Main menu

Background

Monday, 1 Dec 2025

ယနေ့ခေတ်တွင် နည်းပညာများ မြန်မြန်ဆန်ဆန် တိုးတက်နေပြီး လူတိုင်းအတွက် အင်တာနက်နှင့် ဖုန်းများ မရှိမဖြစ် လိုအပ် လာလျက်ရှိသည်၊။ ယနေ့ကမ္ဘာပေါ်တွင် လူ ၁၀ ဦးလျှင် ခုနစ်ဦးနီးပါး (၆၈ ရာခိုင်နှုန်း) သည် အင်တာနက် ကို အသုံးပြုနေပြီး အသက် ၁၀ နှစ်နှင့်အထက် လူငါးဦးတွင် လေးဦးသည် မိုဘိုင်းလ်ဖုန်း ပိုင်ဆိုင်ကြသည်။ Óဏ်ရည်တု (AI)) စွမ်းအင်သုံး  အသုံးချပရိုဂရမ်များကို  ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေးနှင့်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု  စသည့် နယ်ပယ်များတွင် လျင်မြန်စွာ လက်ခံအသုံးပြုလျက် ရှိသည်။  ဒစ်ဂျစ်တယ်နည်းပညာများသည် သင်ယူသူများ အတွက် ဒေသသုံးဘာသာစကားများအသုံးပြုရာတွင် လွယ် ကူ ချောမွေ့အောင်၊ အ

Wednesday, 3 Sep 2025

လူတို့၏ နေထိုင်မှုစနစ်တွင် စား၊ ဝတ်၊ နေရေးဟူ၍ အရေး သုံးပါးရှိသည့်အနက်  အဝတ်သည် ဒုတိယအရေးကြီးဆုံးဖြစ် သည်။ 

Wednesday, 3 Sep 2025

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)ရှိ မုဒွန်းကျေးရွာ သည် လက်မှုလုပ်ငန်းများထွန်းကားသော ကျေးရွာတစ်ရွာဖြစ်သည်။ အိမ်ခြေ ၁၇၀ဝ အိမ်ရှိသော မုဒွန်းကျေးရွာနေ ရွာသူ၊ ရွာသားများမှာ အများအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြ သည်။ ၎င်းတို့အနက် အချို့မှာ ကျောက်သင်ပုန်းလုပ်ငန်းကို  လုပ် ကိုင်ကြသည်။ ‌ရှေးယခင်ကတည်းကပင် ဘုန်းတော် ကြီးပညာသင် ကျောင်းများ၊ ]အ}သုံးလုံးသင်တန်းများ၊ အခြေခံပညာ ကျောင်းများ တွင် ကျောက်သင်ပုန်းနှင့် ကျောက်တံကိုသာ အသုံးပြုခဲ့ကြသည်။
မြန်မာ့ကျောက်သင်ပုန်းသမိုင်းအစ 

Thursday, 7 Aug 2025

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်၍ စိုက် ပျိုးရေးဖြစ်ထွန်းရာ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဆန်စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ် လျက်ရှိရာ ကြက်သွန်နီကိုလည်း တစ်ပိုင်တစ်နိုင်မှ ဒေသစီးပွားဖြစ် စိုက်ပျိုးကြသည်။ ကြက်သွန်နီသီးနှံကို မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသ ကြီးတို့တွင် ဒေသစီးပွားဖြစ် အများဆုံး စိုက်ပျိုးကြသည်။ 

Monday, 4 Aug 2025

နိုင်ငံတော်၏ စီးပွားရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကိုရရှိစေရန်အတွက် အဓိကအားဖြင့် နိုင်ငံတော်၏ထုတ်လုပ်မှုစွမ်းအား တိုးတက် မြင့်မားမှုရှိရန် လိုအပ်သည်။ နိုင်ငံတော်၏ ထုတ်လုပ်မှုစွမ်းအား မြင့် မားလာစေရေးအတွက် နိုင်ငံတော်တွင် လူသားအရင်းအမြစ်များ အား ခေတ်မီနည်းပညာများကို အသုံးပြုနိုင်အောင် လေ့ကျင့်မွေး ထုတ်ပေးပြီး ခေတ်မီနည်းပညာများကို အသုံးပြုရန် လိုအပ်သည်။ ယနေ့ခေတ် ခေတ်မီနည်းပညာများတွင် Digital နည်းပညာသည် အချက်အလက်(Data) မြောက်မြားစွာကို တိကျမှန်ကန်မြန်ဆန် အောင် တွက်ချက်ဆောင်ရွက်ပေးပြီး၊ တိကျမှန်ကန်သောလုပ်ဆောင် မှုများကို ဆောင်ရွက်စေခိုင်းနိုင်သည့် နည်းပညာဖြစ်သည်။ 

Monday, 7 Jul 2025

ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်အရ ဖိလစ်ပိုင်နိုင်ငံ၏ အုန်းသီးနှင့် အုန်းထွက်ပစ္စည်း (coconut-based products) များ၏ တင်ပို့မှုပမာဏသည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှ မေလအထိ အမေရိကန်ဒေါ်လာ ၉၃၀ ဒသမ ၆၁ သန်းရှိရာမှ ၂၀၂၅ ခုနှစ်၊ အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁ ဘီလီယံ (၅၂ရာခိုင်နှုန်း) သို့လည်းကောင်း၊ အုန်းဆီ (Coconut Oil)) တင်ပို့မှုမှာလည်း အမေရိကန်ဒေါ်လာ ၇၆၁ ဒသမ ၈၈ သန်းရှိရာမှ ၁ဒသမ ၁၈ ဘီလီယံသို့ အသီးသီး မြင့်တက်ခဲ့သည်။ 

Monday, 7 Jul 2025

ယနေ့မျက်မှောက်ခေတ်တွင် ကမ္ဘာကြီး သည် နည်းပညာ၏ အရှိန်အဟုန်ဖြင့် ပြောင်းလဲ နေသော ဒစ်ဂျစ်တယ်ခေတ်ဖြစ်ပြီး မြန်မာ့စီးပွား ရေး လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်နည်း ပညာ များကို အသုံးပြုကာ ဈေးကွက်မြှင့်တင်ခြင်းသည် မဖြစ်မနေ လိုအပ်သော နည်းလမ်းတစ်ရပ် ဖြစ် လာသည်။ စီးပွားရေးလုပ်ငန်းများအတွက် ရိုးရာ ဈေးကွက်ရှာဖွေရေး နည်းလမ်းများထက် ဒစ်ဂျစ် တယ် မားကတ်တင်း Digital Marketing) ဟုခေါ် သော အွန်လိုင်း မှတစ်ဆင့် ဈေးကွက်မြှင့်တင်ခြင်း သည် မဖြစ်မနေ လိုက်ပါစီးဆင်းရမည့် လှိုင်းလုံး သဖွယ် ဖြစ်လာသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ဒစ်ဂျစ်တယ်  မားကတ်တင်းကို  ထိရောက်စွာ အကောင်အထည်ဖော်ခြင်းဖြင့် စီးပွားရေးလုပ်င

Tuesday, 3 Jun 2025

ဧရာဝတီတိုင်းဒေသကြီး  ချောင်းသာ၊ ငွေဆောင် ပင်လယ်ကမ်းခြေဒေသများရှိ လူသူ မနီးသော  ပင်လယ်ကျွန်း၊  ကျောက်ဆောင်၊ လိုဏ်ဂူများတွင် သဘာဝအလျောက် နေထိုင် လျက်ရှိသော ဇီဝဇိုးငှက်များသည် လေထဲတွင်ရှိ သော ပိုးမွှားများအား ဖမ်းယူစားသောက်တတ် သောကြောင့် လေစားငှက်ဟုလည်း ခေါ်ဆိုကြ သည်။ ဇီဝဇိုးငှက်သည်  စာကလေးအရွယ် ခန့်သာရှိပြီး   ပျံသန်းရာတွင်  အလွန်လျင်မြန် ၍   ညအိပ်ချိန်မှလွဲကာ တစ်နေ့လုံး   ပျံသန်း နိုင်သည်။ ဇီဝဇိုးငှက်များကို အပူပိုင်းဒေသများ နှင့်  ပင်လယ်ကမ်းရိုးတန်း ကျွန်းစုများတွင် အနှံ့ အပြားတွေ့ရှိရပြီး  မလ္လာယုကျွန်းစွယ်၊ ထိုင်း နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံအနီးရှိ ကျွန်းများ ဆေးရှဲ ကျွန

Monday, 5 May 2025

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး တိုင်း ဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ရေမြေသဘာဝရာသီ ဥတုပေါ်မူတည်၍ ပြည်တွင်းစားသုံးရန်နှင့် ပြည်ပသို့ တင်ပို့ရန် ဆန်၊ စပါး၊ ပဲမျိုးစုံ၊ လယ်ယာကိုင်းကျွန်းသီးနှံ၊ သစ်သီးဝလံမျိုးစုံ ၊ စားဖိုဆောင်သီးနှံ၊ ဟင်းသီးဟင်း ရွက်မျိုးစုံ၊  စက်မှုကုန်ကြမ်းသီးနှံ၊ နှစ်ရှည်သီးနှံ၊ သစ် တောထွက်ပစ္စည်းများ အမယ်များစွာ စိုက်ပျိုးထုတ် လုပ်လျက်ရှိသည်။ 

Pages