ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင် မိုးစိုက် (ခေါ်) ဥစိုက် ကြက်သွန်နီများ စိုက်ပျိုးလျက်ရှိ
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ် များတွင် မိုးကြက်သွန် (ခေါ်) ဥစိုက် ကြက်သွန်နီနှင့် ဆောင်း ကြက်သွန်နီ(ခေါ်) အပင်စိုက်များကို နှစ်စဉ်မပျက် အများ အပြား စိုက်ပျိုးထုတ်လုပ်ပြီး ပြည်တွင်းနှင့် ပြည်ပသို့ တင်ပို့ ရောင်းချလျက်ရှိသည်။ မကွေးတိုင်းဒေသကြီးတွင် ဆီထွက် သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲနှင့် နေကြာများကို ရာသီ အလိုက် စိုက်ပျိုးလျက်ရှိ သည့်အပြင် ပခုက္ကူ ခရိုင်တွင်လည်း စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီကို ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်များတွင် စိုက်ပျိုးလျက်ရှိသည်။ ကြက်သွန်နီဈေးကွက်တွင်လည်း ဆိပ်ဖြူ ကြက်သွန်၊ ပခုက္ကူ ကြက်သွန်နှင့် ပေါ
