တရုတ်နိုင်ငံသို့ ဖရဲသီးတန်ချိန် တစ်သိန်းကျော်တင်ပို့ခဲ့
ယခု ၂၀၂၃ ခုနှစ်၊ ရှစ်လတာကာလအတွင်း တရုတ် နိုင်ငံသို့ ဖရဲသီးတန်ချိန် တစ်သိန်းကျော် တင်ပို့ခဲ့ကြောင်း မူဆယ်နယ်စပ်ရှိ သစ်သီးဝလံကုန်စည်ဒိုင်မှ သိရသည်။တရုတ်နိုင်ငံသို့ ယခုနှစ် ဇန်နဝါရီမှ သြဂုတ်လကုန်အထိ နယ်စပ်မှတစ်ဆင့် ဖရဲသီးတန်ချိန် ၁၁၃၀ဝ၀ ကျော် တင်ပို့ခဲ့ ခြင်းဖြစ်ပြီး ကားအစီးရေ ၇၀ဝ၀ ကျော်ဖြင့် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွင်း၌ ဖရဲသီးလှိုင်လှိုင်ထွက်ချိန်တွင် နိုဝင်ဘာလမှစ၍ ဇွန်လအထိဖြစ်ပြီး ယင်းအချိန်များတွင် အများဆုံးတင်ပို့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖရဲသီးပေါ်ချိန်က တရုတ်နိုင်ငံ အတွင်းသို့ တင်ပို့ရောင်းချရာတွင် ဈေးကောင်းရရ