Background
အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား ကောင်းဖို့ဆိုရင်အဂတိတရားကင်းရှင်းဖို့ ဟာအတော်အဓိကကျပါတယ်။ သီအိုရီ အရကြားဖူးတာကတော့ အဂတိလိုက် စားမှုကို လုံးဝအမြစ်ပြတ်သုတ်သင်လို့ မရဘူး။ အတတ်နိုင်ဆုံးလျော့ကျအောင် ပဲလုပ်လို့ရမယ်။ ဘာကြောင့်လဲဆိုတော့ ပုထုဇဉ်လူသားတစ်ဦးရဲ့ လောဘနဲ့ ဆက်စပ်နေလို့။ ဒါကြောင့်နိုင်ငံတိုင်းမှာ အနည်းနဲ့အများရှိကြတယ်။ အဂတိ နည်းလေ အစိုးရရဲ့ အုပ်ချုပ်ရေးစွမ်း ဆောင်ရည်ပိုကောင်းပြီး တိုင်းပြည်ပိုတိုး တက်လေဖြစ်မယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ မည်သည့် စီးပွားရေးစနစ်ကိုပဲသုံးသုံး၊ မည့်သည့် ဈေးကွက်အနေအထားကိုပဲ လက်ခံ လက်ခံ ရောင်းလိုအား ဝယ်လိုအား အကောင်းဆုံး၊ ဘယ်တော့မှ ပစ်ပယ် လို့လဲထားလို့မရတဲ့ ဈေးကွက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ (Market of Imagination) လို့ခေါ်တဲ့ စိတ်ကူး ဉာဏ်ဈေးကွက်ပဲဖြစ်ပါတယ်။
ကမ္ဘာ့ငွေလွှဲဝန်ဆောင်မှုလုပ်ငန်း ကြီးတစ်ခုဖြစ်သည့် Money Gram သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်နှစ် ခုဖြစ်သည့် မြန်မာနိုင်ငံသားများဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်တို့နှင့်ပူးပေါင်း ၍ ငွေလွှဲလုပ်ငန်းများကိုလုပ်ကိုင်တော့ မည်ဖြစ်သည်။အဆိုပါငွေလွှဲလုပ်ငန်းများလုပ် ကိုင်နိုင်ရန်အတွက် စာချုပ်လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို သြဂုတ် လ ၂၈ရက်နေ့ကဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
စားသုံးသူအကာအကွယ် ပေးရေး နှင့်ပတ်သက်၍ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ဆွေးနွေးမှုကို သြဂုတ်လ ၂၉ ရက်နေ့က မန္တလေးတိုင်း ဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အစည်းအဝေး ခန်းမတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့ပါတယ်။
စိန်ခေါ်ချက်များနှင့်ဂျီအမ်အက်(စ) ဂျီအမ်အက်(စ) ဆိုသည်မှာ အင်္ဂလိပ် အခေါ်အဝေါ် Greater Mekong Subregion ၏ ထိပ်ဆုံး စာလုံးများကိုယူ၍ အတိုကောက်ခေါ် ထားသည့်အမည်ဖြစ်သည်။ မြန်မာလို “မဟာမဲခေါင်ဒေသခွဲ” ဟုခေါ်ဆိုလေ့ ရှိကြသည်။ ၁၉၉၂ ခုနှစ်တွင် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ကမကထ ဖြင့် ထိုဒေသတွင်းရှိ နိုင်ငံများ၏ ပေါင်း စည်းမှုအခြေအနေတစ်ရပ်အဖြစ် အစီ အစဉ်တစ်ရပ် ပေါ်ထွန်းခဲ့သည်။
လက်ရှိ Grand မီးရထားဟိုတယ် နဲ့ Grand စင်တာ တို့ပါဝင်တဲ့ မြန်မာ့မီးရထားရုံးချုပ်ဟောင်း ဝင်းအတွင်းမှာ ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီး မြှုပ်နှံပြီး ကြယ်လေးပွင့်အဆင့်ရှိ ဟိုတယ်ကြီးတွေ၊ လက်လီအရောင်းစင်တာတွေ၊လူနေတိုက်ခန်းကွန်ဒို အဆောက်အအုံတွေကို ဆောက်လုပ်သွားဖို့ရှိတဲ့ အတွက်ရန်ကုန်မြို့လယ်ရဲ့မြင်ကွင်းကိုပြောင်းလဲသွား စေနိုင်ပါတယ်။
အခုတလော မကြာမကြာ ကြား နေရတဲ့ GSP ဆိုတဲ့ ကုန်သွယ်မှုအထူး အခွင့်အရေးအကြောင်းကို ဘာသာ ရပ်နဲ့စိမ်းတဲ့ အများပြည်သူတွေ သဘောပေါက်နိုင်စေဖို့ အတိုချုပ်လေး ရှင်းပြချင်ပါတယ်။ GSP ရဲ့အရှည် က Generalised System of Preference ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ပြည်ပရင်းနှီးမြုှပ်နှံ မှုတွေကို တံခါးဖွင့်ပေးလိုက်တဲ့အတွက် ဘာလင်တံတိုင်းကြီး ပြိုကျသွားသလို ဗီယက်နမ်နိုင်ငံကဲ့သို့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ဖို့ အလားအလာ စတင်လိုက်ပြီဖြစ် ပါတယ်။ ဒီလိုဆိုနိုင်တာကလည်းသဘာဝဓာတ်ငွေ့ တိုးတက်ထုတ်ယူလာနိုင်မှုအပေါ် ခန့်မှန်းတွက် ချက်ထားလို့ပဲဖြစ်နိုင်ပါတယ်။
နှစ်ပေါင်း၂၀အတွင်း တစ်ဘီလီ ယံနီးပါး ရှိသောသူများကို ဆင်းရဲတွင်း မှဆွဲထုတ်နိုင်ခဲ့သည့်အတိုင်း ကျွနု်ပ်တို့ ကမ္ဘာ့လူမှုအဖွဲ့အစည်းများက နောက် တစ်ကြိမ်ကြိုးစားရအံ့ ၁၉၄၉ သမ္မတ ဟင်နရီထရူးမင်း က သူ့၏ ကျမ်းသစ္စာကြိမ်ဆိုပွဲ၌ ကမ္ဘာ့ လူဦးရေထက်ဝက်ကျော်ဟာ အလွန် ဆိုးဝါးလှတဲ့ အခြေအနေများမှာ နေ ထိုင် အသက်ရှင် နေကြရတယ်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ သမိုင်းတွင် ပထမဦးဆုံး အကြိမ်အဖြစ် လူတွေ၏ အသိပညာနှင့် ကျွမ်းကျင်မှုဟာ သူတို့ ၏ ရင်ဆိုင်ကြုံတွေ့နေရတဲ့ဒုက္ခတွင်းက လွတ်မြောက်နိုင်ကြောင်း ဆိုခဲ့သည်။ အချိန်များသည် ထရူးမင်း မျှော်လင့် ထားတာထက် ပိုမိုကြာမြင့်ခဲ့သည်။ သို့ရာတွင် နောက်ပိုင်းနှစ်များ၌ ကမ္ဘာ က အလွန်ဆင်းရဲလှပါသည် ဆိုသော သူများကို အတိုင်းအတာတစ်ခု အထိ ကယ်တင်နိုင်ခဲ့ပြီ။ ၁၉၉၀ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များအတွင်း ဖွံ့ဖြိုး ဆဲနိုင်ငံ များမှ လူဦးရေ၏ ထက်ကျော်ရှိနေ သည့် ဆင်းရဲသူ ၄၃ ရာခိုင်းနှုန်းကနေ ၂၁ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့ပြီး ယင်း မှာ လူဦးရေ တစ်ဘီလီယံနီးပါး ဖြစ် သည်။ ယခုတော့ ထရူးမင်း၏ ဆန္ဒကို ဖြည့်စွမ်းပေးနိုင်မည့် အခွင့်အရေးကို အနည်းဆုံးတော့ ပံ့ပိုးပေးနိုင်မည့် အခြေအနေကို ရောက်ရှိနေပြီဖြစ် သည်။ ဤကမ္ဘာတွင် လူဦးရေ ခုနှစ် ဘီလီယံ နေထိုင်လျက် ရှိပြီး၊ ယင်းတို့ အထဲမှ ၁ ဒသမ ၁ ဘီလီယံနီးပါးမှာ နိုင်ငံတကာကလက်ခံထားသည့် ဆင်းရဲ မှုမျဉ်းဖြစ်သော တစ်နေ့ဝင်ငွေ ၁ ဒသမ ၂၅ ဒေါ်လာအောက် ဝင်ငွေ မျှနှင့်ပင် အသက်ရှင်ရပ်တည်နေထိုင် နေရကြပေသည်။ ယခုအချိန်မှ နောင်နှစ်များသို့တိုင် ဆက်လက် ဆောင်ရွက်စရာများ ရှိနေ သေးသည်။ ပုံမှန်အားဖြင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာမှ ခေါင်း ဆောင်များ၊ အစိုးရတာဝန်ရှိသူ များ၊ နိုင်ငံတကာအလှူရှင် အဖွဲ့ အစည်းများ တွေ့ဆုံကြ၍ ရှိပြီးထောင်စု နှစ် ရည်မှန်းချက်များ နေရာ၌အစား ထိုး မည့် ရှေ့ဆက်လက်ဆောင်ရွက် ကြရ မည့် ရည်မှန်းချက်အသစ်များကို ဆွေး နွေး သတ်မှတ်ကြရဦးမည် ဖြစ်သည်။ လက်ရှိ ဆောင်ရွက်လျက် ရှိသော ထောင်စုနှစ် ရည်မှန်းချက်မှာ ၂၀၀၀ ခုနှစ် စက်တင်ဘာလက ချမှတ် ထား ခဲ့ခြင်းဖြစ်ပြီး၊ လာမည့် ၂၀၁၅ ခုနှစ်တွင် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သည်။ ထို့ကြောင့်ပင် အစိုးရများက သက္ကရာဇ် ၂၀၃၀ တွင် နောက်ထပ် ဘီလီယံချီ သည့် ဆင်းရဲတွင်းနက်နေသူများကို ယင်းတို့၏ ဆင်းရဲဒုက္ခများမှ လွတ် ကင်းအောင် ရည်မှန်းချက်အသစ် များ လက်ခံကြရန် လိုအပ်သည်။ လေးစားပါသည် အရင်းရှင်စနစ် တစ်နေ့ ၁ ဒသမ ၂၅ ဒေါ်လာ သာရရှိသူမည့်သူတစ်ဦးတစ်ယောက်မှ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်မရှိပေ။ အမေရိ ကန်နိုင်ငံ၏ ဆင်းရဲမှုမျဉ်းသည် လူလေး ဦးရှိသော မိသားစု တစ်စုအတွက် အနည်းဆုံးတစ်နေ့ဝင်ငွေမှာ ၆၃ ဒေါ် လာရှိသည်။ ထွန်းသစ်စ စက်မှု နိုင်ငံ များ၌ပင် အနည်းငယ် ချမ်းသာသည့် အုပ်စုများ၏ ဆင်းရဲမှု မျဉ်းအတွက် တစ်နေ့ ဝင်ငွေမှာ ၄ ဒေါ်လာ ဖြစ် သည်။ သို့ရာတွင် ဆင်းရဲသူများ၏ တစ်နေ့ဝင်ငွေမှာ ၁ ဒသမ ၂၅ ဒေါ် လာဖြင့် အနည်းဆုံး ဖြစ်နေသည်။ (၂၀၀၅ ခုနှစ်၌ အဆင်းရဲဆုံးနိုင်ငံ ၁၅ နိုင်ငံ၏ ဆင်းရဲမှုမျဉ်းများကို ပျမ်းမျှ သတ်မှတ်ထားခြင်းဖြစ်သည်) တစ်နေ့ လျှင် ထိုဝင်ငွေကိုမျှ မရရှိကြလျှင် ထို သူများကို ဆင်းရဲသူများ၊ အန္တရာယ်ရှိ သောအလုပ်ဖြင့် အသက်မွေးကြရသူ များစသည်ဖြင့် သတ်မှတ်ထား သည်။ သူတို့သည် ပညာရေး တတ်မြောက်မှု အားနည်းခြင်း၊ ကျန်းမာ ရေးချို့ယွင်း ခြင်း၊သင့်တော်လုံလောက်သည့် အဝတ် အထည်နှင့် နေစရာ အိမ်ရာ မရရှိခြင်း စသည့် အခက်အခဲများကို ကြုံတွေ့ နေကြရပြီး အများစုကို တစ်ခါတစ်ရံ၌ ကမ္ဘာ့က ထောက်ပံ့ ကူညီကြသော် လည်း ယင်းတို့အတွက် အစားအစာကဲ့ သို့သော် ရုပ်ဝတ္ထုပစ္စည်းဖြည့်ဆည်း ပေးမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်ပေးမှုများမှာ လောက်င ခြင်းမရှိပေ။ အတိုင်းအတာတစ်ခု အထိ ထိုသူများကိုကူညီနိုင်ခဲ့သော်လည်း မဖြစ်မနေ ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်း တစ်ခုအဖြစ် တည်ရှိနေ ဆဲ ဖြစ်သည်။ မည်သည့်ပေတံဖြင့် တိုင်းတိုင်း ကမ္ဘာကဆောင်ရွက်ပေးခဲ့သည့် ဆင်းရဲ မှုလျှော့ချရေး အောင်မြင်မှုမှာ အထူး ချီးကျူးထောမနာပြုရမည့်ကိစ္စပင်။ မူလထောင်စုနှစ်ရည်မှန်းချက်များထဲမှ မိခင်သေဆုံးမနှုန်း လေးပုံသုံးပုံလျှော့ချ ရေး၊ ကလေးငယ် သေဆုံးမှုကို သုံးပုံ နှစ်ပုံလျှော့ချရေးဆိုသည့် ရည်မှန်း ချက်များကိုတော့ ပြည့်မှီနိုင်မည် မဟုတ်သော်လည်း၊ ၁၉၉၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာ့ဆင်းရဲသူ များမှ ထက်ဝက် လျှော့ချနိုင်ရေး ရည်မှန်းချက်ကိုမူ ၅ နှစ်စော၍ လျှော့ ချနိုင်ခဲ့ပြီးဖြစ်သည်။ ဆင်းရဲမှုကို ဖြစ်စေသည့် အကြောင်း အရာများကို အာရုံစိုက် ကုစားခြင်းနှင့် တိုးတက်မှုတိုင်းတာ နိုင်သည့် စံချိန်စံညွှန်းများသတ်မှတ်၍ ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ထောင်စု နှစ် ရည်မှန်းချက်များမှာ အကျိုးရှိခဲ့ သည်။ သို့သော်လည်းချေးငွေအများ စုမှာ အရင်းရှင် စနစ်ဆန်သည့် လုပ်ငန်းများနှင့် လွတ်လပ်သောကုန် သွယ်လုပ်ငန်းများ ကြီးထွားလာရေး အတွက် အရေးပါသည့်အတွက် ချေးငွေအများစုမှာ ထိုလုပ်ငန်းများသို့ ရောက်ရှိကြရမှာဖြစ်ပြီး၊ အမှန်တကယ် လည်းတိုးတက်စေခဲ့သည့်အတွက် ယင်းလုပ်ငန်းများက ဝင်ငွေဖြန့်ဖြူးမှုကို အားပေးဖြစ်ပေါ်စေခဲ့သည်။ ဆင်းရဲမှုနှုန်းကို နှစ်ဆယ်ရာစု နှောင်းပိုင်းကာလနှစ်များတွင် စတင်ချေ ဖျက်နိုင်ခဲ့သည်။ အကြောင်းမှာ ဖွံ့ဖြိုး ဆဲနိုင်ငံများ၏ စီးပွားရေးသည် အလျင် အမြန် တိုးတက်ခဲ့ပြီး၊ ၁၉၆၀-၂၀၀၀ ခုနှစ်များတွင် တိုးတက်မှုနှုန်း ၄ ဒသမ ၃ ရာခိုင်နှုန်းရှိရာမှ ၂၀၀၀-၂၀၁၀ ခုနှစ် များတွင် ၆ ရာခိုင်နှုန်းအထိ တိုးတက် လာခဲ့သည်။ အဆိုပါ တိုးတက်မှု ကြောင့် ဆင်းရဲမှုနှုန်းကို သုံးပုံနှစ်ပုံအထိ လျှော့ချ နိုင်ခဲ့သည်။ ကျန်နေသည့် သုံးပုံတစ်ပုံသော လူများသည်လည်း ဝင်ငွေခွဲဝေမှု ပိုမိုညီမျှလာခဲ့ခြင်း၏ အကျိုးကို ခံစားခဲ့ကြရသည်။ ညီမျှမှု အနည်းငယ်သာခံစားကြရသည့်နိုင်ငံများ၌ ဝင်ငွေ ၁ ရာခိုင်နှုန်းတိုးလျှင် ဆင်းရဲမှု ကို သုညဒသမ ၆ ရာခိုင်နှုန်းသာ လျှော့ ချနိုင်သော်လည်း၊ ညီမျှမှုအများဆုံးရှိ သည့် နိုင်ငံများတွင်မူ ဝင်ငွေ ၁ ရာခိုင် နှုန်းတိုးလျှင် ဆင်းရဲမှုကို ၄ ဒသမ ၃ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်။ တရုတ်နိုင်ငံ(ထောင်စုနှစ်ရည် မှန်း ချက်နှင့်ပတ်သက်၍ မည်သည့်စိတ် ဝင်စားမှုမျှမပြ) သည်ဆင်းရဲမှု ၄ ပုံ ၃ပုံ လျော့ချနိုင်ခဲ့သည်။ မညီမျှမှုများ တိုးပွားလာသည့်တိုင် တရုတ်နိုင်ငံ၏ စီးပွားရေးကလည်း အလွန်လျင်မြန်စွာ တိုးတက်ခဲ့သည့်အတွက် အလွန် ဆင်းရဲသည့် အုပ်စုများပျောက်ကွယ် လာခဲ့သည်။ ၁၉၈၁-၂၀၁၀ ခုနှစ်များ အတွင်း အလွန်ဆင်းရဲသည့် လူဦးရေ ၆၈၀ သန်းကိုဆင်းရဲတွင်းမှ လွတ် မြောက်စေခဲ့ပြီး၊ ၁၉၈၀ ခုနှစ်တွင် အဆင်းရဲဆုံးဦးရေ ၈၄ ရာခိုင်နှုန်းရှိရာ မှယခုအခါ ၁၀ ရာခိုင်နှုန်းသာကျန် ရှိ တော့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ က လူဦးရေ တစ်ဘီလီယံနီးပါးကို ဆင်းရဲ တွင်းမှ ကယ်ထုတ်နိုင်ခဲ့သော်လည်း နောင်လာမည့် နှစ် ၂၀ အတွင်းလူဦး တစ်ဘီယံကိုဆင်းရဲတွင်းမှ လွတ်မြောက် စေရန်မှာမူ ပိုမိုခက်ခဲနိုင်သည့် အခြေ အနေဖြစ်သည်။ ဆင်းရဲမှုအများဆုံး ဖြစ်နေသည့်နေရာဒေသနှစ်ခုဖြစ်သော အိန္ဒိယနှင့် အာဖရိကနိုင်ငံများ၏ အစိုးရ အုပ်ချုပ်မှု အားနည်းမှုများကြောင့် တရုတ်နိုင်ငံ၏ အောင်မြင်ခဲ့သော အတွေ့အကြုံများကို အစားထိုး ဖြေရှင်း ခက်ခဲလိမ့်မည် ဖြစ်သည်။ အခြား အကြောင်းတစ်ခုမှာ တစ်နေ့ ၁ ဒသမ ၂၅ ဒေါ်လာအောက် ရောက်နေသော သူများကို အလွယ်တကူ ထိုဝင်ငွေ ထက်ပို၍ ရရှိအောင်ဆောင်ရွက်နိုင် သည်။ အကြောင်းမှာ ထိုသူများသည် ထိုဝင်ငွေမျဉ်း၏ အောက်နား ကလေး တွင် ရှိနေကြသူများဖြစ်သဖြင့် စီးပွား ရေးအနည်းတိုးတက်ရုံမျှဖြင့် ထိုသူများ ဆင်းရဲမှုမျဉ်း၏ အထက်သို့ရောက်ရှိ လာကြမည်ဖြစ်သည်။ ထို့ကြောင့် ဆင်းရဲသူ အနည်းငယ်ကို ဆွဲတင်ရ သည့်ကိစ္စသည် အရေအတွက် အများ အပြားကို တွန်းတင်ရသည့်ကိစ္စထက် ပိုမို လွယ်ကူသည့်ကိစ္စ ဖြစ်ကြောင်း တွေ့ရှိနိုင်သည်။ ရည်မှန်းချက်များ အောင်မြင်နိုင် သည့်တိုင် သတိကြီးစွာ ဆောင်ရွက်ကြ ရဦးမည် ဖြစ်သည်။ ၂၀၀၀ ခုနှစ် ကာလများကတည်းက စီမံဆောင်ရွက် သည့်အတိုင်း ဖွံ့ဖြိုးဆဲနိုင်ငံများက ယင်း တို့၏တိုးတက်မှုများကို အလေးထား ဆောင်ရွက်နိုင်လျှင်၊အဆင်းရဲဆုံးသော နိုင်ငံများကလည်း ဝင်ငွေအလယ် အလတ် နိုင်ငံများ၏ ခပ်လှမ်းလှမ်း၌ နောက်ကျမကျန်နေခဲ့လျှင်၊ မညီမျှမှုများ ကျယ်ကျယ် ပြန့်ပြန့်မဖြစ်ပေါ်ခဲ့လျှင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် သက္ကရာဇ် ၂၀၃၀ ခုနှစ်၌ ဆင်းရဲမှုကိုယခုရှိနေ သည့် ၁၆ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းသို့ လျှော့ချနိုင်မည်ဖြစ်သည်။ စီးပွားရေးတိုး တက်မှုကလည်း အနည်းပိုမြန်မည်၊ ဝင်ငွေခွဲဝေမှုကလည်း ပိုညီမျှလာမည် ဆို လျှင် အဆင်းရဲဆုံးဦးရေကို ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်လိမ့် မည်ဖြစ် ပြီး လက်တွေ့ဆောင်ရွက်နိုင် ပါက သုည ရာခိုင်နှုန်း နီးပါးသို့ပင် ရောက်ရှိနိုင်သည်။ ထိုအခါ ဆင်းရဲသူ ဦးရေမှာ သန်း ၁၀၀ ခန့်သာရှိနိုင်ပြီး ထိုသူများမှာဆောင်ရွက်ပေးရန် အလွန် ခက်ခဲလှသည့် အာဖရိကနိုင်ငံများမှ ဖြစ်ပေမည်။ ထို့ကြောင့် ဆင်းရဲသူသန်း ထောင်ချီရှိသည်ဆိုသည့် အဖြစ်အပျက် မှာ သမိုင်းမှတ်တမ်း အဖြစ်သာ ကျန်ရှိ နေတော့မည်ဖြစ်သည်။ ဈေးကွက်များနှင့် ဆင်းရဲမှုများ ဆောင်ရွက်စရာကိစ္စပေါင်းများ စွာ ရှိပါသည်။ သို့သော်လည်း ထို အကြောင်းအရာများ အမှန်ဖြစ်လာ အောင် ဆောင်ရွက်ရာတွင် အဆိုးမြင် သူများ ထင်ထားသလောက် ခက်ခဲ သည်တော့မဟုတ်။ ဆင်းရဲမှုလျှော့ ချခြင်း လုပ်ငန်းများကို ကမ္ဘာကသိခဲ့ ပြီဖြစ်သောကြောင့်ဖြစ်သည်။ အခြေခံ လူမှုရေးကိစ္စများ၌ ဖြည့်ဆည်းဆောင် ရွက်ပေးခြင်းနှင့်ချေးငွေထုတ်ချေးမှုအစီ အစဉ်များ ကဲ့သို့သော အစီအစဉ်များ ပါဝင်သည့် မူဝါဒရည်မှန်းချက်များက ကူညီပေးနိုင်မည်ဖြစ်သည်။ အင်ဒိုနီး ရှားတွင် လူလတ်တန်းစားများကို စက်သုံးဆီထောက်ပံ့ခြင်းနှင့် တရုတ် နိုင်ငံ၏ အိမ်ရာအစီအစဉ်များကတော့ မညီမျှမှုကို တိုးတက်စေခဲ့သည်ဟု ဆိုသည်။ ဆင်းရဲမှုလျှော့ချရေး အစီ အစဉ်များတွင် ဈေးကွက်ကို လွတ်လပ် စွာ ဆောင်ရွက်စေခြင်းကြောင့် ဆင်းရဲ သူများကို ချမ်းသာလာစေသည်။ ဆိုလို သည်မှာ နိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်ရေးကို ဆောင်ရွက်ပေးရန်ဖြစ် သည်။ ( အာဖရိကသည် ကုန်သွယ်ခွန် များကြောင့် ဒဏ်ခတ်ခံနေရသကဲ့သို့ ဖြစ်သည်၊ တရုတ်နိုင်ငံ၏ အလျင်အမြန် တိုးတက်မှုမှာ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများ ကြီးထွား လာစေရေးကို ခွင့်ပြုခဲ့ခြင်းကြောင့်ဖြစ်သည်)။ သို့သော် အိန္ဒိယနှင့် အာဖရိကနိုင်ငံများသည် လက်ဝါးကြီးအုပ်လုပ်ငန်းများအားခွင့်ပြု ထားခြင်းနှင့် ကန့်သတ်ထိန်းချုပ်ခြင်း များရှင်သန်နေခြင်းကြောင့် ဆင်းရဲမှု လျှော့ချရေးအတား အဆီးသဖွယ်ဖြစ် နေနိုင်သည်။ အနောက်နိုင်ငံများသည် စီးပွား ရေးနှေးကွေးမှုများနှင့်ကြုံလာသည့်အခါ ဈေးကွက်အကန့်အသတ် ဖြစ်နေသည် များ ကိုရှာဖွေဖြေရှင်းပေးခြင်း၊ ကမ္ဘာ့ နိုင်ငံများနှင့် ကုန်သွယ်ရေးတိုးမြှင့်နိုင် အောင် ဆောင်ရွက်ခြင်းဖြင့် တုံ့ပြန် ဆောင်ရွက်လျက် ရှိပြီး၊ ဖွံ့ဖြိုးဆဲ နိုင်ငံများကိုလည်း ယင်းအတွေးအခေါ် အယူအဆများ ဖြန့်ဝေပေးသည်။ ယင်းကို အကြံဉာဏ်တစ်ခု အနေဖြင့် သာသဘောမထားဘဲ၊ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ကြလျှင်၊ ဖွံ့ဖြိုး ပြီး နိုင်ငံများချမ်း သာလာစေခဲ့သည့် စီးပွားရေးမူဝါဒများကို ကျယ်ကျယ်ပြန့် ပြန့် သုံးသပ်ကာ ဆင်းရဲသူအုပ်စုကြီးမှ အဆင်းရဲဆုံးများကို ဆင်းရဲဆုံး ဒုက္ခ များမှ လွတ်ကင်းအောင် ဆောင်ရွက် ကြရန်သာ ဖြစ်ပေသည်။
မိုးဦးကာလမိုးကောင်းချိန်ဖြစ် သည့်ဇူလိုင်လသည့်ကား မြန်မာနိုင်ငံ သားတို့အတွက်သားစဉ်မြေးဆက်မမေ့ အပ်သော ကြေကွဲဖွယ်ဖြစ်ရပ်ဖြစ် ပျက်ခဲ့သော အချိန်ဖြစ်သည်။ အုံ့မှိုင်း နေသောမိုးကောင်းကင်၊ သဲသဲမဲမဲ ရွာနေသောမိုး၊ယောက်ယက်ခတ်ပြေး လွှားနေကြသောလူများ၊ ထိတ်လန့် တုန်လှုပ်သွားသောအမူအရာများ၊ ဝမ်းနည်းကြေကွဲနေသော မျက်နှာများ စသဖြင့် မြန်မာပြည်မျှော်လင့်ချက် ပြိုလဲပြီဆိုသော အခြေအနေကို သရုပ် ဖော်သည့်အပြုအမူများကို လွန်ခဲ့သော ၆၆ နှစ် ကာလကအဖေအမေတို့၊ အဘိုးအဘွား တို့ကြုံခဲ့ရပြီးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိအချို့အစည်းအဝေးပြုလုပ်နေ ချိန်တွင် မသမာသူလူတစ်စု၏ ရက်စက် သောအကြံအစည်တို့ဖြင့် လုပ်ကြံ သတ်ဖြတ်ခြင်းကိုခံလိုက်ခြင်းဖြစ်သည်။ ယခုဆိုလျှင်ဗိုလ်ချုပ်နှင့် အပေါင်းအပါ တို့ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း ၆၆နှစ် ကြာမြင့်ခဲ့လေပြီ။ ဗိုလ်ချုပ်သည်ကျဆုံး ချိန်၌ အသက်၃၀ကျော်သာရှိသေး သည့်လူငယ်တစ်ယောက်ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်၏တွေးခေါ်မြော် မြင်မှု၊ စဉ်းစားချင့်ချိန်တတ်မှုတို့သည် အရွယ်နှင့်မမျှလောက်အောင် ကြီးမား ပြီးမြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်မှုရရှိရေး အတွက်လည်း၎င်းင်း၏ မိန့်မှာချက်၊ ပြောဆိုချက်များမှာ လည်း ပြောဆိုခဲ့ရာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့သည့် ယခု အချိန်အထိတိုင်မှတ်သားလိုက်နာဖွယ် အဖြစ်ရှိနေသည်ကိုတွေ့ရသည်။စဉ်းစား မိတိုင်းကြေကွဲ ခံစားရတတ်သည့် ယခုကဲ့သို့ အာဇာနည်နေ့ ဝန်းကျင် အချိန် အခါမျိုးတွင် ဗိုလ်ချုပ်၏ တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးရေး အတွက် လိုက်နာမှတ်သား၊ ဆောင်ရွက်သင့် သည့်မိန့်ခွန်းများ၊ ဟောပြောချက်များ စွာမှလက်လှမ်းမီသလောက်အချို့ကိုပြန် လည်ခံစား တင်ပြအပ်ပါသည်။လွတ်လပ်မှု၊စီးပွားရေးနှင့် နိုင်ငံရေး ဆိုတာ "စီးပွားရေးလွတ်လပ်မှုမရှိရင် နိုင်ငံရေးလွတ်လပ်မှုဆိုတာဟာ ပြက် ရယ်ပြုစရာဖြစ်မယ်။ နိုင်ငံရေးလွတ် လပ်မှုဆိုတာဟာ ပြက်ရယ်ပြုစရာဖြစ် မယ့်အသားလွတ်ဟန်ပြတာဖြစ်မယ်။” (၁၉၄၆ခုနှစ် မေလ ၁၆ ရက်နေ့၊ ဖဆပလအဖွဲ့ချုပ်၏ ဒုတိယမြောက် ဗဟို ဦးစီးအဖွဲ့၏ အစည်းအဝေး တွင်ပြော ကြားသောမိန့်ခွန်း)ညီညာမျှတစွာစုပေါင်းလုပ်ဆောင်မှု၏ အရေးပါမှု တိုင်းပြည်အနှံ့အပြားမှာ သမဝါ ယမလုပ်ငန်းတွေ ဆောင်ရွက်ဖို့အချိန် သင့်နေပါပြီ၊ လုံးလုံးလျားလျားလျော်ကန်နေပါပြီ။ ဒီလုပ်ငန်းဟာကျွနု်ပ်တို့ ပြည်သူတွေရဲ့နှလုံးသားထဲမှာ ပူးပေါင်း လိုစိတ်၊ စည်းစည်းလုံးလုံးနေ ထိုင်လုပ် ကိုင်လိုစိတ်တွေသွင်းပေးပါလိမ့်မယ်။ဒါတွင်မကသေးပါဘူး၊ ကျစ်ကျစ်လျစ် လျစ်သုံးစွဲတတ်မှု၊ကိုယ်ထူ ကိုယ်ထ လုပ် မှု၊တီထွင်ဖန်တီးကြိုးပမ်းတတ်မှုတွေ ရှိလာအောင်လဲအားပေးအား မြှောက် ပြုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွနု်ပ်တို့တိုင်းပြည်မှာ အရင်းအနှီးသိပ် ရှားပါးနေချိန်မှာ သမဝါယမလုပ်ငန်း ဟာ တိုင်းပြည်ရဲ့သာယာဝပြောရေးကို မြှင့်တင်ဖို့အတွက် အကောင်းဆုံးနည်း လမ်းဘဲ ဖြစ်တယ်ဆိုတဲ့အကြောင်း၊ အဆုံးမှာတော့အရင်းအနှီးကို ဖန်တီး ပေးတဲ့နေရာဟာလုပ်အားဘဲ၊ ဒို့ရဲ့ လုပ်အားဘဲဖြစ်တယ်ဆိုတဲ့ အကြောင်း တွေကို ပြည်သူတွေဟာအလုပ်လုပ် ရင်း သိလာနားလည်လာမှာ ဖြစ်လို့ ပါဘဲ။”(၁၉၄၆ ခုနှစ် မေလ၁၆ ရက် နေ့၊ ဖဆပလအဖွဲ့ချုပ်၏ ဒုတိယ မြောက်ဗဟိုဦးစီးအဖွဲ့၏ အစည်း အဝေးတွင်ပြောကြားသော မိန့်ခွန်း)စေတနာထား၍ စုပေါင်းဝိုင်းဝန်း “စုပေါင်းရောင်းဝယ်ရေး အဖွဲ့များ ကိုလဲ ဖြစ်နိုင်သည့် နေရာတိုင်းတွင် ဖွဲ့ စည်းရန်လို ပါသည်။ ရှေးကမြန်မာပြည် မှာစုပေါင်းရောင်းဝယ်ရေးအသင်းများ ပျက်ပြားခဲ့ရသည်မှာ၊ ထိုအဖွဲ့အသင်း များကို တိုင်းသူပြည်သားတို့က စေတနာဖြင့် ပူးပေါင်းဆောင်ရွက်မှု အပေါ်တွင် ခိုင်မြဲအောင် မတည်ခဲ့ကြ ခြင်းကြောင့်ဖြစ်ပါသည်။ တိုင်းသူပြည် သားတို့က၊ ထိုအဖွဲ့များ၏ အကျိုး သည်ငါတို့၏အကျိုးပင်ဖြစ်ပါတကား ဟု သဘောပိုက်ကြသည့် အရပ်များ တွင်ကား၊ ထိုအဖွဲ့များမှာ စည်ပင်ဖွံ့ဖြိုး လျက်ရှိကြပါသည်။ ကျွန်တော်တို့ တိုင်းပြည်မှာဆိုလျှင် စုပေါင်းရောင်း ဝယ်ရေးမရှိသည့် အရပ်များ၌ ကုန်စည် များ ဝေငှရေးကို စီမံပေးမှုအတွက် အစည်းအရုံး အမျိုးမျိုးပါဝင်သည့် ပြည်သူပြည်သားကော်မတီများဖွဲ့ စည်းထားရန် ဖြစ်နိုင်မည့်အရေးကို စဉ်း စားကြည့်ရန်လိုပါသည်။အချင်းချင်း စုပေါင်းပြီးသတင်းပြန်လည် စဉ်းစားကြည့် ရန်လိုပါသည်။ စုပေါင်းရောင်းဝယ်ရေး အဖွဲ့များအတွက် စစ်ဆေးကြည့်ရှုရေး အဖွဲ့များလိုမည်ဖြစ်ရာ၊ ထိုအဖွဲ့မျိုးထား ရှိရေးကိစ္စကိုလည်း စုံစမ်းကြည့်ရန် လိုပါသည်။ အချင်းချင်းစုပေါင်းပြီး သတင်းအပြန်အလှန် ရယူရေးနှင့် စုံစမ်းရှာဖွေရေးသည်လည်း လိုပါသည်။ ဤကိစ္စအတွက် အသင်းအဖွဲ့များက လိုသောသတင်းများကို ပေးနိုင်ပါလိမ့် မည်။“(၁၉၄၇ ခုနှစ် ဇွန်လ ၇ရက်နေ့ တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ ဆိုရန်တို ဗီလာအဆောက်အအုံ၌ မြန်မာပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်း ကွန်ဖရင့်အစည်းအဝေးတွင် မြွက် ကြားသည့် မိန့်ခွန်း။) အခွန်ရှောင်ခြင်း၏ပြင်းထန်သော ဒဏ်ချက် “အခွန်ဘဏ္ဍာကို တိုင်းသူပြည် သားတို့မပေးဘဲ ငြင်းဆန်ခြင်းသည် တိုင်းပြည်နိုင်ငံ၏ စီးပွားရေးကို အစိတ် စိတ်အမွှာမွှာဖြစ်အောင် ဖြိုခွဲဖျက်ဆီး ပစ်ခြင်းပင်ဖြစ်၍၊ ဤသို့နိုင်ငံ့ စီးပွားရေး ပြိုကွဲသွားပါက၊ နောက်ဆုံး၌ အများဆုံး အနစ်နာခံရမည့်သူတို့မှာ တိုင်းသူပြည် သားလူထုပင်ဖြစ်သည်။” “(၁၉၄၇ခုနှစ် မတ်လ ၂၁ ရက်နေ့ည ၈ နာရီခွဲ အချိန်တွင်ရေဒီယိုမှအသံလွှင့်မိန့်ခွန်း)တရားသေ၊တစ်ယူသန်မသင့်လျော် “လူကြီးမင်းတို့ရေးဆွဲပြုလုပ်မည့် အစီအစဉ်သည်လွန်မင်းစွာကျပ် တည်း ခြင်းသော်လည်းကောင်း ၊လှေနံဒါးထစ်သော် လည်းကောင်းမဖြစ်စေရ၊ဖြစ်ပေါ်လာသော အကြောင်း တရားအားလျော်စွာ ပြုပြင် ပြောင်းလဲ ၍ ရနိုင်သောအစီအစဉ်ဖြစ် ရပါမည်၊ လှေနံဒါးထစ်အစီအစဉ်မျိုး မှာများသော အားဖြင့်ကောင်းသော အစီအစဉ်မျိုး မဟုတ်၊ တိုင်းပြည်၏ ပေါ်ပေါက်ဆဲ ပေါ်ပေါက်လတ္တံ့သော အကြောင်းတရား အမျိုးမျိုးနှင့် သင့်လျော် ပြေပြစ်အောင် ရေးဆွဲသော အစီအစဉ်မျိုးသာလျှင် ကျေနပ်လောက် သောအစီအစဉ် ဖြစ်ပါ သည်။ (၁၉၄၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ပြည်လမ်း၊ ဆိုရန်တိုဗီလာ အဆောက်အအုံ၌မြန်မာပြည်ပြန် လည်ထူထောင်ရေးလုပ်ငန်းကွန်ဖရင့် အစည်းအဝေးတွင် မြွက်ကြားသည့် မိန့်ခွန်း။) ကိန်းဂဏန်းစာရင်းအင်းများကို နားလည်မှု ကျွန်တော်တို့သတိထားရမည့် အချက်မှာကျွန်တော်တို့ဟာ အကြောင်း တစ်ခုကိုစာရင်းအင်းနှင့် အမြင်အားဖြင့် အခိုင်အမာသဘောသက်ရောက်အောင် ပြောလာပြီဆိုရင် ယုံလွယ်တတ်ကြ သည့် အန္တရာယ်ဖြစ်ပါသည်။ စာရင်း အင်းများကို ကျွန်တော်လေ့လာခဲ့ဖူး သည်။ ကိုယ်တွေ့ဗဟုသုတ အရပြောရ မည်ဆိုလျှင် ၎င်းင်းတို့ကို ကြည့်၍များ စွာနားလည်အကူအညီ ရသော်လည်း ပထမကထင်မြင်စိတ် ကူးထားချက်တွေ အခိုင်အမာဖြစ်အောင် စုဆောင်းပြု လုပ်ထားသည့် စာရင်းအင်းမျိုးနှင့် တွေ့ကြုံနေကြရမည့် အချက်ကို သတိပြုထားကြဖို့ လိုပါသည်။ ကျွန်တော်ပြောခဲ့သည့်အတိုင်း စာရင်း အင်းအထောက်အထားနှင့်ပြောဆိုခြင်း ဟာ အကျိုးရှိသည့်အလေ့အထမျိုး ဖြစ်သော်လည်း၊ ထိုစာရင်း အင်းနှင့် အထောက်အထားပြုလုပ်ထားသည့် ရည်ရွယ်ချက်သဘောလက္ခဏာများကို စောကြောစစ်ဆေးဖို့ရန် အလွန်အရေး ကြီးပါသည်။ သို့သော် လည်းအရေး အကြီးဆုံးမှာကား၊ ကျွန်တော်တို့သည် ၎င်း တို့ကိုအထောက်အထားပြု၍ လမ်း မှန်အတိုင်းထင်မြင် ယူဆနိုင်ဖို့ရန် အရေးကြီးပါသည်။” (၁၉၄၇ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ဆိုရန်တိုဗီလာ အဆောက် အအုံ၌ မြန်မာပြည် ပြန်လည် ထူထောင်ရေး လုပ်ငန်း ကွန်ဖရင့် အစည်းအဝေးတွင်ဗိုလ်ချုပ်အောင်ဆန်း မြွက်ကြားသည့် မိန့်ခွန်း။) မနိုင်သည့်ဝန်မဖြစ်စေလို “အရေးကြီးသောကိစ္စများတွင် တတ်စွမ်းနိုင်သမျှတစ်ခုပြီးတခုလုပ်ရပေ လိမ့်မည်။တစ်ပြိုင်နက်အကြံအစည် များလွန်းက ဘေးဥပဒ်အန္တရာယ်များ ဆိုက်ရောက်တတ်ပေသည်။ မိမိတို့တိုင်း ပြည်အတွင်း အစွမ်းကုန်ဆောင်ရွက် လိုသော စိတ်ဆန္ဒထက်သန်ခြင်းကြောင့် စီမံချက်များပြုလုပ်ရာတွင်လောလုပ်ရ ပေလိမ့်မည်။တစ်ပြိုင်နက် အကြံအစည် များလွန်းက ဘေးဥပဒ်အန္တရာယ်များ ဆိုက်ရောက်တတ်ပေသည်။ မိမိတို့ တိုင်းပြည်အတွင်း အစွမ်းကုန်ဆောင် ရွက်လိုသောစိတ်ဆန္ဒထက်သန်ခြင်း ကြောင့် စီမံချက်များ ပြုလုပ်ရာတွင် လိုဘကြီးလွန်းသော စီမံကိန်းများ မပြု လုပ်မိရန်အတွက် ဂရုပြုရပေလိမ့် မည်။ အစီအမံကောင်းသူမှန်လျှင်တစ်စခန်းပြီး မှတစ်စခန်းသို့တက်လှမ်းကြမြဲဖြစ်သည်။ ဆိုလိုသောအချက်မှာတစ်ကြိမ်တစ်ခါတည်း တွင် တစ်လှမ်းတည်းသာ လှမ်းရမည် ဟူ၍ မဟုတ်ပေ၊ လိုအပ်၍ ဖြစ်နိုင်လျှင် တစ်ကြိမ်တည်းတစ်လှမ်းတွင် မက နှစ်လမ်း သုံးလှမ်းတက်လှမ်းရန် အသင့်ရှိရမည့်အပြင် သို့ပြုလုပ်ရန် အရည်အချင်းလည်းရှိရပေလိမ့်မည်။” (၁၉၄၇ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ပြည်လမ်း၊ ဆိုရန်တိုဗီလာ အဆောက်အအုံ၌ မြန်မာပြည်ပြန် လည်ထူထောင်ရေးလုပ်ငန်းကွန်ဖရင့် အစည်းအဝေးတွင်ဗိုလ်ချုပ်အောင်ဆန်း မြွက်ကြားသည့် မိန့်ခွန်း။) ငွေချေးငှားရခြင်းသက်သာစေဖို့ “ငွေရင်း နိုင်ငံအပြင်ဖက်သို့ထွက် မသွားစေရန် အချို့သောနိုင်ငံများ၌ တတ်နိုင်သမျှကာကွယ်ရန် ကြိုးစား ထားကြပါသည်။ ငွေရင်း နိုင်ငံပြင်ပသို့ ထွက်သွားလျှင် ကျွန်တော်တို့ဝယ်အား ကို စွန့်ပစ်လိုက်သကဲ့သို့သာ ဖြစ်ပေ မည်။ ကျွန်တော်တို့နိုင်ငံခြားမှ ငွေချေး ယူရခြင်းကို တတ်နိုင်သမျှလျော့ပေါ့ သက်သာ သွားအောင် ငွေစုရေးကိုအား ပေးရပေလိမ့်မည်။” (၁၉၄၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ဆိုရန်တိုဗီလာအဆောက်အအုံ ၌မြန်မာပြည် ပြန်လည်ထူထောင်ရေး လုပ်ငန်းကွန်ဖရင့်အစည်း အဝေးတွင် မြွက်ကြားသည့် မိန့်ခွန်း။) အရေးကြီးသည့် အခြေခံအဆောက် အအုံ “လမ်းပန်းဆက်သွယ်ချဲ့ထွင်ရေး ကိစ္စမှာဆိုလျှင် မြန်မာပြည်သည် စစ်မ ဖြစ်မီကပင်၊သယ်ယူပို့ဆောင်ရေးများစွာ မရှိခဲ့ချေ၊ ယခုအခါ မည်သည့် နေရာမဆို လူများအသုံးပြုနိုင်သည့် လမ်းပန်းဆက်သွယ်မှုများမှာ နည်းပါး ဆိုးဝါးသည်ဟုသာ ဆိုနိုင်သည်။ ယခု တိုင်းပြည်တွင် ရင်ဆိုင်တွေ့နေရသော ပြဿနာအရပ်ရပ်တို့တွင် သယ်ယူပို့ ဆောင်ရေး လုံလောက်စွာမရှိမှုလည်း ပါဝင်နေလေသည်၊ထို့ကြောင့် လမ်းပန်း ဆက်သွယ်ရေးကို အမြန်ဆုံး ပြန်လည် ထူထောင်ရန် လိုနေသည့်ကိစ္စကို အထူး ဖော်ပြရန်မလို။” (၁၉၄၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ဆိုရန်တိုဗီလာ အဆောက် အအုံ၌မြန်မာပြည်ပြန်လည်ထူထောင် ရေးလုပ်ငန်းကွန်ဖရင့် အစည်းအဝေး တွင် မြွက်ကြားသည့် မိန့်ခွန်း။)များလည်းများ ကောင်းလည်း ကောင်း အောင် “ကုန် အထွက်တိုးတက် လာ အောင် ပြုလုပ်ခြင်းသည် ဆင်းရဲခြင်း အတွက် မလွဲနိုင်သော ဆေးမျိုးမဟုတ် သည် ကို ကျွန်တော်သိပါသည်။ မလို သည့် ကုန်ထွက်ပစ္စည်းများကို တိုးတက် ထွက်အောင်လုပ်ခြင်းသည် အရေးကြီး သော ပစ္စည်းများလိုနေသူများ အတွက် အကျိုးမများသည့်အပြင် အဆိုးဖြစ် တတ်ပါသည်။ကျွန်တော် ဆိုလိုသည်မှာ အများ အပြားထွက်အောင်လုပ်သည့် ပစ္စည်းသည် ကောင်းမွန်ဖို့လည်း အရေးကြီးပါသည်။” (၁၉၄၇ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ ဆိုရန်တိုဗီလာ အဆောက် အအုံ၌မြန်မာပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းကွန်ဖရင့် အစည်းအဝေး တွင် မြွက်ကြားသည့် မိန့်ခွန်း။) ဗိုလ်ချုပ်၏မိန့်ခွန်းများထဲတွင် စုပေါင်းညီညွှတ်စွာလုပ်ကိုင်မှု၊မျှတမှု၊အခွန် အပေါ်ထားရှိသင့်သည့်သဘောထား၊ ကိန်းဂဏန်းများကိုမြင်တတ်မှု၊အလုပ် လောဘကြီးခြင်း၏အန္တရာယ်၊ပြည်တွင်း ကိုယ်ပိုင်အရင်းအနှီးရရှိရေး ၊ လမ်းပန်း ဆက်သွယ်ရေးအရေးကြီးမှုနှင့်အရည် အသွေးကောင်းကုန်စည်များထုတ်လုပ်မှု စသဖြင့်တိုင်းပြည် အကျိုးဖြစ်ထွန်းစေ နိုင်သည့်အချက်များစွာပါရှိရာမှတ်သား လိုက်နာစရာအဆိုအမိန့်ပင်ဖြစ်ပါသတည်း။ ကိုးကား။ မြတ်မော်၊“ဗိုလ်ချုပ် အောင်ဆန်း၏ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးနှင့်စစ်ရေးအတွေး အခေါ်များ”စာမျက်နှာ၈၄-၁၁၃၊ ပွင့်လင်း စာပေ၊နဝဒေးပုံနှိပ်တိုက်၊ဇန္နဝါရီလ၊၁၉၇၀။