မေလ တတိယပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ
မေ ၂၀ ရက်မှ ၂၆ ရက်ထိ ကာလအတွင်း ပင်လယ် ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၇၄ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာ တန်ချိန် ၁၇၀ဝ၀ ခန့် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ်နိုင်ငံမှ တန်ချိန် ၁၂၀ဝ၀ ကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၁၀ဝ၀ ကျော်၊ အာရပ်စော်ဘွားများပြည်ထောင်စုမှ တန်ချိန် ၁၀ဝ၀ ခန့်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊ ထိုင်ဝမ်မှ တန်ချိန် ၅၀ဝ ကျော်တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ် ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေသြဇာတန်ချိန် ၁၀ဝ၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။