ဇွန်လအတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၅ သန်းကျော်ရရှိ
ဆန်
ဇွန် ၁ ရက်မှ ၂၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန် သွယ်မှုမှ အမေရိကန် ဒေါ်လာ ၄၁ ဒသမ ၈၁၇ သန်း တန်ဖိုးရှိ ဆန်တန် ချိန် ၇၃၉၀ဝ ကျော်တင်ပို့နိုင်ခဲ့သည်။ ဆန်တင်ပို့မှုများအနေဖြင့် အာရှ နိုင်ငံများသို့ ဆန်တန်ချိန် ၂၂၈၃၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန် တန်ချိန် ၂၀၉၆၀ ကျော်၊ အာဖရိကနိုင်ငံဖြစ်သော မိုဇမ်ဘစ်နိုင်ငံသို့ ဆန် တန်ချိန် ၃၀၁၀ဝ ကျော် တင်ပို့ခဲ့သည်။