ဧပြီလအတွင်း ပဲတန်ချိန် တစ်သိန်းခြောက်သောင်းကျော်တင်ပို့
ဧပြီ ၁ ရက်မှ ၂၆ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ တန်ချိန် စုစု ပေါင်း ၁၆၁၉၇၀ ခန့်တင်ပို့ခဲ့ပြီး ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၀ ဒသမ ဝ၁၆ သန်း ရရှိခဲ့သည်။
မတ်ပဲ
မတ်ပဲတင်ပို့မှုမှာ တန်ချိန် ၇၇၇၇၆တန် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၅၆၇ သန်းဖိုးရရှိခဲ့သည်။ မတ်ပဲကို အိန္ဒိယနိုင်ငံသို့ အများဆုံးတင်ပို့ပြီး ပါကစ္စတန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ တင်ပို့ခဲ့ကြောင်း သိရှိရသည်။
ပဲတီစိမ်း