Main menu

Background

Wednesday, 28 Apr 2010

အိန္ဒိယနိုင်ငံသည် သကြားအများဆုံး စား သုံးသည့် နိုင်ငံဖြစ်သည်နှင့်အညီ ပြည်ပမှ သကြား အများဆုံးဝယ်ယူတင်သွင်းသည့် နိုင်ငံလည်း ဖြစ်ပါ သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင်လည်း အင် ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ် နိုင်ငံတို့သည် သကြားစားသုံးမှု(အသုံးပြုမှု) များ ပြားသည်နှင့်အမျှ ပြည်ပမှသကြား အများအပြား ဝယ်ယူတင်သွင်းရသည့် နိုင်ငံများ ဖြစ်ပါသည်။ယင်းနိုင်ငံများသည်သကြားကို ပြည်တွင်း လုံလောက်အောင် မထုတ်လုပ်နိုင်ကြပါ။လူဦးရေ တိုးတက်သည်နှင့်အမျှ လည်းကောင်း၊ စားသောက် ကုန်လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ လည်းကောင်း၊ ယင်းနိုင်ငံများသည် နှစ်စဉ်ပြည်ပမှ သကြားတန်ချိန် မြောက်မြားစွာ တိုးတက်ဝယ်ယူ တင်သွင်းရလျက်ရှိရာ သကြားကို အလွန်အရေး ကြီး ကုန်ပစ္စည်း/အရေးကြီး ကုန်ပစ္စည်း (Highly Sensitive Product/ Sensitive Product) အ ဖြစ် သတ်မှတ်ကြပါသည်။အာဆီယံ-အိန္ဒိယ FTAတွင် သကြားပါဝင်မှုအခြေအနေအာဆီယံ-အိန္ဒိယ FTA တွင် အဖွဲ့ဝင်နိုင်ငံ အလိုက် သကြားပါဝင်မှု အခြေအနေကို အောက် တွင် ဖော်ပြလိုက်ပါသည်။ဘရူနိုင်းနိုင်ငံဘရူနိုင်းနိုင်ငံသည် လူဦးရေ ၄ သိန်း ဝန်း ကျင်ရှိပြီး သကြားကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၀ သန်းခန့် ဝယ်ယူတင်သွင်းပါသည်။သကြားကို FTA တွင် ထည့်ထားပါသည်။သကြား ၏ အခြေခံအကောက်ခွန်နှုန်းမှာ သုညရာခိုင်နှုန်း ဖြစ်သဖြင့် FTA စာချုပ်အသက်ဝင်သည့် အချိန်မှ စ၍ အကောက်ခွန်မရှိ လွတ်လပ်စွာ တင်သွင်း ခွင့်ပြုထားပါသည်။ကမ္ဘောဒီးယားနိုင်ငံကမ္ဘောဒီးယားနိုင်ငံသည် လူဦးရေ ၁၅သန်း ဝန်းကျင်ရှိပြီး သကြားကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၁၄ သန်းခန့် ဝယ်ယူတင်သွင်းပါသည်။သကြားကို FTA တွင် ထည့်သွင်းထားပြီး ယင်း၏ အခြေခံအကောက်ခွန်နှုန်းမှာ ၇ ရာခိုင်နှုန်း ဖြစ်ပါ သည်။ အဆိုပါ အကောက်ခွန်နှုန်း ၇ ရာခိုင်နှုန်း ကို စည်းမျဉ်းအတိုင်း လျှော့ချသွားမည်ဖြစ်ရာ ၃၁-၁၂-၂၀၁၈ နေ့တွင် သုညရာခိုင်နှုန်းသို့ လျှော့ ချမည်ဖြစ်ပါသည်။အင်ဒိုနီးရှားနိုင်ငံအင်ဒိုနီးရှားနိုင်ငံသည် လူဦးရေ သန်း ၂၃၀ ခန့်ရှိပြီး သကြားကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၁၀၀၀ ကျော်အထိ ဝယ်ယူတင် သွင်းရသည့် နိုင်ငံဖြစ်ပါသည်။ သကြားကို FTA တွင် ထည့်မထားဘဲ ဖယ်ထုတ်ထားပါသည်။လာအိုနိုင်ငံလာအိုနိုင်ငံသည် လူဦးရေ ၆ သန်းခန့်ရှိပြီး သကြားကိုတစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၅ သန်းခန့်ဝယ် ယူတင်သွင်းပါသည်။ သကြားကို FTA တွင် ထည့်သွင်းထားပြီး ယင်း၏ အခြေခံ အကောက်ခွန်နှုန်းမှာ ၁၀ ရာခိုင်နှုန်း ဖြစ်ပါသည်။အဆိုပါ အကောက်ခွန်နှုန်း ၁၀ ရာခိုင်နှုန်းကို စည်းမျဉ်းအတိုင်း လျှော့ချမည်ဖြစ်ရာ ၃၁-၁၂-၂၀၁၈ နေ့တွင် သုညရာခိုင်နှုန်းသို့ လျှော့ချမည် ဖြစ်ပါသည်။မလေးရှားနိုင်ငံမလေးရှားနိုင်ငံသည် လူဦးရေ ၂၈ သန်းဝန်း ကျင်ရှိပြီး သကြားကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ကျော် ဝယ်ယူတင်သွင်းပါ သည်။ သကြားကို FTA တွင် ထည့်သွင်းထား ပြီး ယင်း၏ အခြေခံအကောက်ခွန်နှုန်းမှာ သုည ရာခိုင်နှုန်းဖြစ်ပါသည်။ FTA စာချုပ် အသက်ဝင် သည့်အချိန်မှစ၍ သကြားကို အကောက်ခွန်မရှိ လွတ်လွတ်လပ်လပ် ဝယ်ယူတင်သွင်းခွင့်ပြုထားပါ သည်။မြန်မာနိုင်ငံမြန်မာနိုင်ငံသည် လူဦးရေ ၅၉သန်းဝန်းကျင် ရှိပြီး တစ်နှစ်လျှင် သကြားအနည်းငယ်သာ ဝယ်ယူ  တင်သွင်းပါသည်။ သကြား၏ အခြေခံအကောက် ခွန်နှုန်းမှာ ၀ ဒသမ ၅၆ ရာခိုင်နှုန်းသာ ရှိပါသည်။ သကြားကို FTA တွင် မထည့်ဘဲ ဖယ်ထုတ်ထား ပါသည်။ဖိလစ်ပိုင်နိုင်ငံဖိလစ်ပိုင်နိုင်ငံသည် လူဦးရေ သန်း  ၉၀ ကျော်ရှိပြီး သကြားကို တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၈၀ ခန့် ဝယ်ယူတင်သွင်းပါသည်။သကြား၏  အခြေခံအကောက်ခွန်နှုန်းမှာ ၅၀ ရာခိုင်နှုန်းရှိပြီး FTA တွင် မထည့်ဘဲ ဖယ်ထုတ် ထားပါသည်။စင်ကာပူနိုင်ငံစင်ကာပူနိုင်ငံသည် လူဦးရေ ၅ သန်းခန့် ရှိပြီး သကြားကို အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ဝယ်ယူတင်သွင်းပြီး သန်း ၁၀၀ကျော် ပြန် လည်တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်ပါသည်။ ကုန် ပစ္စည်းများအပေါ် အကောက်ခွန် စည်းကြပ်ခြင်း မရှိသည့် နိုင်ငံလည်းဖြစ်ပါသည်။ထိုင်းနိုင်ငံထိုင်းနိုင်ငံသည် လူဦးရေ ၆၆ သန်းကျော် ရှိပြီး သကြားသည်  ထိုင်းနိုင်ငံ၏  အဓိကပို့ကုန် တစ်ရပ်ဖြစ်ပါသည်။  တစ်နှစ်လျှင် သကြားကို ပြည်ပသို့ အမေရိကန်ဒေါ်လာ သန်း ၁၆၀၀ကျော် တင်ပို့ပါသည်။   သကြားအတွက်   အခြေခံ အကောက်ခွန်နှုန်းမှာ ၆၅ ရာခိုင်နှုန်း ဖြစ်ပါသည်။သို့ရာတွင် သကြားကို FTA တွင် မထည့်ဘဲ ဖယ် ထုတ်ထားပါသည်။ဗီယက်နမ်နိုင်ငံဗီယက်နမ်နိုင်ငံသည် လူဦးရေ ၈၆ သန်း ကျော်ရှိပြီး သကြားကိုတစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကျော် ဝယ်ယူတင်သွင်းပါ သည်။ သကြားကို  FTA တွင် မထည့်ဘဲ ဖယ် ထုတ်ထားပါသည်။အိန္ဒိယနိုင်ငံအိန္ဒိယနိုင်ငံသည် လူဦးရေ သန်း ၁၀၀၀ ကျော်ရှိပြီး သကြားကိုအများဆုံး ဝယ်ယူတင်သွင်း သည့် နိုင်ငံဖြစ်ပါသည်။   သကြား၏ အခြေခံ အကောက်ခွန်နှုန်းမှာ ၆၀ ရာခိုင်နှုန်းဖြစ်ပြီး FTA တွင် မထည့်ဘဲ ဖယ်ထုတ်ထားပါသည်။သုံးသပ်ချက်အာဆီယံဒေသအတွင်း သကြားရောင်းဝယ် မှုသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်း ၂၀၀၀ ကျော်ရှိပါသည်။ အာဆီယံဒေသသို့ ပြင်ပ နိုင်ငံများမှ  သကြားများ  ဝင်ရောက်လာသကဲ့သို့ ဒေသမှ သကြားများလည်းဒေသအပြင်သို့  တင်ပို့ လျက်ရှိကြောင်း တွေ့ရပါသည်။သို့ရာတွင် အာဆီယံဒေသ၏ သကြားလို အပ်ချက်ကို အများဆုံးဖြည့်ဆည်းပေးသော နိုင်ငံ မှာ ထိုင်းနိုင်ငံဖြစ်ပါသည်။ AFTA အစီအစဉ်အရ သကြားသည် အရေးကြီး ကုန်ပစ္စည်းဖြစ်သော် လည်း  အာဆီယံအဖွဲ့ဝင် နိုင်ငံအများစုသည် သကြားလိုအပ်ချက်ကို ထိုင်းနိုင်ငံမှသာ ဝယ်ယူ ဖြည့်ဆည်းကြပါသည်။ထို့ကြောင့် အာဆီယံ-အိန္ဒိယ FTA တွင် သကြားကိုမထည့်ဘဲ ဖယ်ထုတ်ထားသော်လည်း ထိုင်းနိုင်ငံ၏ သကြားပို့ကုန်သည် ထိခိုက်နစ်နာမှု မရှိကြောင်းတွေ့ ရပါသည်။ ထို့ပြင် နှစ်နိုင်ငံ၏ ရှည်လျားသော  ဆက်ဆံရေးအရ အိန္ဒိယနိုင်ငံ၏ ကြီးမားသော သကြားဈေးကွက်ကို ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့(WTO)၏ ဘောင်အတွင်းမှ လွယ် ကူ ချောမွေ့စွာဝင်ရောက်နိုင်သဖြင့် အိန္ဒိယ၏ လိုအင်ဆန္ဒနှင့်အညီ ထိုင်းနိုင်ငံက သကြားကို ယခု ၤွှဗ တွင် မထည့်ဘဲ ဖယ်ထုတ်ထားခြင်းဖြစ် ကြောင်း သုံးသပ်ရရှိပါသည်။ အကျိုးထိခိုက်မှု မရှိသဖြင့်  ဆွေးနွေးဖက်နိုင်ငံအတွက် အမြင် ကောင်းအောင် ဆောင်ရွက်ပေးခြင်းသည် မှတ် သားသင့်သော စေ့စပ်ဆွေးနွေးညှိနှိုင်းခြင်းဆိုင်ရာ မဟာဗျူဟာ(Negotiating Strategy) တစ်ရပ် ဖြစ်ပါသည်။သကြားသည် အိန္ဒိယနိုင်ငံ၏ မဟာဗျူဟာ ကုန်စည် (Strategic Commodity )ဖြစ်ပါသည်။ထို့ကြောင့် သကြားကို FTA တွင် မထည့်သွင်းခြင်း ဖြစ်ပါသည်။ ပြည်တွင်းဈေးကွက်ကို ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ရန်လိုအပ်သဖြင့် ယခုလို လွတ်လပ်ခွင့် ရှိသော FTA  တွင် မထည့်သွင်း ခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။မောင်မောင်ရီ (ဘောဂဗေဒ)

Wednesday, 28 Apr 2010

ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကို ဦးတည်၍နိုင်ငံအလိုက်၊ ဒေသအလိုက်၊ အသင်း အဖွဲ့အစည်း အလိုက် ခရီးစဉ်ဒေသ မြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဒေသတွင်းနှင့် နိုင်ငံတကာ ခရီးသွားပြပွဲများတွင် တက်ရောက်ပါဝင်၍ မိမိခရီးစဉ် ဒေသ အကြောင်း မိတ်ဆက်ပြသမြှင့်တင်မှု ပြုလုပ် ခြင်းသည် ခရီးစဉ် မြှင့်တင်ရေး မဟာဗျူဟာကျ လုပ်ငန်းရပ်တစ်ခု ဖြစ်ပါသည်။ နိုင်ငံတကာ ခရီးသွားပြပွဲများ တွင် ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့၌ ဘာလင် အပြည်ပြည် ဆိုင်ရာ ခရီးသွားလုပ်ငန်းပြပွဲ (Internationale Tourismus Bourse-ITB) ကိုနှစ်စဉ် မတ်လ လယ်ခန့်တွင် ခင်းကျင်းပြသလေ့ရှိပါသည်။ ဥရောပတွင် ကျင်းပသော အခမ်းနားဆုံး ခရီး သွားပြပွဲတစ်ခုဖြစ်ပါသည်။ နှစ်စဉ်နိုင်ငံပေါင်း ၁၈၀ ကျော်ခန့်မှ ကုမ္ပဏီပေါင်း ၁ သောင်းကျော်က ပြခန်းများ ဖွင့်လှစ်ကြပြီး တက်ရောက်သူ ၁ သိန်း ကျော်ခန့် ရှိပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံများသို့ ဥရောပနှင့် ဂျာမဏီဈေးကွက်မှ ကမ္ဘာလှည့် ခရီးသည်များ ပိုမိုလာရောက်ရေးကို ဦးတည်၍ ပါဝင်တက်ရောက် ပြခန်းဖွင့်လှစ်ပြသကြပါသည်။ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင် များသည်လည်း နှစ်စဉ်မပျက်ပါဝင်တက်ရောက်၍ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု၊ ကမ္ဘာ လှည့်ခရီးသည်များ ယုံကြည်စိတ်ချစွာ လာရောက် လည်ပတ်နိုင်မှုနှင့် ထူးခြားထင်ရှားသော ခရီးစဉ် ဒေသများကို မိတ်ဆက်ပြသ၍ ခရီးစဉ် မြှင့်တင် မှုများကို ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဘုတ် အဖွဲ့အနေဖြင့်  ဂျာမဏီနိုင်ငံ ဘာလင်မြို့တွင် ၂၀၁၀ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့ အထိ  ကျင်းပပြုလုပ်သည့် (၄၄) ကြိမ်မြောက် Internationale Tourismus Bourse (အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းပြပွဲ) ITB ၂၀၁၀ တွင် မြန်မာနိုင်ငံခရီးသွား မြှင့်တင်ရေး ပြခန်းဖွင့်လှစ်၍ အောင်မြင်စွာ တက်ရောက်ပြသ ခဲ့ပါသည်။ ITB Berlin ငည တွင် နိုင်ငံပေါင်း ၁၈၇ နိုင်ငံမှ ခရီးသွားလုပ်ငန်း ကုမ္ပဏီပေါင်း ၁၁၁၂၇ ခုမှ ပြခန်းများ ဖွင့်လှစ်ပြခဲ့ပြီး ၊ နိုင်ငံပေါင်း ၁၈၀ မှ ခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ လေ့လာသူ ပေါင်း ၁၁၀၉၅၃ ဦး တက်ရောက်ခဲ့ကြပါသည်။  ထို့အပြင် နိုင်ငံပေါင်း ၈၉ နိုင်ငံမှ တရားဝင် အသိအမှတ်ပြုခရီးသွား သတင်းဆောင်းပါးရှင် ပေါင်း ၇၂၀၀ ခန့် တက်ရောက်ခဲ့ခြင်း ကြောင့် မီဒီ ယာများဧ။် အာရုံစိုက် ဂရုပြုခြင်းနှင့် ဆွဲဆောင်မှု များကို အများအပြားရရှိခဲ့ပါသည်။ မြန်မာနိုင်ငံ ပြခန်းတွင် မြန်မာနိုင်ငံဈေးကွက်မြှင့်တင်ရေး ကော်မတီနှင့် လေကြောင်းလိုင်း ၁ လိုင်း ၊ ဟိုတယ် နှင့် ရီဆော့ခ် လုပ်ငန်း ၄ ခု ၊ ခရီးသွား လုပ်ငန်း ကုမ္ပဏီပေါင်း ၁၁ ခု တို့ ပူးတွဲပါဝင် ပြသခဲ့ကြ ပါသည်။ ၂၀၁၀ ခုနှစ်အတွက် ITB ၂၀၁၀ မှ ဒေသ တွင်း ခရီးသွားလုပ်ငန်းဈေးကွက် ဖြစ်ပေါ်လာမှု ခန့်မှန်းချက်အရ ဂျပန် ၊ တရုတ်၊ တောင်ကိုရီးယား၊ တရုတ်(တိုင်ပေ)၊ အိန္ဒိယ၊ စင်္ကာပူ ၊ မလေးရှား နှင့် ထိုင်းနိုင်ငံများမှ ခရီးသည်များအနေဖြင့်  အာရှ ဒေသ များအတွင်းရှိ ခရီးစဉ်ဒေသများသို့ သွား ရောက်လည်ပတ်မှုသည် တစ်နှစ်ပတ်လုံး ဆက် လက် တိုးတက်ဖြစ်ထွန်း နေမည် ဖြစ်ပါသည်။ မလေးရှား နိုင်ငံအနေဖြင့် ကွာလာလမ်ပူမြို့ကို ဆန်းသစ်သည့် ခရီးသွားလာမှုပုံစံသစ်တစ်ခု ဖေါ်ဆောင်ကာ ခရီးသည် ၂၄ သန်းခန့်  လာ ရောက် လည်ပတ်နိုင်ရန် ကြိုးပမ်းလျက်ရှိသလို ၊ ထိုင်းနိုင်ငံအနေဖြင့် “Amazing Thailand, Amazing Value" ဟု ဈေးကွက်မြှင့်တင်ရေး ဆိုင်ရာ ဆောင်ပုဒ်များဖြင့် ခရီးသည်  ၁၅ သန်းခန့် လာရောက်လည်ပတ်အောင် ရည်မှန်းချက် ချလုပ်ကိုင် ဆောင်ရွက်လျက် ရှိပါသည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဂရုဒါ လေကြောင်း လိုင်းကို ဥရောပနှင့် ပြန်လည်ဆက်သွယ်ပြေးဆွဲ လျက်ရှိပြီး၊ ၂၀၁၀ ခုနှစ်တွင် ဥရောပမှ ခရီးသည် ပေါင်းတစ်သန်းခန့် လာရောက်လည်ပတ်နိုင် အောင် စီမံလုပ်ကိုင်လျက် ရှိပါသည်။ မလေးရှား နှင့်  အင်ဒိုနီးရှားနိုင်ငံတို့သည် နှစ်နိုင်ငံ ပူးပေါင်းကာ ယူနက်စကိုမှ ယဉ်ကျေးမှုအမွေအနှစ် ဆိုင်ရာ ထိန်းသိမ်းထားသည့် ဒေသများ ဖြစ်သည့် ဘော ရောဘူဒလ်၊ မလက်ကာနှင့် ပီနန်တို့ကို ပေါင်း စပ်ကာ အဆိုပါ နိုင်ငံများတွင် အခြေစိုက်သည့် ခရီးသွားလုပ်ငန်းအဖ့ွဲအစည်းများမှ ခရီးစဉ်များ ရေးဆွဲလျက် တရုတ် ၊ ဂျပန် ၊ ဟောင်ကောင် ၊ ဂျာမဏီ၊ ပြင်သစ် ၊ နယ်သာလန် ၊ အီတလီ နှင့် အင်္ဂလန်နိုင်ငံတို့အားဈေးကွက် အဖြစ် သတ်မှတ် ကာ ဆွဲဆောင် ရောင်းချလျက်ရှိပါသည်။ သီရိလင်္ကာနိုင်ငံအနေဖြင့် နှစ်ပေါင်းကြာမြင့်စွာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ် အဆုံးသတ်သွား သည့် အတွက် ခရီးသွားလုပ်ငန်းဈေးကွက် အတွင်း သ့ို သစ်လွင်သည့် ပုံစံတစ်ခုအနေဖြင့် ခရီးသည် များအား ယုံကြည် စိတ်ချမှု တိုးတက်လာအောင် တိကျပြတ်သားသည့် လုပ်ငန်းဆိုင်ရာ ရည်မှန်း ချက်များဖြင့် ဝင်ရောက်လာခဲ့ပါသည်။  ခရီးသွား လုပ်ငန်းသမိုင်းတွင် အကြီးဆုံးသော လုပ်ငန်းဆိုင် ရာ ဖေါ်ဆောင်မှုအဖြစ်၂၀၁၁ ခုနှစ်ကို "သီရိ လင်္ကာ ခရီးသွားနှစ်" အဖြစ် သတ်မှတ်ကာ လုပ်ကိုင်ဆောင်ရွက်ရန်ပြင်ဆင်ထားရှိပြီးဖြစ်ပါသည်။ အိန္ဒိယနိုင်ငံအနေဖြင့် Rajasthan, Madhya Pradesh, Maharashtra, Karnatakaစသည့်ဒေသများကို အခြေခံကာ ခရီးစဉ်အသစ် များ ရေးဆွဲလုပ်ကိုင်လျက်ရှိသလို ခေတ်မီအသုံး အဆောင်များနှင့် ထည့်သွင်း တည်ဆောက်ထား သည့် မော်တော်ယာဉ်များဖြင့် (Caravan) ခရီး လှည့်လည်နားနေရန် ပန်းခြံများကို တည်ဆောက် Delhi-Jaipor-Agraမြို့များကိုဆက်စပ်ကာ ခရီးစဉ်ဒေသအဖြစ် လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါသည်။ စင်္ကာပူနိုင်ငံအနေဖြင့် Uniquely Singaporeဆောင်ပုဒ်ဖြင့် (၆)နှစ်ခန့် လုပ်ကိုင်ဆောင်ရွက် လျက် ရှိနေရာမှ ဒစ်ဂျစ်တယ်ခေတ်အတွက် ဆန်းသစ် သည့် ဒေသတစ်ခုအဖြစ် ITN၂၀၁၀ တွင် ဖေါ်ထုတ်ကာ YourSingapore.com  အင်တာ နက်စာမျက်နှာတည်ထောင်ပြီး ဈေးကွက် မြှင့်တင် ခဲ့ပါသည်။  TTG Asia မှ ITB ၂၀၁၀ တွင် နေ့စဉ်ထုတ်ပြန်ထားရှိသည့် ဂျာမန် ခရီးသွား ဈေးကွက်ခန့်မှန်းချက်၊ အာရှနိုင်ငံများသို့ ခရီးသည် ရောက်ရှိမှုသုတေသနပြု ထုတ်ပြန်ထား ရှိချက်များ ၊ ခရီးစဉ်ဒေသများအပေါ် လေ့လာ သုံးသပ်ချက်များ ၊ ဟိုတယ် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှု ၊ ဟိုတယ် အဆင့်အတန်း သတ်မှတ် ချက် များ ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သတင်း အချက် အလက်များ၊ သင်္ဘောဖြင့်ခရီးလှည့်လည်မှုပုံစံများ စသည်ဖြင့် အသေးစိတ် ထုတ်ပြန်ထား ရှိချက် များကို ရန်ကုန်မြို့၊ ကုန်သည်ကြီးများဟိုတယ်ရှိ မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေး ကော်မတီ ရုံးခန်းတွင်ရယူနိုင်ပါသည်။ မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေး ကော်မတီ အနေဖြင့် အဆိုပါ ခရီးသွားလုပ်ငန်းပြပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ သတင်းအချက်အလက်များ ဖေါ်ပြထားရှိသည့် စာအုပ်ငယ်များ လှပ ဆန်း ကျယ် မြန်မာပြည်ဝယ် ခေါင်းစဉ်ပါ စီဒီများ၊ တက်ရောက်လာကြသူများဧ။် ခရီးသွားလမ်းညွန် စာအုပ်များ၊ ခရီးစဉ်ဒေသ ဒီဗွီဒီမှတ်တမ်းများ၊ အဖွဲ့ဝင်ကုမ္ပဏီများဧ။် လက်ကမ်းကြော်ငြာများ၊ ဒေသမိတ်ဆက်ခရီးစဉ်ကြော်ငြာများနှင့် အခြား သော ခရီးသွား လုပ်ငန်းဆိုင်ရာ ရည်ညွှန်းချက် သတင်း အချက်အလက်များကို ဖြန့်ဝေပေးခဲ့ပါ သည်။ ၎င်းင်းအပြင် နိုင်ငံတကာခရီး သွားလုပ်ငန်းရှင် များ အတွက် ဒေသမိတ်ဆက်လေ့လာရေးခရီးစဉ် Familiarization Trip များကိုလည်း ကြော်ငြာ ဖြန့်ဝေဖိတ်ခေါ်ခဲ့ပါသည်။ ယခုနှစ် ITB ၂၀၁၀တွင် မြန်မာနိုင်ငံ  ခရီးသွား လုပ်ငန်းပြခန်း တည်ရှိရာနေရာသည် အကောင်း ဆုံး နေရာတစ်ခု ဖြစ်သော်ငြားလည်း အကျယ် အဝန်း  (၅၁) မီတာပတ်လည်ရှိသည့်  ပြခန်းတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီပေါင်း ၁၆ ခု ပြသခြင်းအတွက် နေရာအခက်အခဲများ ရှိခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များအနေဖြင့် အကြီးမားဆုံးနှင့် အရေး အကြီးဆုံးဖြစ်သော နိုင်ငံတကာ ခရီးသွားပြပွဲများ ဖြစ်သည့် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ဘာလင် အပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲ (ITB) ၊ အင်္ဂလန် နိုင်ငံ လန်ဒန်မြို့ တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ ခရီးသွား ပြပွဲ (WTM) များတွင် နိုင်ငံကိုယ်စားပြု ပြခန်းဖွင့်လှစ်၍ မြန်မာနိုင်ငံ ခရီးစဉ် ဒေသကို ပြသ လျှက်ရှိပါသည်။ ထိုသို့ပြသရာတွင် ပိုမိုထိရောက် အကျိုးရှိစေရန် အောက်ဖေါ်ပြပါ အချက် အလက်များကို ပြင်ဆင်လုပ်ဆောင်သွားရန် လိုအပ်ပါသည်။ - လက်ကမ်းကြော်ငြာများနှင့် အခြားသော ခရီးသွားလုပ်ငန်းဆိုင်ရာ မီဒီယာများ တွင် အသုံးပြု နိုင်ရန်အတွက်ခရီးစဉ် ဒေသ များ၏ အဆင့်မြင့် အရည်အသွေးမီ ဓါတ်ပုံများ ဖြန့်ဝေခြင်း - ခရီးစဉ်ဒေသများရှိ မြန်မာ့ ရိုးရာ အစဉ် အလာများ၊ အားလပ်ရက်ပွဲတော်များနှင့် လူနေ မှု ဓလေ့စရိုက် များကိုအခြေခံကာ ခရီးသွား လုပ်ငန်းဆိုင်ရာ စာအုပ်ထုတ်ဝေထားရှိခြင်း - ခရီးသွားလုပ်ငန်းသတင်းစာဆရာများနှင့် ဆောင်းပါးရေးသားသူများကို ဖိတ်ခေါ်ကာ Press Conference များပြုလုပ်ခြင်း၊ ဒေသ မိတ်ဆက်ခရီးစဉ်များ ပြုလုပ်ခြင်း - မြန်မာ့ခရီးစဉ်ဒေသများနှင့် စပ်လျဉ်းကာ ကမ္ဘာ့အဆင့်မီ ရုပ်ရှင်ထုတ်လုပ်ခြင်းနှင့် သတင်း မှတ်တမ်း ရုပ်ရှင်များရိုက်ကူးကာ ဖြန့်ေ၀ မိတ်ဆက်ခြင်း - မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဘုတ်အဖွဲ့၏ကိုယ်စားလှယ် ရုံးများကို ဥရောပနှင့် အခြားသော အရေးပါ သည့် ဒေသများတွင်ထားရှိခြင်း - အရည်အသွေး အဆင့်အတန်းမီ ပိုစတာ များထုတ်ဝေခြင်း ကမ္ဘာနှင့်အဝန်းတွင် အစဉ်အလာကြီးမားသည့် ခရီးသွားလုပ်ငန်းဆိုင်ရာပြပွဲများ၌ ပါဝင်ပြသရာ တွင် နိုင်ငံတော်နှင့် ပုဂ္ဂလိကလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ကာ ဟန်ချက်ညီညီ အကျိုးပြုလုပ်ကိုင် ခြင်းသည် အရေးပါသော အခန်းကဏ္ဍတစ်ခု အဖြစ်တည်ရှိနေပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းဆိုင် ရာ ပြခန်း အပြင်အဆင်နှင့် နေရာချထားမှုကို လာမည့် ခရီးသွားနှစ် အတွက် ပြုပြင်ပြင်ဆင်ကာ အကောင်းဆုံးနှင့် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပြသနိုင်ရေး၊ နိုင်ငံကိုယ်စား ပြုပြခန်းကြီးကို ဂုဏ် ယူဖွယ်ရာ ပြသနိုင်ရေးအတွက် နိုင်ငံတော်နှင့် ခရီးသွား လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်း ရှင်များ၏ ပူးပေါင်း အားပေးကူညီမှုများသည် အလွန် အရေးကြီးပါကြောင်း ဖော်ပြလိုက်ရပေ သည်။မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဈေးကွက်မြှင့်တင်ရေးကော်မတီ

Wednesday, 7 Apr 2010

ရာသီဥတုပြောင်းလဲလာခြင်းဟာ ကမ္ဘာ သူ၊ ကမ္ဘာသားတွေရဲ့ စားနပ်ရိက္ခာဖူလုံမှု၊ ကျန်း မာရေး၊ စီးပွားရေး၊ စွမ်းအင်လိုအပ်ချက် ပြည့် မီရေး၊ ရေကောင်းရေသန့် ရရှိရေးတို့ကို စိန်ခေါ် လျက်ရှိနေပါတယ်။ယခုဆိုရင် အယ်နီညိုဖြစ်စဉ်ကြောင့် ပစိ ဖိတ်သမုဒ္ဒရာရဲ့ အရှေ့ဘက်မှာ မိုးတွေရွာ၊ မုန် တိုင်းတွေဖြစ်စွတ်စို  ရာသီဥတုတွေ ဖြစ်နေပေမဲ့ အနောက်ဘက်မှာတော့  ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ခံစားနေရပါတယ်။ကယ်လီဖိုးနီးယား၊  ပီရူး၊  အီကွေဒို၊ မက်ဆီကို၊ ဘရာဇီးဒေသတွေမှာ  မိုးတွေရွာ၊ မုန်တိုင်းတွေဝင်နေခဲ့ပြီး သြစတြေးလျမှာတော့ အဆိုးဝါးဆုံး တောမီးလောင်ခဲ့ပါတယ်။အင်ဒို နီးရှားမှာ မိုးခေါင်နေသလို ဖိလစ်ပိုင်မှာလဲ ရေ ကန်တွေ ရေခန်းပြီး၊ မိုးမရွာတာ သုံးလလောက် ရှိနေပြီလို့ သိရပါတယ်။  စင်ကာပူမှာဆိုရင်လဲ ပြီးခဲ့တဲ့  ဖေဖော်ဝါရီလဟာ  မိုးအနည်းဆုံးနဲ့ အပူချိန်အမြင့်ဆုံး ဖြစ်ခဲ့တာကြောင့်  သောက် သုံးရေပြဿနာ  ရှိခဲ့ပါတယ်။ အလားတူပဲ မလေးရှားမှာ သောက်သုံးရေပြဿနာ ကြုံတွေ့ နေရပါတယ်။ တရုတ်ပြည် အနောက်ပိုင်းဟာ လည်း နှစ် ၆၀ အတွင်းမှာ မိုးအနည်းဆုံးနဲ့ အပူချိန်အမြင့်ဆုံး  ဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ မှာလဲမိုးနည်းပြီး အပူချိန်မြင့်တက်လာလို့ စိုက် ပျိုးမှုမှာ အထွက်နှုန်းကို လျော့ကျစေခဲ့တယ်လို့ သိရပါတယ်။မြန်မာနိုင်ငံဟာလည်း အယ်နီညို ရာသီ ဥတုဖြစ်စဉ်ကို အခြားနိုင်ငံများနည်းတူ ခံစားခဲ့ရ ပါတယ်။ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က "မနှစ်က မြန်မာနိုင်ငံအလယ်ပိုင်းမှာ အလွန်မိုး ခေါင်ခဲ့ပါတယ်။ မြောက်ပိုင်းတွေမှာလည်း ရွာ သွန်းမြဲကို မမီခဲ့ပါဘူး။ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယ၊ တရုတ်ပြည်တောင်ပိုင်း၊ ထိုင်း နိုင်ငံမြောက်ပိုင်းတွေမှာလဲ မိုးခေါင်ခဲ့တယ်။"အာရှ မုတ်သုံကလဲ ပြီးခဲ့တဲ့ ၂၀၀၉ မှာ Moonson Failureဖြစ်ခဲ့တယ်။ မုတ်သုံကျဆုံး တယ်ပေါ့။ မုတ်သုံက ဝင်တာလဲ မမှန်ဘူး။ ထွက် တာလဲ မမှန်ဘူး။ အားလဲ မမှန်ဘူးပေါ့။ မနှစ်က အယ်နီညိုဖြစ်လို့  မိုးနည်းတဲ့အတွက် အထူး သဖြင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသတွေမှာ စိုက်ပျိုးရေး  ထိခိုက်ကြတယ်။  မြန်မာနိုင်ငံ အလယ်ပိုင်းဒေသက အကြမ်းအားဖြင့် မိုးခေါင် ရေရှားလို့ ဆည်ရေ သောက်တဲ့လယ်တွေ များ တယ်။ မြန်မာနိုင်ငံအလယ်ပိုင်းရဲ့ သဘော သဘာဝကိုက သဘာဝမိုးရေဟာ အပူကြောင့် မြေကြီးက အငွေ့ပျံတာကိုမနိုင်ဘူး။ မိုးရေချိန် ကလဲ ၄၀ လက်မအောက်မှာပဲ ရှိတယ်။မြေကြီး ရဲ့ အငွေ့ပျံတဲ့ပမာဏက ၄၀ လက်မ အထက်မှာ ရှိတယ်။  သဘာဝအရ ဘဲစားဘဲချေ မဖြစ်ဘူး။ဒါကြောင့် အလယ်ပိုင်းဒေသလို နေရာမျိုးမှာ စိုက်ပျိုးရေးလုပ်ရင်   ဆည်ရေသောက်နိုင်မှ အကျိုးရှိမယ်။  ဆည်ရေမသောက်နိုင်တဲ့ လယ် မျိုးဆိုရင် အပေါ်ရေလည်းမရ၊ အောက်ရေလည်း မရဆို မလွယ်ဘူး။ ရေသိပ်လိုတဲ့ စပါးလိုဟာ မျိုးစိုက်လို့ မရဘူး။ဒါကြောင့် အခြားပဲလို နှံသီး မျိုးပြောင်းစိုက်ကြတယ်။ ပဲစိုက်လို့ကောင်းတယ်လို့ ပြောလို့မဆုံးသေးဘူး။ နိုဝင်ဘာလ မိုးလွန်ကာလ မှာ  မိုးတွေရွာချလိုက်ပြန်ရော၊  အယ်နီညိုရဲ့ သဘောသဘာဝအရ ရာသီဥတုက ဖောက်ပြန်နေ တာလေ၊ ဒီလို မိုးတွေရွာချလိုက်တော့ ပဲပင်တွေ မသေတောင် အထွက်နှုန်း လျော့နိုင်တာဘဲ၊ တစ်ခါ ပူတဲ့အရှိန်ကလည်း မပြီးဘူး။ နိုဝင်ဘာဆောင်းဝင် ပေမဲ့ မအေးခဲ့ဘူး။ နှင်းကလဲ မကျဘူး။ ဒီတော့ ဆောင်းသီနှံအထွက်ကို ထိခိုက်စေပြန်ရော၊ ဒါကို စိုက်ပျိုးရေးပညာရှင်တွေ၊ စိုက်ပျိုးရေး လုပ်နေ သူတွေ ပိုသိမှာပါ"လို့ ရှင်းပြပါတယ်။အယ်နီညိုရဲ့ ဖောက်ပြန်တတ်တဲ့ သဘော အရ ပူတဲ့နေရာမှာ ပူခြင်း၊ မိုးနည်းတဲ့နေရာမှာ နည်းခြင်းဖြစ်နေသော်လည်း  အချို့နေရာများမှာ မိုးသည်းထန်စွာရွာခြင်း၊ မိုးရွာရမည့် အချိန်တွင် မိုးမရွာခြင်း၊ မိုးမရွာရမည့်အချိန်တွင် မိုးရွာခြင်းများ ဖြစ်ပေါ်တတ်ကြောင်း သိရပါတယ်။ကမ္ဘာ့မိုးလေဝသရက်ရှည်ခန့်မှန်းချက် ထုတ် ပြန်ကြတဲ့ မိုးလေဝသခန့်မှန်းရေး ဗဟိုဌာနများရဲ့ သြဂုတ်လအထိ ထုတ်ပြန်ချက် များအရ  မြန်မာ နိုင်ငံ အပါအဝင် အရှေ့တောင်အာရှ တစ်ခုလုံးမှာ အပူချိန် ပုံမှန်ထက်ပိုနေပြီး မိုးရွာသွန်းမှုဟာ ဖြစ်မြဲ ထက်လျော့နည်းကာ ပူပြင်းခြောက်သွေ့တဲ့ ရာသီ ဥတုရှိနေမယ်လို့ သိရပါတယ်။ ဒါ့အပြင် မုတ်သုံ အဝင်မှာလည်း ယခင်နှစ်ကလိုပဲ  နောက်ကျနိုင် ကြောင်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းထား ကြပါတယ်။ဦးထွန်းလွင်က "မုတ်သုံဆိုတာ အင်ဒိုနီးရှား ဘက်ကနေ ကျွန်တော်တို့ဘက်ကို လာရမှာ၊ အဲဒီ ဒေသတစ်ခုလုံးခြောက်သွေ့ ပူပြင်း နေတော့ မုတ်သုံ အားရှိမှာ မဟုတ်ဘူး။ ဝင်လာတောင် ချိနဲ့ချိနဲ့ ဖြစ်နေနိုင်တယ်။ အခုချိန်အထိ အိန္ဒိယမှာ အအေးဓာတ်က မကုန်သေးဘူး။  ဒါကြောင့် မုတ်သုံ အပေါ် တက်ဖို့မလွယ်သေးဘူး" လို့ ဆိုပါတယ်။မိုးလေဝသပညာရှင်များရဲ့ လေ့လာချက် အရ ဖေဖော်ဝါရီလမှာ ဥရောပအလယ်ပိုင်း တိုင်း ပြည်များတွင် ရေကြီးပါက အိန္ဒိယ၊ မြန်မာနိုင်ငံ စသော နိုင်ငံများတွင် အများအားဖြင့် မုတ်သုံ အားမကောင်းကြောင်း သိရပါတယ်။"ပေါ်တူဂီ၊ ပိုလန်နိုင်ငံတွေမှာ ဖေဖော်ဝါရီ လက ရေကြီးခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ ဘက်မှာ မုတ်သုံအား မကောင်း နိုင်ဘူး။ဝင်လာတာ လဲနောက်ကျမယ်။ ဒါကိုတောင်သူတွေ သတိပြုဖို့ လိုအပ်တယ်။  နောက်အရေးပါတာတစ်ခုက မုတ်သုံက မဝင်လို့မရဘူး။ ဒီတော့သူ့အား သူ့အင် နဲ့မလာနိုင်ရင်၊ များသောအားဖြင့် အကူအညီနဲ့ လာတတ်တယ်။ အဲဒါက မုန်တိုင်း ဖစ်တတ်တယ်။မြောက်ဘက်ကို မုန်တိုင်းက မုတ်သုံကို ဆွဲတင် လာတတ်တယ်။ မနှစ်ကလဲ မုန်တိုင်းအိုင်လာက မုတ်သုံကို ဆွဲယူလာခဲ့တာဘဲ။ အဲဒီ မုန်တိုင်းက ဘင်္ဂလားဒေ့ရှ်ကို ဝင်သွားခဲ့တယ်။ ဒီနှစ်လဲ ဒီလိုပဲ သွားမယ်ထင်တယ်။ ဒီလိုပြောလို့  မုန်တိုင်းလာ မယ်ဆိုပြီးကြောက်နေစရာမလိုဘူး။ ဘင်္ဂလားပင် လယ်အော်မှာဖြစ်တဲ့ မုန်တိုင်းတွေရဲ့ ၆ ရာခိုင် နှုန်းလောက်သာ  မြန်မာနိုင်ငံကိုလာမှာ"   ဟု ဦးထွန်းလွင်က ရှင်းပြပါတယ်။မြန်မာနိုင်ငံရဲ့ ၂၀၀၉ ခုနှစ် မိုးကာလကို ပြန်ကြည့်ပါက နှစ်ကုန်မှာ မိုးရေချိန်ရွာသွန်းမြဲ ကို မှီသွားကြောင်းတွေ့ရသော်လည်း မုတ်သုံ အဝင်နောက်ကျကာ   အထွက်စောသော ကြောင့်  မုတ်သုံကာလ  တိုတောင်းသွားပါ တယ်။ မိုးရေချိန်ပြည့်သော်လည်း မိုးရွာသွန်းမှု ပျံ့ပျံ့နှံ့နှံ့မရှိဘဲ ကျစ်ကျစ်လစ်လစ်နှင့် စုစည်း ပြီး သည်းထန်စွာ ရွာသွန်းခြင်းကြောင့် အပင် နာခြင်း၊ မြေဆီလွှာ ပျက်စီးစေခြင်း၊ ရေကြီး ပါက မျောပါစေခြင်းတို့ကြောင့် စိုက်ပျိုးရေးကို ထိခိုက်စေကြောင်း သိရပါတယ်။ရာသီဥတု ပူပြင်းလာခြင်းကြောင့် ပင် လယ်ရေမျက်နှာပြင်မြင့်တက်လာကာ ဆားငန် ရေများစိမ့်ဝင်လာခြင်း၊ ဆားငန်ရေများ ကြောင့် လယ်မြေများ ပျက်စီးနိုင်ခြင်း၊ ကမ်းပါးပြိုခြင်း များ ဖြစ်လာနိုင်ပါတယ်။ရာသီဥတုပြောင်းလဲမှုအပေါ် ခုခံကာ ကွယ်ရန် အရေးကြီးတဲ့ လက်နက်နှစ်ခုမှာ (၁) reduce လျော့နည်းအောင် လုပ်ခြင်း၊ (၂) adaption အဆင်ပြေအောင်နေခြင်းတို့ပဲ ဖြစ် တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။"ကျွန်တော် လေ့လာသိထားရတဲ့ အချက်ကတော့  ဘယ်လို ရာသီဥတုမျိုးမဆို စိုက်ပျိုးရေးလုပ်လို့ ရနိုင်တယ်ဆိုတာပဲ။ စပါး စိုက်ပျိုးတဲ့ဒေသတစ်ခုဟာ စပါးစိုက်လို့ရတဲ့ ရာသီဥတု ရှိနေသမျှ စိုက်လို့ရတယ်။ မရတဲ့ အခါအခြားလိုက်လျောညီထွေအောင် ပြောင်း စိုက်လိုက်ပေါ့။ စိုက်ပျိုးရေးသုတေသန လုပ် ငန်းတွေက မြန်မာပြည်မှာ အလွန်ဖွံ့ဖြိုးတယ်။ လယ်သမားတွေကို စီမံကိန်းတွေချမှတ်ပြီး လုပ် ပေး၊ နည်းပညာတွေပေးရင် ရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးရမှာကို နည်းပါးအောင် လုပ်လို့ရ တယ်။"ဥပမာ-သက်ကြီးစပါး မစိုက်ဘဲ သက် လတ်၊ သက်လျင်တို့ စိုက်တယ်။ ဒါလဲ အလုပ် ဖြစ်တာပဲ။ အထွက်တိုးအောင် အရင်ကအပင် ၁၀၀၀ စိုက်ရင် အခု ၁၅၀၀ လောက် ကြိုးစား စိုက်မယ်။ ဒီလိုနဲ့ပြန်ထိန်းရတာပဲ။ တစ်ခုပဲရှိ တယ်။ အားလုံးပြီးပြီ၊ ရိတ်သိမ်းဖို့အချိန် ရွှေ ရောင်ဝင်းတဲ့လယ်ကွင်းပြင်ဖြစ်မှ မိုးရွာချတာ မျိုးလည်း ရှိတတ်တယ်။ မိုးလေဝသနဲ့ စိုက် ပျိုးရေး ညီရင်းအစ်ကိုတွေပဲ ပူးပေါင်းပြီး ဒီလို ရှိတယ်ဆိုရင် အမိုးအကာအောက် မြန်မြန် ရောက်အောင်၊ မိုးမစိုအောင် ကြိုတင်ပြင်ဆင် တဲ့နည်းတွေ၊ မြန်မြန်ရိတ်တာတွေ လုပ်မယ် ဆိုရင် ရာသီဥတုကြောင့်ဖြစ်လာတဲ့ ပျက်စီးမှုကို လုံးဝမကာကွယ်နိုင်တောင် လျော့ပါးအောင် လုပ်လို့ရတယ်။ လုပ်လို့ရနိုင်တယ်ဆိုတာ သိဖို့ လိုတယ်"လို့ဦးထွန်းလွင်က ထပ်မံရှင်းပြပါ တယ်။ တိုးတက်လာမယ့် လူဦးရေ အတွက် လည်း စားနပ်ရိက္ခာ သောက်သုံးရေတွေ လို အပ်ပါတယ်။ ဒီလိုအပ်ချက်တွေကို အားလုံးပူး ပေါင်းညှိနှိုင်းပြီး ရာသီဥတုဒဏ်ကနေ လျော့ နည်းအောင်နဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေ တဲ့ နည်းစနစ်တွေနဲ့ စားနပ်ရိက္ခာတွေ ထုတ် လုပ်နိုင်ဖို့ပဲ လိုအပ်ပါတယ်။  လွင်လွင်မိုး

Wednesday, 7 Apr 2010

စစ်အေးခေတ်ကာလက အမေရိကန် နှင့် ဆိုဗီယက်တို့ ဖွံ့ဖြိုးဆဲနိုင်ငံများ အပေါ် သြဇာလွှမ်းမိုးရန် ကြံစည်ခဲ့ကြ ဖူးသည်။ ယခု ထိုပြိုင်ပွဲအတွင်းသို့ ဘရာဇီးလ်၊ ရုရှ၊ အိန္ဒိယနှင့် တရုတ်တို့ ဝင်လာကြသည်။ အပြောင်းအလဲတွေ ဖြစ်အောင်လည်း လုပ်နေကြသည်။ မတ်လတွင်  သီရိလင်္ကာနိုင်ငံသည် တရုတ်နိုင်ငံမှ လေဆိပ်သစ် ဆောက် လုပ်ရေးအတွက် ဒေါ်လာသန်း ၂၉၀၊ အိန္ဒိယနိုင်ငံမှ ရထားလမ်း အဆင့်မြှင့် ရေး အတွက် ဒေါ်လာ ၆၇ သန်းတို့ကို ရရှိခဲ့သည်။ ဆင်းရဲသောနိုင်ငံများ စီးပွားရေးနှေးကွေးမှုမှ နာလန်ထလာပြီး ချမ်းသာသောနိုင်ငံများက ဆက်လက် ယိမ်းယိုင် နေဆဲကာလတွင် ဝင်ငွေ အလယ်အလတ်တန်း အဆင့်ရှိ နိုင်ငံ ကြီးများက မိတ်ဆွေတိုးပွားရေး၊ သြဇာ လွှမ်းမိုးရေးအတွက် တစ်သက်မှာ တစ်ခါရသော အခွင့်အရေးကို အသုံးချ နေကြသည်။    ဤသို့လုပ်ဆောင်ရာ၌ တစ်ခါတစ်ရံ အကူအညီပေးခြင်း၊ ကုန်သွယ်ခြင်း၊ ငွေ ပြန်လည်လွှဲပို့ပေးခြင်း၊ ရင်းနှီး မြှုပ်နှံ ခြင်းဟူသော တိုက်ရိုက်နည်းများကို အသုံးပြုသကဲ့သို့ တစ်ခါတစ်ရံ၌လည်း ကုန်စည် ဈေးနှုန်းများမှ တစ်ဆင့်သော် လည်းကောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင် သည့် နည်းဖြင့်သော်လည်းကောင်း သွယ်ဝိုက်နည်းကို အသုံးပြုကြသည်။ သို့သော်တိုက်ရိုက်နည်း၊ သွယ်ဝိုက်နည်း တွေကို ခွဲရန်ခက်သည်။ သူကိုယ်တိုင် ကလည်းအကူအညီရယူနေဆဲဖြစ်သော ရုရှမှအပ အလှူရှင်သစ်တွေက ၎င်းင်းတို့ ၏ အလှူငွေတွေ၊ အကူအညီတွေ စာရင်းကို ထုတ်ပြန်လေ့ရှိကြသည်။ နိုင်ငံခြားဖွံ့ဖြိုးမှုသိပ္ပံ (Oversea Development Institute) ၏ လေ့ လာချက်တစ်ရပ်အရ ထွန်းသစ်စနိုင်ငံ များသည် ဆင်းရဲသောနိုင်ငံများ၏ တိုးတက်မှုအလားအလာကောင်းမွန်ရေး အတွက် သိသိသာသာ ပိုမိုအကျိုးပြု လာကြောင်း တွေ့ရသည်။    ယခုဆိုလျှင် တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများသို့ အများဆုံးလှူဒါန်းသော နိုင်ငံဖြစ်သည်။ အာဖရိကကိုလည်း အလှူငွေတွေ အများကြီးပေးမည်ဟု ကတိပြုထား သည်။ ၂၀၀၉ခုနှစ် နိုဝင်ဘာလတွင် တရုတ် ဝန်ကြီးချုပ်ဝမ်ကြားပေါင်က ၃ နှစ်အတွင်း အတိုးနှုန်းနိမ့်ချေးငွေ ဒေါ်လာ ၁၀ ဘီလီယံပေးမည်ဟု ကတိ ပြုထားသည်။ ထို့ပြင် ကြွေးမြီတွေကို ပယ်ဖျက်ပေးခြင်း၊ ဆေးရုံအသစ်များ ဆောက်လုပ်ပေးခြင်း၊ အာဖရိက တိုက် သား ၁၅၀၀၀တို့ကို လေ့ကျင့်ပျိုးထောင် ပေးခြင်း၊ ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ် အတွင်း အကူအညီ ၂ ဆ တိုးပေးခြင်း တို့ ပြုလုပ်မည်ဟု ကြေညာထားသည်။ ဆူဒန်နိုင်ငံက နိုင်ငံခြားကြွေးမြီ ဒေါ် လာ ၃၄  ဘီလီယံကို  ပြန်မဆပ်နိုင် သောအခါ  တရုတ်၊  အိန္ဒိယနှင့် ပင်လယ်ကွေ့ အတွင်းရှိ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့များကို အားကိုး အားထားပြုရသည်။ အိန္ဒိယသည် တရုတ်ထက် ခြေလှမ်း နှေးနေသော် လည်း တန်ဇန်နီးယား၏ ဘဏ္ဍာရေး အဖွဲ့ အစည်းများကို  အထူးလယ်ယာ ချေးငွေထုတ်ပေးကာ အာမခံ ကယ် တင်ခဲ့သည်။ ထိုအကူအညီ ပေးမှုမျိုး တွေသည် မကြာမီကာလများ၌ ပို၍ပင် အရေးပါလာစရာအကြောင်းရှိ သည်။ သမိုင်းကြောင်းကို ပြန်ကြည့်လျှင်လည်း ထိုအချက်ကို အထောက်အကူ ဖြစ်နေ ကြောင်း တွေ့ရသည်။ အနောက် တိုင်း နိုင်ငံများက ပေးသော အထောက်အပံ့ များသည် စီးပွားရေးနှေးကွေးမှုဖြစ်တိုင်း ဖြစ်တိုင်း၊ နှစ်နှစ်သုံးနှစ်လောက် မှေးမှိန် နေတတ်သည်။    အနောက်နိုင်ငံများနှင့် ကုန်သွယ်မှု၊ ၎င်းင်းတို့ကပေးသော နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများသည် ယခုအခါ ကျဆင်းလျက် ရှိပြီး ၎င်းင်းတို့၏နေရာကို ဝင်ငွေအလယ်အလတ်တန်းရ နိုင်ငံ များက အစားထိုးဝင်ရောက်လျက်ရှိ သည်။ ၂၀၀၈ ခုနှစ်နှင့်၂၀၀၉ ခုနှစ် ကြား အာဖရိက နိုင်ငံများတွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု သုံးပုံတစ်ပုံ ကျဆင်းသော်လည်း တရုတ်နိုင်ငံ၏ မြှုပ်နှံမှု ၈၀ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ဘရာဇီးလ်က  ၂၀၀၃ ခုနှစ်မှစ၍ ဒေါ်လာ ၁၀ ဘီလီယံ မြှုပ်နှံ သည်ဟု ဆိုသည်။ ၂၀၀၉ခုနှစ်မှစ၍ ထွန်းသစ်စ နိုင်ငံများက အာဖရိကတွင် မြှုပ်နှံမှုတွေ သိသိသာသာ တိုးပွားလာ ခဲ့သည်။    အလားတူပင် ကုန်သွယ်မှုနယ်ပယ်၌ ဆင်းရဲသော နိုင်ငံများက ချမ်းသာ သော နိုင်ငံများသို့ တင်ပို့မှု သည် ထွန်း သစ်စ နိုင်ငံများသို့ တင်ပို့မှု ထက် လျင် မြန်စွာ ကျဆင်းနေသည်ကို တွေ့ရ သည်။ ၂၀၀၈-၂၀၀၉ တွင် ချမ်းသာ သော နိုင်ငံများသို့ တင်ပို့မှု ၁၇ ရာခိုင်နှုန်း ကျဆင်းရာ ထွန်းသစ်စနိုင်ငံ များသို့ တင်ပို့မှုမှာ ၇ ရာခိုင်နှုန်းသာ ကျဆင်းမည်။သုတေသနပြုလုပ်နေ သော ကာလအတွင်းဝင်ငွေအလယ်အ လတ်ရနိုင်ငံများ၏ ကုန်သွယ်မှုအချိုးအ စားတိုးပွား၍ပင်လာကြောင်းတွေ့ရသည်။    ထိုအပြောင်းအလဲတွေကြောင့် ဖြစ်လာမည့် ရလာဒ်တွေကလည်း ရောထွေး နေသည်။ တရုတ်နှင့် အခြား နိုင်ငံ များက အနောက်နိုင်ငံများနှင့် အဆင် မပြေလှသော အစိုးရတွေကို အကူအညီ ပေးနေခြင်းအတွက် သိပ် သဘောမကျကြ။  တစ်ဖန် တရုတ် နိုင်ငံက ပေးသော အကူအညီများသည် တရုတ် ကုမ္ပဏီများ  ရောင်းချသော၊ တည်ဆောက်သော ဆေးရုံတွေ၊ လမ်း တွေ၊ အသုံးအဆောင်မျိုးတွေ ဖြစ်နေ တတ်သည်။ အချို့အကူအညီဆိုသည် မှာ ကူးသန်း ရောင်းဝယ်ရေးဘဏ် များ၏ အတိုးနှုန်းထက် နည်းနည်းသာ သက်သာသော ချေးငွေတွေ ဖြစ်နေ တတ်သည်။ အာဖရိက အစိုးရများက အနောက်နိုင်ငံများသို့ ပေးစရာရှိသော ေ<ကးမြီ အတော်များများကို စာရင်းမှ ပယ်ဖျက်ပြီးသလောက် ရှိနေကာ  ယခု အခါ အခြားနိုင်ငံများသို့ ပေးစရာ ရှိသော ကြွေးမြီတွေတစ်ပုံတစ်ပင် ဖြစ်နေပြီ။ ထိုအကူအညီမျိုးတွေက ထောင်ချောက်လို ဖြစ်နေမည်ကို စိုးရိမ်ကြသည်။    ထွန်းသစ်စ နိုင်ငံများသည် ဆင်းရဲ သော နိုင်ငံများမှ ကြေးနီနှင့် ဝါဂွမ်း တို့ကဲ့သို့သော ကုန်ကြမ်းတွေကို တင် သွင်း နေရသည်။ ချမ်းသာသောနိုင်ငံ တွေက  အဝတ်အထည်လို ကုန်ချော တွေကို ဝယ်ယူကြသည်။  ထို့ကြောင့် ထွန်းသစ်စ နိုင်ငံများနှင့် ကုန်သွယ်မှု တိုးပွားပြီး ချမ်းသာသောနိုင်ငံများနှင့် ကုန်သွယ်မှု   လျော့ကျခြင်းသည် ကုန်သွယ်မှု   နယ်ပယ်တွင် တန်ဖိုး မြင့်ကုန်ရောင်းရာမှ  တန်ဖိုးနိမ့်ကုန် ရောင်းသည့်အဆင့်သို့ ကျဆင်းသွား ခြင်းဖြစ်သည်။ တရုတ်ချမ်းသာ <ကယ်၀ လာအောင်လုပ်သည့်နည်းနှင့်  ပြောင်း ပြန် ဖြစ်နေသည်။ တရုတ်နှင့် အိန္ဒိယ တို့က ကုန်ကြမ်းတွေ ဆာလောင် မွတ် သိပ် နေကြခြင်းသည် ဆင်းရဲသော နိုင်ငံများ၏ ပို့ကုန်ဈေးကွက်တွေ ဖြန့်ကျက်စေနိုင်သော်လည်း ၎င်းင်းတို့၏ စက်မှုလုပ်ငန်းတွေကို ဖြန့်ကျက်စေရန် လုပ်ဆောင်နိုင်ခြင်းမရှိသဖြင့် ဈေးနှုန်း အတက်အကျ ပြောင်းလဲ လွယ်သော ကုန်စည်ဈေးကွက်ကို ပိုမိုအားကိုးရာ ရောက်အောင်   လုပ်ပေးလိုက်သလို ဖြစ်နေသည်။ ထို့ပြင် တရုတ်နိုင်ငံက ၎င်းင်း၏ ငွေဖလှယ်နှုန်း နိမ့်ကျနေအောင် ပြုလုပ်ထားသော ဒဏ်ကိုလည်း ခံစား ကြရသည်။ ထို့ကြောင့် ယှဉ်ပြိုင်နိုင်စွမ်း ကို ထိခိုက်ကာ ၎င်းင်းတို့၏ငွေကြေး တန်ဖိုးများကိုလည်း ကျဆင်းအောင် ဖိအားပေးရာရောက်သည်။    ထိုသို့ဆိုသဖြင့် ထွန်းသစ်စ နိုင်ငံ များသည် ဆင်းရဲသောနိုင်ငံများ၏ စီးပွားရေးအတွက် မကောင်းဟု မဆို လိုပါ။ ထွန်းသစ်စနိုင်ငံတွေသာ မရှိလျှင် ဆင်းရဲသော နိုင်ငံများသည် ကမ္ဘာ့ စီးပွားရေးနှေးကွေးမှု၏ ဂုဏ်ကိုပိုမို၍ပင် ခံစားစရာအကြောင်းရှိသည်။ အရှေ့ ဥရောပတွင် ဘာလင် တံတိုင်း ကြီးပြိုကျမှု အရေးပါသကဲ့သို့ ထွန်းသစ် စ နိုင်ငံများအလှူရှင် အဖြစ် ပေါ်ထွက် လာ ခြင်းသည်လည်း ဆင်းရဲသော နိုင်ငံများအတွက် အရေးပါသည်။ သို့သော်ထိုအကြောင်း တစ်ခု တည်း ဖြင့် ဒေသတစ်ခုလုံး၏ ပြဿနာများကို တစ်ချက်တည်းအပြီး ဖြေရှင်းနိုင် မည် မဟုတ်ပေ။    အာဖရိကတွင်လည်း အလားတူပင်ဖြစ်ရာ အုပ်ချုပ်ပုံ အုပ်ချုပ်နည်း ကောင်းမွန်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ ဆက်လက် လိုအပ်နေမည်သာ ဖြစ်သည်။မောင်ရန်အေး

Wednesday, 7 Apr 2010

ရာသီဥတုပြောင်းလဲမှုကြောင့် စားနပ်ရိက္ခာ အတွက် ငါးကိုသာ အဓိကမှီခိုစားသုံးနေကြရတဲ့ နိုင်ငံတွေအတွက် စိုးရိမ်ဖွယ်ရာ ခြိမ်းခြောက်မှု နှစ် ခုနဲ့ ကြုံတွေ့လာနေရပါတယ်။ အဲဒါတွေကတော့ ငါးဖမ်းတဲ့အခါ ပင်လယ်ကမ်းခြေတွေမှာမှာ ကျ ရောက် လေ့ရှိတဲ့ မုန်တိုင်းတွေနဲ့ သန္တာကျောက် တန်းတွေ ပျက်စီးလာခြင်းတို့ပဲဖြစ်ပါတယ်။ သန္တာ ကျောက်တန်းတွေမှာ လူတွေရဲ့ အစားအစာဖြစ် တဲ့ အပင်နဲ့ ငါးမျိုးစိတ် သန်းပေါင်းများစွာတည်ရှိ နေကြပြီး မိုးသစ်တောတွေလိုပဲ ဇီဝမျိုးစိတ်အလွန် <ကယ်ဝတဲ့ ဂေဟစနစ်တစ်မျိုးဖြစ်ပါတယ်။သန္တာကျောက်တန်းတွေရဲ့ ပမာဏဟာ ကမ္ဘာ့ရေထုရဲ့ ၀ ဒသမ ၂၅ ရာခိုင်နှုန်းသာ ရှိ ပေမယ့်လည်း ငါးမျိုးစိတ် (၄)ပုံ (၁)ပုံတို့ မှီခို ရှင်သန်ရာ နေရာဖြစ်ပါတယ်။ အချို့ပင်လယ် ကမ်းခြေတွေမှာ  သန္တာကျောက်တန်းတွေဟာ ရေလှိုင်းလုံးကြီးတွေရဲ့ ဒဏ်ကြောင့် ကမ်းခြေ ပျက်စီးခြင်းမရှိစေရန် အကာအကွယ်ပေးထား ကြပါတယ်။ ဇီဝမျိုးစိတ်<ကယ်ဝတဲ့နေရာတွေဖြစ် တဲ့အတွက် သန္တာကျောက်တန်းတွေ ပျက်စီးမှု ဟာ ကမ္ဘာ့သက်ရှိလောကတစ်ခုလုံးရဲ့ အရေး လို့ ဆိုနိုင်ပါတယ်။ ပူနွေးလာတဲ့ ပင်လယ်ရေ၊ ငါးအလွန်အကျွံ ဖမ်းဆီးမှု၊ ပိုးသတ်ဆေး၊ ဓာတ် မြေသြဇာ၊ လူတွေစွန့်ပစ်တဲ့ အညစ်အကြေးတွေ ပင်လယ်ရေတွင်း စီးဆင်းနေမှုနဲ့ မုန်တိုင်းတွေ ကြောင့် ဖြစ်ပေါ်တဲ့ ဒီရေလှိုင်းကြီးတွေက သန္တာ ကျောက်တန်းတွေကို ဖျက်ဆီးနေကြပါတယ်။မော်လဒိုက်ကျွန်းကိုကြည့်ရင် ပင်လယ်ရေ လှိုင်းလုံးကြီးတွေဟာ  ပင်လယ်ကွေ့လေးတစ်ခုရဲ့ ကမ်းခြေတစ်ဖက်မှာရှိတဲ့ သန္တာ ကျောက်တန်းတွေနဲ့ ကျောက်ဆောင်တွေကို ရိုက်ခွဲဝါးမြိုပြီး အခြား ကမ်းခြေတစ်ဖက်ကို ရောက်ရှိသွားအောင် တိုက် ခတ်လေ့ ရှိပါတယ်။ ဒါ့ကြောင့် ယခုအခါ ပင်လယ် ဒီရေတွေကို ကာကွယ်ပေးတဲ့ သန္တာကျောက်တန်း တွေ ပျက်စီးကုန်တဲ့ပြဿနာနဲ့  ကြုံတွေ့နေရပါ တယ်။ မော်လဒိုက်သမ္မတ နာရှစ်က မိမိကျွန်းစုကို သန္တာကျောက်တန်းတွေလို ရေလှိုင်းဒဏ်ခံနိုင်တဲ့ သဘာ၀ အတားအဆီးတွေနဲ့ ပင်လယ်ရေမျက်နှာ ပြင်မြင့်တက်လာတဲ့ အန္တရာယ်ကို ကာကွယ်ဖို့ ကြိုး စားမယ်လို့ ပြောပါတယ်။ သန္တာကျောက်တန်းကြီး တွေဟာ ၂၀၀၅ ခုနှစ် ဆူနာမီတုန်းက ဖြစ်ပေါ်ခဲ့တဲ့ ပင်လယ်ဒီရေလှိုင်းတွေကို  စုပ်ယူခဲ့တဲ့အတွက် မော်လဒိုက်ကျွန်းစုဟာ အဲဒီရေလှိုင်းကြီးတွေရဲ့ အန္တရာယ်ကနေ  သက်သာခဲ့ရတယ်လို့ သိရပါ တယ်။ ဒါကြောင့် ယခုအခါ Milan တက္ကသိုလ်ရဲ့ အကူအညီနဲ့ မော်လဒိုက်ကျွန်းမှာ ပင်လယ်ရေ ကြောင်းဆိုင်ရာ သုတေသနဌာနတစ်ခုကို တည် ထောင်ပြီး ကာကွယ်ဆောင်ရွက်သွားဖို့ စီစဉ်နေ တယ်လို့ သိရပါတယ်။ သမ္မတနာရှစ်က "အရင်ဆုံး သန္တာကျောက်တန်း တွေကို ကာကွယ်ခြင်းအားဖြင့် လူတွေနဲ့ သစ်ပင်တွေ ကမ်းခြေတွေကို ပင်လယ် ဒီလှိုင်း အန္တရာယ်တွေက ကာကွယ်နိုင်တယ်ဆို တာ ကမ္ဘာကို ပြသဖို့ဖြစ်ပါတယ်" လို့ ပြောပါတယ်။ရာသီဥတုပြောင်းလဲလာမှုမှာ သစ်တော တွေပြုန်းတီးလာမှုနဲ့ ဒီရေတောတွေခုတ်ယူမှုတို့ အဓိက  အကြောင်းအရင်းကြီးတစ်ခု  ဖြစ်ပါ တယ်။ ဒီရေတောတွေရဲ့  ဂေဟာစနစ်ပျက်စီးမှု မရှိရင် ပေါက်ရောက်မှုလျင်မြန်ပြီး စိုက်ပျိုးရေး ဆိုင်ရာ  ဂေဟစနစ် သတ္တဝါတွေရဲ့ ဇီဝဗေဒနဲ့ လူမှုစီးပွားရေးတိုးတက်မှုတွေအပေါ် အကျိုး သက်ရောက်မှုများစွာ ရှိစေပါတယ်။ ဒီရေတော တစ်ဟက်တာမှာ ငါးပုစွန် ၄၀၀ ကီလိုဂရမ် က နေ ၆၀၀ ကီလိုဂရမ်အထိ ခိုအောင်းနေထိုင်နိုင် ပြီး ဒီရေတောပင်တွေကို  ကြည့်ခြင်းအား ဖြင့် ပင်လယ်ရေ အတက်အကျ အဝင်အထွက်တွေကို ခန့်မှန်းတွက် ချက်နိုင်တယ်လို့ သိရပါတယ်။ဖျာပုံခရိုင်၊ ဘိုကလေးမြို့ နယ်၊ စက်စင်းကြီး ကျေးရွာနဲ့ မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်း ကျေးရွာအပါအဝင် ကျေးရွာတွေမှာ ဒီရေတော တွေ အမြောက်အမြားရှိခဲ့တဲ့အတွက် ကျွန်းပတ် လည်မှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်က ပြင်းထန် စွာ ခံစားခဲ့ရခြင်းမရှိဘူးလို့ သိရပါတယ်။ယခုအခါ ပင်လယ်ရေမျက်နှာပြင် မြင့်တက် လာပြီး ရေလွှမ်းမိုးမှုဒဏ်ကို ကာကွယ်ရေး အစီ အမံတွေတည်ဆောက်ဖို့   ဓနအင်အားချို့တဲ့တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံလို  ဆင်းရဲတဲ့နိုင်ငံတွေကသာ ပိုပြီး ခံနေကြရပါတယ်။ အဲဒီ ဘေးအန္တရာယ်တွေ ကနေ လျော့နည်းလာစေဖို့ ကမ်းရိုးတန်းဒေသတွေ မှာရှိတဲ့  သန္တာကျောက်တန်းတွေနဲ့ သဘာ၀ အလျောက်  ပေါက်ရောက်နေတဲ့ ဒီရေ တောတွေ မပျက်စီးစေရန် ထိန်းသိမ်းကာကွယ်ဖို့ လိုအပ်တဲ့ အချိန်အခါကို ရောက်ရှိလာကြောင်းပါခင်ဗျား။Ref: Heroes of The Enviroment(Time)မောင်ပုဆိုးကြမ်း

Wednesday, 7 Apr 2010

အမေရိကန်သမ္မတဖြစ်လာမည့် အိုဘားမား ကလေးဘဝက အင်ဒိုနီးရှားတွင် နေထိုင်ခဲ့သည့် ၁၉၆၀ ပြည့်လွန်နှောင်းပိုင်းနှစ်များ၌ တရုတ်ပြည်မှ ကွန်မြူနစ်ကေဒါများသည် သူတို့၏ တော်လှန်ရေး ကို ကျန်အာရှဒေသများသို့တင်ပို့ရန် ကြံစည်အား ထုတ်ခဲ့ကြသည်။ ယခုလကုန်ပိုင်းမှာ သမ္မတ အို ဘားမား အလည်သွားရောက်မည့်အချိန်၌ အင်ဒို နီးရှား၏ တရုတ်နိုင်ငံအပေါ် သဘောထားမှာ လုံးဝဥဿုံ  ပြောင်းလဲနေပါလိမ့်မည်။ ဒေသခံ အင်ဒိုနီးရှားကုမ္ပဏီများ၏  ကုန်သွယ်မှုတွင် ဒေါ်လာငွေထက် ယွမ်ငွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသည်။ ၁၉၉၇ ခုနှစ်က ကြုံခဲ့ရဖူးသည့်  ဘဏ္ဍာရေးအကျပ်အတည်းမျိုး နောက်ထပ်ဖြစ် ပေါ်လာပါလျှင် ယခုလအတွင်း စတင်ထူထောင် တော့မည့် အာရှငွေကြေး ရန်ပုံငွေအဖွဲ့ထံမှသာ အင်ဒိုနီးရှားနိုင်ငံက အကူအညီ ယူပါလိမ့်မည်။သီးသန့်ငွေပမာဏများပြားသည့် တရုတ် ပြည်၏ ထည့်ဝင်ငွေအချို့အဝက်ဖြင့် တည်ထောင် သည့်  ထိုရန်ပုံငွေအဖွဲ့တွင်  သီးသန့်ရန်ပုံငွေ ဒေါ်လာ ၁၂၀ ဘီလျံရှိနေသည်။ အာရှ၏ အရေး ပါသော စီးပွားရေးနှင့် နိုင်ငံရေး ပြဿနာများကို အမေရိကန်သမ္မတတစ်ဦး  အလည်ရောက်လာ ခြင်းဖြင့် ဖြေရှင်းကြမှာမဟုတ်ဘဲ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အာဆီယံနိုင်ငံများ ပါဝင်မည့် ဒေသတွင်း  ထိပ်သီးအစည်းအဝေးများဖြင့်သာ ညှိနှိုင်းဖြေရှင်းကြပေလိမ့်မည်။ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့နှင့် ကမ္ဘာ့ ဘဏ်တို့ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းကြီးများကို အမေရိကန် ဦးဆောင်သည့် နိုင်ငံအနည်းငယ်က ဖန်တီးတည်ထောင်ခဲ့ခြင်းဖြစ်သည်ကို သတိမေ့နေ လို့ မဖြစ်ပေ။  ထိုစီးပွားရေး  အဖွဲ့အစည်းများ၏ သြဇာသည် ကမ္ဘာနေရာအနှံ့သို့ ဖြန့်ကြက် ရောက် ရှိခဲ့သည်။ ထိုစဉ်က ကမ္ဘာသည်လည်း အမေရိကန် ၏ စူပါပါဝါနှင့် အမေရိကန်တို့၏တန်ဖိုးထားမှုများ ပါဝင်နေသည့် ပေါ်လစီများဖြင့်သာ လွှမ်းမိုးနေ ခြင်းဖြစ်သည်။ ထိုစဉ်က တရုတ်ပြည်၏ အခန်း ကဏ္ဍဟူ၍    ပြောပလောက်ဖွယ်မရှိသေးချေ။ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့(WTO)သို့ ဝင်ခွင့်ရရှိရန် အတွက်မှာပင် သဲကြီးမဲကြီး ဆန့်ကျင်ကန့်ကွက်ခံခဲ့ ရသဖြင့် တရုတ်ခေါင်းဆောင်များမှာ သည်းခံ အောက်ကျို့ခဲ့ရသည်။ယခုတော့ တရုတ်ပြည်သည် ကမ္ဘာအင် အားကြီးနိုင်ငံဖြစ်လာသည်။ ပြည်တွင်းမှ ပြည်သူ့ သဘောထားများသည်လည်း  မာမာထန်ထန် ဖြစ် လာသည်။  တရုတ်အစိုးရအနေဖြင့် အမျိုးသား အကျိုးစီးပွားကို    ကြည့်ရမည်ဖြစ်သည့်ပြင်၊ အနောက် နိုင်ငံများနှင့် ဆက်ဆံရာတွင် အလျှော့ ပေးလွန်းသည်ဟူသော ပြည်တွင်းမှ ဝေဖန်သံများ ကိုလည်း သတိမူနေရသည်။ သို့နှင့်ပင် နိုင်ငံ တကာစနစ်ကို တရုတ်ပြည်နှင့် မိတ်ဖက်ကျမည့် (china-friendly)စနစ်သို့ ပြုပြင်ပြောင်းလဲရန် တရုတ်ခေါင်းဆောင်များက ကြိုးပမ်းလာကြသည်။အာဖဂန်လုံခြုံရေးပြဿနာတွင် တရုတ်က အကူအညီပေးရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ကမ္ဘာ့ အရေးကိစ္စများတွင်   ခေါင်းရှောင် နေသည်ဟု   ဝေဖန်ခဲ့ကြသည်။ သို့သော်လည်း အာရှအလယ် ပိုင်းဒေသအတွက် နေတိုးအဖွဲ့နှင့် အလားတူသော ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို တရုတ် နိုင်ငံက ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ဒေသလုံခြုံရေး အတွက် ရပ်တည်သွားမည့် လက္ခဏာဖြစ်သည်။ မကြာသေးမီကပင် တန်ဖိုးဒေါ်လာ ၁၀၀ ဘီလျံနှင့် ညီမျှသော အာဂျင်တီးနား၊ အင်ဒိုနီးရှားနှင့် တောင် ကိုရီးယားတို့အပါအဝင် ခြောက်နိုင်ငံ  ငွေကြေး ဖလှယ်ရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီးဖြစ် သည်။ ထို့ပြင် ယွမ်ငွေသည် အရှေ့တောင်အာရှ နိုင်ငံများနှင့် တရားဝင်ကုန်သွယ်နိုင်သော ငွေကြေး ဖြစ်လာသည်။ နောင်တွင် အိန္ဒိယ၊ ပါကစ္စတန်၊ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယားတို့နှင့်လည်း ကုန် သွယ်မှုငွေကြေးအဖြစ် သုံးစွဲနိုင်လိမ့်မည်ဟု ဆိုပါ သည်။ ယွမ်ငွေကို လွတ်လပ်စွာလဲလှယ်နိုင်သော နိုင်ငံတကာသုံး ငွေကြေးဖြစ်လာစေရန် အရေး ပါသည့် ခြေလှမ်းအဖြစ် တရုတ်အစိုးရကထုတ်ေ၀ သည့် နိုင်ငံတကာငွေချေး ဘွန်းစာချုပ်ကို ဟောင် ကောင်ဈေးကွက်၌ ခပ်လျှိုလျှို အစီအစဉ်ဖြင့်ပင် စတင်ရောင်းချခဲ့သည်။အင်တာနက်မျိုးဆက်သစ်  ပုံစံဖြစ်သည့် IPv6(Internet Protocol version 6) ကို လာမည့်နှစ်တွင် ပြောင်းလဲသုံးစွဲနိုင်ရန်လည်း တိတ်ဆိတ်စွာပင် ကြိုးပမ်းနေသည်။ IPv6 သည် သတ်မှတ်ထားသည့် ကွန်ပျူတာများ၊ မိုဘိုင်းလ်ဖုန်း ကဲ့သို့ ရွေ့လျားနိုင်သော ဆက်သွယ်ရေး ပစ္စည်း များအား ချိတ်ဆက်ထားနိုင်သဖြင့် သတင်းနည်း ပညာ ထောက်လှမ်းရေးအလုပ် (Cyber spying) ကိုပါ ဆောင်ရွက်ပေးမည်ဖြစ်သည်။ တစ်ဖက်တွင် တရုတ်အစိုးရအား သတင်းနည်းပညာဖြင့် တိုက် ခိုက်မှုများ (Cyberattacks)မှ ကာကွယ်ရန် အစိုးရကွန်ပျူတာများတွင် အမေရိကန်မှ မိုက္ကရို ဆော့ဖ်ကုမ္ပဏီထုတ် ဆော့ဖ်ဝဲများ သုံးစွဲနေခြင်း အား ပိတ်ပစ်တော့မည်ဖြစ်သည်။ ထို့ပြင် ၂၀၁၃ ခုနှစ်တွင် လပေါ်သို့ခြေချ၍ ဟေလီယမ်-၃ ကဲ့သို့ စွမ်းအင်သစ်များ ရှာဖွေဖော်ထုတ်ရေး အာကာသ သိပ္ပံစီမံကိန်းမှအစ သန့်ရှင်းစွမ်းအင်သုံး မော်တော် ယာဉ်များ ထုတ်လုပ်သုံးစွဲခြင်းအပါအဝင် အစိမ်း ရောင်နည်းပညာကဏ္ဍတွင်  ဦးဆောင်နိုင်ရေး စီမံကိန်းအထိ  တရုတ်အစိုးရက  အသံတိတ် ကြိုးပမ်းလျက်ရှိသည်။လာမည့် ၂၀၁၂ ခုနှစ်တွင် တရုတ်ကွန်မြူနစ် ပါတီသို့ လူငယ်ခေါင်းဆောင်သစ်များ ဝင်ရောက် လာကြမည်ဖြစ်သည်။ လက်ရှိ အနေအထားအရ ဆိုလျှင် လုံခြုံရေး၊ ကုန်သွယ်ရေး၊ နည်းပညာနှင့် နိုင်ငံခြားရေးရာတို့တွင်  လူငယ်ခေါင်းဆောင်သစ် များ၏ သဘောထားမှာလည်း ပိုမိုပြတ်သား တင်း မာလာဖို့သာရှိသည်ဟု သုံးသပ်ကြသည်။ Ref: Newsweekဦးဟန်ထွန်း(အခွန်)

Wednesday, 7 Apr 2010

Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:""; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:"Times New Roman"; mso-fareast-font-family:"Times New Roman"; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;}           မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအသင်း၊ အော်ဂဲနစ်သီးနှံအစုအဖွဲ့ ကြီးမှူးပြီး ၂၀၁၀ ခုနှစ်မတ်လ ၃၁ ရက်နေ့UMFCCI အသင်းချုပ်ရဲ့ မင်္ဂလာခန်းမမှာ ကျင်းပတဲ့ မြန်မာနိုင်ငံ အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို လေ့လာလိုတာနဲ့ တက်ရောက်ခဲ့ ပါတယ်။ ဒီဆွေးနွေးပွဲမှာ အော်ဂဲနစ်နဲ့ ပတ်သက်တဲ့ အသင်း အဖွဲ့ တာဝန်ရှိသူတွေ၊ စိုက်ပျိုးရေး ကုမ္ပဏီတွေ၊ အော်ဂဲနစ် သွင်းအားစု ကုမ္ပဏီတွေနဲ့အတူ စိုက်ပျိုးရေးပညာရှင်များ၊ စီးပွားရေး ပညာရှင်များ တက်ရောက်ဆွေးနွေးကြတာ တွေ့ရပါတယ်။ ဒီအခမ်း အနားဟာ အော်ဂဲနစ် စိုက်ပျိုးရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ အသိပညာများ ပြန့်ပွားစေဖို့နဲ့အော်ဂဲနစ်သီးနှံများ ဈေးကွက်ဝင်ရေး အတွက်ကျင်းပတာဖြစ်တဲ့အပြင် စိုက်ပျိုးရေးကုမ္ပဏီနဲ့ သွင်းအားစု ထုတ်လုပ်တဲ့ ကုမ္ပဏီကို အော်ဂဲနစ်အသိအမှတ်ပြု လက်မှတ်များ လည်း ချီးမြှင့်တဲ့ အခမ်းအနားဖြစ်ပါတယ်။           အဲဒီကုမ္ပဏီ ၂ ခုကတော့ သဘာ၀ ပရဆေးဝါး ထုတ် လုပ်ရာမှာ အဓိကအသုံးပြုတဲ့ ကုန်ကြမ်းများကို ကိုယ်တိုင် အော်ဂဲ နစ်စနစ်နဲ့ စိုက်ပျိုးတဲ့ Fame Pharmaceuticals  ကုမ္ပဏီနဲ့ အော်ဂဲနစ်သီးနှံစိုက်ပျိုးရာမှာ ထည့်သွင်း အသုံးပြုဖို့ အော်ဂဲနစ် သွင်းအားစုထုတ်လုပ်တဲ့ Bio Supreme ကုမ္ပဏီတို့ကို အော်ဂဲနစ် အသိအမှတ်ပြုလက်မှတ်ပေးတာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် မှာ သဘာ၀ မြေသြဇာထုတ်လုပ်တဲ့ ရှမ်းမောမြေကုမ္ပဏီက အော်ဂဲနစ် အသိအမှတ်ပြု လက်မှတ်ရရှိထားပြီးဖြစ်လို့ နိုင်ငံ အနေနဲ့ အခုအချိန် ထိ အော်ဂဲနစ်အသိအမှတ်ပြု လက်မှတ် ရရှိတဲ့ ကုမ္ပဏီ ၃ ခုရှိြ့ပီလို့ သိရပါတယ်။ အော်ဂဲနစ်သီးနှံစိုက်ပျိုးရေးဆိုတာဘာလဲ           အဲဒီဆွေးနွေးပွဲမှာ အော်ဂဲနစ် စိုက်ပျိုးရေးစနစ် ဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းကို စိုက်ပျိုးရေးတက္ကသိုလ်မှ တွဲဘက်ပါမောက္ခ ဒေါက်တာမြင့်လွင်က ခုလိုရှင်းပြထားပါတယ်။ "ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေးစတဲ့ ဓါတုပစ္စည်း သုံးစွဲခြင်းမရှိဘဲ သဘာဝမြေကို စနစ်တကျစိုက်ပျိုးခြင်းလို့ လူတော် တော်များ နားလည်ထားကြပါတယ်။ ဒါပေမဲ့ ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ကြီး (FAO )က အဲဒီထက်လေးနက်တဲ့ အဓိပ္ပါယ်နဲ့ ဖွင့်ဆိုထားတာကတော့ အော်ဂဲနစ်စိုက်ပျိုးရေးဆိုတာ သက်ရှိတို့ရဲ့ ဂေဟစနစ် (Ecosystem )ကို ညီမျှကောင်းမွန်နေစေဖို့ ထိန်း သိမ်းစောင့်ရှောက်ရင်း သီးနှံများကို စိုက်ပျိုးထုတ်လုပ်တဲ့ လုပ် ငန်း"} ဖြစ်တယ်လို့ ဆိုပါတယ်။ အော်ဂဲနစ်သီးနှံကို ရွေးချယ်စားသုံးလာခြင်း           ယနေ့ကမ္ဘာမှာ Food Security ကို အဓိကထား ဆောင် ရွက် လာတာနဲ့အမျှ Food Safety ဖြစ်မှုကိုလည်း တစ်ပေါင်းတည်း အလေးပေးထည့်သွင်းစဉ်းစားလာကြပါတယ်။ ခေတ်မီတိုးတက်လာ တာနဲ့အမျှ ဓါတုဆေးဝါး သုံးစွဲမှု ပိုလာတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများမှာဆိုရင် ဘေးဥပဒ်ကင်းစင်တဲ့ အော်ဂဲနစ်အစားအစာများကို ပိုမိုရွေးချယ် စားသုံးလာကြပါတယ်။ လူအများစားသုံးတဲ့ အစားအစာများမှာ လူကိုအဆိပ်အတောက်ဖြစ်စေတဲ့ ဓါတုဆေး<ကင်း များပါဝင်လို့ လူ့အသက်ဆုံးရှုံးမှုများကို နိုင်ငံတကာမှာ မကြာခဏဆိုသလို ဖြစ်ပေါ်လာတာနဲ့ ပတ်သက်လို့ မိမိနိုင်ငံအတွင်း ထုတ်လုပ်တဲ့ အစားအစာသီးနှံများကို တင်းကျပ်တဲ့ စည်းမျဉ် စည်းကမ်းနဲ့ ထုတ် လုပ်မှုတွေ လုပ်လာသလို ပြည်ပနိုင်ငံကတင်သွင်းတဲ့ အစား အစာ များကိုလည်း food safety ဖြစ်မှသာ တင်သွင်းခွင့်ပြုတာတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာကြပါတယ်။ ဒါကြောင့်လည်း ဓါတု ကင်းစင်တဲ့ အော်ဂဲနစ်သီးနှံစိုက်ပျိုးမှုဟာ ကမ္ဘာမှာတစ်ခတ် ဆန်းသစ် ဖွ့ံ့ဖြိုးလာတာလို့ဆိုရင် မမှားပါဘူး။ ကမ္ဘာအော်ဂဲနစ်သီးနှံ စိုက်ပျိုးမှုတိုးတက်လာခြင်းနဲ့ မြန်မာ့ အခြေအနေ           စားသုံးမှုများတာကတော့ ဥရောပနိုင်ငံတွေဖြစ်ပြီး စိုက်ပျိုးထုတ်လုပ်မှုများတဲ့ နိုင်ငံတွေ ကတော့  သြစတြေးလျ၊ အာဂျင်တီးနား၊ တရုတ်၊ အစ္စရေးနဲ့ အမေရိကန်ဖြစ်တယ်လို့ ဆိုပါ တယ်။ အာရှမှာတော့ ဂျပန်၊ မလေးရှား၊ စင်္ကာပူ၊ တရုတ် တိုင်ပေ တို့ဖြစ်ပါတယ်။ အော်ဂဲနစ်သီးနှံစိုက်ပျိုးမှုကို တစ်ကမ္ဘာလုံးအနေနဲ့ ခြုံကြည့်မယ်ဆိုရင် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းမှ စလို့ ပျမ်းမျှတစ်နှစ်ကို ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းကို တိုးပွားလာခဲ့ကာ အခုဆိုရင် မြေဟက်တာ ၃၅ သန်းခန့်ရှိပြီလို့  ဆိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ စိုက်ပျိုးမှုဟာ ထိုင်းနိုင်ငံနဲ့ယှဉ်ရင် ၇ ပုံ ၁ ပုံ သာ ရှိပြီး၊ ဗီယက်နမ်နဲ့ ယှဉ်ရင် ၃ ပုံ ၁ ပုံသာရှိတယ်လို့ စူပရင် ကုမ္ပဏီအုပ်စုရဲ့ ဥက္ကဌ ဒေါက်တာစိန်မြင့်က ပြောကြားပါတယ်။ အော်ဂဲနစ်သီးနှံနဲ့ ပတ်သက်တဲ့ မျှော်မှန်းချက်           အော်ဂဲနစ်သီးနှံစိုက်ပျိုးမှုနဲ့ ပတ်သက်လို့ စိုက်ပျိုးသူတွေက ကုန်ကျစရိတ် ပိုမိုထည့်သွင်း အသုံးပြုရတဲ့အတွက် ဈေးကောင်းရရှိမှုနဲ့ အမြတ်အစွန်းမြင့်မားဖို့ လိုချင်တယ်။ ဓါတုဆေးဝါးသုံးစွဲခြင်းမရှိလို့ စိုက်ပျိုးသူ အန္တရာယ်ကင်းရမယ်၊ နောက် မြေဆီလွှာ ကောင်းမွန်မှု ကို ရေရှည်ထိန်းထားနိုင်ရမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ စိုက်ပျိုးတာ ဖြစ်သလို စားသုံးသူတွေ ကလည်း အခြားအစားအစာတွေထက် ဈေး ပို ပေးဝယ်ရတာဖြစ်လို့ စံချိန်စံညွှန်းကိုက်ညီတဲ့ အရည်အသွေးမျိုးကို လိုချင်တယ်။ ကျန်းမာရေးအတွက် အာဟာရကောင်းမွန်ပြီး ဘေး အန္တရာယ် ကင်းလိုကြတယ်။ ဒါ့အပြင် အရသာကောင်းမွန်ရမယ် ဆိုတဲ့ မျှော်မှန်းချက်၊ တောင်းဆိုချက်တွေနဲ့ စားသုံးလာကြတယ်။ Certificate  နဲ့ Marketing ဟန်ချက်ညီဖို့လို           စားသုံးသူနဲ့ စိုက်ပျိုးသူ နှစ်ဘက်လုံးရဲ့ မျှော်မှန်းချက် များပြည့်ဝစေဖို့ အော်ဂဲနစ်သီးနှံ စစ်မှန်ကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း (Certification)နဲ့ ဈေးကွက်ဖော် ဆောင်ခြင်း (Marketing ) လုပ်ငန်း နှစ်ခု ဟန်ချက်ညီဖို့ လိုအပ်ပါ မယ်။ အော်ဂဲနစ်နဲ့ အခြားသာမန်စားသောက်ကုန်တို့ရဲ့  ကွာခြားချက်က အော်ဂဲနစ် Certification ပဲဖြစ်ပါတယ်။ Certification ဆိုတာ စားသုံးသူများရဲ့ တောင်းဆိုချက်ဖြစ်တဲ့ သတ်မှတ်ထားတဲ့ အော်ဂဲနစ် စံချိန်စံညွှန်းများကို စိုက်ပျိုးသူများ လိုက်နာမှုရှိမရှိစစ်ဆေးပြီး စံချိန်မီမှ လက်မှတ်ထုတ်ပေးခြင်း သာ ဖြစ်ပါတယ်။ ဒီလက်မှတ်ရရှိဖို့ ကုန်ကျစရိတ် များတာကြောင့် စားသုံးသူများကလည်း စိုက်ပျိုးသူရဲ့ တောင်းဆိုချက် ဖြစ်တဲ့ ဈေးကောင်းရလိုမှုကို ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ စားသုံး သူများဘက်က ဈေးပိုပေးနိုင်မှု ပမာဏ (Marketing )နဲ့ ဟန်ချက်ညီတဲ့ Certification ကို ဆောင်ရွက်ပေးမှသာ မှန်ကန်တဲ့ အော်ဂဲနစ် ဈေးကွက်တစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။ အော်ဂဲနစ်နဲ့ ပတ်သက်တဲ့ အသိအမြင်<ကယ်စေဖို့လို           အရင်ဦးဆုံးအနေနဲ့ စားသုံးသူ၊ စိုက်ပျိုးသူ၊ ရောင်းချ သူတွေကို အော်ဂဲနစ်သီးနှံနဲ့ အော်ဂဲနစ်စိုက်ပျိုးရေးလုပ်ငန်း အပါ် အသိ အမြင်<ကယ်စေဖို့ ပညာပေးဖို့ လိုပါတယ်။ အော်ဂဲနစ် သီးနံှစား သုံးခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရဓါတ်ပြည့်ဝစွာ ရရှိကြောင်း၊ စားသုံးသူများ သဘောပေါက်ဖို့ လိုအပ်သလို ဓါတုဆေး၊ ဓါတ်<ကင်းပါတဲ့ အစားအသောက်များရဲ့ အန္တရာယ်ကြီးမားပုံ၊ အထူးသဖြင့် ရိတ်သိမ်းခါနီးနဲ့ ရိတ်သိမ်းပြီး သီးနှံအပေါ် ဆေး ဖြန်းခြင်းကို စိုက်ပျိုးစိုက်ပျိုးသူများ အထူးသတိထား ရှောင် ရှားဖို့ လိုအပ်ပါမယ်။           အထူးသဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သစ်သီးဝလံ ပန်းမန်များကို ဈေးကွက်မှာ ကြာရှည်ခံဖို့၊ ရောင်းပန်းလှဖို့ (အရောင်လှအောင် အရွယ်အစားကြီးထွားလာအောင်) ဓါတုဆေး များ အသုံးပြုကြတယ်လို့ သိရပါတယ်။ ဒီလိုလုပ်ခြင်းဟာ စားသုံးသူ များ အတွက် အန္တရာယ်အလွန်ပဲကြီးမားလှပါတယ်။ စိုက်ပျိုးသူတွေ က ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေးကို နည်းစနစ်တကျ မသုံးတဲ့အပြင်၊ ရောင်းချသူများကလည်း ခူးဆွတ်ပြီး သီးနှံများကို ဓါတုဆေးအုပ် ရောင်းချတာတွေရှိတော့ လှတာကိုမှ လိုချင် စားချင်တဲ့ စားသုံးသူ တွေ မိအေးနှစ်ခါနာဆိုသလို ကျန်းမာရေးဆိုးကျိုးတွေနဲ့ ကြုံ တွေ့နေရတာ အတော်ကိုပဲ ကြောက်စရာကောင်းနေပါတယ်။ အော်ဂဲနစ်သီးနှံစားသုံးခြင်းဟာလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရာရောက်           ယခုခေတ်စိုက်ပျိုးရေးလုပ်ငန်းဟာ ပတ်ဝန်းကျင် ပျက်စီးမှုအကြီးမားဆုံးဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒါပေမဲ့ အော်ဂဲနစ်စိုက်ပျိုးရေးလုပ်ငန်းဟာ ဓါတုဆေးသုံးခြင်းမရှိလို့  မြေပေါ်မြေအောက် ရေအရင်းအမြစ် ညစ်ညမ်းမှုမရှိခြင်း၊ မြေဆီ လွှာတိုက်စားခြင်း၊ သဲကန္တာရဖြစ်ထွန်းခြင်း လျော့နည်း သက်သာ စေနိုင်ပါတယ်။ လယ်ယာမြေများက ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လုပ်မှု ကို လျော့နည်းသက်သာစေဖို့ ယနေ့ကြုံတွေ့နေရတဲ့ ရာသီဥတု ဖောက်ပြန်မှုကို သက်သာစေပါမယ်။ သဘာဝနဲ့ နီးစပ်အောင် ပြုပြင်ဖန်ဆင်းလေ့ရှိလို့ ဂေဟစနစ်ကွန်ရက် (ecological web ) ကို ပိုမိုကျယ်ပြန့်လာစေပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်တယ်လို့ စိုက်ပျိုးရေးပညာရှင် ဒေါက်တာဦးမြင့်လွင်က ဆိုပါတယ်။           အော်ဂဲနစ်စိုက်ပျိုးခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ အကျိုးပြုစေတာကြောင့် အော်ဂဲနစ်သီးနှံကို ဈေးကောင်းပေးဝယ်စားသုံးခြင်းဟာလည်း သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းရာရောက်လို့ ကုသိုလ်လည်းရ ဝမ်းလည်းဝတယ်လို့ ဆိုပါတယ်။ အော်ဂဲနစ်ကွန်ရက်ကြီးထွားဖို့လို           သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်သလို စားသုံးသူတွေရဲ့ ကျန်းမာရေး ဘေးဥပဒ်မဖြစ်စေတာမို့ အော်ဂဲနစ် ကြီးထွားအောင်လုပ်ဖို့ လိုအပ်မယ်လို့ စီးပွားရေးပညာရှင် ဦးသုတအောင်ကလည်း ဆွေးနွေးပါတယ်။ စိုက်ပျုးိသူတွေဆီကနေ စားသုံးသူလက်ထဲရောက်ရှိဖို့ Logistic ဆိုတဲ့ သယ်ယူပို့ဆောင်မှု ဟာလည်း ဒီကွန်ရက်ကြီးမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါ တယ်။ သယ်ယူပို့ဆောင်မှု အဆင်ပြေ ချောမွေ့မယ်ဆိုရင် စားသုံးသူ လက်ထဲ အမြန်ဆုံးအချိန်တိုအတွင်း ရောက်ရှိမှာဖြစ်လို့ ကြာရှည် ခံမယ့် ဆေးတွေသုံးဖို့မလိုသလို ကုန်ကျစရိတ်လည်း သက်သာမှာ ဖြစ်ပါတယ်။ စိုက်ပျိုးသူများ စုပေါင်းဆောင်ရွက်သင့်၊ စားသုံးသူများရေရှည် အကျိုးကြည့်သင့်           စိုက်ပျိုးသူများအနေနဲ့လည်း အော်ဂဲနစ်စနစ်ကို တစ်ဦးတစ်ယောက်ထဲ တစ်ကွင်းထဲသီးသန့်လုပ်နေတာထက် စုပေါင်းပြီး ဧရိယာတစ်ကွင်းတစ်စပ်ဆောင်ရွက်ခြင်းဖြင့် ကုန်ကျစရိတ် ပိုသက်သာမှာဖြစ်သလို များများထုတ်၊ များများရောင်းခြင်းဖြင့် ဈေးသက်သက်သာသာနဲ့ ရောင်းချပေးနိုင်မှာဖြစ်ပါတယ်။ စားသုံး သူတွေအနေနဲ့လည်း သာမန်သီးနှံအစားအစာတွေထက် ဈေးပိုပေး ရတဲ့အော်ဂဲနစ်သီးနှံကို စားသုံးခြင်းဖြင့် မိမိတို့ရဲ့ မျိုးဆက်သစ်များရဲ့  ဉာဏ်ရည်ဉာဏ်သွေး၊ ကျန်းမာရေး ဖွံ့ဖြိုးမှာဖြစ်လို့ အနာဂတ်ရေရှည် အကျိုးမျှော်ကိုးပြီး စားသုံးဖို့လိုအပ်ပါမယ်။ ဂျာမဏီနိုင်ငံမှာဆိုရင် ၂ နှစ်အောက်ကလေးငယ်များစားတဲ့အစားအစာဟာ သြဂဲနစ်အစားအစာဖြစ်ရမယ်လို့ သတ်မှတ်ထားတယ်လို့ Fame ဆေးဝါးကုမ္ပဏီ MD  ဖြစ်တဲ့ ဒေါက်တာခင်မောင်လွင်က ပြောကြား ပါတယ်။ အချို့နိုင်ငံတွေမှာ သြဂဲနစ်သီးနှံကို ပုံမှန်သီးနှံများထက် ၁၀ ဆ၊ ၁၅ ဆ၊ ဈေးပိုပေးဝယ်ယူစားသုံးကြရတယ်လို့လည်း  ဒေါက်တာမြင့်လွင်က ဆိုပါတယ်။ ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရှိဖို့လည်းလို           တချို့သော စိုက်ပျိုးသူတွေက ဓါတုဆေးများနဲ့ စိုက်ပျိုးခြင်း ရဲ့ ဆိုးကျိုးကို နားလည် သဘောပေါက်ပေမဲ့ အော် ဂဲနစ်စိုက်ပျိုးရေး စနစ်ကို ဘာကြောင့် မသုံးသလဲဆိုရင် ၎င်းင်းတို့ရဲ့ ပတ်ဝန်းကျင် ဈေးကွက်တွေမှာ ထူးထူးခြားခြားဈေးပိုမရတာရယ်၊ ဈေးကွက်သီးသန့်ရှိမနေတာအပြင် အမြဲဂရုတစိုက် စောင့်ကြည့် နေရတာဖြစ်လို့ လုပ်အားပိုသလို ကုန်ကျစရိတ်များတာကြောင့်လို့ ဆိုပါတယ်။           ဒါဆိုရင်အော်ဂဲနစ်သီးနှံကို စိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နံှသူ တွေ၊ အသင်းအဖွဲ့တွေက ငွေအရင်းအနှီးထည့်ဝင်ပြီး ဈေးကွက်ရှာဖွေ ပေးမယ်ဆိုရင် မအောင်မြင်နိုင်ဘူးလားဆိုတာ စဉ်းစားရမှာ ဖြစ်ပါတယ်။ Supply Chain  တစ်ခုလုံး နည်စနစ်ကျဖို့လို           ဒါဆိုရင် လက်ရှိကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ သက်ဆိုင်ရာ အသင်းအဖွဲ့၊ အစုတွေက ဈေးကွက်သတ်သတ်မှတ်မှတ် ဖော်ဆောင် ပေးဖို့ လိုအပ်ပါမယ်။ ဒါ့အပြင် သြဂဲနစ်သီးနှံ၊ အစားအစာကို သီးသန့် ရရှိနိုင်တဲ့ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ှSuper Market များလည်း ဖွင့်လှစ်လို့ရမှာဖြစ်လို့ အဲဒီလုပ်ငန်းတွေကနေ တစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်ပေါက်လာစေမှာဖြစ်ပါတယ်။ စိုက်ပျိုးသူက စပြီး စားသုံးသူလက်ထဲရောက်ရှိသည်အထိ Supply Chain တစ်ခုလုံးကို နည်းစနစ် (System )ကောင်းကောင်း၊ စီမံခန့်ခွဲမှု (management) ကောင်းကောင်းနဲ့ လုပ်နိုင်မယ်ဆိုရင် အကျိုးအမြတ်ကောင်းကောင်း ရရှိနိုင်မှာပါလို့ ဦးသုတအောင်က ဆွေးနွေးခဲ့ပါတယ်။ MIRT

Wednesday, 7 Apr 2010

Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:"Table Normal"; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:""; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:"Times New Roman"; mso-fareast-font-family:"Times New Roman"; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} အခြေခံအဆောက်အအုံ ဗီယက်နမ်၌ တန်ချိန် ( ၁၅၀၀၀ မှ ၃၅၀၀၀ ရှိ ) သင်္ဘောများကို ခြောက်သွေ့ရာသီတွင် ဝင် ထွက်သွားလာ သင်္ဘောတင်နိုင်ပါတယ်။ ဟိုချီမင်း မြို့တော်နှင့် ကန်သို(Can Tho)မှာရှိတဲ့ ဆိပ်ကမ်း များကနေ ဆန်များသင်္ဘောတင်ပေးနေတာ ဖြစ်ပါ တယ်။ ဒါပေမဲ့ ဆိပ်ကမ်းနှစ်ခုလုံးမှာ သိုလှောင်ရုံ အခက်အခဲများ ရှိကြပါတယ်။ သင်္ဘောတင်ပေးနိုင် တဲ့နှုန်း (Loading rate) ကတော့ ထိုင်းနိုင်ငံနဲ့ မတိမ်းမယိမ်း ရှိနေပါတယ်။ ဗီယက်နမ်နိုင်ငံ၊ မဲခေါင်မြစ်ဝှမ်းဒေသ၌ ဆန် စပါးများကို ရေကြောင်းဖြင့် အဓိက သယ်ယူနိုင် တာကြောင့် အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် အား သာချက် ရှိပါတယ်။ သို့သော်လည်း ရေယာဉ်များ မလုံလောက်မှု ပြဿနာရှိနေပြီး သူတို့ရဲ့ အဆင့် အတန်းဟာလည်း တော်တော်နိမ့်ကျပါတယ်။ တစ်ခါတစ်ရံ ဗီယက်နမ်အစိုးရဟာ စက်ပိုင် များကို လယ်သမားများထံမှ စပါးကို တိုက်ရိုက် ဝယ်ယူဖို့ အားပေးတဲ့ ပေါ်လစီတွေ ချပေးခဲ့ပါ တယ်။ လယ်ယာအဆင့်မှာ တစ်စုံတစ်ခုသော အဆင့်အထိ စပါးဈေးတည်ငြိမ်စေလိုတဲ့ သဘော လည်း ပါဝင်ပါတယ်။ အစိုးရက စက်ပိုင်များကို အတိုးမယူတဲ့ ချေးငွေအချို့ချပေးခဲ့ပါတယ်။ စက် ပိုင်တွေဟာ ဒီပေါ်လစီကြောင့် သူတို့ရဲ့ စက်တွေ မှာ စပါးလှောင်ဖို့အတွက် သိုလှောင်ရုံ အခက် အခဲတွေ ရှိနေတတ်ပါတယ်။ ငွေကြေးထောက်ပံ့မှု ဗီယက်နမ်ရှိ ပုဂ္ဂလိက လုပ်ငန်းရှင်များက အစိုးရပိုင် ဆန်စပါးလုပ်ငန်း အဖွဲ့အစည်းများဟာ ချေးငွေ  ရယူဖို့အတွက် လွယ်ကူတယ်လို့ ဆိုပါ တယ်။ လုပ်ငန်းရှင်များကတော့ သူတို့ဝယ်ယူထား တဲ့ ကုန်ပစ္စည်းတွေကိုပဲ အပေါင်ထားပြီး ဘဏ်တွေ က ငွေချေးကြပါတယ်။ ဒါပေမဲ့ ကုန်သည် အများ စုကတော့ ဘဏ်ကချေးတဲ့ငွေထက် သူတို့ပိုင်ငွေနဲ့ ပဲ ရင်းနှီးမြှုပ်နှံချင်ကြပါ တယ်။ ဘာကြောင့်လဲဆို တော့ ပြန်ရလာနိုင်တဲ့ငွေက ဘဏ်ကို အတိုးပေး ရမဲ့ငွေထက် နည်းနေကြလို့ပဲ ဖြစ်ပါတယ်။ ဗီယက်နမ် လုပ်ငန်းရှင်တွေဟာ အစိုးရအဖွဲ့ အစည်းကြီးများနဲ့ ယှဉ်ပြိုင်ကြရတော့ ငွေအရင်း အနှီးပိုင်းမှာ တစ်ပန်းရှုံးနေပြီဖြစ်ပါတယ်။ ပုဂ္ဂလိက exporters များအနေနဲ့ export quota တစ်စုံ တစ်ခုရပေမဲ့ ဆန် export ဆိုရင် အစိုးရ အဖွဲ့ အစည်းကိုပဲ ဦးစားပေးတာများပါတယ်။ ဆန်စက် တွေမှာ ခေတ်မီကောင်းမွန်တဲ့ စက်ကိရိယာတွေ အစားထိုးဖို့ဆိုတာ  ချေးငွေရရှိဖို့  အခက်အခဲ ကြောင့် ထင်သလောက် မလုပ်နိုင်ကြပါဘူး။ စက် ကြီးတွေလောက်ပဲ အတိုးမဲ့ချေးငွေနဲ့ လယ်သမား ဆီမှ စပါး တိုက်ရိုက်ဝယ်နိုင်ဖို့ လုပ်ကြရပါတယ်။ ပုဂ္ဂလိကအခန်းကဏ္ဍကို ယုံမှားသံသယရှိခြင်း ဆန်စပါးလုပ်ငန်းနှင့်ပတ်သက်ပြီး အာဆီယံ အဖွဲ့ဝင်  နိုင်ငံများရှိ အစိုးရများက  ဆန်ကို အမြတ်ကြီးစားလို၍ သိုလှောင်သည်ဟု ယူဆပြီး သည်းမခံကြပါ။ ၂၀၀၈ ခုနှစ်အတွင်း ဖိလစ်ပိုင် နိုင်ငံ (National Bureau of Investigation NBI) သည် စက်ပိုင်၊ ဆန်  လက်လီလက်ကား ရောင်းချသူများ၏ စက်ရုံ များ၊ ဆိုင်များကို လျှပ် တစ်ပြက် ဝင်ရောက်ပြီး သိုလှောင်ထာသည့် ဆန် များတွေ့ရှိပါက စားသုံးသူဈေးနှုန်း အက်ဥပဒေ အရ အရေးယူခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် Supply Chain တစ်လျှောက်မှာ ကုန်ပစ္စည်းစီးဆင်းမှု၊ ငွေကြေးစီးဆင်းမှုများ ရပ်ဆိုင်းသွားခဲ့တာ ကို လေ့လာ တွေ့ရှိခဲ့ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံတွင်လည်း အလားတူဖြစ် ရပ်မျိုး ပေါ်ပေါက်ခဲ့ပြီး ကုမ္ပဏီကြီးများပိုင် သို လှောင်ရုံများရှိ ကုန်ပစ္စည်းများကို သိမ်းယူခဲ့ပါ တယ်။ အစိုးရက  ဈေးကစားရန်အတွက်  သို လှောင်သည်ဟု စွပ်စွဲပြောဆိုခဲ့ပါတယ်။ သို့သော် ဗီယက်နမ်မှာ ဆန့်ကျင်ဘက်ဖြစ် ရပ်များ ဖြစ်ခဲ့ပါတယ်။ အစိုးရက ဆန်ကုန်သည် လုပ်ငန်းရှင်ကြီးများ၏ စပါး၊ ဆန်ကို သူတို့လုပ် နိုင်ကိုင်နိုင်သည့် အင်အားထက်ပို၍ ဝယ်ယူသို လှောင်ကြရန် အားပေးခဲ့ပါတယ်။ ယင်းသို့ လုပ်နိုင် ရန်အတွက် အတိုးမယူသော ချေးငွေကိုပင် ထုတ် ပေးခဲ့ပါတယ်။ ဤနေရာ၌ အရောင်းအဝယ်လုပ်ငန်း ဟူ သည့် ကုန်ပစ္စည်းကို ဝယ်ယူစုဆောင်းရသည်မှာ ဓမ္မတာပင် ဖြစ်ပါ တယ်။ အရောင်းအဝယ်အတွက် သွေးရိုးသားရိုး ဝယ်ယူစုဆောင်း သိုလှောင်ခြင်းနှင့် ဈေးကစားရန်အတွက်  စုဆောင်းသိုလှောင်ခြင်း နှစ်ပိုင်းရှိရာ တစ်ခုနှင့်တစ်ခု တိကျမှုရှိသော စည်း တစ်ခု လိုအပ်ပါတယ်။ ဈေးကွက်များအနေဖြင့် အကြီးမားဆုံးသော ပြဿနာမှာ စားသုံးသူပြည်သူ အများစုက သူတို့ဝယ်ယူနေကြ  အရေအတွက် ထက် များစွာပိုမိုသော အရေအတွက်ကို အလု အယက် ဝယ်ယူစုဆောင်းခြင်းပင် ဖြစ်ပါတယ်။ ဤအချက်ဟာလည်း ကောလာဟလ သတင်းတွေ အပေါ် အခြေခံတာများပြီး ဖြစ်လာပြီဆိုတာနှင့် တော်တော်နှင့် ငြိမ်သက်အောင်ထိန်းဖို့ ပြဿနာ တွေရှိကြောင်း အာဆီယံနိုင်ငံတွင်းရှိ အစိုးရများက ပြဿနာများ မဖြစ်စေရန် ကြိုတင်ကာကွယ်ရခြင်း ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုလို နိုင်ငံ မျိုးမှာတောင် ၂၀၀၉ ခုနှစ်က Wal-Mart စူပါ မားကတ်မှာ ဆန်ဝယ်ယူတဲ့ စားသုံးသူတွေကို လိုသလောက် ဝယ်ယူခွင့်မပြုဘဲ အကန့်အသတ် ဖြင့်သာ ဝယ်ယူခွင့်ပြုခဲ့ရပါတယ်။ (စာရေးသူမှတ်ချက်။   ဤနေရာ၌ မြန်မာ နိုင်ငံ အစိုးရအဆက်ဆက် ဆန်နှင့်ပတ်သက်တဲ့ ဆောင်ရွက်ချက်များဟာ အကဲပိုတယ်လို့ပြော၍ မရပါ။ အစိုးရအနေဖြင့် အချိန်အခါပေါ် မူတည် ၍  လုပ်သင့် လုပ်ထိုက်တာကို လုပ်ဆောင်ရပါ တယ်။ အမှန်တကယ် စားနပ်ရိက္ခာဖူလုံမှုနဲ့ ပတ် သက်လာရင် အစိုးရတိုင်းဟာ  စိတ်ပူပန်ကြပြီး အစီအမံများ တစ်နည်းတစ်ဖုံ လုပ်ထားရစမြဲပါ။) ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နေ့က ဗီယက်နမ် VFA က ပြည်ပတင်ပို့ရာမှာ မှီငြမ်းပြု လုပ်ရတဲ့ ဈေးနှုန်း (MEP)တွေကို ထုတ်ပြန်ခဲ့ပါ တယ်။ ဆန်ကွဲ ၅%ပါဝင်တဲ့ ဆန်ဖြူတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၀၊ ၁၅%က အမေရိကန် ဒေါ်လာ ၄၆၀၊ ၂၅%က အမေရိကန် ဒေါ်လာ ၄၅၀ အသီးသီးရှိပါတယ်။ တကယ်လို့ ၂၅% ဆန် ဖြူကို အမေရိကန်ဒေါ်လာ ၄၄၀အောက်မှာ တင်ပို့ ရောင်းချဖို့ စာချုပ်ချုပ်ထားခဲ့ရင် ဘယ်လိုရှိပါသလဲ၊ ဗီယက်နမ်ဆန် ပြည်ပတင်ပို့သူများက ပြည်တွင်း ဆန်ဈေးဟာ တဖြည်းဖြည်း ကျဆင်းနေတယ်၊ တစ်ကီလိုမှာ ဗီယက်နမ်ဒေါင် ၇၅၀၀ လောက်ပဲ ရှိတာကြောင့် ၅%ဆန်ကွဲပါဝင်တဲ့ ဆန်ဖြူ ၅% ဟာ တစ်တန် အမေရိကန် ဒေါ်လာ ၄၀၆-၄၁၀ လောက်ပဲ ရှိပါတော့တယ်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာ လက စတက်ခဲ့တဲ့ စပါးဈေး ဟာလည်း ယခု အချိန်မှာကျဆင်းနေပြီး  စပါး တစ်ကီလိုဟာ ဗီယက်နမ် ဒေါင် ၅၀၀၀ လောက်ပဲ ရှိပါတော့ တယ်။ ဒါကြောင့် Exporters တွေဟာ ဒီအချိန်မှာ Export အတွက် ဆန်ကိုစုဆောင်းဖို့ အကောင်း ဆုံး အချိန်ပါ။ သို့သော်လည်း ဝယ်လိုအားက ခပ် ပါးပါးပဲရှိနေတာကြောင့် ဗီယက်နမ် Exporters တွေ လက်တွန့်နေကြပါတယ်။ (စာရေးသူမှတ်ချက်။    ဆန်စပါးလုပ်ငန်းနဲ့ ပတ်သက်ပြီး စိုက်ပျိုးထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေ ဖြစ်ပေမဲ့ ပြဿနာမျိုးစုံရှိနေရာမှာ အစိုးရတိုင်းက လိုက်လျောညီထွေရှိတဲ့ မူဝါဒများ ချမှတ်ဆောင် ရွက်ကြရပါတယ်။ ဒီလိုပဲ ဆန်တင်သွင်းတဲ့ နိုင်ငံ တွေမှာလည်း ပြဿနာဆိုတာ ရှိကြမှာပါ။ ဒါကို ထိန်းကျောင်းဖို့ အဖွဲ့အစည်း (Institution)တွေ လိုအပ်ပါတယ်။) မောင်တိုင်ပင်

Wednesday, 31 Mar 2010

 ဂျာမနီနိုင်ငံ  ဖရန့်ဖက်မြို့မှာ  ကျင်းပခဲ့တဲ့ နောက်ဆုံး နိုင်ငံတကာ မော်တော်ကား ပြပွဲကြီးကို လျှပ်စစ်ကားပြပွဲလို့     အမည်ပြောင်းပြီး    ခေါ်ဖို့ ကောင်းနေပါတယ်။    ကမ္ဘာ့ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတိုင်း သူတို့ထုတ်လုပ်ထားတဲ့ လျှပ်စစ် ကားတစ်စီး ဖြစ်ဖြစ်၊ ဒါမှမဟုတ် ယုတ်စွအဆုံး လောင်စာဆီနဲ့ လျှပ်စစ်ဖက်စပ်မောင်းရတဲ့ ဟိုင်း ဘရစ် (Hybrid) မိုဒယ်တစ်စီးဖြစ်ဖြစ် ပြသခဲ့ပါ တယ်။ ဒါကြောင့် ၂၀၀၉ ခုနှစ် နိုင်ငံတကာ မော်တော်ကားပြပွဲကြီးက ကမ္ဘာ့မော်တော်ကား ထုတ်လုပ်တဲ့ လုပ်ငန်းကြီးဟာ ပြောင်းလဲမှုတစ်ခု ကို စတင်နေပြီဖြစ်ကြောင်း ပြသလိုက်ပါတယ်။ အဲဒီ ကမ္ဘာ့အရေးပါဆုံး မော်တော်ကားပြပွဲကြီး ကနေ  ပတ်ဝန်းကျင်နဲ့ သဟဇာတလည်းဖြစ်၊ စီးပွားရေးအရလည်း တွက်ခြေကိုက်မယ့် ခေတ် အမီဆုံး လျှပ်စစ်ကားတွေ မကြာမီ ပြေးလမ်း ပေါ်တွေ  ရောက်လာတော့မယ်ဆိုတာ သတင်း (message) ပေးလိုက်ပါတယ်။ ဂျာမနီနိုင်ငံမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ငွေ့လျော့နည်းထုတ်လွှတ်တဲ့ မော်တော်ကား ထုတ် လုပ်တဲ့ နည်းပညာတွေဟာ လာမယ့်နှစ် အနည်း ငယ်အတွင်း အရှိန်အဟုန်နဲ့ ဖွံ့ဖြိုး တိုးတက် လာနိုင် ပါတယ်။ အဲဒီလုပ်ငန်းတွေမှာ ယူရိုငွေ ၃၂၅ ဘီလျံ ရင်းနှီးမြှုပ်နှံထားတဲ့အတွက် တစ်နှစ်ကို ၃၀ ရာခိုင် နှုန်းတိုးတက်လာနိုင်တယ်လို့ Mckinseyအတိုင် ပင်လုပ်ငန်းက ခန့်မှန်း ထားပါတယ်။  မော်တော် ကား ကုမ္ပဏီကြီးရဲ့ CEO Martin Winer Kornက "အနာဂတ် မော်တော်ကား လုပ်ငန်းဟာ ကာဗွန် ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ လုံးဝမထွက်တဲ့ လျှပ် စစ်ကားတွေထုတ်လုပ်တဲ့ လုပ်ငန်းပဲဖြစ်မယ်ဆိုတာ သံသယရှိစရာမလိုပါဘူး"လို့ ပြောပါတယ်။Volkswagenကုမ္ပဏီအနေနဲ့  လျှပ်စစ်ကားထုတ် လုပ်မှုပြိုင်ပွဲကြီးမှာ  မိမိရဲ့ Golf Twin Driveကားနဲ့ ပါဝင်ဆင်နွှဲလာပြီဖြစ်ပါတယ် Mercedes ကုမ္ပဏီကလည်း မိမိထုတ်လုပ်တဲ့ Electron-Smartလျှပ်စစ်ကားကို  စမ်းသပ်နေပြီး RWEနဲ့  BMW Mini-Eလျှပ်စစ်ကားတွေ ကိုလည်း Vattenfall ကုမ္ပဏီနဲ့ ဖက်စပ်ထုတ် လုပ်နေတယ်လို့ သိရပါတယ်။ ယခုအခါ ဂျာမန် မော်တော်ကားထုတ်လုပ်သူ အများအပြားဟာ လျှပ်စစ်ကားတွေမှာ အသုံးပြုရတဲ့ လစ်သီရမ် အိုင်းရင်း ဘက်ထရီထုတ်လုပ်တဲ့ လုပ်ငန်းတွေ မှာ ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံပြီး လုပ် ကိုင်နေကြပါတယ်။  ဂျာမန် ရူပဗေဒပါမောက္ခ Martin Winterက "အဲဒီ ဘက်ထရီလုပ်ငန်း တွေ အောင်မြင်လာရင် ဂျာမနီနိုင်ငံဟာလည်း လျှပ်စစ်ကားထုတ်လုပ်တဲ့လုပ်ငန်းမှာ ဦးဆောင် နိုင်ငံ တစ်နိုင်ငံဖြစ်လာနိုင်တယ်" လို့ ပြောပါ တယ်။သမ္မတဖြစ်လာပြီးတဲ့နောက် အိုဘားမားဟာ အမေရိကန်စီးပွားရေး ပြန်လည် နာလန်ထူလာရေး နဲ့ ပြန်လည်ရင်းနှီးမြှုပ်နှံမှုဥပဒေကို အတည်ပြု အောင် ကြိုးစားခဲ့ပြီး လျှပ်စစ်ကားတွေမှာ အသုံး ပြုနိုင်တဲ့ အလွန်တိုးတက် ကောင်းမွန်တဲ့ ဘက်ထရီ တွေ တီထွင်ထုတ်လုပ်ဖို့ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ အကူအညီ ထုတ်ပေးခဲ့ပါတယ်။ အမေ ရိကန်နိုင်ငံရဲ့ လောင်စာစွမ်းအင်ကို ရေနံထုတ်လုပ် တဲ့ နိုင်ငံတွေ အပေါ် မှီခိုနေရမှုကနေ ကင်းအောင် ၂၀၁၅ ခုနှစ်ရောက်ရင် အမေရိကန်လုပ် လျှပ်စစ် ကား တစ်သန်းကို အမေရိကန်မြို့ကြီးတွေရဲ့ လမ်း ပေါ်တွေမှာ  မောင်းနှင်နိုင်အောင်  ရည်ရွယ်ပြီး ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ လောလောဆယ် ကယ်လီဖိုးနီးယားပြည်နယ် စစ်တာမော်နီကာမြို့မှာ အခြေချတဲ့ Miles လျှပ် စစ်ကား ကုမ္ပဏီကြီးအတွက် လျှပ်စစ်ကားတွေကို တရုတ်နိုင်ငံ တိုင်ဂျင်မြို့မှာ ထုတ်လုပ်နေပါ တယ်။ တစ်နာရီကို မိုင် ၈၀ ကနေ ၁၂၀ အထိ လျှပ်စစ် ဓာတ်အားနဲ့မောင်းနှင်နိုင်တဲ့ ဆီဒင် ကားမျိုး Miles X $ 500 Model တွေဟာ အလွန်အားကောင်း တဲ့ လစ်သီယမ်အိုင်းရင်း ဘက်ထရီတွေကို အသုံး ပြုထားပါတယ်။ ဂျပန်  မစ်ဆူဘီရှီကုမ္ပဏီက  ထုတ်လုပ်တဲ့ IMiEV လျှပ်စစ်ကားဟာ တံခါးလေးပေါက်ပါဝင် ပြီး တစ်ခါလျှပ်စစ်ဓာတ်အားသွင်းထားရင် ကီလို မီတာ ၁၆၀ အထိ မောင်းနှင်နိုင်ပါတယ်။ iMiEVကားတွေမှာအသုံးပြုတဲ့ ဘက်ထရီတွေကို GS Yuasa ကုမ္ပဏီနဲ့ ဖက်စပ်ထုတ်လုပ်ထားပါတယ်။ ယခုအခါ မစ်ဆူဘီရှိကုမ္ပဏီဟာ မိမိရဲ့ iMiEVလျှပ်စစ်ကားတွေကို    ဂျပန်ကားဈေးကွက်မှာ ရောင်းချဖို့ စီစဉ်လျက်ရှိပါတယ်။ တရုတ်နိုင်ငံက BYD မော်တော်ကုမ္ပဏီကြီး ကလည်း သူ့ရဲ့မူပိုင် လစ်သီယမ်အိုင်းရင်း ဘက် ထရီတွေ အသုံးပြုပြီး လျှပ်စစ်ကားတွေဖြစ်တဲ့ F3E  နဲ့  E6 ပုံစံတွေ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ E6 လျှပ်စစ်ကားဆိုရင် တစ်နာရီ ကီလိုမီတာ ၁၆၀ နှုန်းနဲ့ မောင်းနှင်နိုင်ပြီး လျှပ်စစ်ဓာတ်အားအနေနဲ့ ကီလိုမီတာ ၁၆၀ အကွာအဝေးကို ၂၀ ကီလိုဝပ် နာရီသာ အသုံးပြုရပါတယ်။ ဓာတ်ဆီ၊ ဒီဇယ်သုံးစွဲ တာထက် ကုန်ကျစရိတ် ၆၅ရာခိုင်နှုန်းအထိ သက် သာတယ်လို့ သိရပါတယ်။ အစ္စရေးနိုင်ငံက ဆော့ဖ်ဝဲ ပညာရှင်တစ်ဦး ဖြစ်ခဲ့တဲ့ ရှာအီအဂ္ဂါစီဟာ လျှပ်စစ်ကားတွေ ထုတ် လုပ်ဖို့ Better Place ကုမ္ပဏီကို တည်ထောင်ခဲ့ပါ တယ်။ သူက "၂၀၁၀ ခုနှစ်ရောက်ရင် အစ္စရေး နိုင်ငံရဲ့ လမ်းတွေပေါ်မှာ လျှပ်စစ်ကားပေါင်း ၅၀၀၀ ရောက်ရှိလာအောင်  ထုတ်လုပ်သွား မယ်။ ၂၀၁၅ ခုနှစ်ရောက်ရင်တော့ အစ္စရေး နိုင်ငံမှာ ဓာတ်ဆီ၊ ဒီဇယ်နဲ့မောင်းတဲ့ကား တစ်စီး မှမရှိအောင် လုပ်မယ်" လို့ ပြောကြားပါတယ်။ အဂ္ဂါစီရဲ့  လျှပ်စစ်ကားတွေဟာ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ လုံးဝမထွက်တဲ့အပြင် ဓာတ်ဆီကားတွေထက် ကုန်ကျစရိတ် ၂၀ ရာခိုင် နှုန်း သက်သာတယ်လို့ သိရပါတယ်။ အကယ်၍ လျှပ်စစ်ကားတွေကိုသာ  အားလုံးအစားထိုး အသုံးပြုလာနိုင်ရင် အစ္စရေးနိုင်ငံဟာ ကမ္ဘာမှာ ပထမဆုံး ဓာတ်ဆီကားတွေ လုံးဝအသုံးမပြုတဲ့ နိုင်ငံ ဖြစ်လာနိုင်ပါတယ်။ The Global Race to Fuel: the Car of the Futureစာအုပ်ကို ရေးသားသူ Vijay Vaithee Swarna က "လျှပ်စစ်ကားတွေ ထုတ် လုပ်မှုဟာ မော်တော်ကားထုတ်လုပ်မှု လုပ်ငန်း ကြီးကို အခြေခံကနေ ပြောင်းလဲလာနိုင်ပါ တယ်" လို့ ထောက်ပြထားကြောင်းပါခင်ဗျား။Ref: "Rechanging Emission - Free Cars" by Caric Dosh (Newsweek)မောင်ပုဆိုးကြမ်း

Wednesday, 31 Mar 2010

ဘင်္ဂလားဒေ့ရှ်တွင်  ဆင်းရဲသားများအား အသေးစားချေးငွေ (Microfinance )ထုတ်ချေး ခြင်းဖြင့် ဆင်းရဲတွင်းမှလွတ်မြောက်နိုင်ရန် အကူ အညီပေးသည့်အတွက် မိုဟာမက်ယူနွတ်စ်နှင့် သူ ဦးဆောင်တည်ထောင်ခဲ့သည့် ဂရာမင်းဘဏ်တို့ကို  ၂၀၀၆ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခဲ့သည်။  ထိုသို့ဆုရခဲ့သဖြင့်လည်း ယူနွတ်နှင့် ဂရာမင်းဘဏ်တို့၏ အသေးစားချေးငွေဖြင့် ဆင်းရဲ တွင်းမှ လွတ်မြောက်ရေးနည်းလမ်းကို နိုင်ငံတကာ ကစိတ်ဝင်စားလာခဲ့သည်။ တကယ်တော့ ယူနွတ်စ် နှင့် ဂရာမင်းဘဏ်တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အသေးစားချေးငွေထုတ်ပေးသည့် ပထမဆုံးလုပ် ငန်း မဟုတ်သလို အကြီးဆုံးလုပ်ငန်းဟုလည်း မဆို နိုင်ပေ။ အစောဆုံးနှင့်အကြီးဆုံး အသေးစားချေး ငွေလုပ်ငန်းမှာ "ဘင်္ဂလားဒေ့ရှ် ပြန်လည်ထူထောင် ရေး အထောက်အကူကော်မတီ"(Bangladesh Rehabilitation Assistance Committee, BRAC) ဟု ခေါ်တွင်သော အစိုးရမဟုတ်သည့် အဖွဲ့အစည်း(NGO)တစ်ခုဖြစ်သည်။BRAC တစ်နှစ်လျှင် ချေးငွေ ဒေါ်လာ သန်း တစ်ထောင်ခန့်ထုတ်ချေးသည်။ အသေးစား ချေးငွေထုတ်ပေးသည့် လုပ်ငန်းအပြင်၊ အင်တာ နက် ဝန်ဆောင် မှု လုပ်ငန်း (ISP) တစ်ခု၊ တက္ကသိုလ် ကျောင်း တိုက်  တစ်တိုက်နှင့်  မူလတန်းကျောင်းများကို လည်း ထူထောင်ထားသည်။ BRAC ပိုင် မူလ တန်းကျောင်းများက   ဘင်္ဂလားဒေ့ရှ်  ကလေး သူငယ် ၁၁ ရာခိုင်နှုန်း၏ ပညာရေးကို တာဝန်ယူ လျက်ရှိသည်။ ထို့ပြင် တိရစ္ဆာန် အစာစက်ရုံများ၊ ကြက်မွေးမြူရေးလုပ်ငန်းများ၊ လက်ဖက်စိုက်ခင်း များနှင့် ထုပ်ပိုးပစ္စည်းစက်ရုံများကိုလည်း တည် ထောင်ထားသေးသည်။ NGOဆိုသည်မှာ အရွယ် အစားသေးငယ်ရမည်ဟု မဆိုနိုင်ကြောင်း BRAC က  နမူနာပြနိုင်ခဲ့သလို၊  အနောက်နိုင်ငံများမှ နာမည်ကြီး အလှူရှင်အဖွဲ့အစည်း များထက် သာ လွန်အောင်    စွမ်းဆောင်နိုင်ကြောင်းကိုလည်း သာဓကပြနေပေသည်။၁၉၇၀ ပြည့်နှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ် တကောင်းမြို့တွင် ရှိနေသော ရှဲလ်ရေနံကုမ္ပဏီ၏ ရုံးခန်းများကို ဆိုင်ကလုန်းမုန်တိုင်းဘေးသင့် ဒုက္ခ သည်များအတွက် ခိုလှုံရာစခန်းအဖြစ် ဖက်ဇ်လီ ဟာဆန်အဘက်က     ပြောင်းလဲအသုံးချခဲ့ရာမှ BRAC စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဟာဆန်အဘက်သည် ဗြိတိန်တွင် ပညာ သင်ခဲ့သူဖြစ်ပြီး သူ့အဖိုးသည် ကိုလိုနီခေတ် ဘင်္ဂေါ ပြည်နယ်အစိုးရအဖွဲ့တွင်  ဝန်ကြီးတစ်ဦးဖြစ်ပြီး၊ သူ့ဘကြီး  တစ်ဦးသည်လည်း   ဘင်္ဂေါပြည်နယ် ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် အမှုထမ်းခွင့် ရခဲ့သည့် ပထမဦးဆုံး ဘန်ဂါလီ လူမျိုးဖြစ် သည်။ BRAC ၏ ထူးခြားချက်မှာ စီးပွားရေးနည်းနာများ ကို ဆင်းရဲနွမ်းပါးသူများအမြင်နှင့် ပေါင်းစပ်ဆောင် ရွက်ခြင်းပင်ဖြစ်သည်။ ဆင်းရဲမွဲတေခြင်းကို အခြေ ခံအားဖြင့် စီးပွားရေး ပြဿနာအဖြစ်သာ ရှုမြင် ခဲ့ကြပြီး   ငွေကြေးအထောက်အပံ့ပေးခြင်းဖြင့် သက်သာ  လျော့ပါး စေနိုင်သည်ဟု   ယူဆခဲ့ကြ သည်။  ဘင်္ဂလားဒေ့ရှ် ကျေးရွာများတွင် ဆင်းရဲမွဲ တေခြင်းမှာ တင်းကျပ်သော လူမှုရေးအဆင့် ခွဲခြား မှုများကြောင့်လည်း ဖြစ်ပေါ်လာရသည်ဟု ဖက်ဇ် လီဟာဆန်အဘက်က ခံယူထားသည်။ ထိုအခြေ အနေများကြောင့် ရပ်ရွာဖွံ့ဖြိုးရေး အစီအစဉ် များ သည် ဆင်းရဲသားများထက် ချမ်းသာ<ကယ်ဝသည့် ကြေးရေတတ်များကိုသာ  ပိုမိုအကျိုးပြုနေတတ် သည်။ သို့ဖြစ်၍ ဆင်းရဲမွဲတေမှုကို ပြောင်းလဲ စေရန်မှာ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်ရမည် ဟု ဆိုသည်။ထိုသို့ရှုမြင်ခြင်းကြောင့် ဟာဆန်အဘက်ကို လက်ဝဲလမ်းလိုက်နေသူဟု   ထင်စရာရှိသည်။ တကယ်တော့  ယင်းသို့သော  တော်လှန်ရေး သဘောထားကို ဖွံ့ဖြိုးတိုးတက်မှုအဖြစ်သို့ လမ်း ကြောင်းပြောင်းယူခြင်းဖြစ်သည်။ အမျိုးသမီးများ သည် လူမှုအဆင့်ခွဲခြားမှု၏ အောက်ဆုံးအဆင့် တွင် ကျရောက်နေပြီး၊ အကူအညီ  အလိုအပ်ဆုံး လည်းဖြစ်နေကြသဖြင့်  အမျိုးသမီးထုကို ဦးစား ပေးရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် BRAC ၏ စာသင်ကျောင်းများတွင် မိန်းကလေး ဦးရေမှာ ၇၀ရာခိုင်နှုန်းအထိ ရှိနေခြင်းဖြစ်သည်။ အသေးစား ချေးငွေထုတ်ချေးခြင်းဖြင့် ဆင်း ရဲသားများ ငွေစုဆောင်းလာနိုင်စေရန် အထောက် အကူပြုသည်။ ဂရာမင်းဘဏ်က ဆင်းရဲနွမ်းပါးသူ အမျိုးသမီးများကိုသာ ငွေထုတ်ချေး သော်လည်း BRAC က  စီးပွားရေးလုပ်ငန်း  ကုမ္ပဏီငယ် အများအပြားကိုလည်း  ချေးငွေထုတ်ပေးသည်။ မိသားစုနှင့် တစ်ဦးချင်းသို့ ထုတ်ပေးသည့် ချေး ငွေသည် နွားမဝယ်မွေးထားသကဲ့သို့သော အစဉ် အလာ ရင်းနှီးမြှုပ်နှံမှုထဲသို့ ရောက်သွားလေ့ရှိ သည်။ စီးပွားရေးလုပ်ငန်းငယ်များသို့ ချေးငွေမှ အလုပ်အကိုင်နေရာသစ်များ ပေါ်ပေါက်လာစေ မည်ဖြစ်သည့်အပြင် ထုတ်လုပ်မှုစွမ်းရည် တိုးတက် သည့် စီးပွားရေးလုပ်ငန်း ပုံစံသစ်များ ဖြစ်ထွန်း စေနိုင်သည်ဟု မျှော်မှန်းထားခြင်းဖြစ်သည်။ဘင်္ဂလားဒေ့ရှ်တွင် နှစ်ပေါင်း ၃၀ ကြာမျှ လုပ်ကိုင်ခဲ့သည့် အတွေ့အကြုံအရ BRAC ၏ လုပ်ငန်းစနစ်များမှာ ချို့ယွင်းအားနည်းချက် မရှိ တော့သလောက် ကောင်းမွန်လာခဲ့သည်။ ယခု အခါမှာတော့ အာဖဂန်နစ္စတန်၊ တန်ဇန်းနီးယားနှင့် ယူဂန်ဒါနိုင်ငံများတွင် BRAC သည် အကြီးဆုံး NGO အဖွဲ့များအဖြစ် တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး၊ ထိုနိုင်ငံများတွင်  လွန်ခဲ့သော ဆယ်နှစ်ကျော်က စတင်ဆောင်ရွက်ခဲ့ကြသည့် ဗြိတိသျှ အလှူရှင် အဖွဲ့အစည်းများထက် ပိုမိုထိရောက်အောင်မြင် လျက်ရှိသည်။ NGO တို့သည် ကျေးလက်ဒေသ နှင့် အဆက်ပြတ်နေသည့် အစိုးရများနှင့် ကျေး လက်တို့အကြား လစ်ဟာနေသော ကွက်လပ်ကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်။ မိမိဇာတိ ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် အောင်မြင်ခဲ့သလို အခြား ဆင်းရဲ နိုင်ငံများတွင် အောင်မြင်နိုင်ပါ့မလား ဆိုသည်ကို တော့ စောင့်ကြည့်ရဦးမည်ဟု ဆိုပါသည်။Ref: The Economistဦးဟန်ထွန်း

Pages