကမ်း လှမ်းထားခြင်းဖြစ်ပြီး ကမ်းလှမ်းရန်   စိတ်ဝင်စား သည့်   အခြားသောကုမ္ပဏီများလည်းရှိကြောင်း အဆိုပါအသင်း       အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးမင်းက ဇူလိုင် ၁၃ ရက်တွင် ပြောသည်။

Pages