တရုတ်နိုင်ငံသို့ မြန်မာ့တစ်သျှူးငှက်ပျော တန်ချိန် လေးသိန်းနီးပါး တင်ပို့ထား
ကချင်ပြည်နယ်မှ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့တစ်သျှူး ငှက်ပျောများကို တရုတ်နိုင်ငံသို့ တန်ချိန် လေးသိန်းနီးပါး တင်ပို့ ထားကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၂ - ၂၀၂၃ ကာလတူနှင့်နှိုင်းယှဉ်ပါက ယခု နှစ်တွင် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၌ တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတင်ပို့ရန် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၃၂ ခုရှိကြောင်း သိရသည်။တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်အတွင်း ဧက ခြောက် သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး ကချင်ပြည်နယ်ရှိ မိုးမောက် မြို့နယ်၊ မံစီမြို့နယ်၊ ရွှေကူမြို့နယ်နှင့် စစ်ကို