Background
ထိုင်းနိုင်ငံနှင့်လာအိုနိုင်ငံတို့သည် လာမည့်သုံးနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်မှုကို အမေရိကန်ဒေါ်လာရှစ် ဘီလီယံအထိ မြှင့်တင်ရန် ကတိပြုပြီး ဖြစ်ပါသည်။ အဓိကအားဖြင့် အထူး စီးပွားရေးဇုန်များတွင် ပူးပေါင်းဆောင် ရွက်၍ မြှင့်တင်သွားမည်ဖြစ်ပါသည်။ နှစ်နိုင်ငံနယ်စပ်ဒေသများရှိ အထူးစီးပွားရေးဇုန်များသည်လာမည့် သုံးနှစ်အတွင်း ကုန်သွယ်မှုမြှင့်တင်ရန် အတွက်သာမက ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရန်အတွက်ပါ အရေးပါကြောင်း သြဂုတ်လ ၁၀ ရက်နေ့ကကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံစီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနဝန်ကြီး မစ္စတာချတ်ချိုင်းက ပြော ကြားခဲ့ပါသည်။
ထိုင်းနိုင်ငံသားများနှင့်နိုင်ငံခြားသား ခရီးသည်များသည် ပြည်ပမှယူဆောင်လာသောပစ္စည်းများအတွက် အကောက်ခွန်ပေးဆောင်ရန် ၎င်းတို့၏ debit card သို့မဟုတ် credit card များကို မကြာခင် အသုံးပြုနိုင်မည်ဖြစ်ပါသ ည်။ သုဝဏ္ဏဘူမိလေဆိပ်၌ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အကောက်ခွန် ပေးဆောင်နိုင်မည့် လမ်းကြောင်းသစ် (ဘဏ်ကတ်များဖြင့် ပေးချေခြင်း) ကို စတင်အသုံးပြုနိုင်မည် ဖြစ်ပါသည်။
ဇူလိုင်လ ၂၃ ရက်နေ့က ဝမ်ငွေ နှင့်အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း သည် သုံးနှစ်အတွင်း အမြင့်ဆုံးရောက် ရှိ၍ ဒေါ်လာငွေတန်ဖိုးတက်နေခဲ့သည်။ ၎င်းင်းအပြင် ဒေါ်လာငွေတန်ဖိုးတက်မှုသည် သုံးလအတွင်း ရှစ်ရာခိုင်နှု န်းသို့ ရောက်ရှိခဲ့သည်။ ၂၀၁၂ ခုနှစ်အတွင်း အမြင့်ဆုံးလဲလှယ်နှုန်းအဖြစ်ရှိခဲ့သည့် တစ်ဒေါ်လာလျှင် ၁,၁၆၅ ဒသမ ၆ ဝမ် သည် သုံးနှစ်အတွင်း အမြင့်ဆုံးနှုန်းထားဖြစ်ခဲ့ရာ ယင်းနှုန်းထားကိုကျော်၍ စံချိန်သစ်တင်သွားဖွယ်ရှိ သည်။
ထိုင်းနိုင်ငံသည် အာဖရိကနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၃၁၃ သန်း ဖိုးရှိသော ဆန်တန်ချိန် ၇၆၅,၀၀၀ ရောင်းချရန် အပြီးသတ်ဆွေးနွေးပြီးဖြစ်ပါသည်။ အာဖရိကသို့ သွားရောက်သည့် ငါးရက်ကြာခရီးစဉ်အတွင်း ထိုင်းြ ပည်ပ တင်ပို့သူများနှင့် အာဖရိကမှ တင်သွင်းသူများသည် ဆန်အရောင်း အဝယ်အတွက် နားလည်မှုစာချွန်လွှာ ၁၁ ခုလက်မှတ်ရေးထိုးခဲ့ကြကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာချတ်ချိုင်း က ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရှ်ပြည်နယ်၌ မြို့တော်အသစ်တည်ထောင်နိုင်ရန်အတွက် မဟာစီမံချက်ရေးဆွဲခြင်းကို စင်ကာပူ နိုင်ငံအခြေစိုက် ဆာဘာနာအတိုင်ပင်ခံ လုပ်ငန်းနှင့်ဂျူရောင်းဦးပိုင်လီမိတက်တို့ ပူးပေါင်း အဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ရာ နောက်ဆုံးအဆင့်ဖြစ်သော မြို့ပြတည်ထောင်မှုသန္ဓေဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အပြီးသတ်ရေး ဆွဲနိုင်ခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ အဆိုပါမဟာစီမံချက် လွှဲပြောင်းပေးအပ်မှုအခမ်းအနားကို ဇူ လိုင်လ ၂၀ ရက်နေ့က အန်ဒရာပရာ ဒေ့ရှ်ပြည်နယ်တွင် ကျင်းပခဲ့ရာ ၎င်းပြည်နယ်ဝန်ကြီးချုပ် မစ္စတာချန်ဒရာဘာဘူနိုင်ဒူးနှင့်စင်ကာပူနိုင်ငံ ကုန် သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာအက်စ်
ထိုင်းနိုင်ငံ၌ ဖြစ်ပေါ်နေသည့် ဆယ်စုနှစ်အတွင်း အဆိုးဆုံးဖြစ်သော မိုးခေါင်မှုသည် စပါးထွက်ရှိမှုကို ၁၅-၂၀ ရာခိုင်နှုန်း ကျဆင်းစေလိမ့်မည်ဟု ခန့်မှန်းထားကြပါသည်။ ဆန်ဈေးနှုန်း များ မြင့်တက်နိုင်မည့်အခြေအနေနှင့် သိုလှောင်ထားသော အစိုးရဆန်များကို ထုတ်ရောင်းနိုင်ရန် အခွင့်အလမ်း ပိုမို လာနိုင်သည်ဟု ယူဆထားကြပါသည်။ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အလွန်ခြောက်သွေ့သည့် ရာသီဥတုဖြစ်ပေါ်လျက်ရှိသော ထိုင်းနိုင်ငံနှ င့် အခြားသော ဆန်တင်ပို့သည့် နိုင်ငံများ၏ ရောင်းလိုအား လျော့နည်းသွားသည့်အတွက် ဆန်ဝယ်လိုအားသည် မြင့်တက်ဖွယ်ရှိကြောင်း ထိုင်းဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ Mr. Charoen ကပြောကြားခဲ့ပါသည်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသည် ပြည်တွင်းလိုအပ်ချက် တည်ဆောက်ရေးလုပ်ငန်းများ၊ အခြားသောစီမံကိန်းများအတွက် လျှပ်စစ်ဓာတ်အား ထုတ်ပေးလျက်ရှိသော ပထမဆုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ နှင့်အတူ စတင်ရုပ်လုံးပေါ်လာပြီဖြစ်ပါသည်။ ထိုင်းနှင့်မြန်မာ ပူးပေါင်းဆောင်ရွက်မှုတွင် ဂျပန်ပါဝင်လာပြီးနောက် ရင်းနှီးမြှုပ်နှံမှု အလွန်ကြီးမားသော စီမံကိန်းသည် အတိုင်းအတာတစ်ခုအထိ အရှိန်ရလာပြီဖြစ်ပါသည်။ ထားဝယ်နှင့်လေ ဆိပ်ကို ဆက်သွယ်ထားသော အမြန်လမ်းကို အဆင့်မြှင့်တင် တိုးချဲ့လျက်ရှိပါသည်။
၂၀၁၄ ခုနှစ်အတွင်း မြောက်ကို ရီးယားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး မှုနှုန်း သည် ၁ ဒသမ သုည ရာခိုင်နှုန်းရှိခဲ့ပြီး၊ တောင်ကိုရီးယားနိုင်ငံ၏ နိုင်ငံသား တစ်ဦးချင်းဝင်ငွေကွာဟချက်သည် ၁ အချိုး ၂၁ ဒသမ ၄ ဖြစ်ခဲ့သည်။ ဇူလိုင် လ ၁၇ ရက်နေ့က ကိုရီးယားဗဟိုဘဏ်မှ ထုတ်ပြန် သည့် '2014 North Korea Economic Growth Rate Estimates' အရ မြောက်ကိုရီးယား ၏ Real GDP သည် ၁ ဒသမ သုည ရာခိုင်နှုန်းတိုးလာခဲ့၍ ၂၀၁၁ခုနှစ်က တိုးနှုန်း သုည ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ် တိုးနှုန်း ၁ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၂၀၁၃ ခုနှစ် တိုးနှုန်းသည် ၁ ဒသမ ၁ ရာခိုင်နှုန်း အသီးသီးဖြစ်ကြသည်။ မြောက်ကိုရီးယား၏ ၂၀၁၄ ခုနှစ် GNI သည် ၃၄ ဒသမ ၂ ထရီလီ
ကိုရီးယားသင်္ဘောကျင်းကြီး သုံးခုဖြစ်သည့် Hyundai Heavy Industries, Samsung Heavy Industries နှင့် Daewoo Shipbuilding & Marine Engineering တို့သည် ယခုနှစ် ဒုတိယသုံးလပတ်အတွင်း ကမ္ဘာ့ ရေနံေ ဈးနှုန်းကျဆင်းမှုကြောင့် ကမ်းလွန်သင်္ဘောကျင်းလုပ်ငန်းများမှ ဝင်ငွေများကျဆင်းသွားခဲ့ကြောင်း Hyundai Heavy Industries နှင့် Samsung Heavy Industries တို့သည် ၎င်းင်းတို့၏ ဒုတိယသုံးလပတ် ဘဏ္ဍာရေးအခြေအေ နကို ဇူလိုင်လ ၂၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့ပြီး ဒေဝူး ကလည်း အလားတူထုတ်ပြန်သွားမည်ဖြစ်ကြသည်။
ပထမအကြိမ် အမေရိကန်-ယူကရိန်း စီးပွားရေးဖိုရမ်ကို အမေရိ ကန်နိုင်ငံ၊ ဝါရှင်တန်မြို့တွင် ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပခဲ့ပြီး ဇူလိုင်လ ၁၆ ရက်နေ့တွင် ပူးတွဲကြေညာချက် တစ်ရပ် ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါဖိုရမ် သို့ အမေရိကန် ဒုတိယသမ္မတ ဂျိုးဘီဒင်၊ ယူကရိန်းနိုင်ငံ ဝန်ကြီးချုပ် Mr.Arseniy Yatsenyuk ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး Ms.

