Main menu

Background

Sunday, 13 Jan 2013

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေနှင့် မြန်မာငွေလဲလှယ်နှုန်းသည် ငြိမ်သက် လျက်ရှိသော် လည်း နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားသည့် လိုင်စင်ရရှိထားသည့် ပုဂ္ဂလိကဘဏ် များနှင့် ပြင်ပငွေလဲေ ဈးကွက်တို့ ဈေးအပြိုင်ပေး၍ ဝယ်ယူရောင်းချ နေကြကြောင်း ငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

Wednesday, 9 Jan 2013

တောင်ကိုရီးယားနိုင်ငံရဲ့ နာလန် ထူမှုက အတန်အသင့်သာရှိမယ်။ငွေ ကြေးဖေါင်းပွမှုကလည်း တည်ငြိမ်မယ် လို့ခန့်မှန်းထားပါတယ်။ဒါကြောင့်ယခု နှစ်အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ ငွေကြေးမူဝါဒ အလားအလာကို ကမ္ဘာ့ ရင်းနှီးမြှုပ်နှံမှုဘဏ် (IBS) တွေက အမျိုးမျိုးရှုမြင်သုံးသပ်ကြပါတယ်။

Wednesday, 9 Jan 2013

အခက်အခဲတွေ့နေသောဘဏ်များကို ငွေထုတ်ချေးတဲ့အခါ ဘဏ္ဍာရေး ကယ်တင်မှုရန်ပုံငွေများရဲ့ အနာဂတ်လုပ်ငန်းရပ်တွေကို အထောက်အကူဖြစ် စေဖို့နဲ့သက်ဆိုင်ရာအဖွဲ့အစည်းများအတွက် ငွေထုတ်ချေး တဲ့အခါ လိုက်နာ ရမည့်စည်းမျဉ်းစည်းဥပဒေတွေကိုလျှော့ချပေးဖို့ဆောင်ရွက်ထားတဲ့ ထိုင်းဗဟို ဘဏ်ရဲ့ ဥပဒေပြင်ဆင်ချက်နှစ်ခုကို ဝန်ကြီးအဖွဲ့က အတည်ပြုပေးခဲ့ပါတယ်။ ထိုင်းဗဟိုဘဏ် ဥပဒေ ကိုပြင်ဆင်ဖို့အတွက် ဝန်ကြီးအဖွဲ့ရဲ့အတည်ပြုချက်ကို အောက်တိုဘာလအတွင်းမှာ ထိုင်းဗဟိုဘဏ်က လက်ခံရရှိခဲ့ပါတယ်။ ပြင်ဆင် ချက်အရဝန်ကြီးအဖွဲ့က အတည်ပြုထားတဲ့ လမ်းညွှန်မှုတွေအရ သတ်မှတ်ထား တဲ့စည်းကမ်းချက်တွေအရ အခြေခံထားသော အပေါင်ခံပစ္စည်းပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အခက်ခဲ တွေ့နေတဲ့ ဘဏ်တွေကိုငွေထုတ်ချေးဖို့ ထိုင်းဗဟို ဘဏ်ကဘဏ္ဍာရေးအဖွဲ့အစည်းများ ဖွံ့ဖြိုးရေး ရန်ပုံငွေအဖွဲ့ (FIDF)  ကိုခွင့် ပြုပေးနိုင်မှာ ဖြစ်ပါတယ်။ ထိုပြင် အခက်အခဲတွေ့ နေတဲ့ဘဏ်တွေရဲ့ရှယ်ယာ တွေကိုဝယ်ခွင့်ရှိပါမယ်။ သို့မဟုတ် အခြားကြွေးမြီဆိုင်ရာ စာချုပ်စာတမ်းတွေ ကိုဝယ်ယူခွင့်ရှိပါမယ်။

Wednesday, 9 Jan 2013

ယခုရက်သတ္တပတ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ဘီလီယံ ၆၀၀ ရှိစေမဲ့ အစီအစဉ်ဖြစ်တဲ့ အခွန်တိုးမြင့်မှုနဲ့ အသုံးစရိတ်လျှော့ချမှု အစီအစဉ်ကို ရှောင်ရှားနိုင်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှ ငွေကြေး ဆိုင်ရာစွန့်စားမှုအန္တရာယ်တွေလျော့ပါး စေခဲ့ပါတယ်။ ဒါကြောင့်် ယခုရက်သတ္တ အတွင်း တောင်ကိုရီးယားဝမ်နဲ့ မလေး ရှားရင်းဂစ်တို့ဦးဆောင်ပြီး အာရှငွေကြေး တွေတန်ဖိုးမြင့်တက်ခဲ့ရပါတယ်။

Sunday, 6 Jan 2013

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေ နှင့် မြန်မာငွေလဲလှယ်နှုန်းသည် ငြိမ် သက်လျက်ရှိသည်ကို တွေ့ရသည်။ဒီဇင်ဘာလလယ်ပိုင်းက  အနည်း ငယ်မြင့်တက်ခဲ့သည့် ငွေလဲနှုန်းသည် ပြန်လည်ကျဆင်းခဲ့ကာ ငြိမ်သက်လာ ခဲ့သည်ကို တွေ့ရသည်။

Wednesday, 26 Dec 2012

မြန်မာနိုင်ငံသားများဘဏ်  လီမိ တက်သည် ဘဏ်မှ ဝန်ထမ်းများအား ဘဏ်လုပ်ငန်းနှင့်ပတ်သက်သည့် လုပ် ငန်းဆောင်တာများအား တိကျသေချာ စွာသိရှိစေရန်၊ လုပ်ငန်းစွမ်းဆောင်ရည် များ ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ အခြေခံဘဏ်လုပ်ငန်းသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

Wednesday, 12 Dec 2012

ထိုင်းနိုင်ငံမှာ  ကောက်ရိတ်သိမ်း ရာသီဖြစ်တဲ့အတွက် အထူးသဖြင့် ဟင်းသီးဟင်းရွက်နဲ့သစ်သီးအပါအဝင် အစားအစာဈေးနှုန်းတွေနဲ့ ကျဆင်းခြင်း နှင့် စွမ်းအင်အတွက် ထောက်ပံ့ကြေး ပေးခြင်းစတဲ့ အချက်တို့ကြောင့် နိုဝင် ဘာလမှာ ငွေကြေးဖေါင်းပွမှုတွေ ဒုတိယမြောက်အဖြစ် ကျဆင်းကြောင်း ဘန်ကောက်ပို့စ် သတင်းမှာဖော်ပြထား ပါတယ်။

Wednesday, 12 Dec 2012

ကုန်သွယ်မှုနိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့တောင်ကိုရီးယားနိုင်ငံ တွေက နှစ်နိုင်ငံကုန်သွယ်မှုမှာ ယွမ်နဲ့ ဝမ်အသုံးပြုမှုကိုမြှင့်တင်ပြီးဒေါ်လာ ၅၉ ဘီလီယံဖိုး အထိ ဆောင်ရွက်ဖို့သဘောတူခဲ့ကြောင်း ဆိုးလ်မြို့က တောင်ကိုရီးယား ဘဏ္ဍာ ရေးဝန်ကြီးဌာနနဲ့  တောင်ကိုရီးယား ဗဟိုဘဏ်တို့ရဲ့ ပြောကြားချက်ကို ကိုးကား ပြီး ရိုက်တာသတင်းမှာ ဒီဇင်ဘာ ၄ ရက်က ဖော်ပြခဲ့ပါတယ်။

Wednesday, 12 Dec 2012

ဘတ်ဂျက် ပြင်ဆင်ရေးနဲ့ ပတ် သက်ပြီးအမေရိကန်လွှတ်တော်ကိုယ် စားလှယ်တို့ သဘောတူညီချက် ရနိုင် အောင်အလူးအလဲရုန်းကန်ကြိုးစားနေ ရတဲ့အတွက်ယခုရက်သတ္တပတ်ထဲမှာ အာရှငွေကြေးတွေက ၁၅ လအတွင်း အမြင့်ဆုံးအနေအထားကနေပြန်လည် ကျဆင်းခဲ့ပါတယ်။ ဘတ်ဂျက်ပြုပြင် ရေးနဲ့ပတ်သ က်ပြီးအလိုအလျောက် သုံး စွဲမှု လျှော့ချမဲ့ကိစ္စနဲ့အခွန်နှုန်းထား တွေ ကိုမြှင့်တင်ပေးရ မှာဖြစ်တဲ့အတွက ်ညှိနှိုင်း လို့မရနိုင်ဘူးဆိုရင် လိုငွေက ဒေါ်လာ ၆၀၇ ဘီလီယံထိ ရှိနိုင်မှာ ဖြစ်ပါတယ်။

Wednesday, 12 Dec 2012

ဘဏ်မဟုတ်သည့် ပုဂ္ဂလိကကုမ္ပဏီများ၊ အဖွဲ့အစည်းများအား နိုင်ငံခြား ငွေများကို တရားဝင် ရောင်းဝယ်လဲလှယ်ခွင့်ပြုတော့မည်ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

Pages