Background
ထိုင်းနိုင်ငံ၏ ပြည်ပတင်ပို့မှု သည် မေလအတွင်းက ကျဆင်းခဲ့ရာ ငါးလဆက်တိုက် ကျဆင်းခဲ့ပြီဖြစ်ပါ သည်။ ၂၀၁၅ ခုနှစ် မေလအတွင်းက ပြည်ပတင်ပို့မှုသည် ပြီးခဲ့သည့်နှစ် အလားတူကာလထက် ငါးရာခိုင်နှုန်း လျော့နည်း၍ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၄ ဘီလီယံ ရှိခဲ့ပါသည်။ ယခုနှစ် ပထမဆုံးငါးလအတွင်း တင်ပို့မှုအနေ ဖြင့်မူ ၄ ဒသမ ၂ ရာခိုင်နှုန်းကျဆင်း၍ အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၇ ဘီလီယံ ရှိခဲ့ပါသည်။ ကမ္ဘာ့ လယ်ယာ ထွက်ကုန် ဈေးနှုန်းများ ကျဆင်းနေသည့် အား လျော်စွာ လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုသည် မေလ၌ ၂ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အထူး သဖြင့် ရော်ဘာတင်ပို့မှုသည် ၁၄ ဒသမ ၄ ရာခိုင်နှုန်းကျဆင်း၍ အမေရိကန် ဒေါ်လာသန်း ၃၇၀ သာရှိခဲ
ဂရိနိုင်ငံ၏ ငွေကြေးအကျပ်အတည်း အခြေ အနေများကြောင့် ဂရိဘဏ်များတွင် စုဆောင်းငွေ ပြန်လည်ထုတ်ယူမှုများ များပြားလျက်ရှိပါသည်။ ဂရိ နိုင်ငံအတွက် အရေးပေါ်ချေးငွေပမာဏအား ထပ်မံ မတိုးရန် ကြေညာချက် ထုတ်ပြန်ပြီးသည့် နောက်ပိုင်း တွင် ဂရိဝန်ကြီးချုပ်က ဂရိနိုင်ငံရှိဘဏ်များနှင့်စတော့ ဈေးကွက်ကို ဆက်လက်ပိတ်ထားမည်ဖြစ်ပြီး ငွေကြေး စီးဆင်းမှုကိုလည်း ထိန်းချုပ်ထားမည် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စုဆောင်းငွေ၊ လစာနှင့်ပင်စင် စသည်တို့အတွက် ပူပန်စရာမလိုကြောင်း ကြေညာ ချက်ထုတ်ပြန်ခဲ့ပါသည်။ ဇွန်လ ၃၀ ရက်တွင် ဂရိနိုင်ငံအနေဖြင့် အပြည် ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့သို့ ချေးငွေ အမေရိ ကန် ဒေါ်လာ ၁ ဒသမ ၇၃ ဘီလီယံခန့် ပြန်ပ
မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ မားစ်ရောဂါဖြစ်ပွားမှုဒဏ်ကို ခံခဲ့ရပြီး ပြည်တွင်းစီးပွားရေး ကျဆင်းနေမှုကို ပြန်လည်ရှင်သန်စေမယ့် ရှေ့လုပ်ငန်း စဉ်ချမှတ်ဖို့ အမျိုးသားစီးပွားရေး အသိုက်အဝန်းက နှိုးဆော်ထားကြောင်း ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။''မားစ်ရောဂါအတွက် စိုးရိမ်မှု ကြောင့် ကျဆင်းနေတဲ့ တောင်ကိုရီး ယားစီးပွားရေးကို ထိခိုက်မှုဖြစ်စေခဲ့တဲ့ အတွက် စီးပွားရေးခေါင်းဆောင်တွေက ယခုလိုနှိုးဆော်ပေး ခဲ့တာ ဖြစ်ပါ တယ်''လို့ ကိုရီးယားကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း (ကေစီစီ အိုင်) ဥက္ကဋ္ဌ ပတ်ယောင်မန်း ကပြောပါ တယ်။ယခင်လ က ဖြစ်ပွားခဲ့တဲ့ မားစ် ရောဂါပြန့်ပွားမှုကြောင့် ငွေကြေးထိ ခိုက်မ
ယခုနှစ်အတွင်း ထိုင်းနိုင်ငံအစိုးရ၏ တတိယအကြိမ် ဆန် လေလံတင်ရောင်းချမှုတွင် ဆန်တန်ချိန် ၈၄၀ç၀၀၀ ရောင်းချခဲ့ပြီး ဘတ် ၇ ဒသမ ၈ ဘီလီယံ ရရှိခဲ့ပါသည်။ အဆိုပါ လေလံပွဲသည် အစိုးရအနေဖြင့် နိုင်ငံပိုင် ဆန်များကို ရောင်းချခဲ့သည်များအနက် ကျေနပ်ဖွယ်ရာ အကောင်းဆုံးအကြိမ်ဖြစ်ခဲ့ကြောင်း နိုင်ငံခြား ကုန်သွယ်မှု ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်Mr. Banjonglitt က ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ မေလ၌ ပို့ကုန်သွင်းကုန်ဈေးနှုန်း နှစ်ရပ်စလုံးမြင့်တက်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ Bureau of Labour Statistics ကဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။
ခရီးဆောင်အိတ်များအား ထုတ်လုပ်ခြင်းနှင့်လက်လီရောင်းချခြင်း လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည့် အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သော ှSamsonite သည် အီတလီနိုင်ငံရှိ ၎င်းင်း၏ ဒီဇိုင်းစင်တာအား ဥရောပရှိ ၎င်းင်း၏ဌာနချုပ်တည်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဖလန်းဒါအရှေ့ပိုင်းပြည်နယ်ရှိ Oudenaarde ဒေသသို့ ပြောင်း ရွှေ့လိုက်ပြီဖြစ်ကြောင်း ရည်ရွယ်ချက်မှာ ှSamsonite ခရီးဆောင်အိတ်များ ထုတ် လုပ်ရောင်းချမှုအား ပိုမိုတိုးမြှင့်ရန် အတွက်ဖြစ်ကြောင်းFlanders Investment & Trade ၏ သတင်းထုတ်ပြန်ချက်တစ်ရပ်အရ သိရှိရပါသည်။
ဖြူနှင်းဝတ်ရည်၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့
အမေရိကန်နိုင်ငံတွင် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ကြက်၊ ငှက် တုပ်ကွေးရောဂါဖြစ်ပွားမှု ၂၁၇ ခု ဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန် လယ် ယာစိုက်ပျိုးရေးဝန်ကြီးဌာနက စစ်ဆေး တွေ့ရှိခဲ့ပါသည်။ ကြက်နှင့်ကြက်ဆင် ကောင်ရေ ၄၆ သန်းကျော် ရောဂါ ကူးစက်ခံခဲ့ရသဖြင့် အမေရိကန်နိုင်ငံ သမိုင်းတစ်လျောက်တွင် အကြီးမားဆုံး ရောဂါကူးစက်မှုဖြစ်ပါသည်။ ကြက်၊ ငှက်တုပ်ကွေး ရောဂါဖြစ်ပွားမှုကြောင့် ကြက်ဥရောင်းလိုအား ၃၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ အမေရိကန်နိုင်ငံရှိ အိုင်အိုဝါ၊ အင်ဒီယားနား၊ ကယ်လီဖိုးနီး ယား၊ ဝါရှင်တန်၊ အော်ရီဂွန်နှင့် အာ ကန်ဆောပြည်နယ်များ အပါအဝင် ပြည်နယ် စုစုပေါင်း ၁၅ ခုတွင် အဆိုပါ ကူးစက်ရောဂါဖြစ်ပွားခဲ့ပါသည်။
ထိုင်းနိုင်ငံနှင့်တူရကီနိုင်ငံတို့ သည် လွတ်လပ်စွာကုန်သွယ်မှုဒေသ တည်ထောင်ရေးဆိုင်ရာ ညှိနှိုင်းဆွေး နွေးမှုများကို ပြန်လည်စတင်မည်ဖြစ်ပါ သည်။ ဆွေးနွေးညှိနှိုင်းမှုများကို တစ် နှစ်ခွဲအတွင်း အပြီးသတ်ဆွေးနွေးနိုင် လိမ့်မည်ဟု မျှော်လင့်ထားကြပါသည်။အစိုးရအဖွဲ့သို့ တင်ပြရန် ဆွေး နွေးညှိနှိုင်းမည့် မူဘောင်ကို ပြင်ဆင်ပြီး ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုများကို ယခုနှစ်အတွင်း စတင်နိုင်ဖွယ်ရှိ ကြောင်း၊ တူရကီနိုင်ငံသည် ထိုင်းနိုင် ငံ ပြည်ပ တင်ပို့မှုအတွက် အလွန်အရေးပါ သော ဈေးကွက်ဖြစ်ကြောင်း၊ တူရကီ နိုင်ငံသည် ဥရောပနှင့်အရှေ့အလယ် ပိုင်းဒေသသို့ တစ်ဆင့်ခံ ပြန်လည်တင် ပို့ရာနေရာဖြစ်ကြောင်း ကုန်သွယ်မှုစေ့ စပ်ညှ
ကမ္ဘာကြီးပိုမိုပူနွေးလာမှုကြောင့် ရေမျက်နှာပြင်များ၏အပူချိန် မြင့်တက် လျက်ရှိပြီး အနာဂတ်တွင်လည်း ရေပြင်အပူချိန်ဆက်လက်မြင့်တက်မည်ဟု ခန့်မှန်းကြောင်း ယင်းကဲ့သို့ရေပြင်ပိုမိုပူနွေးလာမှုသည် ရေနေသတ္တဝါများ၏ ဇီဝဖြစ်စဉ် အတွက် အောက်စီဂျင်လိုအပ်မှုကို ပိုမိုလျင်မြန်စွာ ဖြစ်ပေါ်စေနိုင် သော်လည်း ပူနွေး သည့်ရေသည် အောက်စီဂျင်ကို ထိန်းသိမ်းနိုင်မှုလျော့နည်း ကြောင်း၊ သို့ဖြစ်၍ပူနွေး သည့်ရေပြင်သည် ရေနေသတ္တဝါများအား နေရာရွှေ့ ပြောင်း ကျက်စားရန်ဖြစ်ပေါ်စေနိုင်ကြောင်း ဝါရှင်တန်တက္ကသိုလ်မှ သုတေသီ များနှင့်ပူးပေါင်းဆောင်ရွက်သူ များက၎င်းင်းတို့၏ ရှာဖွေတွေ့ရှိချက်ကို ယခုလ အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့ ပါသည်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန် အိုချာသည် ၂၀၁၅ ခုနှစ် ဇွန်လ ၁၁ ရက်နှင့်၁၂ ရက်နေ့များတွင် စင်ကာပူ နိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက်ခဲ့ ရာ စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်းက လက်ခံတွေ့ဆုံလျက် နှစ်နိုင်ငံကြားကုန် သွယ်မှုနှင့်စီးပွားရေးပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြပါသည်။ဇွန် ၁၁ ရက်နေ့တွင် ပြုလုပ်သည့် နှစ်နိုင်ငံခေါင်းဆောင်များဆွေးနွေးပွဲ၌ စင်ကာပူနှင့်ထိုင်းနိုင်ငံတို့အကြား ၁၉၇၅ ခုနှစ် အတွင်းက ချုပ် ဆိုခဲ့သော စာချုပ်အပေါ်စကားရပ်များပြင်ဆင် လျက် အခွန်နှစ်ကြိမ်ထပ်ကောက်ခံမှု ရှောင်ကြဉ်ရေးသဘောတူညီချက(Revised Avoidance of Double Taxation Agreement) အသစ်ကို စင်ကာပူနိုင
