ယခုနှစ်အတွင်း နိုင်ငံ ငါးနိုင်ငံသို့ မြန်မာ့ပြောင်း တန်ချိန် တစ်သန်းခွဲခန့် တင်ပို့ထား
မြန်မာနိုင်ငံမှထွက်ရှိသည့် ပြောင်းကို ယခု ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံ ငါးနိုင်ငံသို့ တန်ချိန် တစ်သန်းခွဲခန့် တင်ပို့ထားနိုင်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
မြန်မာ့ဒေသထွက် ပြောင်းကို ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ အိန္ဒိယ နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို တင်ပို့နေခြင်းဖြစ်ပြီး ထိုင်းနိုင်ငံသို့ တင်ပို့မှု အများဆုံးဖြစ် ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောသည်။