Background
အတွဲ(၁၅)အမှတ်(၂၆)
အမေရိကန်သမ္မတအိုဘားမား နှင့်ဘရာဇီးသမ္မတDilma Rousseff တို့သည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးတွဲကြေညာချက်(Joint Statement on Climate Change) ကို ၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က ထုတ်ြ ပန်ကြေညာ ခဲ့ပါ သည်။ အမေရိကန်နိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့၏ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခြင်း အဖြစ်သာမက ကမ္ဘာ့ကုလသမဂ္ဂ ရာသီ ဥတုပြောင်း လဲမှုဆိုင်ရာ မူဘောင် သဘောတူညီချက်(UN Framework Convention on Climate Change-UNFCCC) အရလည်း ကတိကဝတ်ပြု ဆောင်ရွက်ခြင်းဖြစ် ပါသည်။ထို့အပြင် အမေရိ ကန်နိုင်ငံနှင့် ဘရာဇီးလ်နိုင်ငံတို့သည် ရာသီ ဥတု ပြောင်း လဲမှုဆိုင်ရာ ပူးတွဲလုပ်ငန်
တောင်ကိုရီးယားနိုင်ငံတွင် လာ မည့်နှစ်အတွင်း တစ်နာရီ အနိမ့်ဆုံး လုပ်အားခကို လက်ရှိတစ် နာရီလုပ် အားခ ၅ç၅၈၀ ဝမ်ထက် ၄၅၀ ဝမ် (၈ ဒသမ ၁ ရာခိုင်နှုန်း) ပိုမို၍ ၆ç၀၃၀ ဝမ် (ဒေါ်လာ ၅ ဒသမ ၃၁) သို့ သတ်မှတ် သွားမည်ဖြစ်ကြောင်း အနည်းဆုံးလုပ် အားခ သတ်မှတ်ရေးကော်မရှင်၏ ဇူလိုင်လ ၈ ရက်နေ့တွင် ကျင်းပသော အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ကြသည်။ ယင်းနှုန်းထားသည် ၂၀၁၄ ခုနှစ်က ယခုနှစ်အတွက် သတ်မှတ်ခဲ့ သည့် နှုန်းထားဖြစ်သော ၃၇၀ ဝမ် (၇ ဒသမ ၁ ရာခိုင်နှုန်း)ထက် အနည်းငယ် ပိုသာနေသည်။ ၂၀၁၆ ခုနှစ်အတွက် သတ်မှတ်လိုက်သည့် တစ်နာရီအနိမ့် ဆုံးလုပ်ခဖြင့် လုပ်သားတစ်ဦးသည် တစ်လလျှင် ၂၀၉ နာရီ အလုပ်လုပ်ပါက ဝမ် ၁ç၂၆၀ç၂၇၀ (ဒေါ်လာ ၁ç၁၁၀
ထိုင်းနိုင်ငံ Charoen Pokphand Group မှ CP Land Plc.သည် ရန်ကုန်မြို့ရှိ ရုံးအဆောက်အအုံတစ်ခု ကို ဘတ်သန်း ၅၀၀ဖြင့်လွှဲပြောင်းရယူ ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါ သည်။ ရန်ကုန်မြို့၌ ရုံးခန်းနေရာ ဝယ် လိုအား တစ်ဟုန်ထိုးမြင့်တက်လာခြင်း ကြောင့်CP Land Plc. အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်တွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှု သည် မေလအတွင်းက ကျဆင်းခဲ့ရာ ငါးလဆက်တိုက် ကျဆင်းခဲ့ပြီဖြစ်ပါ သည်။ ၂၀၁၅ ခုနှစ် မေလအတွင်းက ပြည်ပတင်ပို့မှုသည် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ငါးရာခိုင်နှုန်း လျော့နည်း၍ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄ ဘီလီယံ ရှိခဲ့ပါသည်။ ယခုနှစ် ပထမဆုံးငါးလအတွင်း တင်ပို့မှုအနေ ဖြင့်မူ ၄ ဒသမ ၂ ရာခိုင်နှုန်းကျဆင်း၍ အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၇ ဘီလီယံ ရှိခဲ့ပါသည်။
နယူးဇီလန်နိုင်ငံသည် အာဆီယံဒေသအတွင်း၌ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များ တိုးချဲ့နိုင်ရန်အတွက် လျင်မြန်စွာဖွံ့ဖြိုးလာသော အာဆီယံနိုင်ငံများနှင့်ချိတ် ဆက်နိုင်ရန် ထိုင်းနိုင်ငံအား ဗဟိုအချက်အချာ နေရာအဖြစ် အသုံးပြုရန် မျှော်လင့်ထားပါသည်။ နယူးဇီလန် လုပ်ငန်းရှင် များသည် စုစုပေါင်း လူဦးရေ ၆၃၃ သန်း ရှိသော အာဆီယံဒေသတွင်းနိုင်ငံ များမှ အမြတ်အစွန်းများရယူနိုင်ရန်အတွက် ထိုင်းနိုင်ငံတွင် ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြကြောင်း ထိုင်းနိုင်ငံဆိုင်ရာ နယူးဇီလန် သံအမတ်ကြီးက ပြောကြားခဲ့ပါသည်။
ဘယ်လ်ဂျီယံနိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှုန်းသည် ၂၀၁၅ ခုနှစ် မေလ တွင် သုည ဒသမ ၅၆ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၅ ခုနှစ် ဇွန်လ တွင် သုည ဒသမ ၆၃ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လ နောက်ပိုင်း အမြင့်ဆုံးငွေကြေး ဖောင်းပွမှုနှုန်းသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း ဘယ်လ်ဂျီယံဗဟိုအစိုးရ ဝန်ကြီးဌာန တစ်ခုဖြစ်သောၤFPS Economy,SMEs,Self-Employed and Energy က ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းအချက် များအရ သိရှိရပါ သည်။
ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့
ဂရိဘဏ်များအတွက် သက်တမ်းကုန်ဆုံးတော့မည့် ကယ်ဆယ် ရေးအစီအစဉ်ကို တစ်လထပ်မံသက်တမ်းတိုးပေးရန် ဂရိနိုင်ငံ၏ တောင်းဆိုချက်အား ဇွန်လ ၂၇ ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ပြုလုပ်ခဲ့သည့် အစည်း အဝေး၌ ယူရိုဇုန်ဘဏ္ဍာရေး ဝန်ကြီးများကငြင်းပယ်ခဲ့ပါသည်။ ဇွန်လ ၂၈ ရက်တွင် ဂရိနိုင်ငံအတွက် အရေး ပေါ်ချေးငွေပမာဏအား ထပ်မံမတိုးရန် ဥရောပဗဟိုဘဏ်က ဆုံးဖြတ်ခဲ့ပါသည်။ ထို့နောက်ဂရိဘဏ်များတွင် ငွေများပြန်လည် ထုတ်ယူမှု ပိုမိုများ ပြားလာနိုင်သည့် အခြေအနေများကြောင့် ဂရိဘဏ် များ ပိတ်ခဲ့ရပါသည်။
မလေးရှားနိုင်ငံ၌ ရထားပြေးဆွဲ မှုလုပ်ကိုင်လျက်ရှိသည့်Keretapi Tanah Melayu (KTM)ကုမ္ပဏီသည် နှစ်နိုင်ငံနယ်စပ် ဂျိုဟိုးရေလက်ကြား ကိုဖြတ်သန်းဆက်သွယ်ထားသည့် Causeway တာဘောင်ရထားလမ်းမှ တစ်ဆင့် စင်ကာပူနိုင်ငံရှိWoodlands ရထားစစ်ဆေးရေးဂိတ်နှင့်မလေးရှား နိုင်ငံရှိ ဂျိုဟိုးမြို့JB Sentral ဘူတာရုံ တို့အကြား ခရီးတိုခေါက်ပြန်ရထား ပြေးဆွဲမှုကို ဇူလိုင်လ ၁ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့ပါသည်။Shuttle Tebrau ဟု အမည်ပေး ထားသော အဆိုပါ ရထားလမ်းကြောင်း ပြေးဆွဲမှုကို နေ့စဉ်ခရီးစဉ် ၁၄ ခုဖြင့် လုပ်ကိုင်ရာတွင် ဂျိုဟိုးဘက်ခြမ်း၌ နံနက်ပိုင်း ၅း၃၀၊ ရး၀၀၊၈း၃၀နှင့် ညနေပိုင်း၄း၀၀၊ ၅း၃၀၊ ရး၀၀၊ ၁၀း၀၀ နာရီအချိန်များတွင် ထ
ဂရိနိုင်ငံအတွက် အရေးပေါ်ချေးငွေပမာဏအား ထပ်မံတိုးမြှင့်ခြင်းမပြုရန်နှင့်ဇွန်လ ၂၆ ရက်နေ့က ချမှတ်ခဲ့သည့် ချေးငွေ ပမာဏအတိုင်း ဆက်လက်ထားရှိရန် ဇွန်လ၂၈ ရက်နေ့တွင် ဥရောပ ဗဟိုဘဏ်က ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။ ဘဏ္ဍာ ရေးတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရန် ဥရောပဗဟိုဘဏ်သည် ဂရိဘဏ်များနှင့်အနီးကပ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ဇွန်လ ၃၀ရက် သည် ဂရိဘဏ်များ၏ နိုင်ငံတကာချေးငွေ ပြန်လည်ပေး ဆပ်ရမည့် နောက်ဆုံးရက်ဖြစ်ပြီး အဆိုပါ နောက်ဆုံးရက်အား ထပ်မံရွှေ့ဆိုင်းမပေးနိုင်ကြောင်း၊ ယူရိုဇုန်အဖွဲ့ဝင်နိုင်ငံများက ငြင်းပယ်ခဲ့ပြီးနောက် ဥရောပဗဟိုဘဏ်က ဂရိနိုင်ငံအတွက် အရေးပေါ်ချေးငွေပမာဏအား ထပ်မံတိုးမြှင့်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့ခ
