Background
ပဲတီစိမ်းပင်လယ်ရေကြောင်း တင်ပို့မှုမှာ ယခင်သီတင်းပတ်က တန် ၃၀၀၀ ထိတင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ်( နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်) အတွင်းမှာတော့ တန် ၂၁၀၀ ကျော်နဲ့ ပုံမှန်သာ တင်ပို့မှုရှိခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ ပဲမျိုးစုံ တင် သွင်းမှုဟာ ယခုနှစ် အောက်တိုဘာ အတွင်းမှာ ကန်ဒေါ်လာ ၃၇ ဒသမ ၄၀၆ သန်းဖိုးသာရှိလို့ ယခင်ဘဏ္ဍာ နှစ်ကာလတူ တင်သွင်းခဲ့တဲ့ ကန်ဒေါ် လာ ၄၉ ဒသမ ၆၉ သန်းဖိုးနဲ့ယှဉ်ရင် ၂၄ ရာခိုင်နှုန်း သို့မဟုတ် ကန် ဒေါ် လာ ၁၂ ဒသမ ၂၈၄ သန်း လျော့ကျ တင်သွင်းခဲ့ တယ်လို့ တရားဝင်စာရင်း များအရ သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုကတော့ ဆက်လက်ရှိနေပါ တယ်။ ယခင်သီတင်းပတ်က တန် ၁၆၀ တင်ပို့ခဲ့ရာမှ ယခုနိုဝင်ဘာလ ၂၈ရက်မှ ဒီဇင်ဘာ ၂ ရက်အထိတစ်ပတ်အတွင်း မှာတော့ တန်ချိန် ၃၅၃ ကို ပြန်လည် တိုးတက်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများ ကတော့ အိန္ဒိယ၊ ကိုရီးယား၊ စင်ကာပူနဲ့ ဗီယက်နမ် တို့ဖြစ်ပါတယ်။
မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာ ပထမပတ်ပဲစင်းငုံနီဈေးကွက်မှာ ပဲသစ်အချို့ဈေး ကွက်ထဲဝင်လာပေမယ့် အရေအတွက်နည်းသလို ဈေးလည်းမငြိမ်ခဲ့ဘဲ ပဲဟောင်းက တော့ အရောင်းသမားရော အဝယ်သမားပါ ခပ်သွက်သွက်ရောင်းဝယ်နေကြတယ် လို့ ကုန်စည်ဒိုင်ရပ်ကွက်က ကြားသိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တချို့မှာ ပဲခွဲစက်များမှ အဝယ်နည်းပေမဲ့ ပဲစင်းငုံ လက်ကျန်နည်းလာတာကြောင့် ပဲစင်းငုံဈေးအနည်းငယ်တိုးလာပါတယ်။ ဒါပေမဲ့ ကာနာတာကာနဲ့ မဟာရပ်ရှတရာတို့မှ ဝင်လာမယ့်ပဲစင်းငုံ ပမာဏလျော့နည်း နိုင်ခြင်းက လှောင်လက်များအတွက် လုံလောက်ဖွယ်မရှိဘူးလို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ဝယ်ယူမှုနည်းနေတဲ့အတွက် နောက်ရက်များမှာ ဈေးသိသိသာသာ မြင့် တက်နိုင်ဖွယ်မရှိဘူးလို့ ခန့်မှန်းကြပါတယ် ဒါ့အပြင် မွန်ဘိုင်းမှ ပဲတင်သွင်းသူများက လည်း အစောပိုင်း သိုလှောင်ထားတဲ့ ပဲများကို ဈေးအနိမ့်နဲ့ ရောင်းဝယ် ထားပြီးဖြစ် တယ်လို့ သိရပါတယ်။ ဈေးကွက်များမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်- ဒေါ်လာ/တန် ၈-၁၂-၁၁ ၇-၁၂-၁၁ ၆-၁၂-၁၁ ၅-၁၂-၁၁မွန်ဘိုင်း ၆၁၈-၆၁၉ ၆၁၂ ၆၂၅ ၆၂၅-၆၃၀ဒေလီ ၆၅၆-၆၆၆ ၆၃၆-၆၆၀ ၆၅၉-၆၆၄ ၆၆၄-၆၇၄ချန်နိုင်း ၆၁၃-၆၁၈ ၆၂၁ ၆၂၅ ၆၂၅MIRT(MAPT)
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် ပဲစင်းငုံ နေ့စဉ်အရောင်းအဝယ်ဖြစ်နေလို့ ဒီဇင်ဘာလ ၂ ရက်မှ ၈ ရက် အတွင်းတန်ချိန် ၉၂၀၀ ကျော်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
ပဲစင်းငုံတင်ပို့မှုမှာ ယခင်သီတင်းပတ်ထက် အနည်းငယ်လျော့ကျလာပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၇၀၀၀ ကျော်တင်ပို့ခဲ့ရာမှ နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ တစ်ပတ်အတွင်း တန်ချိန် ၆၃၀၀ ကျော်ကို အနည်း ငယ်လျော့ကျတင်ပို့ခဲ့ပါတယ်။
ဒီဇင်ဘာလ ဒုတိယပတ်အစပိုင်းရက်မှာ ပြည်မတ်ပဲဈေးကွက်အနေဖြင့် တစ်တင်းကို ၁၄၂၀၀ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုရက်မှာတော့ ၁၃၈၀၀ ကျပ်ဈေးသာ ရှိတယ်လို့သိရပါတယ်။
ဟင်္သာတပဲဈေးကွက်ရဲ့ မတ်ပဲဈေးဟာ ယခင်တစ်ပတ်ထက်ဈေးအနည်းငယ် မာလာတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က မတ်ပဲတစ်တင်းကို ၁၃၆၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊
အိန္ဒိယပြည်တွင်းဈေးကွက်များကို မတ်ပဲဝင်ရောက်မှု နည်းလာတာကြောင့် ဈေးအနည်းငယ်တိုးလာပါတယ်။ ဒါ့အပြင် ပဲခွဲစက်များနဲ့ လှောင်လက်တချို့မှလည်း အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။