Main menu

Background

Monday, 1 Mar 2010

လယ်ယာကုန်စည်များအနက် ဆန်စပါးသည် ပြည်သူလူထု၏ အဓိက အစားအစာ ဖြစ်သော ကြောင့် အရေးပါဆုံးဖြစ်သော်လည်း ပဲမျိုးစုံသည် အများဆုံး လယ်ယာ ပို့ကုန်ဖြစ်သည့် အပြင် လယ်သမား များအတွက် အဓိကဝင်ငွေ ဇာစ်မြစ်ဖြစ်လာသောကြောင့် တစ်နေ့ တခြား ပိုမိုအရေးပါလာပေသည်။ ပဲမျိုးစုံလုပ်ငန်းသည် ဈေးကွက် စီးပွားရေးစနစ်ကျင့်သုံးသည့် နှစ် (၂၀) ကာလအတွင်း တိုးတက် ဖွံ့ဖြိုးမှု အမြန်ဆုံးဖြစ်၍ မြန်မာနိုင်ငံသည် အာရှတွင် ပဲအများဆုံး တင်ပို့သူ Leading Exporter ဖြစ်လာသလို ကမ္ဘာပေါ်တွင်လည်း ကနေဒါပြီးလျှင်  ဒုတိယ အများဆုံး တင်ပို့သူ  ဖြစ်လာပေသည်။ အချိန်တိုအတွင်း ပဲမျိုးစုံလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာရခြင်း၏ အခြေခံ အကြောင်းအရင်းမှာ အစဉ်တိုးတက်နေသော ပြည်ပ ဝယ်လိုအား ကြောင့်ဖြစ်ပြီး အထူးသဖြင့် အိန္ဒိယ၏ဝယ်လိုအား တိုးတက်လာမှု ကြောင့်ဖြစ်သည်။ လက်ရှိအခြေအနေတွင် လယ်ယာသီးနှံများအနက် ပဲမျိုးစုံသည် ဈေးနှုန်းယှဉ်ပြိုင်နိုင်မှု (Price competitiveness ) အားအကောင်းဆုံးဖြစ်သည့်အလျောက် လာမည့် ကာလများအတွင်း ဆက်လက်တိုးတက်နေမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း အရှေ့ တောင်အာရှနိုင်ငံများအနက် တစ်ဆက်တည်းကုန်းမြေ အကျယ်ဆုံး ဖြစ်ပြီး၊ တိုးချဲ့စိုက်ပျိုးနိုင်သော မြေဧရိယာသည် အခြားနိုင်ငံများ ထက် များစွာကျန်ရှိနေသေးခြင်း၊ သဘာဝရေမြေ အနေအထားအရ ပဲမျိုးစုံကို နေရာတော်တော်များများတွင် စိုက်ပျိုးနိုင်ခြင်း၊ စိုက်ပျိုးရာ တွင်လည်း အခြားသီးနှံများလောက် အလုပ်မများဘဲ လွယ်ကူခြင်း၊ အရင်းအနှီး မများခြင်း စသည့်အချက်များကြောင့် တိုးချဲ့စိုက်ပျိုးရန် များစွာ အလားအလာရှိပေသည်။ အခြားတစ်ဖက်ဖြစ်သော ဝယ်လို အား ဘက်မှ ကြည့်ပါလျှင်လည်း ပဲမျိုးစုံသည် အခြေခံစားကုန်(food)၊ တိရိစ္ဆာန်အစားအစာ (animal feed)၊ ဇီဝလောင်စာ (bio-fuel) စသည့်  ဘက်စုံအသုံးပြုနိုင်သည့်  လယ်ယာကုန်စည် ဖြစ်သည့် အလျောက် ကမ္ဘာ့ဝယ်လိုအားသည်လည်း တစ်နေ့တခြား တိုးလာ စေရန် တွန်းအားပေးလျက် ရှိပါသည်။ ယခုအခါ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲအများဆုံး ထုတ်လုပ်သူနှင့် စားသုံးသူ ဖြစ်သလို အများဆုံး တင်သွင်းနေသူလည်းဖြစ်ပြီး၊ တရုတ်နိုင်ငံသည်လည်း ယခုအခါ တိရစ္ဆာန်အစားအစာအတွက် ပဲကုန်ကြမ်းအများဆုံး တင်သွင်းနေသည့် နိုင်ငံဖြစ်လာပေသည်။ လက်ရှိ အိန္ဒိယနိုင်ငံ၏ ပဲမျိုးစုံထုတ်လုပ်မှု အခြေအနေကို သုံးသပ်ရသော် အကြမ်းဖျင်းအား ဖြင့် လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ပဲမျိုးစုံစိုက်ပျိုးထုတ် လုပ်မှုတွင် သိသာသော တိုးတက်မှု မတွေ့ရဘဲ ပြည်တွင်းထုတ်လုပ်မှု တန်ချိန် ၁၃ဒသမ ၅သန်းမှ ၁၄ဒသမ ၅ သန်းဝန်းကျင်အတွင်း တန့်နေသည်ကို တွေ့ရသည်။ ဤသို့ဖြစ်ရသည့်အကြောင်းအရင်းမှာ အစိုးရ၏ ဈေးနှုန်း ပေါ်လစီ တွင် အဓိကသီးနှံများဖြစ်သော ဆန်၊ ဂျုံတို့နှင့် နှိုင်းယှဉ်လျှင် အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း သတ်မှတ်မှု (minimum support price) မှာ နိမ့်ကျသောကြောင့် ဆွဲဆောင်မှု အားနည်း နေသေးခြင်း၊ စိုက်ပျိုးနိုင်သောမြေနှင့် ရေရရှိမှု တဖြေးဖြေး ပိုမိုရှားပါးလာခြင်း၊ ရာသီဥတု ဖောက်ပြန်မှုများ ပိုမိုများပြားလာခြင်း စသည်တို့ကြောင့်ဖြစ်သည်။ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု မြင့်တက်မလာ သော်လည်း သဘာဝလူဦးရေတိုးနှုန်းအရ တစ်နှစ်လျှင် ခန့်မှန်းခြေ ၁၈ သန်းခန့် မှန်မှန်တိုးလာနေသောကြောင့် လိုအပ်ချက် (ယခုအခါ တန်ချိန် ၃ သန်းကျော်)ကို ပြည်ပမှ နှစ်စဉ်တင်သွင်းနေရဆဲဖြစ်သည်။ထို့အတူ တရုတ်နိုင်ငံသည်လည်း ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း စီးပွားရေး လျင်မြန်စွာ တိုးတက် လာသောကြောင့် လူအများစုဝင်ငွေ မှာ  သိသိသာသာ   မြင့်မားလာမှုနှင့်အတူ  စားသောက်မှု ပုံစံ (consumption pattern)  ပြောင်းလဲလာပြီး အရည်အသွေးမြင့် ကုန်စည်များ (quality food) ဖြစ်သော နို့နှင့်နို့ထွက်ပစ္စည်းများ၊ အသားစားသုံးမှုများ ပိုမိုလာသောကြောင့် မွေးမြူရေး လုပ်ငန်းများ အထူးများပြားလာခဲ့ပါသည်။ တွက်ချက်မှုများအရ အသားတစ်ကီလို ရရန် အသားကုန်ကြမ်း ခုနစ်ကီလို လိုအပ်သဖြင့် ယခင်ကထက် တိရစ္ဆာန်အစားအစာကုန်ကြမ်း လိုအပ်ချက်ပိုမိုလာ၍ သွင်းကုန်ဖြင့် သာ ဖြေရှင်းနေသောကြောင့် ယခုအခါ ပဲကုန်ကြမ်းကို အများဆုံး တင်သွင်းနေပြီး၊ အမေရိကန်နှင့် ဘရာဇီးနိုင်ငံများမှ အများဆုံး ဝယ်ယူလျက်ရှိသည်။ နှိုင်းယှဉ်ဈေးနှုန်း (relative price) မြင့်မားနေ မှုကြောင့် မြန်မာနိုင်ငံမှ ဝယ်ယူမှုနည်းသေးသော်လည်း ဈေးနှုန်းပြိုင် ဆိုင်နိုင်လျှင် ပဲမျိုးစုံပို့ကုန်ကိုများစွာ တိုးချဲ့နိုင်ဦးမည်ဖြစ်သည်။ ဆိုလိုသည်မှာ မိမိနှင့်အနီးဆုံး ဈေးကွက်ကြီးနှစ်ခုကို ပိုင်ပိုင်နိုင်နိုင် ထိုးဖောက်နိုင်အားရှိစေရန် လုပ်ဆောင်နိုင်မှသာ ပဲမျိုးစုံလုပ်ငန်း ရေ ရှည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု(substainable development) ကိုရရှိနိုင်ရန် အလားအလာရှိမည်ဖြစ်သည်။ ပဲမျိုးစုံလုပ်ငန်းသည် ကျေးလက်လယ်သမားထုအတွက် အဓိကဝင်ငွေဖြစ်နေသောကြောင့် ကျေးလက်ဖွံ့ဖြိုးမှု မြှင့်တင်ရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး (poverty eradication) အတွက်လည်း များစွာအရေးပါပေသည်။ ထို့အတွက် ပဲမျိုးစုံလုပ်ငန်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ များ (strategies) ကို အဓိကထား၍  အကျဉ်းချုပ် ဆွေးနွေးတင်ပြ မည်ဖြစ်သည်။ပြည်ပဈေးကွက် ဦးစားပေး ဖွံ့ဖြိုးမှုပုံစံ (Foreign Market Oriented Development Model)ပဲမျိုးစုံလုပ်ငန်းတစ်ခုလုံး (supply chain) တွင် ထုတ်လုပ်သူ လယ်သမားမှအစ နောက်ဆုံးစားသုံးသူ (end user) အထိ ပါဝင်ပြီး၊ တိုးတက်မှု၏အရင်းအမြစ်ကို ရှာဖွေမည်ဆိုလျှင် နောက်ဆုံး စားသုံး သူများ၏ ဝယ်လိုအား အဆက်မပြတ် တိုးလာခြင်းကြောင့်ပင် ဖြစ် သည်။ ပဲမျိုးစုံ၏ end user မှာ ပြည်တွင်းထက် ပြည်ပ စားသုံး သူများဖြစ်နေပေသည်။ သို့ဖြစ်၍ ပြည်ပစားသုံးသူများ တစ်နည်း အားဖြင့် ပြည်ပဝယ်လိုအား အခြေအနေနှင့် ပြောင်းလဲလာမှု၊ ကြိုက် နှစ်သက်မှုများ အဆိုပါ ဝယ်လိုအားကို အဓိကပြဋ္ဌာန်းနေသည့် အချက်များ၊ ပြိုင်ဘက်များ၏ ယှဉ်ပြိုင်နိုင်မှုနှင့် ထိုးဖောက်နိုင်စွမ်းအား အစရှိသည်တို့ကို အဆက်မပြတ် လေ့လာသုံးသပ်ပြီး၊ ဈေးကွက်လို အပ်ချက်ကို အမြန်ဆုံးတုံ့ပြန်နိုင်သည့် အခြေအနေအထိ ဆောင် ရွက်နိုင်မှသာ ရေရှည်ရှင်သန်တိုးတက်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါ က မိမိရရှိထားသည့် ဈေးကွက်ဝေစုများ တဖြေးဖြေး အခြားသူများ က ရယူသွားမည်ဖြစ်ပေသည်။ ပြည်ပ ဈေးကွက်ဦးစားပေး ဖွံ့ဖြိုးမှု ပုံစံကို အောက်တွင်ဖော်ပြထားပါသည်။ ပြည်ပဈေးကွက် အခြေအနေ လေ့လာသုံးသပ်ချက်များကို အဆက်မပြတ်ပြုလုပ်၍ ပြောင်းလဲ နေသော ဈေးကွက်အခြေအနေ များအရ ဈေးကွက်လိုအပ်ချက်များကို အမြန်ဆုံး ထုတ်လုပ် နိုင်ရန် မျိုးစေ့သစ်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ် ဆေးများ၊ ထွန်ယက် ကိရိယာများနှင့် လယ်ယာသုံး ကိရိယာများ ထုတ်လုပ်သည့် လယ်ယာ အခြေခံ လုပ်ငန်းများ (Agro-based industries) သို့ အမြန်ဆုံးအကြောင်းကြားကာ ထုတ်လုပ်စေပြီး၊ ၎င်းင်းမှတစ်ဆင့် အောက်ခြေလယ်သမားများဆီသို့ ဖြန့်ဖြူးပျံ့နှံ့စေ ခြင်းပင်ဖြစ်သည်။ ထိုသို့ပြုလုပ်နိုင်ပါလျှင် ပြည်ပဈေးကွက်ဝယ်လို အား ပြောင်းလဲမှုနှင့် ဈေးကွက်လိုအပ်ချက်ကို အမြန်ဆုံးတုံ့ပြန်နိုင် မည်ဖြစ်သောကြောင့် ဈေးကွက်ကိုလွှမ်းမိုးနိုင်မည်ဖြစ်သည်။ ဖော်ပြပါ အဖွဲ့အစည်းများ အပြန်အလှန် ဆက်သွယ်မှုအား ကောင်းစေရန် အတွက် Extension Services များဖြင့် အမြန်ဆုံးလုပ်ဆောင်နိုင် ရန် တည်ဆောက်ထားရမည်ဖြစ်သည်။လက်ကားကုန်စည်ဒိုင် ပိုမိုထွန်းကားလာရေးပဲမျိုးစုံ ျကစစူပ ခ့ငေည တိုးတက်မှုဖြစ်ပေါ်စေရန် ပြည်ပ ဝယ်လိုအား တိုးတက်မှုက စေ့ဆော်နေ သော်လည်း အဓိကဇာတ် ဆောင်ဖြစ်သည့် လယ်သမား၏ တုံ့ပြန်မှုသည်လည်း များစွာ အရေး ကြီးပေသည်။                           လယ်သမားများ၏ တုံ့ပြန်မှု ကောင်းမကောင်းသည် ၎င်းင်းတို့၏ အကျိုးစီးပွားကို မည်မျှ အကောင်အထည် ဖော်ပေးနိုင်သည်ဟူသော အချက်ပေါ်တွင်မူတည်ပေသည်။ ပြည်ပဝယ်လိုအား မြင့်တက်လာ ပြီး၊ ဈေးနှုန်းကောင်းသော်လည်း လယ်သမားများအနေဖြင့် အကျိုး စီးပွားမခံစားရပါက တိုးတက်စိုက်ပျိုးလိုစိတ် အားနည်းကာ ပဲလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု မဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ လယ်သမားအဆင့်အထိ အကျိုးကျေးဇူး ဖော်ဆောင်နိုင်မှသာ ရေရှည်တိုးတက်နိုင်မည် ဖြစ် သည်။ ထို့အတွက် လယ်သမားများအကျိုးကို ရေရှည် ဖော်ဆောင် နိုင်သည့် နည်းလမ်းတစ်ရပ်ဖြစ်သော လက်ငင်းစနစ်ဖြင့် ရောင်းချဝယ် ယူသည့် လက်ကားကုန်စည်ဒိုင်များ(commodity spot wholesale market or exchange) ပိုမိုထွန်းကား လာစေရန် အထူးလိုအပ်နေပါ သည်။  လက်ကားကုန်စည်ဒိုင်များ  ကျေးလက်ဒေသ အရောက် ဖွင့်လှစ်ခြင်းဖြင့် လယ်သမားများ၏ အဓိကအခက်အခဲများဖြစ်သော လယ်ယာထုတ်ကုန်များ၏ သီးနှံပေါ်ချိန်ဈေးနှုန်း အထူးနိမ့်ကျခြင်း၊ ဈေးကွက်နှင့် ဈေးနှုန်းသတင်းပျံ့နှံ့မှု အားနည်းခြင်း၊ အထွက်တိုး နည်းပညာသိရှိမှု နည်းပါးခြင်း၊ သွင်းအားစုများ အသုံးပြုမှု နည်းပါး ခြင်း၊ ငွေကြေး အရင်းအနှီး ရှားပါးခြင်း၊ လယ်ယာကုန်စည်များ၏ အရည်အသွေး နိမ့်ကျခြင်း စသည်တို့ကိုလည်း အတိုင်းအတာတစ်ခု အထိ ဖြေရှင်းသွားနိုင်မည်ဖြစ်သည်။ ယခုအချိန်တွင်မူ အထက် ဖော်ပြပါ အခက်အခဲများကြောင့် လယ်သမားအများစု အနေဖြင့် ပဲမျိုးစုံပို့ကုန်လုပ်ငန်း တိုးတက်မှု၏ အကျိုးစီးပွားကို ရသင့်သလောက် မရရှိသေးကြောင်း လေ့လာချက်များအရ သိရပါသည်။ အထက်ပါ အခက်အခဲများကို လက်ကားကုန်စည်ဒိုင်များ ကျေးလက်အရောက် ထူထောင်ခြင်း ဖြင့်  ဖြေရှင်းနိုင်မည်ဖြစ်သည်။လက်ကားကုန်စည်ဒိုင်၏ အဓိကလက္ခဏာရပ်များ (၁) ကုန်စည်ဒိုင်များကိုကျေးလက်ဒေသအဆင့်ထိ တစ်ပြည် လုံး ပျံ့နှံ့တည်ထောင်ခြင်း။ (၂) ကုန်စည်ဒိုင်များတွင် အရည်အသွေးမီသည့် ဂိုဒေါင်များ (warehousing) ပါဝင်စေခြင်း။ (၃) ကုန်စည်ဒိုင်များတွင် လက်ငင်းရောင်းဝယ်မှုစနစ် ကျင့် သုံး၍ စွန့်စားမှုနည်းပါးစေခြင်း။ (ရောင်းချမှု၊ လွှဲပြောင်း ပေးမှု၊ အရည်အသွေး) (၄) သိုလှောင်နိုင်သော  လယ်ယာကုန်စည်များ  အကျုံး ဝင်ခြင်း။ (၅) ခေတ်မီနည်းပညာများ (ဥပမာ–IT) အသုံးပြုစေခြင်း (Electronic mode operation)။ (၆) အရည်အသွေး သတ်မှတ်ချက်ရှိခြင်း။ (၇) လယ်သမားများ၊ ကုန်သည်များ၊ စက်ပိုင်များ၊ အကျိုး ဆောင်များ၊ ကုမ္ပဏီများနှင့် ပို့ကုန်လုပ်ငန်းရှင်များ ပါ ဝင်ခြင်း။လက်တွေ့လုပ်ဆောင်ရာတွင် လယ်သမားများက ကုန်စည် ဒိုင်များသို့ ကုန်စည်များရောင်းချရန်အတွက် လာရောက်မည်ဆိုလျှင် ဒိုင်အနေဖြင့် အရည်အသွေးနှင့်ပတ်သက်၍ လိုင်စင်ရစစ်ဆေးသူများ  ထားရှိကာ ကုန်စည်များကို လက်ခံသိုလှောင်မည်ဖြစ်သည်။ ထို့နောက် ကုန်စည်သိုလှောင်လက်ခံ ပြေစာများကို ကုန်စည် ဒိုင်မှ ထုတ်ပေးရမည်ဖြစ်သည်။ (၎င်းင်းလက်ခံပြေစာသည် နိုင်ငံတကာ တွင် အပေါင်လက်မှတ်အဖြစ် လက်ခံအသုံးပြုနိုင်၍ အပေါင်ခံတန်ဖိုး ၏ ၆၀ ရာခိုင်နှုန်းအထိပင် ချေးငွေထုတ်ပေးမှုများ ရှိပါသည်။) ထို့ အတွက် ကုန်စည်ဒိုင်၏ပြေစာသည် ချေးငွေရရှိနိုင်သော ဇာစ်မြစ်ဖြစ် လာမည်ဆိုပါက  လယ်သမားများအတွက်ရော  ကုန်သည်များ အတွက်ပါ အထူးလိုအပ်နေသောချေးငွေကို ရရှိနိုင်မည်ဖြစ်သည်။ ဈေးနှုန်းဖွင့်ရာတွင်လည်း တစ်ဦးချင်း လျှို့ဝှက်ဖွင့်မည်မဟုတ်ဘဲ အများသိစေရန် ဈေးကွက်ဈေးနှုန်းအနေဖြင့် ဖွင့်လှစ်မည်ဖြစ်သော ကြောင့် လယ်သမားများအနေဖြင့် ဈေးကွက်ပေါက်ဈေး အမှန်ကို ရရှိမည်ဖြစ်သည်။ လက်ငင်းငွေချေစနစ်ဖြင့် အရောင်းအဝယ် ပြုလုပ်ခြင်းကို တစ်နေ့အတွင်း အပြီးလုပ်ဆောင်ရမည် ဖြစ်သည်။ မှန်ကန်သော ဈေးနှုန်း သတ်မှတ်ခြင်းဖြစ်ပေါ်စေရန် ပြည်တွင်းအရပ်ဒေသ အသီး သီးရှိ ကုန်စည်ဒိုင်များနှင့် ချိတ်ဆက်ထားမှုရှိရမည့်အပြင် ရောင်းဝယ် မှု လျင်မြန်ရေးနှင့် လွယ်ကူချောမွေ့စေရေး၊ သတင်းဆက်သွယ်မှု ထိရောက်စေရေးအတွက်Electronic mode of operation ကို လုပ်ဆောင်မည်ဖြစ်သည်။ အကယ်၍ ယခုအခြေအနေ တွင် အပြည့် အဝလုပ်ဆောင်ရန် ခဲယဉ်းနေမည်ဖြစ်သော်လည်း လုပ်ဆောင်နိုင် သည့် အဆင့်မှစ၍ တစ်ဆင့်ချင်း ကြိုးစားသင့်ပါသည်။ (ဥပမာ- ဖက်စ်၊ မိုဘိုင်းဖုန်း)ဤစနစ် ထွန်းကားလာပါက အောက်ပါအကျိုးကျေးဇူးများကို ပဲမျိုးစုံ supply chain တစ်ခုလုံး ရှိမည်ဖြစ်သည်။လယ်သမားများရရှိမည့် အကျိုးကျေးဇူးများ (၁) လယ်သမားများအနေဖြင့် ဈေးကွက်ဈေးနှုန်း ရရှိစေ ခြင်း။ «သီးနှံပေါ်ချိန် ဈေးနှုန်း (low farm gate price) အခက်အခဲကို ကျော်လွှားနိုင်ခြင်း။» (၂) ကုန်စည်ဒိုင်များမှတစ်ဆင့် ဈေးကွက်နှင့်ဈေးနှုန်း နည်း ပညာဗဟုသုတများ ရရှိနိုင်ခြင်း။ (၃) လယ်သမားများ  ကြုံတွေ့နေရသည့်  ရာသီအလိုက် ဈေးနှုန်းကွာဟချက် ကြီးမားမှုကို လျှော့ချနိုင်ခြင်း။ (၄) လယ်သမားများ လယ်ယာလုပ်ငန်းမှ ဝင်ငွေပိုမိုရရှိနိုင် ခြင်း။ (၅) ဈေးကွက်ဈေးနှုန်းအရ မှန်ကန်သော သီးနှံရွေးချယ်မှုကို ဖြစ်ပေါ်စေခြင်း။  (၆) ရောင်းချမှုအတွက် စိတ်ချရခြင်း။ (၇) လယ်သမားများ သီးနှံအရည်အသွေး ပိုမိုကောင်းမွန် အောင် ကြိုးစားလိုစိတ် လှုံ့ဆော်ပေးခြင်း။ကုန်သည်များ၊ ဝယ်ယူသူများနှင့် စားသုံးသူများအတွက် အကျိုးကျေးဇူး (၁) စစ်မှန်သော အရည်အသွေးမီ ကုန်စည်များကို မှန်ကန် သောဈေးနှုန်းဖြင့် ရရှိစေခြင်း။ (၂) အရောင်းအဝယ်ပြုလုပ်ရာတွင် စွန့်စားမှုမရှိခြင်း။ (၃) အရည်အသွေးမီ ကုန်စည်များ လက်ဝယ်ရှိပြီးဖြစ်၍ ကုန်သွယ်မှုပမာဏနှင့် အရည်အသွေးမြင့်တက်စေခြင်း။တိုင်းပြည်အနေဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူး (၁) အဓိကထုတ်လုပ်သူ အခြေခံလယ်သမားများကို အသိ ပညာပေးမှုနှင့် လိုအပ်သော နည်းလမ်းများကို ကုန်စည် ဒိုင်များမှတစ်ဆင့် လွယ်ကူစွာပေးနိုင်ခြင်း။ (၂) လယ်ယာကုန်စည်၏ အရည်အသွေး တိုးတက်စေခြင်း။ (၃) ကြိုရောင်းကြိုဝယ်စနစ်ကြောင့် တိုင်းပြည်အဆင့် ပဲဈေး ကွက်နှင့် ဈေးနှုန်းကမောက်ကမ ဖြစ်မှုများကို ရှောင်လွှဲ နိုင်ခြင်း။ (၄) ICT  နည်းပညာများ ကျေးလက်အထိ တွင်တွင်ကျယ် ကျယ် အသုံးပြုစေခြင်း။ (၅) ကုန်စည်ဒိုင် ဖွံ့ဖြိုးမှုမှတစ်ဆင့် ပဲမျိုးစုံ supply chain တစ်ခုလုံး  တိုးတက်စေခြင်း။ (၆) အစိုးရအနေဖြင့် အခွန်ရငွေတိုးပွားစေခြင်းနှင့် လယ်ယာ လုပ်ငန်းများအတွက် ထောက်ပံ့ကြေးသက်သာလာခြင်း။ (၇) လယ်ယာဝင်ငွေ သိသိသာသာ တိုးစေခြင်းနှင့် ဆင်းရဲမွဲ တေမှုကို ကုစားနိုင်ခြင်း။ပဲမျိုးစုံ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်ပဈေးကွက် ဝယ်လို အားတိုးတက်မှုနှင့် လယ်သမားတို့ ကြိုးစားတိုးချဲ့ စိုက်ပျိုးမှုအပေါ် များစွာတည်ပေသည်။ ကုန်စည်ဒိုင်များတည်ဆောက်ရာတွင် လက်ရှိ လက်ကားကုန်စည်ဒိုင်များ ၃၀ ဝန်းကျင်ခန့်ရှိပြီးဖြစ်ပါသည်။ အထက် အဆိုပြုထားသည့် ကုန်စည်ဒိုင်များကို တည်ရှိပြီးသား လက်ကား ကုန်စည်ဒိုင်များမှတစ်ဆင့် တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်ပြီး၊ ကာလ တိုနှင့် ကာလလတ်အတွင်း တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ပြည်ပဈေးကွက် ဝယ်လိုအားနှင့် ဈေးကွက်သုတေသန အဖွဲ့အစည်းကို အစိုးရမှဦးစီး၍ ပုဂ္ဂလိကကဏ္ဍမှ ကျွမ်းကျင်သူ များဖြင့် ဖွဲ့စည်းလုပ်ဆောင်ရမည်ဖြစ်သလို ကုန်စည်ဒိုင်များ ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း နိုင်ငံတော်မှ ဦးဆောင်၍ ပုဂ္ဂလိက လုပ်ငန်း ရှင်များ၊   ကျွမ်းကျင်သူများပူးပေါင်းကာ   Public Private Partnership(PPP) ပုံစံဖြင့် လုပ်ဆောင်သင့်ပေသည်။ကိုးကား-Financial Technologies (India) limited (2009) ၏ “A Study on Setting up an Electronic Commodity Spot Exchange” မှ အချက်အလက်အချို့ကို မှီငြမ်းထားပါသည်။ဒေါက်တာမောင်အောင်

Monday, 1 Mar 2010

ကျွန်တော်က ကုန်သွယ်ရေးမှာ  အနှစ်(၃၀)လောက် ဝန်ထမ်း ဘဝနဲ့နေခဲ့ပြီး အခုတော့ ကိုယ်ပိုင်ကုမ္ပဏီလေးတစ်ခု ထူထောင်လို့ ကိုယ့်နိုင်ငံက လယ်ယာထုတ်ကုန်တွေကို အရင်တုန်းကသိခဲ့တဲ့ ပြည်ပ က မိတ်ဆွေကုမ္ပဏီတွေနဲ့ ချိတ်ဆက်တင်ပို့ရင်း ရလာတဲ့ပို့ကုန်ဝင် ငွေကိုလည်း လူသုံးကုန်တွေ တင်သွင်းတဲ့ လုပ်ငန်းလုပ်နေပါတယ်။ ကြီးကြီးကျယ်ကျယ် မဟုတ်ပါဘူး။ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်း လေးပါ။ခုတလော ပို့ကုန်၊ သွင်းကုန်လောကမှာ ကြားနေရတဲ့ သတင်း တချို့ကြောင့် ကျွန်တော်လည်း နားမလည်လောက်အောင် ဖြစ်နေ တာရှိပါတယ်။ ပို့ကုန်၊ သွင်းကုန်လိုင်စင်ရဲ့ Port of Loding နဲ့ Port of discharge ကို အဲနီးကန်းထရီး အဲနီးပို့ (Any Country နဲ့ Any Port)လုပ်ပေးမှ အဆင်ပြေမယ်ဆိုတဲ့ သတင်းတချို့ပါ။ကျွန်တော်သိတာတော့ ပြည်ပကို တင်ပို့တာပဲဖြစ်ဖြစ်၊ ပြည်ပ က တင်သွင်းတာပဲဖြစ်ဖြစ်၊ ရောင်းသူဝယ်သူ ချိတ်ဆက်ကြ၊ အရည် အသွေး ဈေးစကားတွေ ပြောကြ၊ သတောတူရင် စာချုပ်ချုပ်ကြ၊ စာချုပ်နဲ့အတူ ကုန်ရောင်းအကြိုပို့လွှာ Proforma Invoice ကိုပါ ထည့်ကြပါတယ်။ ဒီ Profoma Invoice မှာ ဘယ်နိုင်ငံက ထုတ် လုပ်တဲ့ပစ္စည်းကို ဘယ်လိုငွေကြေး အမျိုးအစား၊ ဘယ်လိုဈေးနှုန်းနဲ့ ဘယ်လို ငွေပေးချေတဲ့စနစ်နဲ့ ရောင်းဝယ်မယ်ဆိုတာပါသလို၊ ဘယ် နိုင်ငံ ဘယ်ဆိပ်ကမ်းက တင်ပို့ပေးမယ်ဆိုတာလည်း ပါပြီးသားပါ။ဒီစာချုပ်တွေ Proforma Invoice တွေနဲ့ လိုင်စင်လျှောက်လာ လို့လည်း ဌာနဆိုင်ရာအဆင့်တာဝန်ရှိသူတွေက ဒီအထောက်အထား တွေပေါ်မှာစိစစ်ပြီးတော့ လိုင်စင်ခွင့်ပြုပေးခဲ့တာပါ။ ဒီလိုမဟုတ်ပဲ လိုင်စင်လျှောက်တုန်းက ဖော်ပြခဲ့တဲ့ Port of Loading နဲ့ Port of Discharge နဲ့ ကျွန်တော်တကယ်ပို့တာ သွင်းတာ မတူတော့ ပါဘူး။ တင်ချင်တဲ့နေရာ၊ ချချင်တဲ့နေရာကို အဆင်ပြေသလို လုပ်ချင် ပါတယ်ဆိုရင်တော့ လိုင်စင်လျှောက်တုန်းက တင်ပြခဲ့တဲ့ ရောင်းသူ ဝယ်သူစာချုပ်တွေ Proforma Invoice တွေကို ဘယ်လို သဘော ထားရမလဲ၊ ဒါတွေကို အချိန်ယူပြီး စိစစ်ဆောင်ရွက်နေတဲ့ ဌာန ဆိုင်ရာရဲ့ အချိန်အင်အား၊ လူအင်အားတွေကို ဘယ်လိုသဘော ထားသလဲ၊ စဉ်းစားစရာပါပဲ။နောက်တစ်ခုက နိုင်ငံတကာကုန်သွယ်မှုမှာ နိုင်ငံတစ်ခုအနေနဲ့ ကိုယ့်နိုင်ငံက ပစ္စည်းကို ပို့ဆောင်ပြီး ပြည်ပမှာချမယ့် နိုင်ငံနဲ့ ဆိပ်ကမ်း Port of discharge ကိုယ့်နိုင်ငံက တင်သွင်းတဲ့ပစ္စည်းကို တင်ပို့မယ့် နိုင်ငံနဲ့ ဆိပ်ကမ်း Port of Loading ကို တိတိကျကျသိဖို့ အရေးကြီး ပါတယ်။ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အရ တချို့နိုင်ငံနဲ့ တချို့ဆိပ်ကမ်း တွေကို  အချို့ကုန်ပစ္စည်းများအတွက် ပို့တာသွင်းတာ ပိတ်ပင်ထား တာရှိပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခုအနေနဲ့ ဒီဆုံးဖြတ်ချက် တွေကို  လိုက်နာရပါတယ်။ အာရှမှာ  ကွန်တိန်နာသင်္ဘောတွေ အများဆုံး အဝင်အထွက်ရှိပြီး ရေကြောင်းကုန်စည်ပို့ဆောင်ရေးမှာ ဗဟိုအချက်အချာဖြစ်နေတဲ့ စင်ကာပူတို့၊ ဟောင်ကောင်တို့မှာတောင် သူ့ဆိပ်ကမ်းကိုဝင်လာတဲ့ ပစ္စည်းရဲ့ မူလကလာတဲ့ ဆိပ်ကမ်း၊ ထပ်ပြီး တစ်ဆင့်ပို့မယ့်ဆိပ်ကမ်းကို စိစစ်ပြီးမှ လက်ခံခွင့်ပြုတာပါ။ စင်ကာပူ အကောက်ခွန်က ခွင့်မပြုလို့ ကုန်ချမယ့်နိုင်ငံကို ဆက်သွားခွင့်မရဘဲ မူလတင်ပို့တဲ့နိုင်ငံကို ပြန်သွားရတဲ့ သင်္ဘောတွေ၊ ကွန်တိန်နာတွေ စာရင်းကို စင်ကာပူအကောက်ခွန်ဌာနကို စုံစမ်းကြည့်ရင်သိနိုင်ပါ တယ်။ ဒီတော့ ကျွန်တော်တို့လုပ်ငန်းရှင်တွေက လိုင်စင်မှာ အဲနီး ကန်းထရီး၊ အဲနီးပို့ (Any Country, Any Port) လို့ ဖော်ပြချင်တယ် ဆိုတော့ နိုင်ငံတကာကုန်သွယ်မှုစံနှုန်းတွေနဲ့အညီ ဆောင်ရွက်နေရတဲ့ ဌာနတစ်ခုရဲ့ လုပ်ငန်းတွေကို အတော်ပဲ စွက်ဖက်ရာရောက်နေ သလားလို့ စဉ်းစားစရာပါ။ ဒီကိစ္စကို ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ သွင်းကုန်လုပ်ငန်းဌာနက မိတ်ဆွေကိုမေးကြည့်တော့ "နိုင်ငံ တကာကုန်သွယ်မှု မူဘောင်တွေအရ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ် နည်း စည်းကမ်းတွေကို ပုဂ္ဂိုလ်တစ်ဦးတစ်ဖွဲ့ရဲ့ အကျိုးစီးပွားအတွက် ပြင်ဆင်ဖြည့်စွက်လို့ မရပါဘူး။ ထူးခြားတဲ့ အခြေအနေအကြောင်း ကြောင်းကြောင့် နစ်နာမှုရှိမယ့် အခြေအနေမျိုးဆိုရင် တာဝန်ရှိသူ တွေက ကိစ္စရပ်တစ်ခုချင်းအပေါ် သီးခြားစဉ်းစားပြီး အဆင်ပြေ အောင်ဆောင်ရွက်ပေးနေပါတယ်" လို့ ပြောပြပါတယ်။ဒီနေ့ မြန်မာ့စီးပွားရေးလောကကို လေ့လာရင် ပုဂ္ဂလိကကဏ္ဍ ကို ဦးစားပေးပြီး နိုင်ငံရဲ့အရေးကြီးတဲ့ စီးပွားရေး အစိတ်အပိုင်းတွေကို တောင် လွှဲပြောင်းပေးဖို့ စီစဉ်နေတာ တွေ့ရပါတယ်။ ဒီအခြေအနေ မှာ ပုဂ္ဂလိကကဏ္ဍက လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ တွေးခေါ် မြော်မြင်မှုနဲ့ လုပ်ဆောင်ချက်တွေက နိုင်ငံတကာစံနှုန်းတွေ၊ ဒေသ တွင်း စံနှုန်းတွေအပြင် မိမိနိုင်ငံရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီအောင် လိုက်နာဆောင်ရွက်ဖို့ ပိုပြီးလိုနေပြီလို့ အကြံပြုပါရစေ ခင်ဗျား။                                           မောင်စံ

Monday, 1 Mar 2010

ပြောင်းလဲ  တိုးတက်လာသော ကမ္ဘာသည် နယ်မြေကို သိမ်းပိုက်ခြင်း မရှိဘဲ စီးပွားရေး အင်အားကြီးမား အောင် ချဲ့ထွင်လာကြသည့်အတွက် ရောင်းဝယ်မှုကို ပုံစံသစ်ဖြင့် ဖန်တီး လာကြပါသည်။ စီးပွားရေးပညာရှင်များ လည်း ဈေးကွက်ဧရိယာကို သေချာစွာ ဆန်းစစ်  ဆောင်ရွက်ပြီးမှ  ဈေးကွက် ချဲ့ထွင်ခြင်း၊ ဈေးကွက် ထိုးဖောက် ဝင် ရောက်ခြင်း၊   ဈေးကွက်ဝေစု   ရရှိရန် ဆောင်ရွက်ခြင်းတို့ကို ပုံမှန်အားဖြင့် ဆောင်ရွက်သည့်တိုင် ပုံမှန်စီးဆင်းနေ သော ကုန်သွယ်မှုလမ်းကြောင်းကို တီ ထွင်ဖန်တီး၍ မိမိလိုချင်သည့် လမ်း ကြောင်းပေါ် ပြောင်းလဲသည့် ရိုက်ချက် ပြင်းပြင်း ဗျူဟာများလည်း ရှိလာခဲ့ပါ သည်။ ရှေ့ဦးစွာ တင်ပို့လိုသည့် မိမိကုန် ပစ္စည်း၏ ပို့နိုင်စွမ်းရည်ကို ဆန်းစစ်ရပါမည်။ အမျိုးအစား အလိုက် စိုက်ပျိုးမှု၊ ထွက်ရှိမှု၊ စားသုံးမှု၊ ပိုလျှံမှုတို့ကို ပိုင်ပိုင် နိုင်နိုင်  လေ့လာရပါမည်။  လွယ်လင့် တကူအနေဖြင့် ပိုလျှံမှုမှ တွက်ချက်နိုင် သော်လည်း ရာသီဥတုအရသော်လည်း ကောင်း၊ တခြား အကြောင်းကြောင့် သော်လည်း၊ အတိုးအလျှော့၊ အနုတ် အသိမ်းကို ပိုင်နိုင်သေချာရပါမည်။ မိမိဘက်မှသေချာသည့် အခါပစ် မှတ်နိုင်ငံ၏ စားသုံးမှု၊ စားသုံးမှုအလေ့ အထ၊ စားသုံးအား ယင်းနိုင်ငံတွင်ထွက် ရှိမှုလိုအပ်မှုတို့အရ တင်သွင်းသည့်နိုင်ငံ များနှင့် နိုင်ငံရေး၊ စီးပွားရေး၊ အခြား ဆက်နွယ်မှုများကို သုံးသပ်ရမည်။ ထို့ အပြင် ယခုအခါ နိုင်ငံ၏စားသုံးမှုတစ်ခု တည်းသာမက တင်သွင်းသည့် ပစ္စည်း ကိုပြုပြင်ဖန်တီး၍ (re export) ထပ် ဆင့်တင်ပို့မှု ၊ မိမိနိုင်ငံအတွင်းမှ ထုတ် လုပ်သည့်ပစ္စည်းတန်ဖိုးထက် သွင်းကုန် ကို တန်ဖိုးနည်းနည်းဖြင့်ရပါက အစား ထိုးစားသုံးမှု  (substitute) တို့သည် ဈေးကွက်ဖန်တီးမှုဟု ခေါ်ဆိုရပါမည်။ ယခင်ကကဲ့သို့ဈေးနှုန်း၊ ဒေသထွက်ကုန် တို့အပေါ် ဈေးကွက်မြှင့်တင်မှုဟူသော 4P (Price, Place, Product, Promotion)  လမ်းသည်  လမ်းသစ်၏ ကျောရိုးမျှသာရှိပါတော့သည်။ ဖန်တီး ဈေးကွက်ကို များသောအားဖြင့် ခရီး သွားဝန်ဆောင်မှုလုပ်ငန်းများတွင် သုံးစွဲ မှု များပါသည်။ ခရီးသွားများအတွက် မိမိတို့ဒေသ၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ လူမှုနေထိုင်မှုစရိုက်၊ ဝတ်စားဆင်ယင်မှု တို့ကို အခမ်းအနားဖြင့် ပြင်ဆင်ပြသ၍ ဆွဲဆောင်ဖန်တီးကြပါသည်။ ဈေးကွက်များသို့ ထိုးဖောက် ဖန် တီးမှု  အနေဖြင့်  ပမာဆောင်စေရန် အရှေ့အာရှ နိုင်ငံများ၊ အရှေ့အလယ် ပိုင်းနိုင်ငံများ၊ အရှေ့ဥရောပနိုင်ငံများသို့ မြန်မာ့ထွက်ကုန်ပဲမျိုးစုံဖြင့် တင်ပို့နိုင်ရန် ခန့်မှန်းပါမည်။ ရှေးဦးစွာ မြန်မာနိုင်ငံမှ ပိုလျှံသည် တင်ပို့စွမ်းအားကို မတ်ပဲ တန် တစ်သန်းခန့်၊ ပဲတီစိမ်း တန်တစ် သန်းခန့် ၊ ပဲစင်းငုံ တန်ခြောက်သိန်းခန့်၊ ကုလားပဲဖြူ လုံးကြီး တန်နှစ်သိန်းခန့် နှင့် အခြားပိုလျှံပဲတို့ကို တစ်သိန်းခန့် သာ လျာပါမည်။ အမှန် ပို့နိုင်နှုန်းမှာ ပဲမျိုးစုံ၌ တန်ချိန် တစ်သန်းမှ ၁ ဒသမ ၂ သန်းခန့်ထိသာ ရှိခဲ့ကြပါသည်။ ထို့ ကြောင့် မိမိ၏ရောင်းအားကိုသိပြီ ဆို ပါက ပစ်မှတ်နိုင်ငံများကို ကြည့်ပါမည်။အရှေ့အာရှ နိုင်ငံများ  အရှေ့အာရှနိုင်ငံများတွင် တရုတ်၊ ဟောင်ကောင် (တရုတ်)၊ ဂျပန်၊ မကာ အို (တရုတ်) မွန်ဂိုလီးယား၊ မြောက် ကိုရီးယား၊ တောင်ကိုရီးယား၊ တရုတ် (တိုင်ပေ)တို့ ပါဝင်ကြပါသည်။ ၎င်းင်းတို့ ၏ တင်သွင်းသော ပဲများအနက် ပဲပုပ် စေ့သည် ၃၈၅၃၁၃၈၀ ဖြင့် တန်ချိန် အများဆုံးဖြစ်သည်ကို တွေ့ရပါသည်။ အမျိုးအစားအနေဖြင့် ထိုးဖောက် ချဲ့ ထွင်ရန်အကောင်းဆုံးအမယ် ဖြစ်သည့် တိုင်  မိမိတို့နိုင်ငံအနေဖြင့်  တန်ချိန် ၄၀၀၀ ခန့်သာ အများဆုံးတင်ပို့ခဲ့သဖြင့် စိုက်ပျိုးထုတ်လုပ်မှုကို ဦးစားပေးအရှိန် မြှင့်ရန်လိုအပ်ကြောင်း တွေ့ရှိရပါသည်။ ဒုတိယဦးစားပေးအနေဖြင့် ပဲနီလေးနှင့် ကုလား ပဲဖြူလုံးကြီးတို့ကိုလေ့လာပါက တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ကိုရီးယား (တောင်)တို့ ရှိကြပြီး တရုတ်နိုင်ငံသို့ နယ်စပ်မှလည်းတင်ပို့နိုင်ပါသည်။ ဂျပန် နှင့် ကိုရီးယားသို့ ပို့ရန်မှာလည်း လမ်း ကြောင်းအရ လွယ်ကူသည့်တိုင် ဂျပန် သို့ တင်ပို့မည်ဆိုပါက ၎င်းင်းနိုင်ငံ၏ စား သုံးမှုနှင့် တင်သွင်းသော ဥပဒေအရ အရည်အသွေးမြှင့်ရန်လိုအပ်ခြင်း၊မတင် သွင်းမီ နမှုနာကို ကြိုတင်ပို့၍ စမ်းသပ် စစ်ဆေးခွင့်ပြုပြီးမှ တင်ပို့ခွင့်ရှိပါသည်။ ထို့ပြင် ဂျပန်နိုင်ငံဆိပ်ကမ်းရောက်ရှိပြီး မှ  ငြင်းပယ်ခံရသည်များ  ရှိ၍  ဈေး ကောင်းသော်လည်း ဈေးကွက် တည် ငြိမ်၍ စဉ်ဆက်မပြတ်စေရန် တင်ပို့သူ များအနေဖြင့် အရည်အသွေးကို သိပ္ပံ နည်းကျကျ ပြုပြင်ထိန်းသိမ်းစွမ်းရည် လိုအပ်ပါသည်။အရှေ့အလယ်ပိုင်းနိုင်ငံများ အရှေ့အလယ်ပိုင်းဒေသတွင် နိုင်ငံ ပေါင်း ၁၆ နိုင်ငံရှိကာ လူဦးရေလည်း ၃၄၅ သန်းရှိသည့် အပြင် ပဲမျိုးစုံ တင် သွင်းမှုလည်းများပြားလာကာ ပဲမစားရ လျှင် မနေနိုင်သော လူမျိုးနွယ်များ နေ ထိုင်ရာဒေသဖြစ်ပါသည်။ ထို့ပြင် ဘာ သာရေးအရ ဘုရားဖူး ဧည့်သည်  ၂ သန်း မှ ၃ သန်းအထိလည်း နှစ်စဉ်လာ ရောက်ရာဒေသဖြစ်ပါသည်။ ပဲမျိုစုံတင် သွင်းမှုတန်ချိန်တွင် အများဆုံး တင်သွင်း သောပဲမှာ ပဲပုပ်စေ့ဖြစ်ပြီး ၃၆၅၄၄၈၀ တန်ဖြစ်ပါသည်။ ဒုတိယ အများဆုံး မှာ ပဲနီလေးဖြစ်ပြီး ၂၈၇၆၃၂ တန် ဖြစ်ပါ သည်။ တတိယအများဆုံးမှာ ကုလား ပဲဖြူလုံးပဲဖြစ်ပြီး ၁၆၀၀၄၆ တန် ဖြစ်ပါ သည်။ တင်သွင်းသော ပဲအမျိုးအစား နှင့် မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ် သော ပဲအမျိုးအစားများအရ ဈေးကွက် ဝင် ရောင်းတန်းဝင် ပဲအမျိုးအစားကို ချဲ့ထွင်စိုက်ပျိုးရန် လိုအပ်လျက် ရှိပါ သည်။ လက်ရှိ ရောင်းဝယ်နေသော မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့မှာ သူ့ဈေး ကွက်နှင့်သူ ရောင်းဝယ်မှုကိုလည်း မထိ ခိုက်စေဘဲ ဈေးကွက်ဝင် ပဲတိုးစိုက်ပျိုး ၍ ဈေးကွက် တစ်ခု ဖန်တီးသင့်ပါသည်။ မြန်မာမှ တင်ပို့သော ပဲ ၁၀ ရာခိုင်နှုန်း ခန့်သာ အရှေ့အလယ်ပိုင်း သို့ဈေးကွက် ရရှိပြီး GCC-5(Gulf Cooperaton Council)ဟုခေါ်သော ဘာရိန်း၊ ကူ ဝိတ်၊ အိုမန်၊ ကာတာနှင့် ယူအေအီးတို့ ပါဝင်သည့် နိုင်ငံ ၅ နိုင်ငံ၏ တစ်နှစ် စားသုံးမှုပင်လျှင် ၁၅၀၀၀၀ တန်ခန့်ရှိပါ သည်။  အရှေ့အလယ်ပိုင်း  နိုင်ငံတွင် ဘုရားဖူးများအပြင် မွေးဖွားနှုန်းမှာ နှစ် စဉ် ပျမ်းမျှ ၃ ရာခိုင်နှုန်းခန့် ရှိသဖြင့် ပစ်မှတ်လွဲသွေဖွယ်ရာ မရှိပါ။အရှေ့ဥရောပနိုင်ငံများ အရှေ့ဥရောပ နိုင်ငံများထဲတွင် နိုင်ငံပေါင်း ၁၉ နိုင်ငံပါဝင်၍ တင်သွင်း စားသုံးမှု အများဆုံး မှာလည်း ပဲပုပ်စေ့ ၂၈၇၁၅၅ တန် ဖြစ်ပါသည်။ ဒုတိယမှာ ပဲနီလေးပဲဖြစ်ပြီး တန်ချိန် ၁၈၇၄၅ ဖြစ် ပါသည်။ မိမိတို့နိုင်ငံမှ စီပွားရေးအရ ရောင်းဝယ်မှု အနည်းဆုံးနိုင်ငံများ ဖြစ် ကြပြီး ပထဝီအနေအထားအရ တင်ပို့မှု တွင် အခက်အခဲရှိလာပါသည်။ မြန်မာ မှ တင်ပို့ရန်ဆိုပါက အိန္ဒိယအငူကိုပတ် ၍  စူးအက်တူးမြောင်းကို  ဖြတ်ကာ ပင်လယ်နက်မှတစ်ဆင့် ယူကရိန်းနိုင်ငံ ကို တစ်ဖန်ကျော်ဖြတ်ပို့ရမည် ဖြစ်ပါ သည်။ မြန်မာကုန် တင်ပို့နေသော အဖွဲ့ များမှလည်း သံရုံးများ၏ လိုအပ်ချက် အရမှ ပုံမှန်တင်ပို့နေသောလမ်းကြောင်း မရှိကြောင်း သိရှိရပါသည်။ လိုအပ်မှ သာ ကြိုတင်တင်ပို့နိုင်သောလမ်းဖြစ်ပါ သည်။ အရှေ့ဥရောပ နိုင်ငံများသည် ကုန်တွင်းပိတ် နိုင်ငံများ ဖြစ်နေသော ကြောင်း အဓိကအားဖြင့် အမေရိက၊ သြစတေးလျ၊ ကနေဒါမှ ထွက်ကုန်များ ကို အနောက်ဥရောပတို့မှတစ်ဆင့် တင် သွင်းကြပါသည်။ တင်သွင်းမှုကုန်အနေ ဖြင့်လည်းကောင်း၊ ပထဝီဝင် အနေအရ လည်းကောင်း ဈေးကွက် ထိုးဖောက် ဖန်တီးရန် အားသာချက်များ နည်းနေ ပါသည်။ ခြုံငုံသုံးသပ် လေ့လာရမည် ဆိုပါ က  အရှေ့အာရှ၊  အရှေ့အလယ်ပိုင်း ဒေသများသို့  ဈေးကွက်  ဖန်တီးရန် အများဆုံး  တင်သွင်းသော  ပဲပုပ်စေ့၊ ကုလားပဲဖြူလုံးကြီး၊ ပဲနီလေးတို့ကို တိုး ချဲ့ စိုက်သင့်ပါသည်။ တင်သွင်းနိုင်ငံ များမှ ဓနအင်အား<ကယ်သောနိုင်ငံများ ဖြစ်၍ ကုန်ပစ္စည်းအရည်အသွေးမြှင့်ရန် မျိုး၊ ထုတ်လုပ်မှုနည်းပညာ၊ သိုလှောင် ထုတ်ပိုးမှုတို့အတွက် ပြည်တွင်းတွင် မြှင့် တင်ရန် လိုအပ်ပါသည်။ ဈေးကွက်ရှိပြီး ဖြစ်ပါသည်။ တင်ပို့မှုအနေဖြင့်လည်း ပုံမှန်ပို့ဆဲလမ်းကြောင်းများ ရှိနှင့်ပြီး ဖြစ် ပါသည်။ တိုးချဲ့ပို့နိုင်သော ပို့ဆောင် ရေးလုပ်ငန်းများ၊ လမ်းကြောင်းများ ရှိပါ သည်။ အရှေ့အလယ်ပိုင်း ဒေသသည် လည်း လိုအပ်မှုရှိပါသည်။ လူဦးရေအရ လည်း တိုးပွားမှုများကြောင့် ဈေးကွက် ပျောက်မသွားနိုင်ပါ။ အရှေ့ဥရောပသို့ ပို့နိုင်ရန်မှာ များစွာချိန်ဆ ကြိုးပမ်းရန် လိုအပ်မည်ဟု သုံးသပ် တင်ပြအပ်ပါ သည်။ ပြည်ပမောင်

Monday, 1 Mar 2010

၂၀၀၉ ခုနှစ် အလယ်ပိုင်းခန့်က ထိုင်း အစိုးရအနေဖြင့် ဝယ်ယူထားသော ဆန် အစုအဆောင်း များကို ထုတ်ရောင်းချဖို့ ပျက်ကွက်နေတာကို ဆန်ပြည်ပ တင်ပို့ သူများက ထောက်ပြပြောဆို ခဲ့ပြီး ပြည်ပ ဈေးကွက်များ ရှာဖွေနိုင်သည့် အခွင့် အရေးများ ဆုံးရှုံးခဲ့ကြတယ်လို့ ဆိုပါ တယ်။ အထူးသဖြင့် အာဖရိကသို့ ပုံမှန် တင်ပို့နေသော ပြုတ်ဆန် ဈေးကွက် ပျက်ခဲ့ရပြီး ထိုင်းကုမ္ပဏီ များ အနေဖြင့် အိန္ဒိယမှ ဆန်တင်ပို့နေသည့် ကုမ္ပဏီ များ နှင့် ယှဉ်ပြိုင်သည့်အခါ ယှဉ်ပြိုင် နိုင်မှု အားနည်းချက်များ ဖြစ်ပေါ်ခဲ့ သည်ဟု ဆိုပါတယ်။ ထိုင်းအစိုးရက စုဆောင်းထားသောဆန်ကို တင်ဒါခေါ် သည့်အခါ လုပ်ငန်းငယ်သည့် ကုမ္ပဏီ များက အစိုးရ တင်ဒါခေါ်သည့် ပမာဏဟာ အလွန်အမင်း ကြီးမားနေသော ကြောင့် ကုန်သည်အငယ်စားများ ပါဝင် လို့မရအောင် တားဆီး ထားသကဲ့သို့ ဖြစ်နေတယ်လို့ စွပ်စွဲကြပါတယ်။ ပုံ မှန်အခြေအနေမှာဆိုလျှင် ဆန်ကုန် သည်ငယ်များသည် ပြည်တွင်းဆန် ဈေးကွက်မှာ လွတ်လွတ်လပ်လပ် ဝယ် ယူနိုင်မည်ဖြစ်တဲ့ အတွက် ပြဿနာ ကြီးကြီးမားမား မရှိနိုင်ပါဘူးလို့ ဆိုကြ ပါတယ်။ ဆန်ပြည်ပတင်ပို့သူအားလုံး ကတော့ အစိုးရက ဆန်ဈေးကွက်မှာ ဝင်ရောက် စွက်ဖက်ပါဝင်နေမှုများ အားလုံးကို သိသိသာသာလျှော့ချပေးဖို့ တောင်းဆို နေကြပါတယ်။ စပါးပေါင်နှံပြီး ငွေချေး သည့်စနစ်သည် တီထွင်လုပ်ကိုင်ခြင်းရဲ့ ရည်ရွယ်ချက် ဟာ စပါးပေါ်ချိန်မှာ ဈေးကွက် အဆမတန် ပြုတ်ကျ သွားခြင်းကို ဟန့်တားရန်အတွက် သာ ဖြစ်သင့်ပါတယ်။ လယ်သမားများကို လျှော့ပေါ့ပေးပြီး အကာအကွယ် မလုပ်သင့်ပါဘူးလို့ ယူဆကြပါတယ်။ ၂၀၀၉ ခုနှစ်အတွင်း စပါးပေါင်နှံ ချေး ယူတဲ့စနစ်ဟာ ထိုင်းလယ်သမားတိုင်းကို အကျိုးဖြစ်ထွန်းစေခဲ့ပေမဲ့ ဈေးနှုန်း တွေကိုလည်း တစ်ဖက်က တွန်းတင်စေ ခဲ့ပါတယ်။ ထိုင်းဆန်ပြည်ပတင်ပို့သူတွေက ဒီလို လုပ်ခဲ့ခြင်းဟာ ဗီယက်နမ် ကုမ္ပဏီတွေနဲ့ ယှဉ်တဲ့အခါမှာ ယှဉ်ပြိုင် နိုင်စွမ်း ကျဆင်းစေခဲ့ တယ်လို့ ဆိုပါ တယ်။ ယခုလို ထိုင်းအစိုးရက ဆန်ဈေး ကွက်မှာ ဝင်ရောက်စွက်ဖက်ခဲ့ခြင်း ကြောင့် ဆန်စက်များကို အထောက် အကူ ဖြစ်စေခဲ့ပါတယ်။ စပါးအထွက် တိုးစေရန် ရည်ရွယ်ခဲ့တဲ့ စပါးပေါင်နှံ ချေးယူတဲ့ စနစ်ဟာ ဆန်စက်ကဏ္ဍကို သိသာထင်ရှားစွာ အကျိုးပြုခဲ့ပါတယ်။ ပေါင်နှံတဲ့ စပါးကို ကြိတ်ခွင့် ရခြင်းဟာ ဆန်စက်များအတွက် မက်လုံးတစ်ခု ဖြစ်ခဲ့ပြီး ဆန်စက် အချင်းချင်းလည်း ပေါင်နှံတဲ့ လယ်သမား စပါးကို ကြိတ်ခွဲ ရဖို့ ကြိုးစားခဲ့ကြပါတယ်။ ၂၀၀၉ ခုနှစ် အလယ်လောက်မှာ ထိုင်း ဆန်ပြည်ပ တင်ပို့သူ တွေက Public Warehouseing Organization ရဲ့ ဆန်အစု အဆောင်း များ(Stock)၏ အရည် အသွေးအပေါ် သံသယဖြစ်ခဲ့ကြပါ တယ်။ သိုလှောင်ထားစဉ်ကာလအတွင်း အရည်အသွေးများ ကျဆင်းသွားနိုင်သ လို တစ်ဖက်မှာလည်း အစိုးရက စပါး ပေါင်နှံငွေချေးတဲ့စနစ်မှာ တိကျမှန်ကန် တဲ့ စပါး အရည်အချင်း သတ်မှတ်ချက် များ ပြဋ္ဌာန်းထားခြင်းမရှိလို့ ဖြစ်ပါ တယ်။ ဥပမာပြောရရင် စံပယ်ဆန်မွှေး ဟာ အနံ့ မမွှေးတော့ပါဘူး။ ရက်ကြာ မြင့်စွာ သိုလှောင်ထားရတော့ ဈေး လည်း ကျဆင်းသွားခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လအထိ အစိုးရသိုလှောင်ရုံ တွေထဲမှာရှိတဲ့ဆန်ဟာ တန်ချိန် ၆ ဒသမ ၈ သန်း ရှိတယ်လို့ ဆိုပါတယ်။ဆန်အရည်အသွေးပြဿနာ  ပြည်ပဆန်တင်ပို့နေတဲ့ ထိုင်းကုမ္ပဏီ ကြီးတွေက ထိုင်းဆန်အရည်အသွေး ကျဆင်းလာတာကို ထောက်ပြကြပြီး အထူးသဖြင့် "ဟုန်မာလီ" ဆန်မှာ မွှေး သော ရနံ့ကွယ်ပျောက်ခဲ့တာက အဓိက ပြဿနာ ဖြစ်တယ်လို့ဆိုပါတယ်။  သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ပျက်ကွက် ခဲ့ကြပြီး၊ "စပယ်ဆန်မွှေး" ဟာ အရည်အသွေး ပိုင်းမှာ ကျဆင်းခဲ့တာဟာ ထိုင်း ဆန် စပါး လုပ်ငန်း အနာဂတ်အတွက် စိုးရိမ် စရာ တစ်ခုပဲလို့ ဆိုကြပါတယ်။ ဆန်စက်တွေကတော့ ဒီလို မယူဆ ကြပါဘူး။ အမြင်ကွဲပြားပါတယ်။ ဆန် အရည်အသွေးဟာ အေးတဲ့ ရာသီဥတု သို့မဟုတ် ပူပြင်းခြောက်သွေ့တဲ့ ရာသီ ဥတုကြောင့် ပြောင်းလဲတာမျိုးဖြစ်နိုင် ပြီး၊ နှစ်တစ်နှစ်မှာ ရာသီဥတု မကောင်းခဲ့ တာနဲ့ပဲ အရည်အသွေးတွေ ကျဆင်း ကုန်ပြီလို့ မအော်ဟစ်သင့်ပါဘူး။ ယေဘုယျအားဖြင့် "ထိုင်းစပယ်ဆန် မွှေး" အရည်အသွေးကျကုန်ပြီလို့ အ လန့်တကြား အော်ဟစ်နေတာဟာ မသင့်တော်ပါဘူးလို့ ၎င်းင်းတို့က ဆိုပ ါတယ်။ ထိုင်းနိုင်ငံရဲ့ စပါးအစိုဓါတ်နဲ့ ပတ်သက်ပြီး အားသာချက်ကတော့ ထွက်ရှိလာတဲ့ စပါးအများစုဟာ အခြောက်ခံစက်နဲ့ အစိုဓါတ်ကို ကျ ဆင်း အောင်လုပ်နိုင်ခဲ့လို့ အခြား နိုင်ငံ တွေမှာလို ကြုံတွေ့ ရတဲ့ အစိုဓါတ်များတဲ့ ပြဿနာမျိုး မကြုံကြရပါဘူး။ ထိုင်း နိုင်ငံမှာရှိတဲ့ ဆန်စက် အတော်များ များဟာ အခြောက်ခံစက်တွေ တပ်ဆင် ထားကြပါတယ်။ထိုင်း ပြည်ပ တင်ပို့သူများကတော့ စပါးတွေ၊ ဆန်တွေထဲမှာ မြက်သီးစေ့တွေပါတာကို ထောက်ပြပြောဆိုကြပါတယ်။ ဒါဟာ ဘာကိုပြနေသလဲဆိုရင် လယ်ယာလုပ်ငန်းလုပ်တဲ့အခါ ပေါင်းသတ်တဲ့ လုပ်ငန်းကို ထိထိရောက်ရောက် မလုပ်ကိုင်နိုင်လို့ပဲလို့ ပြောကြပါ တယ်။ နောက်တစ်ချက်က စပါးမျိုးသစ်တွေ စိုက်ခိုင်းခြင်းဟာလည်း  အရည်အသွေးကို ကျဆင်း စေတတ်တဲ့ အကြောင်းတစ်ချက်ပဲလို့ ကုန်သည်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။ အရင်တုန်းက ထိုင်း လယ်သမားတွေဟာ နှစ်နှစ်အတွင်းမှာ စပါး ငါးသီးစိုက်ကြပါတယ်။ ဒါပေမဲ့ ဆန်ကုန်သည်တွေက ပထမနဲ့ ဒုတိယသီးကထွက်တဲ့ စပါးပဲ ယူကြတယ်။ ၂၀၀၈-၂၀၀၉ ခုနှစ်တုန်းက ရေသွင်းတဲ့စိုက်တဲ့ဒေသ တွေမှာ စပါးကို နှစ်နှစ်မှာ ခြောက်သီးအထိ စိုက်ဖို့ကြိုးစားလုပ်ဆောင် လာကြတယ်။ ဒါဟာလည်း  အသစ်ထွက်လာတဲ့  စပါးမျိုးတွေက ရက် သိပ်မကြာဘဲ  စပါးမှည့်တဲ့အတွက်  စပါးမျိုးတစ်ခုပေါ်ဖို့ သိပ် မစောင့်တော့ ဆန်စက်တွေအနေနဲ့ အောင်မြင်မှုတော့ရပါရဲ့။ အရည် အသွေးက အတော်ညံ့ဖျင်းတယ်လု့ိဆိုပါတယ်။ နောက်အချက်တစ်ခု က စပါးကို ပေါင်ရောင်း ရောင်းတဲ့အခါ စပါးရဲ့ အရည်အသွေးကို လက်ခံတဲ့ ဆန်စက်တွေဟာ တိတိကျကျမစစ်ဆေးဘဲ လက်ခံခဲ့တာ ကြောင့် အရည်အသွေးတွေ ကျဆင်းရတာဖြစ်တယ်။ထိုင်း exporters များက အမျိုးသားအဆင့်မှာ စပါးအရည်အချင်း သတ်မှတ်ချက် ရှိသင့်တယ်လို့ ပြောကြပါတယ်။ (စာရေးသူမှတ်ချက်။ မြန်မာနိုင်ငံ မှာလည်း ကုန်သွယ်လယ်ယာခေတ်က ပြည့်စုံကောင်းမွန်တဲ့ စပါးအရည်အချင်း သတ်မှတ်ချက်တစ်ရပ် ပြဋ္ဌာန်းခဲ့ပြီး အခု အချိန်မှာတော့ စပါးအရည်အချင်း သတ်မှတ်ချက်ဟာ အသုံး မဝင်သလိုနေပါတယ်။ ပုဂ္ဂလိကပိုင်းက စပါးဝယ်သူတွေ၊ ဆန် စက်တွေကတော့ ဖုန်သဲခဲလောက်ပဲစစ်ပြီး ဝယ်နေကြတယ်နဲ့ တူပါ တယ်။ ကုန်သည်အသင်းက ဦးအောင်သန်းဦး ဆန်စက်ကို ၂၀၀၈ ခုနှစ်အတွင်းက  သွားလေ့လာတော့  ဇီယာစပါးကြိတ် နေတာ ဆန်နီက ၃၀ ရာခိုင်နှုန်းလောက်ရှိမယ်ထင်တယ်။ ဘိလပ်ဆန်ကာ ပေါ်မှာ အနီရောင် လုံးတီးတွေက များနေတယ်။ မြန်မာဆန်စပါး လုပ်ငန်းအသင်းအနေနဲ့ ဒါတွေကို တဖြည်းဖြည်း အသက်ဝင် လာအောင် လုပ်ရမှာဖြစ်ပါတယ်။ ဆန်စပါးနဲ့ပတ်သက်လို့ အစိုးရ ကိုင်ခဲ့စဉ်က လုပ်ထားကိုင်ထားပြီးသားတွေ အများကြီးရှိပါတယ်။ အသင်းအနေနဲ့ ကိုးကားဖြည့်စွက်ပြီး သက်ဝင်လှုပ်ရှားလာအောင် လုပ်ဖို့ပဲလိုပါတယ်။)ထိုင်းနိုင်ငံမှာ အရည်အသွေးပြဿနာဟာ အသစ်အဆန်း မဟုတ်ပါဘူး။ ထိုင်း ဆန်စပါး လုပ်ငန်းကိုကြည့်ရင် ပထမထွက်လာ တဲ့စပါးဟာ အရည်အသွေးအကောင်းဆုံးပါ။ ဒုတိယထွက်လာတဲ့ စပါးဟာ ပထမထွက်တဲ့ စပါးလောက် အရည်အသွေး မကောင်းပါ ဘူး။ ဒီစပါးကို ပြုတ်ဆန်လုပ်ကြတာများတဲ့အတွက် အကျိုးအကြေ နည်းပြီး တွက်ချေကိုက်ကြပါတယ်။ ထိုင်း exporters များက ပထမ ထွက်လာတဲ့စပါးကို ယာယီသိုလှောင်ထားရှိပြီး ဒုတိယထွက်တဲ့ စပါးကို စောင့်ပါတယ်။ ဒုတိယစပါးက အရည်အသွေးမကောင်း တော့ ပထမစပါးနဲ့ပေါင်းပြီး ဆန်ကြိတ်ခွဲကြပါတယ်။ (မှတ်ချက်။ မြန်မာနိုင်ငံမှာတော့ မိုးစပါးနဲ့နွေစပါး ပေါင်းကြိတ်တာမျိုး နည်းပါ တယ်။ နွေစပါးက အရည်အသွေး ညံ့တယ်၊ စပါးအထွက်ကောင်း တယ်၊ ဆန်အရောင်အသွေးက မတူတော့ ပေါင်းကြိတ်ရင် သိသာ တယ်၊ ဆန်ကုန်သည်လောကမှာ နွေစပါးက ပြည်တွင်းစားဆန်လုပ် လိုက်ပြီး မိုးစပါးကိုပဲ export ပို့ကြပါတယ်။) ထိုင်း ဒုတိယသီးနှံဟာ နိုင်ငံတကာ ဆန်စံချိန်စံညွှန်းကို မမီနိုင်ဘူးလို့ဆိုကြပါတယ်။သို့သော် ၂၀၀၇ ခုနှစ်ကစပြီး ပထမသီးနှံနဲ့ ဒုတိယသီးနှံ စပါး ပေါင်းကြိတ်ဖို့ရန် အခက်အခဲတွေရှိလာပါတယ်။ အစိုးရက ဝင် ရောက်စွက်ဖက်မှုများကြောင့် စပါးဒုတိယသီးနှံကို ဝယ်ယူနိုင်ဖို့ မသေ ချာတော့ဘူးဖြစ်နေပါတယ်။အစိုးရက ဆန်ကို တင်ဒါခေါ်ယူရောင်းချတဲ့အခါ ပထမသီးနှံ စပါးကလား၊ ဒုတိယသီးနှံ စပါးကလားဆိုတဲ့အချက်ကို ဖော်ပြပေး ပါတယ်။ ဒါပေမဲ့ ဆန်ကုန်သည်ကြီးများ၊ exporters များက ဒီ အချက်အလက်ဖော်ပြရုံနဲ့ စိတ်မချရကြောင်း၊ ဆန်စက်တွေ၊ သို လှောင်သူတွေဟာ ပထမသီးနှံနဲ့ ဒုတိယသီးနှံကို ရောစပ်လိုက်ကြပြီး အခြားသီးနှံနဲ့ အစားထိုးပေးတတ်ကြတယ်လို့ ဆိုပါတယ်။ အချို့ တင်ဒါနဲ့ ရောင်းချတဲ့ဆန်တွေဟာ နှစ်နှစ်လောက်တောင် ကြာနေပြီ ဖြစ်တဲ့ ဆန်ဟောင်းတွေလို့ ဆိုပါတယ်။ ထိုင်း exporters တွေက တင်ဒါနဲ့ ရောင်းချတဲ့သူတွေကို စစ်ဆေးဖို့ အချိန် လုံလုံလောက် လောက်ပေးသင့်ကြောင်း စောဒကတက်ကြပါတယ်။ တချိန်တည်းမှာ ပဲ ပုံမှန်ဈေးကွက်လမ်းကြောင်းတွေကနေ ရောင်းချတဲ့ ဆန်တွေရဲ့ အရည်အသွေး တွေဟာလည်း စိတ်ချယုံကြည်ကြရဖို့ တော်တော် ခက်ပါတယ်လို့ ညည်းတွား ကြပါတယ်။ ဒီဆန်စက်တွေဟာ ထိုင်း လယ်သမားတွေကို ငွေထုတ်ပေးသူတွေ ဖြစ်ကြတော့ အရည်အသွေး ညံ့တဲ့စပါးတွေက သွင်းရင်လည်း ငွေချေးထားတာပြန်မရမှာစိုးတာနဲ့ စပါးအရည်အသွေး မကောင်းပေမယ့် ပယ်ချဖို့ ဝန်လေးနေကြရ ပါတယ်။တော်တော်သင့်တင့်ကောင်းမွန်တဲ့ ဆန်ရရှိလျှင်ပင် ထိုင်း exporters များနဲ့ ဆန်လက်ကား ပြည်တွင်း ရောင်းချသူတွေဟာ ဆန် ပြန်လည်ကြိတ်ဖွပ်ရောနှောစက်ရုံတွေရှိနေတော့ မထောင်းသာလှပါ ဘူး။ ဥပမာပြရလျှင်  ဆန်ကွဲ ၅ ရာခိုင်နှုန်းပါတဲ့ ဆန်ကို ဝယ်ရလျှင် ပင် ဆန်ကွဲဖယ်ထုတ်ပြီး ၁၀၀ ရာခိုင်နှုန်းစူပါဆန်အဖြစ် ရနိုင်ပါတယ်။  ထွက်လာတဲ့ဆန်ကွဲတွေကို ၅ ရာခိုင်နှုန်းဆန်မှာ ရောလိုက်ရင် ၁၅ ရာခိုင်နှုန်း ဆန်ကွဲပါတဲ့ဆန်ရပါမယ်။ အာဖရိကကို ဆန်ကွဲ ၁၀၀ ရာခိုင်နှုန်းပို့နိုင်တဲ့ဈေးကွက်ကရှိနေပါတယ်။ ဆန်ခေါက်ကွဲ၊ ဆန်ကြာ ဆံလုပ်ဖို့ ဆန်ကွဲဈေးကွက်ကရှိ နေပါတယ်။ ဒါမှမဟုတ် တိရစ္ဆာန် အစား အစာထဲမှာရောစပ်ဖို့အတွက် ဆန်ကွဲကို ရောင်းနိုင်ပါတယ်။မောင်တိုင်ပင်

Monday, 1 Mar 2010

၂ဝဝ၉ ခုနှစ်တွင် ဂျာမနီနိုင်ငံကို ကျော် တက်ကာ တရုတ်နိုင်ငံသည် ကမ္ဘာ့ပို့ကုန်အများ ဆုံးတင်ပို့သည့်နိုင်ငံ ဖြစ်လာသည်။ သို့နှင့်ပင် ကမ္ဘာ့ ကုန်သွယ်မှုအဖွဲ့(WTO)သို့ ယမန်နှစ်က တိုင် ကြားခဲ့သော ကုန်သွယ်ရေး အငြင်းပွားမှုများ၏ ထက်ဝက်တိတိသည် တရုတ်နိုင်ငံနှင့် ပတ်သက် နေတော့သည်။  ဤအချက်နှစ်ရပ်မှာ အဆက် အစပ်မရှိဟု မဆိုနိုင်ပေ။ ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့၏ အကြီးအကဲ ပါစကယ်လာမီက '' နိုင်ငံများအကြား ကုန်သွယ်မှု တိုးတက်လာသည်နှင့်အမျှ ကုန်သွယ် ရေး  အဖုအထစ်များအဖြစ်  ပိုများလာသည့် သဘော ဖြစ်သည်''ဟု မှတ်ချက် ပေးခဲ့ဖူးသည်။ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအကြား အငြင်း ပွားမှုများ ပေါ်ပေါက်လာမည့်အရေးကို WTOက မျှော်လင့်ထားပြီးဖြစ်သည်။ပါစကယ်လာမီ  ပြောခဲ့သည့်အတိုင်းပင် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် တရုတ်နိုင်ငံက WTO သို့  တိုင်ကြားလာတော့သည်။ တရုတ် ပြည်မှ တင်ပို့သည့်ဖိနပ်များအပေါ် ဈေးကွက်လု ရန်  ဈေးလျှော့ရောင်းခြင်းအား  တားဆီးသည့် အနေဖြင့် ဥရောပသမဂ္ဂက သွင်းကုန်ခွန်တိုးမြှင့် ကောက်ခံ (Anti-dumping duties) သည့် အတွက်ကန့်ကွက်တိုင်ကြားခြင်းဖြစ်သည်။ တရုတ် ပြည်မှတင်ပို့သည့် သံမဏိကြိုး၊ မော်တော်ကား တာယာနှင့် ကြက်၊ ဘဲစသည့် မွေးမြူရေးတိရစ္ဆာန် ပို့ကုန်များအပေါ် ကန့်သတ်ချက်များ ချမှတ်ခဲ့သ ဖြင့်  တရုတ်ပြည်ကတိုင်ကြားခဲ့သည့် အမှုများ နောက်တွင် ဖိနပ်ပို့ကုန်အတွက် တိုင်ကြားမှု ဆက် လက်ပေါ်ပေါက်လာခြင်းဖြစ်သည်။ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့တွင် အဖွဲ့ဝင်ဖြစ် လာသည့် ၂ဝဝ၁ ခုနှစ်မှစ၍ ၂ဝဝ၈ ခုနှစ်အထိ တရုတ်ပြည်က တိုင်ကြားခဲ့သည့် ကုန်သွယ်ရေး အငြင်းပွားမှုဦးရေမှာ နှစ်မှုသာရှိခဲ့သည်။ ယင်း ကာလ နောက်ပိုင်းတွင် တရုတ်ပြည်က တိုင်ကြား သည့် အမှုအရေအတွက်သည် နောက်ထပ် ငါးဆ တိုးလာခဲ့သည်။ အဖွဲ့ဝင်ဖြစ်စအချိန်က ''စောင့် ကြည့်လေ့လာ''သည့်အနေဖြင့် အခြားအငြင်းပွား မှုများကို  အာရုံစိုက် လေ့လာစူးစမ်းခဲ့ခြင်းဖြင့် အငြင်းပွားမှုများအတွက် တရားနည်းလမ်းတကျ ဖျန်ဖြေရေးတွင် တရုတ်ပြည်က တက်တက်ြွကြွက ပါဝင်လာခြင်းဖြစ်သည်ဟု ဝါရှင်တန်ရှိ ဂျော့ တောင်း တက္ကသိုလ်မှ ပါမောက္ခ မာ့ခ်ဘွတ်ချ်က သုံးသပ်ခဲ့သည်။ကမ္ဘာ့ကုန်သွယ်မှုအဖွဲ့သို့ တရုတ်ပြည်က အငြင်းပွားမှုများ တင်ပြရန် လိုလိုလားလားဖြစ်လာ ခြင်းသည် ပိုမိုကျယ်ပြန့်သောပြောင်းလဲမှု၏ တစ် စိတ်တစ်ပိုင်းဖြစ်သည်။ သို့တိုင်အောင် ၂ဝဝ၁ခုနှစ် နောက်ပိုင်းတွင် WTOသို့ နှစ်စဉ်တိုင်ကြားသည့် ပုံမှန်အငြင်းပွားမှု အရေအတွက်မှာ လျော့ကျလာ ခဲ့သည်။ ဤသို့လျော့ကျလာခြင်းမှာ တစ်စိတ်တစ် ပိုင်းအားဖြင့် ချမ်းသာနိုင်ငံများက အချင်းချင်း ရန်ဖြစ်နေရသည့်အတွက် အချိန်ကုန် မခံလိုကြ တော့ခြင်းကြောင့်ဖြစ်သည်။ WTO စတင်တည် ထောင်ခဲ့သည့် ၁၉၉၅ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ် ကုန်အထိ တိုင်ကြားခဲ့သည့်အငြင်းပွားမှု အရေ အတွက် တစ်ဝက်တိတိမှာအမေရိကန်နှင့် ဥရောပ သမဂ္ဂတို့မှ တိုင်ကြားခြင်းဖြစ်သည်။ သို့သော်လည်း ၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း ယင်းတို့မှ တင်ပြတိုင်ကြားသည့် အမှုအရေအတွက်မှာ ၂၇ ဒသမ ၂ ရာခိုင်နှုန်းသာရှိတော့သည်။ ကျန်အမှု အရေအတွက် ထက်ဝက်ကျော်မှာ ဖွံ့ဖြိုးဆဲနိုင်ငံ များက တိုင်ကြားမှုများဖြစ်သည်။ကမ္ဘာ့ကုန်သွယ်မှု ပမာဏထဲတွင် အခိုျး အစား ပိုမိုတိုးတက်ပါဝင်လာသည့် စီးပွားထွန်း သစ်စနိုင်ငံများက WTO ၏ အငြင်းပွားမှု ဖျန် ဖြေရေးစနစ်အပေါ် ယုံကြည်ကိုးစားမှု ပိုရှိလာကြ သည်။ ထိုသို့ဖြေရှင်းခြင်းမပြုဘဲ မည်သည့်စည်း မျဉ်း စည်းကမ်း အထိန်းအခုျပ်မျှမရှိသော လက် တုံ့ပြန်နည်းကို အသုံးပြုမည်ဆိုလျှင် ကုန်သွယ်မှု စစ်ပွဲ ဖြစ်ပေါ်လာသည်အထိ ဆိုးဝါးသွားနိုင်ပေ သည်။ သို့ဆိုလျှင် ွှွျှဥ၏  အငြင်းပွားမှုဖျန်ဖြေ ရေးယန္တရားဖြင့် တရုတ်ပြည်နှင့် ကုန်သွယ်ရေး တင်းမာမှုများ တိုးပွားလာသည်ကို ပြေငြိမ်းစေနိုင် ပါ့မလား မေးစရာဖြစ်လာသည်။အငြင်းပွားမှုဖျန်ဖြေရေးယန္တရားမှာ ယခင် WTO ခေတ်ကနှင့် မတူတော့ပေ။ WTO က ချမှတ်သည့်ဆုံးဖြတ်ချက်များကို  ယခင်တုန်းကလို ပယ်ချလိုက်ရုံနှင့် မပြီးတော့ပေ။ ဆုံးဖြတ်ချက်ကို လိုက်နာရန်ပျက်ကွက်သည့် နိုင်ငံအပေါ် တိုင်ကြား သည့် နိုင်ငံအနေဖြင့် တရားဝင် လက်တုံ့ပြန်ရန် WTO က ခွင့်ပြုနိုင်သည်။ သက်ဆိုင်ရာ နိုင်ငံ၏ ဈေးကွက်သို့ ဝင်ရောက်ကူးသန်းရောင်းဝယ်ခွင့်ကို ပိတ်ပင်သည်အထိ လက်တုံ့ပြန်နိုင်သည်။ သို့သော် ကုန်သွယ်မှုစစ်ပွဲ ဖြစ်ပွားသည်အထိ မပြင်းထန် စေရန်အတွက်လည်း လက်တုံ့ပြန်ရမည့် အတိုင်း အတာကို ထိခိုက်နစ်နာခဲ့သည်အပေါ် အခြေပြု စဉ်းစားပြီး WTO က ကန့်သတ်ခွင့်ပြုနိုင်သည်။ ထို့ကြောင့်ပင် အငြင်းပွားမှု ၇ဝ ရာခိုင်နှုန်းခန့်မှာ နှစ်ဖက်စေ့စပ်ညှိနှိုင်းစေခြင်းနည်းဖြင့် ဖျန်ဖြေနိုင် ခဲ့သည်ဟု ဆိုပါသည်။ဦးဟန်ထွန်း(အခွန်)

Monday, 1 Mar 2010

အာဆီယံ-သြစတြေးလျ၊ နယူးဇီလန်  (AANZ-FTA) AANZ-FTA တည်ထောင်ခြင်းသ ဘောတူစာချုပ်ကို၂၇.၂.၂၀၀၉ နေ့ တွင်အဖွဲ့ဝင်နိုင်ငံများမှ လက်မှတ်ရေး ထိုးခဲ့ပြီး ၁.၁.၂၀၁၀ နေ့မှစတင်အ ကောင်အထည်ဖေါ်ခဲ့ပါသည်။ထို့ ကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနကFTAဆိုင်ရာပင်ရင်း ဒေသထောက်ခံချက် (CO Form - AANZ) ကို၁-၁-၂၀၁၀နေ့မှစ၍လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ပေးနေပြီဖြစ်၍ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနတို့တွင် လျှောက်ထားရယူနိုင်ပြီဖြစ်ကြောင်း၊ကြေ ညာချက် ထုတ်ပြန်ခဲ့ ပါသည်။ AANZ-FTA သည်ကုန်စည် ကုန်သွယ်ရေး ဝန်ဆောင်မှု ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတို့ ပါဝင်သော ပြီး ပြည့်စုံ သည့် ဘက်စုံစီးပွားရေးပူးပေါင်း ဆောင် ရွက်မှု ဆိုင်ရာသဘောတူစာချုပ်ဖြစ် ပါသည်။အာဆီယံအတွက်အလားအလာကောင်း သောဈေးကွက် သြစတြေးလျနိုင်ငံနှင့် နယူးဇီလန် နိုင်ငံတို့သည် လူဦးရေနည်းသော်လည်း <ကယ်ဝချမ်းသာ သည့် ဖွံ့ဖြိုးပြီးနိုင်ငံများ ဖြစ်ကြသည်နှင့်အညီ စားသုံးမှုမြင့်မား သောနိုင်ငံများဖြစ်ကြပါသည်။ထို့ ကြောင့် အာဆီယံအတွက် ဈေးကွက် ကောင်းတစ်ခုဖြစ်ပါသည်။အာဆီယံနှင့် သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့အကြား ကုန်သွယ်ရေးတိုးတက်မှုအခြေအနေ၊ အာဆီယံနှင့် သြစတြေးလျ၊ နယူးဇီလန် နိုင်ငံတို့အကြား ကုန်သွယ်မှုအခြေအ နေကိုလေ့လာသည့်အခါ ဖွံ့ဖြိုး တိုး တက်လာ ကြောင်း တွေ့ရပါသည်။ ၁၉၉၅ ခုနှစ် တွင်အာဆီယံနှင့် သြစတြေးလျ၊နယူးဇီလန်နိုင်ငံတို့အကြား ကုန်သွယ်မှု၌၊ သြစတြေးလျ၊ နယူးဇီလန် နိုင်ငံတို့က အမေရိကန်ဒေါ်လာ ၂၀၉၈ သန်းအသာစီး ရခဲ့ပါသည်။ သို့ရာတွင် ၁၀ နှစ်ကြာသည့်အခါ ၂၀၀၅ ခုနှစ်၌ အာဆီယံ၊အမေရိကန်ဒေါ်လာ ၁၆၆၇၃ သန်းအသာစီးရခဲ့ရာ၊၂၀၀၅ ခုနှစ် နောက်ပိုင်းအရှိန်အဟုန်ဖြင့်တိုးတက်ခဲ့ ကြောင်းတွေ့ရပါ သည်။၁၉၉၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း အာဆီယံမှသြစ တြေးလျ၊နယူးဇီလန်နိုင်ငံများသို့ ပို့ကုန် တင်ပို့မှုသည်၊ပျမ်းမျှနှစ်စဉ် ၄၁.၃% တိုးတက်ခဲ့ပြီး သြစတြေးလျ၊နယူးဇီလန် နိုင်ငံများမှ အာဆီယံကဝယ်ယူ တင် သွင်းမှုသည် ပျမ်းမျှနှစ်စဉ် ၁၂.၆ % တိုးတက်ခဲ့ပါသည်။သို့ဖြစ်၍ AANZ-FTA စတင်အကောင်အထည်ဖေါ်သည့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင်အာဆီယံ၏ ပို့ကုန်သည် FTA မတိုင်မီအချိန် ကာလထက်ပိုမိုတိုးတက်လာရန်သာ ရှိ ကြောင်းသုံးသပ်ရ ရှိပါသည်။သားငါးဈေးကွက် H.S Chapter 1 to 3 သည်သားငါး ဆိုင်ရာကုန်ပစ္စည်းများဖြစ်ပါသည်။ Chapter-1 သည် တိရိစ္ဆာန်အရှင်များ ဖြစ်ပါသည်။မြင်း၊မြည်း၊နွား၊သိုး၊ဆိတ် ကြက်၊ဘဲ၊ငန်း၊ကြက်ဆင်၊ဝေလငါး၊ လင်းပိုင်၊ငှက်စသည့်တိရိစ္ဆာန်အရှင် များအပေါ်သြစတြေးလျနှင့်နယူးဇီလန် နိုင်ငံတို့က စည်းကြပ်သောအခြေခံ အကောက်ခွန်နှုန်းမှာသုည(ဝ%)ဖြစ် ပါသည်။ Chapter 2  မှာ၊ Chapter 1အောက်ရှိတိရစ္ဆာန်များ၏လတ်ဆတ် သောအသားများနှင့် ရေခဲရိုက်ထားသော ရေခဲဖြင့်အတုံးအခဲပြုလုပ်ထားသော အသားများဖြစ်ပါသည်။ယင်းအသား များအပေါ်သြစတြေးလျနိုင်ငံ၏အခြေခံ အကောက်ခွန်နှုန်းမှာ သုည(ဝ%)ဖြစ် ပါသည်။ နယူးဇီလန်နိုင်ငံက ယင်း အသားများအပေါ်စည်းကြပ်သည့် အခြေခံအကောက်ခွန်နှုန်းမှာ အများ အားဖြင့် သုည(ဝ%)ဖြစ်သော်လည်း အကောက်ခွန်လိုင်း (၁၂)လိုင်းပေါ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းနှင့် အကောက် ခွန် လိုင်း (၁၆)လိုင်းပေါ်တွင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားပါသည်။  သို့ ရာတွင် AANZ-FTA စတင်အကောင် အထည်ဖော်သည့် နေ့မှစ၍ အဆိုပါ အကောက်ခွန် လိုင်း (၂၈) လိုင်းပေါ် တွင် သတ်မှတ်ထားသော အခြေခံ အကောက်ခွန်နှုန်း အားလုံးတို့သည် သုည(ဝ%)ရာခိုင်နှုန်းသို့ လျှော့ချပေးမည်ဖြစ်ပါသည်။ Chapter 3 မှာ ငါးနှင့်ရေထွက် ကုန်များဖြစ်ပါသည်။ သြစတြေး လျနိုင်ငံသည် Chapter 3 အောက်ရှိ အကောက်ခွန်လိုင်းအားလုံး အပေါ် အခြေခံအကောက်ခွန်နှုန်း သုည(ဝ%)သတ်မှတ် ထားပါသည်။ နယူးဇီလန်နိုင်ငံကလည်း Chapter  3 အောက်ရှိ အကောက်ခွန် (၆) လိုင်းမှ လွဲ၍ ကျန်အကောက်ခွန် လိုင်းအားလုံးအပေါ် အခြေခံ အကောက်ခွန်နှုန်း သုည(ဝ%) သတ်မှတ်ထား ပါသည်။ အဆိုပါ အကောက်ခွန်လိုင်း (၆)လိုင်းအနက် (၅) လိုင်း၏ အခြေခံအကောက်ခွန်နှုန်းမှာ ၆ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး ကျန်တစ် လိုင်း၏ အကောက်ခွန်နှုန်းမှာ ၅ ရာခိုင် နှုန်းဖြစ်ပါသည်။ အခြေခံအကောက်ခွန်နှုန်း ၆ ဒသမ ၅ ရာခိုင်နှုန်းရှိသော အကောက် ခွန် လိုင်းများမှာ-(၁) HS.0306.21.02-Rock lobster and other sea crawfish: whole, cooked(၂) HS.0306.22.02-Lobster: whole, cooked(၃) HS.0306.23.02-Shrimps and prowns :whole, cooked(၄) HS.0303.24.02-Crabs: whole, cooked(၅) S.0306.29.02-Other including flours, meals and pellets of crustacears, fit for human consumption: whole, cookedအခြေခံအကောက်ခွန်နှုန်း ၅ ရာခိုင် နှုန်း ရှိသော အကောက်ခွန်လိုင်းမှာ-(၆) HS.0307.99.19- Other including flours, meals and pellets of aquatie invertebrates other than crustacears, fit for human consumption: Other(၆)လိုင်းကိုလည်း AANZ-FTA စတင် အကောင်အထည်ဖေါ်သည့်နေ့မှ စ၍ အကောက်ခွန်နှုန်း ဖယ်ရှားပေးမည် ဖြစ်ပါသည်။သုံးသပ်ချက် သြစတြေးလျနှင့်နယူးဇီ လန်နိုင်ငံတို့သည်မွေးမြူရေးကဏ္ဍ၌  အလွန်ဖွံ့ဖြိုးပြီးအရည်းအသွေးမြင့် တိရိစ္ဆာန်နှင့်အသားများထုတ်လုပ်တင် ပို့ရောင်းချသည့်နိုင်ငံများဖြစ်ပါသည်။ သြစတြေးလျနိုင်ငံမှ အာဆီယံသို့တင်ပို့ရောင်းချသောထိပ် ဆုံးပို့ကုန်(၁၀)မျိုးတွင် တိရစ္ဆာန်အ ရှင်များတင်ပို့ရောင်းချခြင်းနှင့်အသား များတင်ပို့ရောင်းချခြင်းတို့သည် အမှတ်စဉ်(၉)နှင့်(၁၀)နေရာများ၌ရှိ ကြောင်းတွေ့ရပါသည်။ ထို့ကြောင့်အာဆီယံသည်  H.S Chapter 1 and 2  အောက်ရှိကုန် ပစ္စည်းများ ထုတ်လုပ်တင်ပို့ ရောင်းချရာ ၌ သြစတြေးလျနှင့်နယူးဇီလန်နိုင်ငံ တို့အားယှဉ်ပြိုင်နိုင်မည်မဟုတ်ပါ။သို့ ဖြစ်၍ အာဆီယံ၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရန် မျိုးနည်းပညာများရယူ၍ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ သို့ရာတွင်  Chapter 3 အောက်ရှိငါးနှင့်ရေထွက်ကုန်များ ထုတ်လုပ်တင်ပို့ရောင်းချရာတွင် အာဆီ ယံသည်သြစတြေးလျ၊နယူူးဇီလန်နိုင်ငံ တို့နှင့်ယှဉ်ပြိုင်နိုင်သည့်အနေအထား ရှိပါသည်။သြစတြေးလျနှင့်နယူးဇီ လန်နိုင်ငံတို့သည်အပူပိုင်းဒေသထွက် ငါးပုဇွန်၊ ကဏန်း စသည်တို့ကို အာဆီယံ ဒေသမှဝယ်ယူခြင်းတင်သွင်းလျက်ရှိ ပါသည်။မြန်မာနိုင်ငံအတွက် အလားအလာ ကောင်းသောရေထွက်ကုန်ဈေးကွက် မြန်မာနိုင်ငံမှ သြစတြေးလျ နယူးဇီလန်နိုင်ငံသို့ တင်ပို့သောပို့ကုန်စာရင်းတွင် ရေထွက်ကုန်များသည်ထိပ်ဆုံး အပိုင်း၌ရှိနေပါသည်။ ထို့ကြောင့်အကောက်ခွန် အတားအဆီးမရှိသောသြစတြေးလျ နှင့်နယူးဇီလန်ဈေးကွက်သို့ မြန်မာ နိုင်ငံ၏ငါးပုဇွန်၊ဂဏန်း၊ငါးရှဉ့်စသည့် ရေထွက်ကုန်များကို အရည်အသွေး မြင့်မြင့် ပိုမို တိုးတက်ဝင်ရောက်ရန်ကြိုး ပမ်းသင့်ပါသည်။အရည်အသွေးမြင့် မြင့်ဟုဆိုရာ၌ Sanitary and Phytosanitary Measures များနှင့် ညီညွတ်ရန်ဖြစ်ပါသည်။မောင်မောင်ရီ (ဘောဂဗေဒ)

Tuesday, 23 Feb 2010

သမုဒ္ဒရာဟာ အလွန်လျှို့ဝှက်နက်နဲတဲ့ လောကကြီးဖြစ် တယ်။ ဘယ်လောက်နက်တယ်၊ ဘယ်လို ရတနာတွေရှိတယ်၊ ဘာတွေလုပ်တယ်ဆိုတာကို လူတွေက ကောင်းကောင်း မသိကြဘူး။ ဒီလိုမသိကြတဲ့အတွက် လူတွေဟာ ဘဝမှာတွေ့ကြုံရတဲ့ ကိစ္စ အတော်များများ အတွက် ဥပမာပေးဖို့ အသုံးပြုကြတယ်။ အခက် အခဲနဲ့တွေ့ပြီဆိုရင်၊ " ဒုက္ခသမုဒ္ဒရာဟာ မဆုံးနိုင်ဘူး" လို့ ပြောလေ့ရှိကြတယ်။ လူတစ်ယောက်ပျောက်နေလို့ ရှာမတွေ့ရင် လူသမုဒ္ဒရာ ထဲမှာ ပျောက်သွားလို့ ရှာမတွေ့ဘူးလို့ ပြောကြတယ်။ သုတေသီတွေကတော့ "ဘဝဆိုတာ အကန့်အသတ်ရှိပေမယ့်၊ ပညာသမုဒ္ဒရာကတော့ မဆုံးနိုင်ဘူး" လို့ ပြောကြတယ်။ ပညာ သင်တာ အဆုံးမရှိဘူးလို့ ဆိုလိုချင်တယ်။ လူတွေ ပဋိပက္ခ ဖြစ်ပြီဆိုရင်၊ သူတို့ရဲ့ အမျက်ဒေါသ ဟာ သွေးသမုဒ္ဒရာထဲကို စီးသွားတယ် ကျယ်ပြောတဲ့၊ အကန့်အသတ် မရှိတဲ့ သမုဒ္ဒရာဟာ၊ ရှည်ကြာမှု၊သည်းခံမှုတွေရဲ့ သင်္ကေတဖြစ်ပြီး အဆုံးမရှိတဲ့ မျှော်လင့် ချက်တွေကိုလည်း ကိုယ်စားပြုတယ်။ ချစ်သူတွေက၊ တစ်ယောက်ကို တစ်ယောက်ထားရှိတဲ့အချစ်ကို၊ "သမုဒ္ဒရာတွေ ခန်းခြောက်၊ ကျောက်တုံးတွေ ပုပ်သိုးကုန်တဲ့အထိ" ချစ်မယ်လို့ ဆိုတတ်ကြတယ်။ ရန်ဖြစ်တာတစ်ခုကို ဖြေရှင်းတဲ့အခါ နှစ်ဖက်စလုံးကို ခြေတစ် လှမ်းပြန်ဆုတ်ပြီး၊ ကျယ်ပြန့်တဲ့ သမုဒ္ဒရာနဲ့ ကောင်းကင်ကြီးကို အားရပါးရကြည့်လိုက်စမ်းပါလို့ ပြောတတ်ကြတယ်။ "သမုဒ္ဒရာထဲက နန်းတော်" တို့၊ "ကောင်းကင်က တိုက်တာ" တွေဆိုတာမျိုးက၊ တကယ်မရှိတဲ့ တံလျပ်တွေကို ရည်ညွှန်းတာ။ သမုဒ္ဒရာအောက်ခြေ က လမင်းကို ငါးမျှားသလို မျှားနေတယ်ဆိုတဲ့ စကားကတော့ တခြားသူတွေကို ထင်ယောင် ထင်မှားဖြစ်အောင် လုပ်နေတဲ့ လှည့်စားမှုတစ်ခုကို ရည်ညွှန်းတယ်။ သမုဒ္ဒရာလှိုင်းတွေ ကောင်းကင် ရောက်တယ်ဆိုတဲ့ အသုံးအနှုန်းဟာ၊ သမုဒ္ဒရာကြီး မငြိမ်မသက် ဖြစ်ပြီး၊ အလွန်အန္တရာယ်ကြီးတာကို ရည်ညွှန်းတယ်။ သမုဒ္ဒရာထဲမှာ အပ်တစင်းလိုက်ရှာနေတယ်ဆိုတဲ့ စကားဟာ၊ အလွန်တရာ ခက်ခဲတာကို ဆိုလိုတယ်။ သမုဒ္ဒရာရဲ့ထောင့်၊ ကောင်းကင်ရဲ့ အစွန်းဆိုတဲ့ စကားက တစ်ခုနဲ့ တစ်ခု ဝေးကွာတာကို ဆိုလိုတယ်။ သမုဒ္ဒရာဟာ ကျယ်ပြောနက်ရှိုင်းပေမယ့် လူတွေနဲ့ နီးနီးစပ်စပ် ဆက်သွယ်နေတဲ့အတွက် ပင်လယ်မှာ လူ့အသက်ဆုံးရှုံးမှုတွေ မကြာ ခဏဖြစ်တယ်။ကမ္ဘာကြီးကသိပ်ကြီးတယ်။ ရေတွေလေတွေနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေကို ထိန်းချုပ်ဖို့၊ ကြိုးစားနေတဲ့ သူတွေ  အမြဲတမ်းရှိတယ်။ ဒါပေမယ့်သမုဒ္ဒရာကြီးက အမြဲတမ်းဖွင့်လှစ်ထား တာဖြစ်လို့၊ နိုင်ငံတကာ ရေပြင်ပိုင်နက်ကို ကြီးကြပ်ဖို့ ဥပဒေ တွေရှိတယ်။ ရေပြင်ပိုင်နက် အငြင်းပွားတာကို ဖြေရှင်းဖို့ တရားရုံး တွေရှိတယ်။သမုဒ္ဒရာနဲ့ ပတ်သက်တဲ့ ဥပမာတွေအများကြီးရှိသေးတယ်။ ဗုဒ္ဓစာပေကျမ်းဂန်တွေမှာလဲ၊ သမုဒ္ဒရာကို မကြာခဏ ဥပမာပေး လေ့ရှိတယ်။ ဥပမာ-စိတ်ဟာသမုဒ္ဒရာလို အကန့်အသက်မရှိ ကျယ်ပြောပြီး၊ သတ္တဝါတွေကို ကယ်တင်ဖို့ စင်ကြယ်တဲ့ကြာတွေ စိုက်ပျိုးကြတယ်။ ဓမ္မသမုဒ္ဒရာဟာ အလွန်တရာကျယ်ပြောနက်ရှိုင်း တဲ့အတွက် ရတနာတွေ လိုက်ရှာနိုင်တယ်။ မြစ်ရာပေါင်းများစွာ သမုဒ္ဒရာထဲစီးဆင်းပြီး၊ သူတို့အားလုံးဟာ ပင်လယ်ရေတွေ ဖြစ်သွားတယ်ဆိုတာက ဘယ်လောက်ညစ်ညမ်းတဲ့ ရေတွေ ရေစီးကြောင်းတွေဖြစ်ပေမယ့် သမုဒ္ဒရာကြီးရဲ့ စင်ကြယ် မှုကို ညစ်ညမ်းအောင် မလုပ်နိုင်ဘူးလို့ ဆိုလိုတယ်။ ဒါကြောင့် လူတယောက်ရဲ့စိတ်ဟာ၊ တောင်ကြီး တွေလို မြင့်မားရုံသာမက သမုဒ္ဒရာကြီးလိုလဲ နက်ရှိုင်းတဲ့အတွက်၊ ဓမ္မလမ်းကြောင်းကိုရှာချင်တဲ့ သူတွေဟာ ဉာဏ် ပညာသမုဒ္ဒရာကြီးကို ရယူပိုင်ဆိုင်နိုင်အောင် ပိဋကတ်သုံးပုံကို နက်နက်ရှိုင်းရှိုင်းလေ့လာချင်ကြတယ်။ ပိဋကတ် (၃)ပုံကို ပိဋကတ်သမုဒ္ဒရာလို့ခေါ်ပြီး၊ လူတွေရဲ့စိတ်ကိုတော့ စိတ်သမုဒ္ဒရာလို့ခေါ်တယ်၊ စိတ်ကိုသမုဒ္ဒရာလို့ ခေါ် တဲ့အတွက် လူတွေဟာသမုဒ္ဒရာလို ကျယ်ပြန့်ပွင့်လင်းတဲ့ စိတ်ထားရှိအောင် အားပေးတိုက်တွန်းရာ ရောက်တယ်။  တစ်ချို့လူတွေမှာ ကျဉ်းမြောင်းတဲ့ စိတ်တွေရှိတယ်။ သူတို့ဟာလောကအကြောင်း၊ နိုင်ငံအကြောင်း၊ တခြားလူတွေ နဲ့ ဆက်ဆံရေးတွေအကြောင်းကို ကောင်းကောင်းနားမလည်ကြဘူး။ ဒါကိုသူတို့နဲ့ ရင်းနှီးတဲ့သူတွေက အခွင့် ကောင်းယူပြီး အသုံးချတဲ့အခါ သူတို့ဟာ ရက်စက်ကြမ်းကြုတ် လာကြတယ်။ သူတို့ဟာ မီးခြစ်ဗူး သေးသေးလေး တွေနဲ့ တူတယ်။ ထပ်ဖြည့်ရင် ပေါက်ထွက်တော့မယ့် သွားတိုက်ဆေးဗူးနဲ့တူတယ်။ ကျဉ်းမြောင်းတဲ့ စိတ်ရှိတဲ့ သူတွေကို ကျယ်ပြန့်တဲ့ ဓမ္မမဝင် ရောက်နိုင် ဘူး။ ရင်းနှီးတဲ့ မိတ်ဆွေတွေ ချစ်သူတွေတောင်မှ နေရာ မရနိုင်ဘူး၊ သမုဒ္ဒရာကြီးလိုစွမ်းရည်မရှိဘူး။ တစ်ချို့လူတွေမှာ သမုဒ္ဒရာလို ကြီးမားတဲ့ စိတ်မျိုးရှိပေမယ့် တစ်ချို့ကျတော့ နောက်ဖေးလမ်းကြား လောက် ကျဉ်းမြောင်းတဲ့ စိတ်မျိုး ရှိတယ်။ ကိုယ့်စိတ်ကျယ်ပြန့်လေ များများဆန့်လေပဲ။ ဒါကြောင့် ဓမ္မကိုလက်ခံနိုင်တဲ့ သမုဒ္ဒရာ လောက်ကျယ်ပြန့်တဲ့ စွမ်းရည်မရှိရင်၊ စိတ်ဟာ အားလုံးကို ပွေ့ဖက် လက်ခံခြင်း မပြုနိုင်တဲ့အတွက် ဓမ္မရဲ့ အကျိုးကျေးဇူးကို မခံစားနိုင်ဘူး။    (HSING YUN. SEEKING HAPPINESS)ညိုညို

Tuesday, 23 Feb 2010

"ရန်ကုန်မြို့မှာ နာဂစ်မုန်တိုင်း တိုက်တဲ့နေ့တုန်းက ဘဲဥ တစ်လုံး သုံးရာကျပ်ဖြစ်သွားတာ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ကိုယ်ကျင့်တရားမကောင်းတဲ့ လုပ်ရပ်တစ်ခုလား"  လို့ ကျွန်မကို မေးကြဖူးပါတယ်။ ဈေးထဲမှာ ကုန်ရှားပါးပြတ်လပ်လို့ ဈေးတက် ကုန်တဲ့ ပြဿနာဟာ လုပ်ငန်းရှင်တွေရဲ့ ကိုယ်ကျင့်တရားနဲ့ ဘယ်လောက် ပတ်သက်နေသလဲဆိုတာနဲ့ ပတ်သက်ပြီး ကျွန်မ ရဲ့ အမြင်ကို အကျဉ်းချုံးပြီး ပြောပြရမယ်ဆိုရင်...ပြဿနာရဲ့အကြောင်းရင်း စီးပွားရေးလောကထဲက ပြဿနာ အားလုံးဟာ ကိုယ်ကျင့် တရားကြောင့်ဖြစ်တဲ့ ပြဿနာတွေ ချည်းပဲ မဟုတ်ပါဘူး။ ကုန် ဈေးနှုန်းတွေ တက်တဲ့ကိစ္စဟာ ဈေးကွက်စနစ် (Market System) ကနေ ဖြစ်ပေါ်လာတာပါ။ ယေဘုယျအားဖြင့် ဈေးကွက် တစ်ခုထဲမှာရောင်းလိုအားရယ်၊ ဝယ်လို အားရယ်၊ ဈေးနှုန်း ရယ် ဟာ ဆက်စပ်နေတာပါ။ ရောင်းချင်တဲ့သူတွေဆီမှာ ပစ္စည်းတွေ ပိုနေပြီး ဝယ်ချင်သူက သိပ်မရှိရင်ဈေးကျပြီး၊ ပစ္စည်းရှားပါး ပြတ် လပ်ပြီး ဝယ်လိုသူတွေက သိပ်များမယ်။ သူတို့မှာလဲ သိပ် လိုအပ်နေမယ်ဆိုရင် ရောင်းသူက ဈေးတင်ရောင်းမှာပါပဲ။တရားမျှတမှု ဈေးကွက်စနစ်ကိုကျင့်သုံးရင် ရောင်းသူမှာ ကိုယ်ရောင်းတဲ့ ကုန်ကို လွတ်လွတ်လပ်လပ် ရောင်းဈေး သတ်မှတ်ခွင့် ရှိပါတယ်။ ဒီလိုဆိုတော့ လူတိုင်းကြိုက်ရာ လုပ်ကုန်ကြမှာပေ့ါလို့ စိုးရိမ် စရာရှိပါတယ်။ ရောင်းသူက လုပ်ချင်တိုင်း လုပ်ကြတာကို ဝယ်သူကခံရရင် တရားပါမလားလို့ ဆိုစရာရှိပါတယ်။ လွတ်လပ်စွာဈေးနှုန်း သတ်မှတ်ခွင့်ပေးတိုင်း ဈေးတက် မလာနိုင်တဲ့ အခြေအနေတွေရှိပါတယ်။ တစ်ချက်ကတော့ ဝယ်သူက ကြိုက်ဈေးရမှ ဝယ်တာဖြစ်နိုင်တယ်။ နောက်တစ်ချက် ကတော့ တခြားရောင်းသူတွေကလဲ ကိုယ့်ကိုယှဉ်ပြိုင်နိုင်တဲ့ ရောင်းဈေးမျိုး သတ်မှတ်တာဖြစ်နိုင်တယ်။ လူတစ်စုက ပဲဈေးနှုန်းသတ်မှတ်ခွင့် ရထားလို့ ဈေးကျသွား မှာကိုစိုးပြီး ထုတ်လုပ်မှုကို ထိန်းထားတာလို့ မရောင်းဘဲ လှောင် ထားလိုက်တာတို့ လုပ်ရင်တော့ ဈေးတက်လာမှာပါပဲ။ ဒီ အခြေ အနေမျိုးမှာဆိုရင်တော့ ကိုယ်လို ဇာတ်တူသား လုပ်ငန်းရှင် တွေအပေါ်မှာရော၊ ဝယ်သူတွေ အပေါ်မှာပါ တရားရဲ့ လားဆို တာကို စဉ်းစားစရာဖြစ်ပါတယ်။ စီးပွားရေးဆိုတာ ကိုယ်ကျိုး ရှာမှု တစ်ခုဖြစ်ပါတယ်။ အဲဒီကိုယ်ကျိုးရှာမှုဟာ သူ တစ်ပါး အကျိုးလဲပါမှ အပြန်အလှန် အကျိုးရှိပြီး ရေရှည်တွဲလုပ်လို့ရမှာ ဖြစ် ပါတယ်။တာဝန် စီးပွားရေးလုပ်ငန်းရှင်တွေဟာ အမြတ်ရဖို့ အလုပ်လုပ် ကြတာလို့ ဆိုပေမယ့် သူတို့မှာ စီးပွားရေး တာဝန်ရှိပါတယ်။ သူတို့လိုချင်တဲ့ အမြတ်ဟာ အလကားရတာမဟုတ်ပါဘူး။ လူ တွေအတွက် ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုခု လုပ်ပေးလို့ ရတာပါ။ ထိုက်တန်တာ တစ်ခုခုမရရှိပါဘဲနဲ့ အခွင့် အရေး သက်သက်ယူချင်တာ၊ ကိုယ့်တာဝန်ကိုယ်မကျေရာ ရောက်ပါတယ်။ နာဂစ်ကာလကိုပြန်ညွှန်းရရင် ကုန်စည်ပြတ်လပ်သွားနိုင်တဲ့ အလားအလာကြောင့် ဈေးတွေတက်ကုန်တဲ့ ကာလမှာ ရောင်းသူ အချို့ဟာ ပုံမှန်ဈေးနဲ့ပဲ ရောင်းပေးတာတို့ ပိုက်ဆံရှိလို့ သိမ်းကျုံး ဝယ်လိုသူကို အားလုံးရောင်းမပစ်ဘဲ ကိုတာစနစ်နဲ့ ရောင်းပေးတာကို တွေ့ရဘူးတယ်။ ကုန်ပြတ်သွားရင် ဒီထက် ပိုဈေးတက်မှာကို ဖြစ်ပါစေလို့ ဒီ အတိုင်းလက်ပိုက်ကြည့် နေလို့မရဘူး။ ကုန်ပြတ်သွားရင် ကိုယ်လဲရောင်းစရာ မရှိတော့ ဘဲ ငုတ်တုတ်ထိုင်နေရမှာဆိုတော့ မဖြစ်ဖြစ်အောင်ကြံဆရင်း လုပ်ငန်းတွေ ပြန်လည်ပတ်လာတာပါ ပဲ။ စီးပွားရေးသမားဆိုရင် စီးပွားရေး တာဝန်ကို လုပ်ကိုလုပ်ရပါတယ်။ အခွင့် အရေး သမားဆိုရင်သာ ဘာမှမလုပ်ဘဲ အချောင်ရတာပါ။ ဒါပေမယ့် စီးပွားရေးနဲ့ အခွင့်အရေးဟာလဲ တွဲနေတယ်ဆို တာမမေ့ သင့်ပါဘူး။မအိမ်သူ

Tuesday, 23 Feb 2010

"အမြီးကျက်အမြီးစား၊ ခေါင်းကျက် ခေါင်းစား" ဆိုတဲ့ စကားပုဒ်ကို လူတိုင်း စာတွေရေးကြပေမယ့် ကြက်တစ် ကောင်လုံးကျက်တဲ့အထိ မစောင့်နိုင်ဘဲ စိတ်မရှည်စွာနဲ့ ရတာကိုအလုအယက် ရယူခံစားခြင်းကို ရည်ညွှန်းခြင်းဖြစ်ပါ တယ်။ စီးပွားရေးလုပ်ငန်းတွေကို လုပ် ကိုင်ဆောင်ရွက်ကြ တဲ့အခါ "အများမိုး ခါးရေသောက်" တယ်ဆိုတဲ့ သဘောကို လည်း တချို့ကအဟုတ်ကြီး ထင်မှတ်ပြီး ကျင့်သုံးနေကြတာတွေ့ရပါတယ်။ စီးပွား ရေးလုပ်တဲ့နေရာမှာ ဦးတည်ချက်တစ်ခု သာရှိတယ်လို့ စီးပွားရေးပညာရှင်တွေ က ပြောကြတယ်။ ရေးသားကြတယ်။ ဒီဦးတည်ချက်က အမြတ် Profit ပဲ ဖြစ်ပါတယ်။ အမြတ်ရဖို့သာ အဓိက၊ ကျန်တာတွေဘာမှ စဉ်းစားစရာမလို ဘူး လို့ နိုဘယ်ဆုရှင်ပါမောက္ခ Friedman က အတိအလင်းပြောကြားခဲ့ပြီး စာ အုပ်တွေအများကြီး ရေးသားခဲ့ပါ တယ်။  အမြတ်လို့ပြောရမှာ အစုရှယ် ယာရှင်တွေရဲ့အကျိုး၊ သူတို့ရှယ်ယာ တွေရဲ့ တန်ဖိုးကို တက်နိုင်သမျှ တက် အောင် လုပ်ဖို့ပဲရှိတယ်လို့ ယူဆကြပါ တယ်။ ဒီအတွေးအခေါ်ကို ယခုအချိန် အထိ  အများကလက်ခံနေကြတာကို တွေ့ရှိ ရပါတယ်။  ဆရာ့အနေနဲ့ မြန်မာပြည်မှာ ပြောင်းလဲကျင့်သုံးတဲ့စီးပွားရေးရာ မူဝါဒရည်မှန်းချက်များနဲ့အညီ ပုဂ္ဂလိက  ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး နေချိန်မှာ ဒီအခြေခံကို ပြန်စဉ်းစားသင့် တယ်လို့ ယုံကြည်ပါတယ်။ မူဝါဒတွေ ပြောင်းလဲရုံမကဘဲ ပြောင်းလဲတဲ့မူဝါဒ တွေနဲ့ လိုက်လျော ညီထွေရှိစေတဲ့ အပြု အမူတွေနဲ့ ကျင့်သုံးဖို့လိုအပ်မှာဖြစ်ပါ တယ်။ အထူးသဖြင့် ဘယ်သူသေ ငတေမာပြီးရော ဆိုတဲ့ အတွေးအခေါ်အစား လူ့ကျင့်ဝတ်သိက္ခာနဲ့အညီ ကျင့်ကြံလုပ် ကိုင် ဆောင်ရွက်နိုင်ဖို့ အလွန်အရေးကြီး နေပါတယ်။  အခုဆိုအပြုအမူအတွေးအခေါ် ပြောင်းလဲဖို့ ကျင့်ဝတ်သိက္ခာအကြောင်း စဉ်းစားဖို့ လိုအပ်ပါလိမ့် မယ်။ ကျင့်ဝတ် သိက္ခာဆိုတာဘာလဲ၊ ကျင့်ဝတ် သိက္ခာ နဲ့အညီ ကျင့်ကြံဆောင်ရွက် တယ်ဆို တာဘာလဲဆိုတာကို မေးမှာဖြစ်ပါ တယ်။ ကျင့်ဝတ် သိက္ခာက အမှား အမှန်ကိုခွဲခြားပြီး မှန်တာကိုလုပ်ရဲတဲ့ သတ္တိဖြစ် တယ်လို့ ဆရာထင်ပါတယ်။ မှားတာမှန်တာကို  သိနိုင်ဖို့ အသိတရား ရှိဖို့လိုပါတယ်။ဒါပေ မဲ့သိရုံနဲ့မပြီးသေးပါ ဘူး။ သိတဲ့အတိုင်း လုပ်နိုင်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်လာရင် လုပ်ငန်းအဖွဲ့အစည်း တိုင်းမှာ ကျင့်ဝတ်သိက္ခာနဲ့ပတ်သက် လို့ လုပ်ငန်းတိုင်း လမ်းညွှန်မှုရှိဖို့လိုပါ လိမ့်မယ်။ ဒီလမ်းညွှန်မှုတွေကို လိုက် နာပြီး ဦးစီးသူတွေရော ဝန်ထမ်းတွေပါ ကျင့်ကြံလုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ အမှန်တကယ်တော့ လူ့ကျင့်ဝတ်နဲ့ ကိုက်ညီတဲ့ သံလိုက်အိမ် မြှောင်ရှိဖို့ပါပဲ။ သံလိုက်အိမ်မြှောင်ဟာ အနောက်ဘက် စူးစူးအရပ်ကို အမြဲညွှန် ပြနေတယ်။ ဘယ်နေရာရောက်ရောက် သံလိုက် အိမ်မြှောင်ဟာ အနောက်ဘက်ကိုပဲ အမြဲပြနေတယ်။ ဒီလိုညွှန်ပြနေတဲ့ အတွက်လည်း ခရီးသွားတဲ့ နေရာမှာ လမ်းမပျောက်နိုင်မှာဖြစ်ပါတယ်။ ဒီလိုပါပဲ၊ လူတိုင်းမှာ အကျင့်ပညာနဲ့ ပတ်သက်လာရင် အမှားအမှန်နိုင်ဖို့ အရည်အချင်းတွေ မွေးထုတ်ပြုစုဖို့ လိုပါတယ်။ အခုလို အဆုံးအဖြတ်လုပ် နိုင်ဖို့ ဆရာဥပမာတစ်ခုပေးချင်ပါတယ်။ လူတစ်ယောက်ဟာ ပရဟိတလုပ်ငန်း တစ်ခုမှာ မိဘမဲ့ကလေးတွေကို စောင့် ရှောက်တဲ့ ရိပ်သာဆောင်တစ်ခုကို တည်ထောင်ထားတယ်။ ဒါပေမယ့် ငွေကြေးအခက်အခဲနဲ့ ရင်ဆိုင်နေရပါ တယ်။  ဒီအချိန်မှာ လူကုန်ကူးနေသူတစ် ဦးက ကမ်းလှမ်းလာတယ်။ မိဘမဲ့ ကလေး ၁ ဦး၊ ၂ ဦးကို သူ့ရဲ့လက်ထဲ အပ်ရင် ကျပ်သိန်းတစ် ထောင်ပေး မယ်လို့ ပြောလာပါတယ်။ ဒီလူအနေ နဲ့လက်ခံ သင့်ပါလား။ မိဘမဲ့ကလေး တွေဖြစ်တာ မို့ ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ဘူး။ ဘယ်သူ့မှ လည်း ဘာပြဿနာမှလုပ်မှာ မဟုတ်ဘူး ဆိုတာ သိနေပါတယ်။ ဒီကိစ္စမျိုးဟာ ဆုတ်စူးစားရူးတဲ့အဖြစ် မျိုးဖြစ် နေပါတယ်။ မှားတယ်မှန်တယ် ဆိုတာကို အလွယ်တကူ ရွေးချယ် နိုင်ဖို့ ခက်ခဲနေတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ဆရာပေးတဲ့ဥပမာမှာ ငွေကိုလက်မခံ လိုက်ရင် ရိပ်သာကိုပိတ်ရတော့မဲ့အခြေ အနေဖြစ်နေတယ်။ ရိပ်သာကိုမှီခိုနေသူ ကလေးပေါင်း မြောက်မြားစွာ ဒုက္ခ ရောက်လိမ့်မယ်။ ဒီတော့ ကလေး ၁ ယောက်၊ ၂ ယောက်ကို လူကုန် ကူးမဲ့သူ နဲ့ထည့်လိုက်တာဟာ လုပ်သင့်တယ်လို့ ထင်မြင်ယူဆနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေလုပ်တဲ့ နေရာမှာ အခွင့်အရေးရဖို့ လာဘ်ထိုး ရင်  မျက်နှာသာရမယ့် ထောင်မြင်ရာ မစွန့်သင့်ပါဘူးလားလို့ တချို့တွေက ဆင်ခြေပေး ကြမှာဖြစ်ပါတယ်။ ရင်ဆိုင်ရတဲ့အဆုံးအဖြတ်ပြဿ နာတွေမှာ ကျင့်ဝတ်သိက္ခာနဲ့အညီ ဆုံး ဖြတ်တဲ့နေရာမှာ တွေ့ကြုံရတဲ့ လွန်ဆွဲ မှုနှစ်မျိုးကို လုပ်ငန်းအဖွဲ့အစည်းတွေမှာ ကြုံတွေ့ရတတ်ပါတယ်။ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအကြား ရှိနိုင်တဲ့ပဋိပက္ခနဲ့  အဖွဲ့အစည်းနဲ့လူ့အသိုင်းအဝိုင်းအကြား ရှိနိုင်တဲ့ ပဋိပက္ခဖြစ်ပါတယ်။ လူကိုဦး စားပေးမလား၊ အချိန်ကိုဦးစားပေး မလား။ အဖွဲ့အစည်း အကျိုးကို ကြည့် မလား၊ လူ့အသိုင်းအဝိုင်းအတွက် ဦး စားပေးမလား။ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ကျင့်ဝတ်သိက္ခာတရားကို ၂၁ ရာစုမှာ ပိုပြီးအလေးထားပို၍ ဂရုပြုလာတာကို တွေ့ရှိရပါတယ်။ စီးပွားရေးလုပ်တာနဲ့ ကျင့်ဝတ်သိက္ခာနဲ့ညီအောင်ကျင့်တာဟာ ဆန့်ကျင်ဘက်တွေမဟုတ်ဘူးဆိုတာကို နားလည်လာတယ်။ လက်ခံလာကြတာ တွေ့ရပါတယ်။ ဒီလိုဖြစ်လာတဲ့ အကြောင်းတွေ အမျိုးမျိုးရှိတဲ့အနက် Corporate Social Responsibility (CSR) လို့ ခေါ်တဲ့ စီးပွားရေးအဖွဲ့ အစည်းတွေရဲ့ လူမှုရေးတာဝန်ကျေမှု အတွေးအခေါ်အယူအဆ အလွန် အရေးပါလှပါတယ်။ CSR ရဲ့ အနှစ်သာရကတော့ စီးပွားရေးအဖွဲ့ အစည်းတွေမှာ ကိုယ့်ရဲ့အစုရှင်တွေ အပေါ် တာဝန်ရှိရုံမက မိမိရဲ့ပတ်ဝန်း ကျင်အသိုင်းအဝိုင်းတစ်ခုလုံးအတွက် ပိုတာဝန်ရှိကြောင်း လက်ခံခြင်းဖြစ်ပါ တယ်။ ကျင့်ဝတ်သိက္ခာနဲ့အညီ စီးပွားရေးလုပ်ရင် အကျိုးရှိကြောင်း မီးမောင်း ထိုးခြင်းပဲဖြစ်ပါတယ်။ CSR နဲ့ပတ် သက်လာရင် ရှုဒေါင့် (၃) မျိုးက စပြီး သုံးသပ်နိုင်တာတွေ့ရပါတယ်။ ပထမ ရှုဒေါင့်က ပတ်ဝန်းကျင်ဖြစ်ပါတယ်။ မိမိရဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ရမဲ့တာဝန်ကိုအလေးအနက်ထားလာတာ တွေ့ရပါတယ်။ စက်ရုံခေါင်းတိုင် ကြီးတွေက လေထုညစ်ညမ်းစေမဲ့ မီးခိုး တွေကို အတားအဆီး မရှိထုတ်လွှတ်တာ မျိုးပါ။ စက်ရုံအရှေ့က မြောင်းထဲကို စက်ရုံက အညစ် အကြေး တွေစည်း ကမ်းမဲ့ စွန့်ပစ်တာမျိုး၊ အခု ဃွျှကို လက်ခံလာကြတဲ့ အတွက် လုပ်တာကိုင် တာတွေဟာ ထိန်းထိန်းသိမ်းသိမ်း ဖြစ်လာတာ တွေ့ရပါတယ်။ဒုတိယ အပိုင်းကတော့ မတရားသဖြင့် အမြတ် ထုတ်ခြင်းပဲဖြစ်တယ်။ လုပ်သားတွေရဲ့အကျိုးကိုရှေ့တန်းမတင်ဘဲ ကိုယ့်ရဲ့အမြတ်ရရှိရေးကိုသာ ဦးစား ပေးမှုကို ဟန့်တားနိုင်ဖို့ဖြစ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ အဂတိ လိုက်စားမှုနဲ့ လာဘ်စားခြင်း ကိစ္စဘဲဖြစ် တယ်။ဒီကိစ္စနဲ့ပတ်သတ်လာရင် စဉ်းစား စရာတွေကအများကြီးဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ် သက်လာရင် ယူတဲ့ သူမှာအပြစ်ရှိ တာ လား၊ ပေးတဲ့သူက အပြစ်ရှိတာလား၊ ဒါကို အသေအချာစဉ်းစားရမှာဖြစ်ပါ တယ်။ စီးပွားရေးလုပ်ငန်းတွေမှာ ဧည့်ခံ ကျွေး မွေးမှုဟာမလုပ်မဖြစ်တဲ့ အလုပ်တစ်ခု ဖြစ်နေတာတွေ့ရပါတယ်။ဒီလိုဧည့်ခံရာ မှာ အကန့်အသတ်ရှိသင့် သလား၊ ဘယ်အဆင့်မှာ ဧည့်ခံခြင်းဖြစ် ပြီး ဘယ်အဆင့်ရောက်ရင်တော့ လာဘ်ထိုးခြင်းဖြစ်မလဲ လုပ်ငန်း အတွင်းမဟုတ်တာ တွေလုပ်နေတာကို တားဆီးနိုင်အောင်၊ လျော့ပါးနိုင် အောင် ခရာမှုတ်တဲ့ အစီအစဉ်တွေချ မှတ်ဖို့ လိုတာတွေ့ရ တယ်။ ဘောလုံးပွဲ ကဒိုင်လူကြီးတွေသုံးတဲ့ခရာဟာ ပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်တဲ့အခါ၊ ဂိုးဝင်သွားတဲ့အခါနဲ့ ပွဲပြီးတဲ့အချိန်မှာ ဒိုင်လူကြီးတွေက မှုတ် တတ်ကြတယ်။ဒီလိုပဲ လုပ်ငန်းတွင်းက မဟုတ်တာတွေ ကိုမြင်တဲ့သူတွေအနေနဲ့သက်ဆိုင်ရာကို အကြောင်းကြားနိုင် အောင် Whistle blower အစီအရင် တစ်ရပ်ကို ဖော်ထုတ်နေတာတွေ့ ခဲ့ရပါတယ်။ ကျင့်ဝတ်သိက္ခာနဲ့ညီအောင် ကျင့်ကြံလိုတဲ့ လုပ်ငန်းတွေအနေနဲ့ လူမှုရေးတာဝန်ကျေတဲ့ လုပ်ငန်းတွေဖြစ် အောင် ကြိုးစားဖို့လိုအပ်မှာဖြစ်ပါ တယ်။အခုဆိုလူမှုရေးတာဝန် ကျေပွန် တဲ့အတွက် မိမိရဲ့စီးပွားရေးအကျိုး အမြတ်မထိခိုက်တဲ့အပြင် အကျိုးရှိကြောင်း တွေ့ရှိရပါ တယ်။ဒါကို တချို့လုပ်ငန်းရှင်တွေကတော့သိပ်လက်မခံ နိုင်တာကိုတွေ့ရပါတယ်။အခုလိုလက်ခံ သဘောတူတဲ့လုပ်ငန်းရှင်တွေ သဘောပေါက်အောင် ကျင့်ဝတ်သိက္ခာ နဲ့အညီ ဆောင်ရွက် နိုင်ရင် ရလာနိုင်မဲ့ အကျိုးတရားကို ဖော်ပြချင်ပါတယ်။ ပထမအနေနဲ့ အခုဆိုလူမှုရေး တာဝန်ကျေပွန်မှုကို ပတ်ဝန်းကျင် အသိုင်းအဝိုင်းက မျှော်လင့်ကြတာတွေ့ ရပါတယ်။ဒုတိယအနေနဲ့ အခုလို တာဝန်ကျေပွန်ရင် ရေရှည်ကာလ အတွက်အမြတ်ပမာဏတိုးပွားနိုင်တာ တွေ့ရပါတယ်။တတိယအနေနဲ့ ကတော့ အခုလိုတာဝန်ကျေဖို့လုပ်ငန်း တိုင်းမှာဝတ္တရားရှိပါတယ်။စတုတ္ထအနေ နဲ့ကတော့အများရဲ့ အမြင်မှာ ဒီလုပ်ငန်း ဟာ လူမှုရေးတာဝန်ကျေတဲ့လုပ်ငန်း ဖြစ်တဲ့အတွက်အသိအမှတ်ပြုခြင်းခံရ မှာဖြစ်တယ်။နောက်ဆုံးအချက် အနေနဲ့ကတော့ ဒီလိုကျေပွန်မှုဟာ ပတ်ဝန်းကျင် ရဲ့အနေအထားကို ပိုမိုကောင်းမွန်နိုင်စွမ်းရှိနိုင်ပါတယ်။ကျင့်ဝတ်သိက္ခာ နဲ့အညီကျင့်မှုနဲ့ စီးပွား ရေးအကျိုး သက်ရောက် မှုတို့အကြား ဘယ်လို ဆက်စပ်မှုမျိုး ရှိနိုင်သလဲဆို တာလဲ သုတေသနလုပ်ခဲ့ ကြပါတယ်။ သုတေသနတွေ့ရှိချက်များအရ ဆက်စပ်မှုက အပေါင်းလက္ခဏာရှိတာ တွေ့ရပါတယ်။ပိုပြီးတာဝန်ကျေလေ လေ မိမိရဲ့လုပ်ငန်းစီးပွားရေးအကျိုး အမြတ် များလေလေဖြစ်တာတွေ့ ရ ပါတယ်။အခုလို ကျင့်ဝတ်သိက္ခာနဲ့ အညီ ကျင့်ကြံနိုင်ဖို့ အခြေခံ လိုအပ်ချက် သုံးရပ်ရှိတာ တွေ့ရ ပါတယ်။ဒါကို အလွယ်တ ကူ မှတ်သားနိုင်ဖို့ အတွက် 3P  လို့ခေါ်ဝေါ် သတ်မှတ်နိုင် ပါ တယ်။ တစ်မျိုးပြောရရင် P သုံးလုံး ဖြစ်တယ်။ ပထမ P ကဏမသ်ငအအမြတ် ဖြစ်ပြီး ဒုတိယ P က ဏနသစူန လူဖြစ်ပါတယ်။နောက်ဆုံး P က ဏူညေနအ ကမ္ဘာမြေကြီး ဖြစ်ပါ တယ်။ဒီ  P သုံးလုံးရဲ့ အဓိပ္ပါယ် က ကျင့်ဝတ်သိက္ခာနဲ့ အညီ ဆောင်ရွက်ကြတဲ့ စီးပွားရေး လုပ်ငန်းတွေဟာ အမြတ်ကိုရ အောင်ရှာကြမယ်။အမြတ် တစ်ခု တည်းကိုသာ မစဉ်း စားဘဲ မိမိလုပ်ငန်းမှာအလုပ်လုပ် နေ သူတွေ၊ မိမိရဲ့ဖောက်သည်တွေ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်း မှာနေထိုင်ကြသူတွေ၊ အစု ရှယ်ယာဝင်တွေ ဒါတွေ အား လုံးဟာ လူတွေသာဖြစ်ပါတယ်။ နောက်ဆုံး P ကတော့ မိမိရဲ့ ပတ်ဝန်းကျင်၊ မိမိရဲ့ကမ္ဘာ မြေကြီးကို ထိန်းသိမ်း စောင့် ရှောက်ရမဲ့တာဝန်ပဲ ဖြစ်ပါ တယ်။ အဖွဲ့အစည်းတစ်ခု အ နေနဲ့ စီးပွားရေး တာဝန်ကျေမှု၊ ဥပဒေအရ တာဝန်ကျေမှု၊လူမှု ရေးအရ တာဝန်ကျေမှုတွေရယ် လို့တာဝန်ကျေမှုသုံးရပ်ကို ထိန်း သိမ်းအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ ကျင့်ဝတ်သိက္ခာနဲ့အညီ ဆောင် ရွက်နိုင်ဖို့ ကျင့်ဝတ်သိက္ခာနဲ့ အညီ နေထိုင်ပြောဆိုနိုင်တဲ့ လူပုဂ္ဂိုလ်တွေလိုသလို၊ ကျင့်ဝတ် သိက္ခာနဲ့ညီတဲ့ဦးဆောင်သူ တွေရှိရမှာဖြစ်တယ်။ကျင့်ဝတ် သိက္ခာ စောင့်ထိန်းမှု ကိုပြုစုလို ပါက ကျင့်ဝတ်သိက္ခာနဲ့ ပတ် သတ်တဲ့ သင်တန်းတွေကို လုပ် ပေးဖို့လိုအပ်ပါတယ်။ Ethics Training ဟာ အဖွဲ့အစည်း တိုင်းမှာ ရှိသင့်တဲ့ သင်တန်း မျိုးဖြစ်တယ်။ ဆရာကိုယ်တိုင် အခုဆိုရင် လုပ်ငန်းတွေမှာ ဒီလိုသင်တန်း မျိုးကိုပေးလျှက် ရှိပါတယ်။ ဒီသင်တန်း တွေ ကြောင့်အလုပ် ရှင်တွေ အလုပ် သမားတွေ အနေနဲ့ ကျင့်ဝတ် သိက္ခာ နဲ့ ပတ်သတ်လို့ ပိုမိုနား လည်မှု ရှိလာပြီး လက်တွေ့ ဆောင်ရွက်မှုနဲ့ ပတ်သတ်တဲ့ လွန်ဆွဲမှုတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်စွမ်းရှိပါတယ်။ လုပ်ငန်းဦးစီးသူတွေဖို့ ကျင့်ဝတ်သိက္ခာ ထိန်းသိမ်း မှုဟာ အလွန်အရေးကြီးလှ ပါ တယ်။ အခြေခံလိုအပ်ချက်က ရိုးသားဖြူစင်မှု ဖြစ်ပါတယ်။မှန်တာကို ပြောရဲလုပ်ရဲတဲ့ သတ္တိရှိရမှာဖြစ်တယ်။ ကိုယ် ကတော့ အမှားလုပ်မိရင်လုပ်မိ ကြောင်းဝန်ခံနိုင်တဲ့ သတ္တိလည်း ရှိရမှာဖြစ်ပါတယ်။ကျင့်ဝတ် သိက္ခာရဲ့ အရေးပါမှုကို မိမိလုပ် ငန်း အတွင်းမှာ မပြတ်ပြော နေဖို့လိုသလို၊ နမူနာဖြစ် အောင် နေထိုင် ပြောဆိုဖို့လည်း အထူး လိုအပ်ပါတယ်။ ဆရာ့အနေနဲ့ အခုလို နိုင်ငံရေး ပြောင်း လဲမှုတွေ ဆောင်ရွက်နေတဲ့ အချိန်ကာလမှာ စီးပွား ပြောင်းလဲမှု တွေလည်း လိုက် လျောညီထွေရှိဖို့ လိုအပ်ပါ တယ်။ ဒါပေမဲ့ စီးပွား ရေးပြုပြင် ပြောင်းလဲမှုတွေ လုပ်ယုံနဲ့ မလုံလောက်ပါဘူး။အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ကျင့်ဝတ် သိက္ခာနဲ့ အညီကျင့်ကြံ နေထိုင် ဖို့ပြောဆို လုပ်ကိုင်ဆောင်ရွက် ဖို့ အလွန်အရေးကြီးလှပါ တယ်။ဒေါက်တာအောင်ထွန်းသက်

Tuesday, 23 Feb 2010

ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲ ခြင်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ IPCC သိပ္ပံ ပညာရှင်တွေရဲ့ လေ့လာဆန်းစစ်မှုအရ မြန်မာ နိုင်ငံမှာ လာမယ့် အနှစ် ၃၀ အတွင်း အပူချိန် ၁ ဒီဂရီစင်တီဂရိတ်  တက်လာပြီး  ပိုမိုပူနွေးလာနိုင် တယ်လို့ သိရပါတယ်။ ကမ္ဘာကြီး ပူနွေးလာမှုက မြန်မာနိုင်ငံရဲ့ ရာသီဥတုကိုလည်း အကျိုးသက် ရောက်မှုရှိလာခဲ့တာ တွေ့ရပါတယ်။ အထင် ရှားဆုံးတွေ့ရှိရတဲ့ သက်သေကြီးကတော့ နာဂစ် မုန်တိုင်း တိုက်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ နာဂစ် မုန်တိုင်းစတင်ဖြစ်ပေါ်မှုဟာ ပုံမှန်အတိုင်း ဖြစ် ပေါ်ခဲ့ပေမယ့်  မထင်မှတ်ဘဲ  တိုက်ခတ်မှုလမ်း ကြောင်း ပြောင်းလဲသွားခဲ့ခြင်းဟာ ရာသီဥတု ဖောက်ပြန်မှုရဲ့ အကျိုးဆက်ကြောင့်ပဲ ဖြစ်ပါ တယ်။လွန်ခဲ့တဲ့ သုံးနှစ်အတွင်း မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ မုန်တိုင်းတွေရဲ့ အခြေအနေကို ကြည့်ရင်လည်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲ မှုကို သိသိသာသာ တွေ့မြင်နိုင်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ မာလာမုန်တိုင်း၊ ၂၀၀၇ ခုနှစ်မှာ အာဂစ် မုန်တိုင်း၊ ၂၀၀၈ ခုနှစ် မှာ နာဂစ်မုန်တိုင်း၊ ၂၀၀၉ ခုနှစ်မှာ အယ်ဂျစ်မုန်တိုင်းနဲ့ မေလမှာ အိုင်လာ မုန်တိုင်းတွေ သုံးနှစ်ဆက်တိုက် ဝင်ရောက်ခဲ့ကာ ၂၀၀၉ ခုနှစ်အတွင်း တစ်နှစ်မျှ မဖြစ်ပေါ်ခဲ့ဖူးတဲ့ နှစ်ကြိမ်ဖြစ်ပေါ်ခဲ့မှုတွေဟာ မြန်မာနိုင်ငံရဲ့ ရာသီ ဥတုဖြစ်စဉ်မှာ ပြောင်းလဲမှုကြီးတစ်ခု ဖြစ်နေပါ တယ်။ ဘင်္ဂလားပင်လယ်အော်ကို မုတ်သုံရာသီ အဝင်မှာ ဖြစ်ပေါ်လေ့ရှိတဲ့ မုန်တိုင်းအများစုဟာ လေဖိအားနည်း ရပ်ဝန်းကနေ မုန်တိုင်းငယ်အဆင့် အထိသာ ဖြစ်ပေါ်ခဲ့ပေမယ့် ၂၀၀၉ ခုနှစ် ဧပြီလမှာ ဖြစ်ပေါ်ခဲ့တဲ့  အယ်ဂျစ်မုန်တိုင်းဟာ  အင်အား အသင့်အတင့်ရှိတဲ့ မုန်တိုင်းဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ် မေလမှာ  ဖြစ်ပေါ်ခဲ့တဲ့  အိုင်လာမုန်တိုင်းဟာ မုန်တိုင်းအဆင့် ၃ နဲ့ ၄ အထိ ပြင်းထန်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။မြန်မာနိုင်ငံမှာ ရာသီဥတု ပြောင်းလဲ လာတာကို သိသိသာသာတွေ့မြင်ရတဲ့ အခြား ဖြစ်စဉ်နှစ်ခုကတော့ လေဆင်နှာမောင်း ပိုမို တိုက်ခတ်လာမှုနဲ့ မိုးကြိုးပိုမိုပစ်လာမှုတို့ပဲ ဖြစ်ပါ တယ်။ ၂၀၀၆ ခုနှစ်မတိုင်မီ နှစ်တွေက မြန်မာ နိုင်ငံမှာ လေဆင်နှာမောင်း  ဝင်ရောက်တိုက် ခတ်မှုတွေ မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမယ့် ၂၀၀၆ ခုနှစ်က စတင်ပြီး လေဆင်နှာမောင်း ၁၆ ကြိမ်၊ ၂၀၀၇ ခုနှစ်မှာ ၁၁ ကြိမ်၊ ၂၀၀၈ ခုနှစ်မှာ ၈ ကြိမ်နဲ့ ၂၀၀၉ ခုနှစ်မှာ ၁၀ ကြိမ် ဝင်ရောက် တိုက်ခတ်ခဲ့တာကို  တွေ့ရပါတယ်။ တစ်နိုင်ငံလုံးမှာ မိုးကြိုးပစ်လို့  ထိမှန်သေဆုံး သူဦးရေဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၀၉ ခုနှစ် အထိ ၂၃၀ ကျော် ရှိခဲ့ပါတယ်။မြန်မာနိုင်ငံဟာ အကြမ်းအားဖြင့် မြောက် လတ္တီတွဒ် ၉.မှ ၂၈.အတွင်း  တည်ရှိနေတဲ့ အတွက် မြန်မာနိုင်ငံရဲ့ကောင်းကင်ရှိ အိုဇုန်းလွှာ ဟာ ပညာရှင်တွေရဲ့ လေ့လာချက်အရ ပျက်စီးမှု မရှိဘဲ အကောင်းပကတိနီးပါး ရှိနေသေးတယ်လို့ သိရပါတယ်။ အိုဇုန်းလွှာသာ ပျက်စီးခဲ့ရင် ခရမ်း လွန် ရောင်ခြည်များ ကျရောက်လာပြီး ပိုမိုပူနွေး လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ယခုအခါ မြန်မာ နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားကော် မရှင်ဟာ ကုလသမဂ္ဂ  ပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်ရဲ့ ပံ့ပိုးကူညီမှုနဲ့ မြန်မာနိုင်ငံမှာ အိုဇုန်း လွှာ ပျက်စီးစေတဲ့ ဓာတ်ပစ္စည်းတွေသုံးစွဲမှု လျှော့ ချရေးလုပ်ငန်း  အစီအစဉ်တစ်ရပ်ကို ရေးဆွဲပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။မြန်မာနိုင်ငံရဲ့ ရာသီဥတု ပြောင်းလဲ လာခဲ့ရမှုရဲ့  အဓိက  အကြောင်းအရင်းကြီး တစ်ခုကတော့ သစ်တောတွေ ပြုန်းတီးလာမှုနဲ့ ဒီရေတောတွေ ခုတ်ယူမှုတွေကြောင့်ဖြစ်ကြောင်း တချို့ပညာရှင်တွေက  ထောက်ပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ မြို့ပြတွေနဲ့ ကျေးလက်တောရွာ တွေမှာ အဓိကလောင်စာအဖြစ် ထင်းနဲ့မီးသွေး ကို အသုံးပြုနေကြပါတယ်။  အဲဒီလောင်စာ လို အပ်ချက်အရ သစ်တောနဲ့ ဒီရေတောတွေကို ခုတ်ယူသုံးစွဲခဲ့ကြပါတယ်။ ယခင်က မြန်မာနိုင်ငံ ရဲ့ ဧရိယာ ၇၄ ရာခိုင်နှုန်းခန့်ဟာ သစ်တော တွေနဲ့  ဖုံးလွှမ်းနေခဲ့ပေမယ့်  ယခုအခါ ၅၀ ရာခိုင်နှုန်းအောက်ကို ရောက်ရှိနေတယ်လို့ သိရ ပါတယ်။၂၀၀၄ခုနှစ် ဒီဇင်ဘာလအတွင်း ဆူမာ တြား မြေငလျင်ကြီးကြောင့် ကြီးမားတဲ့ ဆူနာမီ ရေလှိုင်းကြီးတွေ ဖြစ်ပေါ်ခဲ့ပြီး အာရှနဲ့ အာဖရိက တိုက်ရှိ နိုင်ငံပေါင်း ၁၂ နိုင်ငံက မြို့ပေါင်းများစွာ ကို ထိခိုက်ပျက်စီးစေခဲ့ပါတယ်။ အဲဒီ ဆူနာမီဘေး ဒဏ်ကြောင့် မြန်မာနိုင်ငံမှာလည်း ကျေးရွာပေါင်း ၂၉ ရွာ ထိခိုက်ခဲ့ပြီး အိမ်ခြေပေါင်း ၆၀၀ ကျော် ပျက်စီးခဲ့ရပါတယ်။ လူ ၆၁ ဦး သေဆုံးခဲ့ပြီး ကျပ် ၁၅၈၅ သန်းဖိုးခန့် ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ အမျိုးသားသဘာဝဘေး ကာကွယ် ရေး ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး သဘာဝဘေး အန္တရာယ်တွေရဲ့ ဆိုးကျိုးကို နည်းပါးသည်ထက် နည်းပါးစေဖို့နဲ့ ကျရောက်လာရင်လည်း ဆောင် ရွက်ရမယ့် ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်း တွေကို  လုပ်ဆောင်နေတယ်လို့  သိရပါတယ်။ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက လည်း ဘက်စုံသဘာဝဘေး ကြိုတင်သတိပေးဌာန ကို ထူထောင်ထားရရှိပြီး  မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေငလျင်နဲ့ ဆူနာမီ စတဲ့ သဘာ၀ ဘေးအန္တရာယ် အမျိုးမျိုးအတွက် ကြိုတင်ခန့်မှန်း ချက်နဲ့ သတိပေးချက်တွေကို ထုတ်ပြန်ပေးနေတာ တွေ့ရကြောင်းပါခင်ဗျား။Ref: IPCC Reportမောင်ပုဆိုးကြမ်း

Pages