Background
ဒေါ်လာဈေးတက်သောသတင်းများသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့စီးပွားရေးလောကတွင်ပါရေပန်းစား လျက်ရှိသည့် ကမ္ဘာ့ကုန်သွယ်မှုအများစုသည် စံငွေကြေးဖြစ်သော အမေရိကန်ဒေါ်လာငွေကြေး နှင့် လည်ပတ် လုပ်ကိုင်နေသောကြောင့် ဒေါ်လာဈေးပြောင်းလဲမှုသည် စီးပွားရေးလောကကို ရိုက်ခတ်လျက်ရှိသည်။ ထို့ကြောင့် ဒေါ်လာဈေးမြင့်တက်လာခြင်း၏နောက်ကွယ် ဆက်စပ်အကြောင်းတရားများကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် လိုအပ်လှပါ သည်။
ပဲစင်းငုံသီးနှံကို သိပ္ပံအမည်အားဖြင့် Cajauns Cajin (L) Millsp ဟုခေါ်ပြီး အင်္ဂလိပ်ဘာသာ စကားဖြင့် Pigeon Pea Toor Whole ဟုခေါ်သကဲ့သို့ အိန္ဒိယဘာသာစကားဖြင့် Arhar ဟုလည်း ခေါ်ပါသည်။ ပဲစင်းငုံကို အပူပိုင်းနှင့်အပူသမ ပိုင်းနိုင်ငံများတွင် စိုက်ပျိုးကြပြီး မိုးသီးနှံအဖြစ် အထက်မြန်မာပြည် အပူပိုင်း ခြောက် သွေ့ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။ မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးကြသည့် ပဲစင်းငုံအများစုမှာ သက်ကြီးမျိုးများဖြစ်၍ ပဲစင်းငုံစိုက်ပျိုးဧရိယာ၏ ၉၀ ရာခိုင်နှုန်း ကျော်မှာ သီးညှပ်သီးနှံအဖြစ် စိုက်ပျိ
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ် တိုးတက်စေရန် ရည်ရွယ်သည့် စီးပွားရေးမူဝါဒ (၁၂)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ “ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍ နှင့်စက်မှု ကဏ္ဍများ၊ ဘက်ညီစွာတိုးတက်လာစေရန်နှင့်လယ်ယာစက်မှုကဏ္ဍ ချိန်ခွင်လျှာညီသည့် စီးပွားရေး ပုံစံဖော်ထုတ်ရန်”အချက်သည်လည်း တစ်ချက် အပါအဝင်ဖြစ်ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အနေဖြင့်လည်း အဆိုပါအချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်ရည်ရွယ်ပြီး ပြည်သူတစ်ရပ်လုံးပါဝငခ် စံ ားနငို မ် ည့် စး
အာလူးဟာ ယနေ့ကာလမှာ လူအများစားသုံးနှစ်သက်တဲ့ အစားအစာတစ်ခုအဖြစ် ကျော်ကြားပြီး အာဟာရနှင့် ပြည့်စုံတဲ့ စားဖိုဆောင်သီးနှံတစ်ခုဖြစ်ပါတယ်။ အာလူးရဲ့ ရုက္ခဗေဒအမည်ကတော့ Solanum ဖြစ်ပြီး မျိုးရင်းအမည်ကတော့သူ Solanaceae ဖြစ်ပါတယ်။ အာလူးကို ဘီစီ ၅၀၀၀နှင့် ၈၀၀၀ အကြားမှာ ပီရူးနိုင်ငံနဲ့ ဘိုလီးဗီးယားနိုင်ငံအစွန်ပိုင်းလောက်မှာ စတင်စိုက်ပျိုးခဲ့တယ်လ့ိုသရိ ပါတယ။် ၁၅၃၆ ခုနှစ်မှာ တော့ပီရီူးကိုသိမ်းပက်ခဲ့တဲ့ စပိန်လူမျိုးတွေဟာ အာလူးရဲ့ အရသာကို နှစ်သက်တဲ့အတွက် ဥရောပကို သယ်ဆောင်စိုက်ပျိုးခဲ့ပြီး နောက်ပိုင်းကာလများမှာ ကမ္ဘာအနှံ့ပျံ့နှံ့သွားခဲ့တယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံကိုတော့ ၁၉ ရာစု အလယ်လောက်မှာ အာလူးမျိုးရ
ယနေ့တိုးတက်လာသည့် ခေတ်ကြီးမှာ စက်သုံးဆီဟာ လူသား တို့၏ လူနေမှုဘဝတွင် နေ့စဉ်အသုံးပြု ရလျက်ရှိသည့် အရေးကြီး သည့်မဟာဗျူဟာမြောက် ကုန်စည်အမယ်တစ်ခု ဖြစ်ပါတယ်။ စက် သုံးဆီကို ယနေ့ခေတ်တွင် မြို့ပြ ဒေသများတွင်သာမက ကျေးလက် ဒေသများတွင်ပါ နေ့စဉ် တွင်တွင်ကျယ်ကျယ် သုံးစွဲရလျက်ရှိပါတယ်။ စက်သုံးဆီဖြင့် လူနေမှုဘဝတွင် နေ့စဉ်ပါဝင်လျက်ရှိတဲ့ မော်တော် ယာဉ်များ၊ ကုန်ပစ္စည်းထုတ်လုပ်မှုအတွက် စက်များလည်ပတ်ရသည် ဖြစ်ရာ စက်သုံးဆီဈေးနှုန်း တက်ခြင်း/ကျခြင်းသည် အခြေခံ စား သောက်ကုန်များအပါအဝင် ကုန်စည်များ၏သယ်ယူ ပို့ဆောင်ရေး တွင်လည်းကောင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ်များတွင် လည်းကောင်း တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိသည့်အတွက်
''ထန်းပင် ထန်းလက် ထန်းရွက်တွေက အသွယ်သွယ်ပါမောင်ရယ် မြရင်တို့ရွာ ရိုးရာ ဇာတိနွယ်လမ်းစဉ်လမ်းဆက် နတ်မျက်စိတောင် မှ လည်ပါတယ်မောင်ရယ်''ဆိုတဲ့ သီချင်းသံဟာ စားသုံးသူအကာ အကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲသွားကြမယ့် ပခုက္ကူခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ဝန်ထမ်းများရဲ့ နားထဲကို ဝင် လာပါတယ်။ နန်းတော်ရှေ့ဆရာတင်ရေးပြီး အဆိုတော် ဦးသုမောင် သီဆိုထားတဲ့ ''လက်ရေ တစ်ပြင် တည်း'' ဆိုတဲ့ သီချင်းတစ်ပုဒ်ပါ ရေးသူက လည်းတော်၊ ဆိုသူကလည်းကောင်းတော့ နှလုံး သားကိုစွဲငြိစေတဲ့ သီချင်းတစ်ပုဒ်ပါ----။ သွားရ မယ့်ဒေသ ရေစကြိုဘက်ကို ဆိုင်ကယ်စီးလို့သာ လာရတယ်။ ရင်မှာအတွေးစက ငြိတွယ်လျက် ပါ။ ထန်းပင်ဆိုတာ အညာဒေသရဲ့ အလှတစ်ပါးတ
ရော်ဘာသည် လူသားတို့နေ့စဉ်ဖြတ်သန်းနေထိုင်သည့် လူမှု ဘဝရှိ အသုံးပြုနေသော ပစ္စည်းများတွင် ကုန်ကြမ်းအဖြစ်သော် လည်းကောင်း၊ ကုန်ချောအဖြစ်သော်လည်းကောင်း၊ ဆက်စပ်ပစ္စည်း များ အဖြစ်သော် လည်းကောင်း တစ်စိတ်တစ်ဒေသပါဝင်လျက်ရှိသည့် အသုံးဝင်သည့်ပစ္စည်းတစ်မျိုးဖြစ်သည်။ ရော်ဘာအားနယ်ပယ်မျိုး စုံတွင် ပုံသဏ္ဍာန်မျိုးစုံဖြင့် အသုံးပြုလျက်ရှိကြသည့်အတွက် ရော်ဘာ ဈေးကွက်သည် တစ်နေ့ထက် တစ်နေ့ တွင်ကျယ်လာလျက်ရှိသည် ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံ သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ ပို့ကုန်ကဏ္ဍအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများအား ပြည်ပနိုင်ငံ များသို့ အများဆုံး တင်ပိ
သြစတြေးလျနိုင်ငံ ၊ စိုက်ပျိုးရေးနှင့် ရေအရင်းအမြစ်ဝန်ကြီးဌာန ၊ အစားအသောက်နှင့် သွင်းကုန်ဌာန သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံမှ တင်ပို့သည့် ကွမ်းသီးခြမ်း ကုန်ပစ္စည်း(SupariHalf-BetelNut) အပေါ်တားမြစ်ခဲ့ပါသည်။ ထိုသို့တားမြစ်ရသည့် အကြောင်းရင်း မှာ မြန်မာနိုင်ငံမှတင်သွင်းလာသော ၎င်းစားသောက်ကုန်အမျိုးအစားသည် သြစတြေးလျနိုင်ငံသို့ တင်သွင်းရန်တားမြစ်ထားသည့် အပင်နှင့် အပင်ထွက် ပစ္စည်း အမျိုးအစားတွင်ပါဝင်နေပြီး၊ စားသောက် ကုန်များတင်သွင်းခြင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းမရှိသောကြောင့်ဖြစ်ပါသည်။ ၎င်း ကွမ်းသီးခြမ်းကုန်စည်သည် သြစတြေးလျနိုင်ငံတွင် ၂၀၀၃ခုနှစ်ကပြဌာန်းခဲ့သော
ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ရောင်းလိုအားနှင့်ဝယ်လို အားအရ ဖြစ်ပေါ်နေသော လွတ်လပ်သည့်ဈေးကွက်ကို ဖော်ဆောင် နိုင်ရန်နှင့် တရားမဝင်တင်ပို့မှုများအား တရားဝင်လမ်းကြောင်းပေါ် သို့ရောက်ရှိစေရန်၊ မွေးမြူေ ရးတောင်သူများ ဝင်ငွေနှင့်အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် တောင်သူလယ်သမားတို့၏ အကျိုးစီးပွားကို ပိုမိုကာကွယ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီးတော့ ကျွဲ၊ နွားအရှင်တွေကို ပြည်ပသို့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ တရားဝင် တင်ပို့ခွင့်ပြုတဲ့ အမိန့်ကြော်ငြာစာကို စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပါတယ်။ အလားတူပဲ ဆိတ်၊ သိုး အရ