Main menu

Background

Thursday, 16 Nov 2017

    မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်သည့်အားလျော်စွာ နိုင်ငံ ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လယ်ယာ ထွက်ကုန်များ ဈေးကွက်ထိုးဖောက်နိုင်ရေးအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ေ ရး  ဝန်ကြီး ဌာနမှ အလေးထားဆောင်ရွက်လျက်ရှိပါတယ်။၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၃ ရက်အထိ ဆန် တင်ပို့နိုင်မှုဟာ  အမေရိကန်ဒေါ်လာ ၅၅၈ ဒသမ ၁၄၃ သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၁ ဒသမ ၈၆ သန်း တင်ပို့နိုင်ခဲ့ပြီး ကာလတူ ဆန်တင်ပို့မှုကို နှိုင်းယှဉ်ပါက ၂၀၁၆ ခုနှစ်က တန်ချိန် သုည ဒသမ ၆၁၂ သန်း  တင်ပို့ခဲ့တာကြောင့် ၂၀၁၇ ခုနှစ်မှာ ဆန်တန်ချိန် ၁ ဒသမ ၂၅ သန်း  ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။ ဒါဟာ  မြန်မာနိုင်ငံ သမို

Monday, 30 Oct 2017

            ချင်း(ဂျင်း)ကို သိပ္ပံအမည်အားဖြင့် Zingiber offcinale ဟု ခေါ်ပါသည်။ အင်္ဂလိပ်ဘာသာအခေါ် အဝေါ်မှာ Ginger ဖြစ်ပါ သည်။ ချင်းစိမ်းကို Fresh  Ginger ဟု လည်းကောင်း၊ ချင်းခြောက် (သင်္ဘောချင်းခြောက်)ကို Dried Ginger ဟုလည်း ကောင်း၊ Ginger ဟုလည်းကောင်းခေါ်ဝေါ်သုံးစွဲ ကြကြောင်းတွေ့ရပါသည်။ မြန်မာနိုင်ငံတွင် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုလုပ်၍ ပြည်တွင်း ဖူလုံကာ ဈေးနှုန်းလည်း တည်ငြိမ်ပြီး ထုတ်လုပ်သူ၊ တောင် သူ၊ ကုန်သည်၊ Exporter၊ စားသုံးသူမျှတသည့် ပုံမှန်အရောင်း အဝယ်ဖြစ်နေအောင် ကြိုးစားဆောင်ရွက်ကြရန်လည်း  လိုအပ်ပါသည်။ ထုတ်လုပ်မှု တိုးတက်ပြီး ပြည်တွင်းတွင်ဖူလုံမှုရှိကာ ပိုလျှံလျှင် ပြည်ပဈေးကွက်ကို

Monday, 23 Oct 2017

       အိန္ဒိယနိုင်ငံသည် နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပဲဈေး နှုန်းများနိမ့်ကျလာမှုကို အထောက်အကူပြုစေရန်အတွက် ပြည်တွင်းသို့ ပဲတင်သွင်းမှု ကန့်သတ်ချက်ကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။ ယ င်းကဲ့သို့ ထုတ်ပြန်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ၏ စီးပွားရေး အကြံပေးအရာရှိချုပ် Arvind Subramanian က အိန္ဒိယနိုင်ငံအနေ ဖြင့် ပဲတင်ပို့မှုမူဝါဒကို ကန့်သတ်လိုက်သော်လည်း နိုင်ငံတကာဈေး ကွက်နှင့် ဈေးနှုန်းကန့်သတ်မှုရှိေ နခြင်း၊ ပို့ကုန်အတွက် ယှဉ်ပြိုင်နိုင်စွမ်းနိမ့်ကျခြင်း၊ ပို့ကုန်တင်ပို့ခွင့်တွင် အခြားပဲအမျိုးအစားများအား တင်ပို့ခွင့်မပြုခြင်းစသည့် အကြောင်းအရာများကြောင့် ပဲတင်ပို့ခွင့် မူဝါဒအပြောင

Monday, 16 Oct 2017

       မြန်မာ့ဆိတ်များကို ပြည်ပနိုင်ငံအတော်များများက ကြိုက်နှစ်သက်ကြတယ်လို့ဆိုပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံဟာ မြန်မာ နိုင်ငံရဲ့ဆိတ်များကို အများအပြား ဝယ်ယူနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဆိတ်အရှင်များ ကို တရားဝင်တင်ပို့ခွင့်ရရှိပြီးနောက်ပိုင်းမှာ မူဆယ်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဆိတ်အရှင် တင်ပို့မှုဟာ တစ်နှစ်ကို ကောင်ရေ ခြောက်သောင်းကျော်ရှိတယ်လို့ မူဆယ်ကုန်သွယ်ရေးဇုန်ရဲ့ စာရင်းများအရ သိရပါ တယ်။ ဆိတ်တင်ပို့မှုကို ယခင်အစိုးရလက်ထက်များမှာ တရားဝင် တင်ပို့ခွင့် ပြုထားခြင်းမရှိပေမယ့် တစ်ဖက်နိုင်ငံရဲ့ လိုအပ်ချက်အရ ဆိတ်များကို တရားမဝင်တဲ့နည်းလမ်းနဲ့တင်ပို့နေတာကြောင့် တရား ဝင်တင်ပို

Monday, 2 Oct 2017

        မြန်မာနိုင်ငံရဲ့ကရင်ပြည်နယ်အတွင်းမှာ ရှိတဲ့မြဝတီမြို့ဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ကို ဆက်သွယ်ပေးထားတဲ့ မြန်မာ နိုင်ငံရဲ့နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပါတယ်။ နယ်စပ်ဒေသမြို့ဖြစ်တာနဲ့အညီ အရော င်အသွေးစုံ လူမျိုးပေါင်းစုံပျားပန်းခပ်မျှ နေ့စဉ်လှုပ်ရှားသွားလာနေကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရှေးယခင်က အဲဒီမြို့ကလေးကိုရောက်ဖို့ နယ်မြေဒေသရဲ့အခြေအနေပေါ်မှာ မူတည်ပြီး သွားလာခဲ့ကြရတယ်လို့ အဲဒီခေတ် က ကုန်သည် တစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။ ကရင်ပြည်နယ်ရဲ့ဘားအံမြို့နဲ့ မြဝတီမြို့ဟာ ဒေါနတောင်တန်းကြီး ခြားနေတာကြောင့် အဲဒီတောင်တန်းကြီးရဲ့ အတားအဆီးတွေဟာ မြန်မာ နိုင်ငံရဲ့ကူးသန်းရောင်းဝယ်ေ

Wednesday, 20 Sep 2017

          မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကတည်းက ဆွေမျိုးမိတ်ဆွေ ရင်းချာများသဖွယ် နေထိုင်လာခဲ့ကြတာ အားလုံး အသိပဲဖြစ်ပါတယ်။ မြန်မာလူမျိုးတို့နဲ့ တရုတ် လူမျိုးတို့ရဲ့  ရင်းနှီးပတ်သက်မှု ဟာ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းရှည်လျားသလို တစ်နံတစ်လျား ရှည်လျားလှပါတယ်။တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဉ်ကျေးမှုချင်းနီးစပ်သလို ကိုးကွယ်ရာဘာသာချင်းလည်း နီးစပ်လှ ပါတယ်။ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံးရှိတဲ့ တရုတ်နို င်ငံ အနေနဲ့ မြန်မာနိုင်ငံက ထွက်ရှိသမျှ လယ်ယာထွက်ကုန်၊ သစ်သီးဝလံမျိုးစုံနဲ့ စက်မှု ကုန်ကြမ်းတွေကို  အဓိကအားထားနေရသလို မြန်မာနိုင်ငံအနေနဲ့လည်း မိမိနိုင်ငံမှာ မရရှိနိုင်တဲ့ လျှပ်စစ

Pages