Background
ထိုင်းနိုင်ငံ ဗဟိုဘဏ်သည် အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု မြှင့် တင်ရန် ရင်းနှီးငွေစီးထွက်မှုအပေါ် ထိန်းချုပ်မှုများကို ဖြေလျှော့ခြင်းဖြင့် ဘတ်ငွေတန်ဖိုးအားပျော့စေရန် အစီ အစဉ်များ ရေးဆွဲလျက်ရှိကြောင်း သိရှိ ရပါသည်။
အမေရိကန်နိုင်ငံတွင် ယခုနှစ်အတွင်း အိမ်နှင့်စီးပွားရေးလုပ်ငန်း ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်မှု တိုးတက်လာသကဲ့သို့ ဆောက်လုပ်ရေးလုပ်သား ရှားပါးမှုမှာလည်း မြင့် တက်လျက်ရှိပါသည်။ လုပ်သားရှားပါး မှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ နှောင့်နှေးခြင်း၊ အိမ်ဈေးနှုန်းများမြင့် တက်ခြင်း၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်း အပြည့် အ၀ မဆောင်ရွက်နိုင်ခြင်း စသည့်အခက်အခဲများ ဖြစ်ပေါ်ကာ ဆောက် လုပ်ရေးလုပ်ငန်းများနှင့် စီးပွားရေးတိုးတက်မှုနှုန်းတို့ လျော့ကျခဲ့ပါသည်။၂၀၀၀ ပြည့်နှစ်တွင် အိမ်ခြံမြေ လုပ်ငန်းများ ကမောက်ကမဖြစ်ပြီး နောက် ဆောက်လုပ်ရေးလုပ်ငန်းများ ကျဆင်းခဲ့သည်။ ၂၀၁၂ ခုနှစ်မှ စတင်၍ ဆောက်လုပ်ရေး လုပ်ငန်း များ
၂၀၁၅ ခုနှစ်တွင် အမေရိကန် နိုင်ငံ၏ လယ်ယာကဏ္ဍမှ ဝင်ငွေသည် ၃၆ ရာခိုင်နှုန်း ကျဆင်းလာနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းခဲ့ရာ အဆိုပါ ပမာဏသည် ၂၀၀၆ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဝင် ငွေဖြစ်ပါသည်။ ယခုနှစ်တွင် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းမှ အသားတင်ဝင် ငွေသည် ဒေါ်လာ ၅၈ ဒသမ ၃ ဘီလီ ယံခန့်ရှိမည်ဟု ခန့်မှန်းသဖြင့် ယခင် နှစ်ကရရှိသည့် ဝင်ငွေဒေါ်လာ ၉၁ ဒသမ ၁ ဘီလီယံထက် ၃၆ ရာခိုင်နှုန်း လျော့နည်းမည်ဖြစ်ပါသည်။
ကုန်ကြမ်းပစ္စည်းများနှင့်စွမ်း အင်သုံးစွဲမှုများအပေါ်ထိခိုက်သွား နိုင်သည့် တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လျော့နည်းသွားခြင်း သည် အခြားနိုင်ငံများ၏ စီးပွားရေး အခြေအနေကိုလည်း ထိခိုက်သွားနိုင် သည်ဆိုသည့် စိုးရိမ်မှုများကြောင့် ကမ္ဘာ့ကုန်ကြမ်းဈေးကွက်သည်လည်း ၂၀၀၉ ခုနှစ် ကမ္ဘာ့ငွေကြေးဈေးကွက် ပြဿနာဖြစ်ပွားပြီး ခြောက်နှစ်တာ ကာလအတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့သည်။သြဂုတ်လ ၂၁ ရက်နေ့က ကမ္ဘာ့ ရေနံဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၄၀ ဖြင့် ဈေးပိတ်ခဲ့သည်။ အဆိုပါဈေးနှုန်းသည် ဇွန်လကရှိခဲ့သည့် ရေနံ ဈေးနှုန်းထက် ၃၄ ရာခိုင်နှုန်း ကျဆင်းသွားပြီး၊ ဇွန်လက ရေနံတစ်စည် ဈေးနှုန်းသည် ၆၁ ဒေါ်လာဖြ
စင်ကာပူနိုင်ငံတွင် စီးပွားရေး စနစ်ပြန်လည်တည်ဆောက်ရာ၌ အသေးစားနှင့်အလတ်စားစီးပွား ရေးလုပ်ငန်းများ (SMEs) အားအဟန့် အတားပြုလျက်ရှိသော လက်ရှိအလုပ် သမားမူဝါဒနှင့် လုပ်သားဈေးကွက် ကျပ်တည်း တို့နှင့် ပတ်သက်၍ လုပ် ငန်းရှင်များထံမှသဘောထားမှတ်ချက်များအပေါ်တုံ့ပြန်မှုအဖြစ် ပြည်ပ လုပ်သားယာယီ သုံးစွဲခွင့်အစီအစဉ် သစ်တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း စင်ကာပူအလုပ်သမား ဝန်ကြီးဌာနမှ သြဂုတ်လ ၁၉ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် ခဲ့ပါသည်။
အမေရိကန်ဒေါ်လာတန်ဖိုး မြင့် တက်မှုနဲ့ တရုတ်ငွေကြေးတန်ဖိုးချမှု တွေကြောင့် အမေရိကန်ပြည်ထောင်စု ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုအလားအလာကို ထိခိုက်စေခဲ့ကြောင်းနဲ့ ယခုနှစ်မှာ အတိုးနှုန်းကို တိုးမြှင့်ပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန်ဗဟို ဘဏ်ထိပ်တန်း အရာရှိတစ်ဦးက သြဂုတ်လ ၂၄ ရက်နေ့က ပြောကြား ချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းမှာ ဖော်ပြပါတယ်။၂၀၀၉ ခုနှစ်နှစ်လည် က ဖြစ်ပွား ခဲ့တဲ့ မဟာစီးပွားပျက်ကပ်ကနေ အမေ ရိကန်ပြည်ထောင်စုရဲ စီးပွားရေး နာလန်ထူမှုက နှစ်အလိုက်ပျမ်းမျှ တိုးတက်မှုနှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်းရှိ မှာဖြစ်တဲ့အတွက် ဒုတိယကမ္ဘာစစ် နောက်ပိုင်း စီးပွားရေးနာလန်ထူမှု အခြေအ
၂၀၁၁ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့ဘဲ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု သာရှိခဲ့သည်။ ထိုစဉ်က နိုင်ငံပေါင်း ခုနစ်နိုင်ငံခန့်နှင့်သာ ပူးပေါင်းဆောင်ရွက်ခဲ့သည်။အနောက်နို င်ငံ များ၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏စီးပွားရေး ပိတ်ဆို့မှုများကြောင့် ၂၀၁၁ ခုနှစ်မတိုင်မီအထိ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများမှာ မရှိသလောက် ပင်နည်းပါးခဲ့သည်။သို့သော် ၂၀၁၁ ခုနှစ်ေ နာက်ပိုင်း စီးပွားရေး ပိတ်ဆို့မှု များကို ဖယ်ရှားပေးပြီးနောက် မြန်မာနိုင်ငံသည် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဖြစ်ပေါ်ခဲ့သည်။ထိုကာလအတွင်း တွင် ဂျပန်၊ ကိုရီးယား၊ အစ္စရေးနိုင
ဂျပန်နိုင်ငံ၊ အိုဆာကာမြို့အခြေ စိုက် ကန်ဆိုင်းစီးပွားရေး အသင်း ချုပ်အနေဖြင့် အာဆီယံ-ဂျပန်စင်တာနှင့်Resona Foundation for Asia & Oceania တို့နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ ၏ စီးပွားရေးဝန်းကျင်နှင့် ပတ်သက် သည့် Symposium ကို စက်တင်ဘာလ ၁ ရက်နေ့တွင် အိုဆာ ကာမြို့ Cityplaza Osaka ၌ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ Symposium တွင် မြန်မာနိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်၊ စိန်ခေါ်မှုများ နှင့်အလားအလာများ ကန်ဆိုင်းဒေသမှ ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ အခွင့်အလမ်း များကို အဓိကထား ဆွေးနွေးသွားကြမည်ဖြစ် သည်။
မြောက်ကိုရီးယားနိုင်ငံနှင့် တရုတ်၊ ရုရှားတို့၏ ကုန်သွယ်မှု နှေးကွေး သွားခြင်းကြောင့် နိုင်ငံ၏ စီးပွားရေး တိုးတက်မှုသည် ယခုနှစ် ပထမ ခြောက် လပတ်အတွင်းများစွာ လျော့ကျသွားခဲ့ သည်။ မြောက် ကိုရီးယား၏ ကုန်ထုတ် လုပ်မှုကဏ္ဍနှင့် စွမ်းအင်ကဏ္ဍများ သည် စီးပွားရေး ကျဆင်းသည့်ဒဏ်ကို ပိုမိုခံစားကြရပြီး မိုးခေါင်ရေရှားမှု ကြောင့် စိုက်ပျိုးရေး ကဏ္ဍတွင်လည်း ထုတ်လုပ်မှုလျော့ နည်းလျက်ရှိနေ ကြောင်း၊ တောင်ကိုရီးယား နိုင်ငံပိုင်Korea Development Institute ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိပါသည်။
ထိုင်းနိုင်ငံနှင့်ပါကစ္စတန်နိုင်ငံ တို့အကြား လွတ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ် (FTA) ချုပ်ဆိုနိုင် ရေးအတွက် ပထမဆုံးအကြိမ် ညှိနှိုင်း ဆွေးနွေးပွဲကို စက်တင်ဘာလအတွင်း စတင်ကျင်းပမည်ဖြစ်ပါသည်။ နှစ်နိုင်ငံ အကြား (FTA) ဆိုင်ရာ ညှိနှိုင်းဆွေးနွေး မှုများကို ၂၀၁၇ ခုနှစ်တွင် အပြီးသတ် ဆွေးနွေးရန် မျှော်လင့်ထားကြောင်း သိရှိရပါသည်။ပါကစ္စတန်နိုင်ငံ၌ သြဂုတ်လ ၁၂ရက်နှင့်၁၃ ရက်နေ့တို့တွင် ကျင်းပ ခဲ့သော တတိယအကြိမ် ပူးတွဲကုန်သွယ် ရေးကော်မတီ အစည်းအဝေး၌ ထိုင်း နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့၏ (FTA) ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို စက်တင်ဘာလတွင် စတင်မည်ဟု သဘောတူကြေညာခဲ့ကြောင်း သိရှိရပါ သည်။
