Main menu

Background

ကုန်သွယ်ရေးသတင်း

ဆန်နှင့် ဆန်ကွဲ တန်ချိန် နှစ်သောင်းခြောက်ထောင်ကျော်တင်ပို့

Tue, 09/26/2023 - 10:10 -- journal_editor

ဆန်
စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ဝ၈၀ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၁၄၆၁၀ ကျော် တင်ပို့ခဲ့သည်။ 

မြန်မာ-ထိုင်း မြဝတီနယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်မှုများ

Mon, 09/11/2023 - 14:20 -- journal_editor

ကရင်ပြည်နယ်တွင် နေရာအနှံ့ မိုးကြီးခဲ့မှု ကြောင့် သြဂုတ် ၇ ရက် နံနက်ပိုင်းတွင်  မြဝတီမြို့ နှင့် ကော့ကရိတ်မြို့အကြားရှိ ဒေါနတောင်၊ တော နော်ရေတံခွန်အနီးဝန်းကျင်တစ်ဝိုက်တွင်  လမ်း ပိုင်းတစ်ခု ပြတ်တောက်သွားခြင်း၊ နေရာနှစ်ခုတွင် တောင်ပြိုကျခြင်းများဖြစ်ပေါ်၍ ယာဉ်များ သွား လာမရနိုင်တော့ဘဲ ကုန်သွယ်မှုလမ်းကြောင်းများ ပြတ်တောက်သွားခဲ့သည်။ 

ပြည်ပပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၆ ဘီလီယံကျော် ရရှိထား

Mon, 09/11/2023 - 11:56 -- journal_editor

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ငါးလတာကာလအတွင်း ပြည်ပပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၈ ဘီလီယံကျော် ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါတင်ပို့မှုသည် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ရရှိထားသည့် ပို့ကုန်ဝင်ငွေများဖြစ်ပြီး စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ဝ၈ ဘီလီယံဖြင့် အများဆုံးတင်ပို့ထားပြီး လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃၄ ဘီလီယံဖြင့် ဒုတိယအများဆုံး ဝင်ငွေရရှိထားခြင်းဖြစ်သည်။

အထည်ချုပ်လုပ်ငန်းများအတွက် ပြည်ပအော်ဒါများ နိုဝင်ဘာလတွင် ပြန်လည်ရရှိမည်

Mon, 09/11/2023 - 11:55 -- journal_editor

မြန်မာနိုင်ငံက   အထည်ချုပ်လုပ်ငန်းများအတွက် ပြည်ပအော်ဒါများ လာမည့် နိုဝင်ဘာလတွင် ပြန်လည်ရရှိ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ  အထည်ချုပ်လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
ပြီးခဲ့သည့် ရှစ်လတာအတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက် လာသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုအသစ်များတွင် လက်ခစား ဃဏြ အထည်ချုပ်လုပ်ငန်းများက အများဆုံးဖြစ်ပြီး အဆိုပါ အထည်ချုပ်လုပ်ငန်းများတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း သိရသည်။

သြဂုတ်လအတွင်း နို့ဆီ၊ နို့မှုန့်နှင့် ဆေးဝါးပစ္စည်းများ တင်သွင်းမှု အခြေအနေ

Mon, 09/11/2023 - 10:58 -- journal_editor

နို့ဆီ
သြဂုတ် ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း  ပင်လယ် ရေ ကြောင်းကုန်သွယ်မှုမှ    အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၈၃  သန်း တန်ဖိုးရှိ နို့ဆီတန်ချိန် ၁၀ဝ၀  ကျော်  တင်သွင်း ခဲ့သည်။ အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက ပင်လယ်ရေ ကြောင်းမှ နို့ဆီတန်ချိန် ၁၀ဝ၀ ကျော် လျော့နည်းတင်သွင်းခဲ့ကြောင်းသိရသည်။
နို့မှုန့်

ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ သြဂုတ်လအတွင်း ကုန်သွယ်မှုအခြေအနေ

Mon, 09/11/2023 - 10:37 -- journal_editor

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏  သြဂုတ် ၁ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၂၀၂  သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၆၈၆ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၉  ဒသမ ၈၈၈ သန်းဖြစ်ပြီး ကုန်သွယ်မှုလျာထားချက်အပေါ် ၅၁၈ ဒသမ ၁၀၄ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့သည်။

သြဂုတ်လအတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှုအခြေအနေ

Mon, 09/11/2023 - 10:29 -- journal_editor

ရော်ဘာ
သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၃၈ သန်းတန်ဖိုးရှိ ရော်ဘာ ၂၁၁၆ တန်ကျော်တင်ပို့ခဲ့သည်။  ရော်ဘာတင်ပို့မှုအနေဖြင့်  တရုတ်နိုင်ငံသို့ ရော်ဘာ ၁၇၁၃ တန်ကျော်နှင့် အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၄၀၃တန်ကျော် တင်ပို့ ခဲ့သည်။

ဆန်နှင့် ဆန်ကွဲ တန်ချိန် ခြောက်သောင်းတစ်ထောင်ကျော် တင်ပို့

Mon, 09/11/2023 - 10:27 -- journal_editor

သြဂုတ် ၁ ရက်မှ ၃၁ ရက်အထိ ကာလအတွင်း ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၆ ဒသမ ဝ၅၆ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၃၁၃၅၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။  ဆန်တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင် နိုင်ငံများသို့ ဆန်တန်ချိန် ၁၂၆၂၀ ကျော်နှင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၁၈၇၂၀ ကျော် တင်ပို့နိုင်ခဲ့သည်။ 

သြဂုတ်လ စတုတ္ထပတ်အတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှု

Thu, 08/31/2023 - 11:11 -- journal_editor

သြဂုတ်လ စတုတ္ထပတ်အတွင်း ရော်ဘာနှင့် ပြောင်း တင်ပို့မှု‌သေဂုတ် ၁၂ရက်မှ ၁၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာနှင့် ပြောင်းတင်ပို့မှုများကို စုစည်းဖော်ပြလိုက်ပါသည်။
ရော်ဘာ

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း