Main menu

Background

Monday, 1 Apr 2024

အိမ်ထောင်စုတစ်ခုအတွက် မီးဖိုချောင်စရိတ်က အဓိကဟု ပြောရမည် ထင်ပါသည်။ အသက်ရှင်ရပ်တည်ရေးအတွက် စားဝတ် နေရေးလိုအပ်သည်။ စားဝတ်နေရေးတွင် စားရေးက ထိပ်ဆုံး လိုအပ် ချက်ဖြစ်သည်။ ထို့ကြောင့်ပင် ဝင်ငွေရှာကြသည့်အခါ  စားစရိတ် ဖန်တီးရခြင်းက   ပင်မဖြစ်လာသည်။   မီးဖိုချောင်စားရိတ်ခေါ် စားစရိတ်ကိုကြည့်လျှင် အခြေခံစားသောက်ကုန် ကိုးမျိုးအတွက် မဖြစ်မနေ ကုန်ကျကြသည်။ ဆန်၊ စားဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ အသား နှင့် ငါးများ၊ ကြက်ဥ၊ ဘဲဥများ၊ ပဲမျိုးစုံ အစို၊ အခြောက်များနှင့် သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်များဖြစ်ကြ သည်။ ဤကိုးမျိုးတွင် စားဆီသည် အရေးကြီးမှု အဆင့်အနေဖြင့် နံပါတ်(၂)တွင်ရ

Monday, 4 Mar 2024

ဆီထွက်သီးနှံများကို  စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း သည့်  မြန်မာနိုင်ငံ အလယ်ပိုင်း၊   မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ဆီထွက်သီးနှံကို အဓိကထား ၍ စိုက်ပျိုးသည်။ အခြား တိုင်းဒေသကြီး၊ ပြည်နယ်များတွင် လည်း စိုက်ပျိုးကြောင်း သိရှိရသည်။ 

Monday, 4 Mar 2024

သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်း ဒေသများဖြစ်ကြသော စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုး ထုတ်လုပ်လျက်ရှိရာ ယခင်နှစ်ကထက်ယခုကာလ၌ သနပ်ခါး ဈေးကွက်ဈေးကောင်းရရှိနေကြောင်း သိရှိရသည်။ 
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းရှိ သနပ်ခါး စိုက်ပျိုးထွက်ရှိရာ ဒေသများအနက် ]]သနပ်ခါးမြို့တော်}} ဟု တင်စားခေါ်ကြသော အရာတော်မြို့၌ သနပ်ခါး  စိုက်ဧက အနေဖြင့် ဧက  ၁၀ဝ၀ဝ၀ ခန့် စိုက်ပျိုးထားကြောင်း၊ တစ်နိုင် တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိ ကြောင်း သိရသည်။

Monday, 5 Feb 2024

လူတို့၏ စားဝတ်နေရေးအတွက် နေ့စဉ် ဆောင်ရွက်ရမှုများ တွင်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများကို ကိုယ်တိုင်လုပ်ကိုင်ရာ တွင်လည်းကောင်း၊ ဝယ်ယူစားသုံးခြင်း၊   သုံးစွဲခြင်းပြုလုပ်ရာတွင် လည်းကောင်း၊ ကုန်ပစ္စည်း သို့မဟုတ်  ဝန်ဆောင်မှုတို့ကို  မဖြစ်မနေ ဆောင်ရွက်နေကြရသည်သာဖြစ်သည်။ ထိုသို့ နေ့စဉ်ဆောင်ရွက်နေ သောကိစ္စများတွင်    ဝန်ဆောင်မှုရောင်းဝယ်ခြင်းဆိုင်ရာလုပ်ငန်း များသည်လည်းပါဝင်မှုမနည်းလှသည်ကိုတွေ့နိုင်သည်။ ဝန်ဆောင်မှု လုပ်ငန်းများသည်  နေ့စဉ်  မဖြစ်မနေ ထိတွေ့အသုံးပြုနေရသဖြင့် မိမိတို့ဝယ်ယူအသုံးပြုနေရသည့်  ဝန်ဆောင်မှုကဏ္ဍအကြောင်းကို ရှင်းရှင်းလင်းလင်း သိရှိနားလည်ရန် လိုအပ်လာသည်။

Monday, 15 Jan 2024

အသေးစား၊ အလတ်စား   စီးပွားရေးလုပ်ငန်းများ MSMEs သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ အတွက်    မရှိမဖြစ်  အရေးပါသောလုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ အာဆီယံတွင်MSMEsလုပ်ငန်းပေါင်း သန်း ၇၀ ရှိပြီး အာဆီယံအဖွဲ့ ဝင်နိုင်ငံ စုစုပေါင်း၏၉၇ဒသမ ၂ ရာခိုင်နှုန်းမှ ၉၉ ဒသမ ၉ ရာခိုင်နှုန်း ကြားရှိသည်။ ဒေတာရရှိမှုများအရ  အသေးစား စီးပွားရေးလုပ်ငန်း များသည် MSMEs လုပ်ငန်းများ၏ အကြီးမားဆုံးဈေးကွက်ပင် ဖြစ် သည်။ ဒေသအလိုက် ြှနြ များသည် အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးခြင်းအတွက် ၈၅ရာခိုင်နှုန်း  GDP  တွင် ၄၄ ဒသမ ၈ ရာခိုင် နှုန်းနှင့် နိုင်ငံလုံးဆိုင်ရာ ပို့ကုန်များတွင် ၁၈ ရာခ

Monday, 1 Jan 2024

လူတို့ တစ်နေ့တာ  အသက်ရှင်နေထိုင် လှုပ်ရှားသွားလာရန် အတွက် နေ့စဉ်မပါမဖြစ် စားသောက်ရသည့် အစားအစာများသည် သန့်ရှင်းမှုရှိရန် လိုအပ်ပါသည်။ ]သန့်ရှင်းကျန်းမာ ဘေးကင်းကွာ} ဟုဆိုသည့်အတိုင်း သန့်ရှင်းသည့်အစားအစာကို စားသုံးမှသာလျှင် ဘေးအန္တရာယ်  ကင်းရှင်းပြီး ကျန်းမာရေးအတွက် အထောက် အကူဖြစ်စေမည်ဖြစ်သည်။ အစားအစာများ ဘေးရှင်းရေး၊ သန့်ရှင်း ရေးအတွက် မှိုဖြစ်ပွားမှုမရှိစေရန်မှာ အရေးကြီးသည့် အချက်တစ်ခု ဖြစ်သည်။ မှိုသည် လိုအပ်သောလေနှင့် အစို ဓာတ်တို့ရရှိပါက အစား အစာများတွင် ရှင်သန်ပေါက်ပွားနိုင်သည်။ မှိုများ အလွယ်တကူ ရှင်သန်ပေါက်ပွားနိုင်သော အစားအစာများမှာ ပေါင်မုန့်၊ ထောပတ်၊ အခွံမာသစ်သီးမ

Monday, 1 Jan 2024

ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်အတွက် အဓိကအရေး ပါသော   ကမ္ဘာ့ဆန်စပါးကဏ္ဍတွင် ရာသီဥတုပြောင်းလဲမှုများနှင့် စားနပ်ရိက္ခာဖူလုံမှုတို့ကဲ့သို့သော   အခြေအနေများနှင့် ရင်ဆိုင်နေ ရသည်။ ယခုနှစ် ကမ္ဘာ့ဆန်ဈေးကွက်မှာ ထုတ်လုပ်မှုများ ကျဆင်း ခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းများနှင့် အထူးသဖြင့် အာရှဈေးကွက် တွင် စားနပ်ရိက္ခာဖူလုံမှုအတွက် လွှမ်းမိုးထားခြင်းများ ဖြစ်ပေါ်လျက် ရှိနေသည်။ 

Monday, 1 Jan 2024

မဲခေါင်- လန်ချန်းဒေသသည် အာရှတွင် အကြီးမားဆုံး ဖွံ့ဖြိုး တိုးတက်မှုအလားအလာရှိသည့်  ဒေသများအနက်  တစ်ခုဖြစ်သည်။ လန်ချန်းနှင့်မဲခေါင်မြစ်သည် အမည်ကွဲပြားသော်လည်း  တရုတ်နှင့် အင်ဒို-တရုတ်ကျွန်းဆွယ်ကိုဖြတ်၍ စီးဆင်းနေသော အရေးကြီးသော မြစ်—တူညီသောမြစ်ကို  ရည်ညွှန်းသည်။    တရုတ်နိုင်ငံQinghai-တိဘက်ကုန်းပြင်မြင့်မှ  မြစ်ဖျားခံသော မြစ်သည်Qinghai- ကွမ်းရှီး ပြည်နယ့်ကျ့ကတွင် အရင်းအမြစ်ရှိသည်။တရုတ်နိုင်ငံတွင် Yushu တွင်  မြစ်ဟုခေါ်တွင်ပြီး ယူနန်ပြည်နယ်မှ စီးဆင်းကာ  မြစ်အောက်ပိုင်းတွင် မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို  ဖြတ်၍ စီးဆင်းနေသော မဲခေါင်မြစ်သည် အရှည်ကီလိုမီ

Monday, 1 Jan 2024

ကျောက်ဖြူ   အထူးစီးပွားရေးဇုန် ရေနက်စီမံ ကိန်းနှင့်စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် (Addendum) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ဒီဇင်ဘာ ၂၆ ရက် ညနေပိုင်းကပြုလုပ်ခဲ့သည်။ 

Wednesday, 20 Dec 2023

မွန်ပြည်နယ်သည်   အစိမ်းရောင်  တော တောင် သဘာဝကို  ပိုမိုလှပအောင် ဆောင်ရွက် လုပ်ကိုင်နေကြသော ပြည်နယ်ဖြစ်သည်။ ကျိုက်ထို မြို့နှင့်ဘီးလင်းမြို့နယ်တို့တွင် ဝါးတောများ ပေါက် ရောက်ပြီး  ယင်းဒေသခံ ပြည်သူများက ဝါးတောကို အမှီပြု၍  လုပ်ကိုင်စားသောက်ကြသဖြင့် စိုက်ပျိုး ရေးနည်းပညာ  ကျွမ်းကျင်သူများ  ဖြစ်ကြသည်။  ကရင် ဝါးစိုက်တောင်သူများသည် ဝါးစိုက်ပျိုးခြင်း၊ ဝါးခုတ်လုပ်ငန်းလုပ်ကိုင်ခြင်းကို   မိသားစုအလိုက် လုပ်ကိုင်ကြသည်။  ဒေသမှထွက်ရှိသော ဝါးကုန် ကြမ်းများကို အသုံးပြုကြရာတွင်  ဝါးအိမ်ဆောက် လုပ်ခြင်း၊ အိမ်ခေါင်မိုးခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ ဝါးကုလားထိုင်    ပြုလုပ်ခြင်း၊    ခြင်းတောင

Pages