မူဆယ်မှ ဝဥစို ပိုမိုတင်ပို့
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင် ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ရက် သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ ဝဥ (စို) ၄၂ တန်နဲ့ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၈၂ သန်းတန်ဖိုးရှိ ဝဥခြောက် ၄၄ တန်ကျော်ကို တရုတ် နိုင်ငံသို့တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က ဝဥ(စို) ၁၄ တန်၊ ဝဥခြောက် ၁၃၃ တန် ကျော်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ဝဥခြောက် ၈၉ တန် လျော့နည်းတင် ပို့ခဲ့ပေမယ့် ဝဥ(စို) ၂၈ တန်ပိုမိုတင်ပို့ခဲ့တာ တွေ့ရပါတယ်။