Main menu

Background

Wednesday, 2 Sep 2015

       ထိုင်းနိုင်ငံ၏ မက်ခရိုစီးပွားရေး ပတ်ဝန်းကျင်သည် ဆိုးရွားသော အခြေ အနေများနှင့် ပြောင်းလဲမှုများကို ရင်ဆိုင်နေရသော်လည်း နိုင်ငံ၏ စီးပွားရေးအခြေခံများသည် ခိုင်မာနေ ဆဲဖြစ်ကြောင်း ၊ နိုင်ငံ၏ သာမန် ငွေစာရင်း တွင် ပိုငွေပြလျက်ရှိခြင်း၊ နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်ခြင်း၊ အလုပ်လက်မဲ့နှုန်း နိမ့်နေခြင်းတို့က ဤအခြေအနေကို ထင်ဟပ်လျက်ရှိ ကြောင်း ထိုင်းနိုင်ငံဗဟိုဘဏ်က ခိုင်မာ စွာပြောဆိုခဲ့ပါသည်။

Tuesday, 1 Sep 2015

ထိုင်းနိုင်ငံအနေဖြင့် နယ်စပ် ဒေသများရှိ အထူးစီးပွားရေးဇုန်များ၌ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် စိတ်အား ထက်သန်လျက်ရှိသော်လည်း အချို့ သော စည်းမျဉ်းစည်းကမ်းများသည် လက်ရှိအခြေအနေနှင့်ကိုက်ညီခြင်း မရှိဘဲ မြန်မာနိုင်ငံနယ်စပ်တစ်လျှောက် ရှိ စီးပွားရေးဇုန်များအတွက် ပိုမိုဆွဲ ဆောင်မှုရှိသော အလားအလာများကို ဖြစ်ပေါ်စေလျက်ရှိပါသည်။

Tuesday, 1 Sep 2015

ထိုင်းလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ တိုးတက်လာမည့် အလားအလာကောင်းများကို အသုံးချ သင့်သည်ဟု စီးပွားရေးကို ဦးဆောင်နေ သူများက တိုက်တွန်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြားေ သာ  နိုင် ငံခြား ရင်းနှီးမြှုပ်နှံသူများကိုလည်း  ကြိုဆိုလျက်ရှိရာ ယှဉ်ပြိုင်မှုသည် အလွန်မြင့်မားလျက်ရှိကြောင်း၊ သို့ဖြစ်ရာ ထိုင်းစီးပွားရေးလုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများလွယ်ကူစွာ ဆောင်ရွက်နိုင် ရန် အတွ က် မြန်မာနိုင်ငံအတွင်းမှ လုပ်ငန်းတူစီးပွားဖက်များအား ရှာဖွေ ခြင်းဖြင့် စတင်ရန်တိုက်တွန်းလျက်ရှိ ကြောင်း သိရသည်။မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား ရင်းနှီး

Tuesday, 1 Sep 2015

`မြောက်ကိုရီးယားမှ ထောင် ထားသည့်မိုင်းကြောင့် တောင် ကိုရီးယားစစ်သည်နှစ်ဦး ခြေထောက် ပြတ်သည့် ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုရီးယား၏ စွပ်စွဲချက် ကြောင့် ပေါ်ပေါက်ခဲ့သည့် နှစ်နိုင်ငံကြားတင်း မာမှု ကို လျှော့ ချရန်အတွက် ရှည်ကြာ လှသည့် နှစ်နိုင်ငံဆွေးနွေးပွဲကို  သြဂုတ်လ ၂၃ ရက်နေ့က ပန်မွန်ဂျုံ တွင် ဆက်လက်ပြုလုပ်ခဲ့ကြသည်။  သြဂုတ်လ ၂၂ ရက်နေ့ညနေ ခြောက် နာရီခွဲက စတင်ခဲ့သည့် နှစ်နိုင်ငံ ကိုယ်စားလှယ်လေးဦး သည် ၁၀ နာရီ ကြာ ဆွေးနွေးခဲ့ကြသော်လည်း သဘောတူညီချက် တစ်စုံတစ်ရာ ထွက် ပေါ်လာခြင်းမရှိချေ။ သြဂုတ်လ ၂၃ ရက်နေ့က ပထမအကြိမ်ဆွေးနွေးပွဲ သည် နာရီအနည်းငယ်ကြာမြင့်ခဲ့ပြီး၊ ဒုတိယအကြိမ်ဆွေးနွေးပွဲကို ညနေ သုံး နာရီခွဲ

Tuesday, 25 Aug 2015

     နိုင်ငံ့စီးပွားရေး၏ အသက်သွေး ကြောသဖွယ်ဖြစ်သည့် ငွေကြေးလုပ်ငန်း ကဏ္ဍအား ပြုပြင်ပြောင်းလဲရေး ဆောင် ရွက်ရန်မှာ အရေးတကြီးလိုအပ်လျှက် ရှိကြောင်း၊ ကမ္ဘာ့ငွေကြေးပြဿနာများ တစ်မျိုးထက်တစ်မျိုးမရိုးအောင် ေ ပါ်ထွန်းလာခဲ့သည့်အလျောက် ကမ္ဘာ့ ငွေကြေးလုပ်ငန်းကဏ္ဍတွင် ငွေရေး ကြေးရေးလုပ်ငန်းနည်းပညာ (fintech)သည်လည်း အပြောင်းအလဲများစွာဖြင့် တိုးတက်ပြောင်းလဲလျက်ရှိကြောင်း၊ ကိုရီးယား၏ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများသည် ယင်းအပြောင်းအလဲကို အမီမလိုက်နိုင်ပါက မျိုးတုံးပျောက် ကွယ်သွားမည်သာဖြစ်ကြောင်း၊ ကိုရီးယား သမ္မတနိုင်ငံ သမ္မတမဒမ်ပတ်က သြဂုတ်လ ၁၆ ရက်နေ့ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

Tuesday, 25 Aug 2015

    ယခုနှစ် ဇူလိုင်လတွင် ကိုရီးယားသမ္မတနိုင်ငံ၏ အရန်နိုင်ငံခြားငွေ (foreign reserve) သည် ခြောက်လအတွင်း ပထမဆုံးအကြိမ် ပမာဏ ကျဆင်းသွားခဲ့သည်။ ကိုရီးယားဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ ယခင်လက အရ န်နိုင်ငံခြားငွေသည် အမေရိကန် ဒေါ်လာ ၃၇၀ ဒသမ ၈ ဘီလီယံရှိခဲ့ ပြီး၊ ဇူလိုင်လတွင်မူအမေရိကန်ဒေါ်လာ လေးဘီလီယံခန့် ကျဆင်းသွားသည်ဟု သိရှိရသည်။ ယင်းသို့ကျဆင်းရခြင်းမှာ အမေရိ ကန်ဒေါ်လာအားကောင်း လာခြင်းကြောင့် ဒေါ်လာမဟုတ်သည့် အခြား ငွေကြေးများဖြင့် လဲလှယ်ရာတွင် အခြားငွေကြေးတန်ဖိုးများ ကျဆင်းရ ခြင်းကြောင့်ဖြစ်သည်။

Tuesday, 25 Aug 2015

      ပညာသင်ကြားခြင်း၊ အလုပ်လုပ်ခြင်းနှင့် သင်တန်းတက်ရောက်နေခြင်းတို့ လုပ်ဆောင်နေခြင်းမရှိသည့် လူငယ်များ (Not in Education, Employment, or Training) အချိုးအစားသည် ကိုရီးယားသမ္မတနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၂၉ နှစ်ကြား လူငယ်များ၏ ၁၆ ရာခိုင်နှုန်းရှိနေကြောင်း စစ်တမ်းတစ်ရပ်ကဖော်ပြခဲ့သည်။ ယင်းအချိုးအစားသည် အိုအီးစီဒီနိုင်ငံများကြားတွင် တတိယအမြင့်ဆုံး အချိုးအစားဖြစ်နေသည်။ အိုအီးစီဒီ၏ သြဂုတ်လ ၄ ရ က် နေ့ထုတ်ပြန်ချက်အရ ကိုရီးယားသမ္မတ နိုင်ငံ၏ ၂၀၁၃ ခုနှစ်က NEET အချိုးအစားသည် ၁၅ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်ခဲ့သည်။

Thursday, 20 Aug 2015

     သုံးနှစ်တာကာလခန့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြပြီးနောက် အီးယူနှင့်ဗီယက်နမ်နိုင်ငံတို့သည် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ်ဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို သြဂုတ်လ  ၄ ရက်တွင် ယေဘုယျ အားြ ဖင့်  ရရှိခဲ့ကြပါသည်။ အဆိုပါနှစ်ဦးနှစ်ဖက် လွတ်လပ်သော  ကုန်သွယ်ရေးသဘောတူစာချုပ်အရ အီးယူနှင့်ဗီယက်နမ်နိုင်ငံအကြား ကုန်သွယ်မှုပြုလျက်ရှိသော ကုန်စည်များအပေါ် ကောက်ခံလျက်ရှိသည့် အကောက်ခွန်အားလုံး နီးပါးအား ဖယ်ရှားပေးမည်ဖြစ်ပါသည်။

Thursday, 20 Aug 2015

    သြဂုတ်လ၅ ရက်နေ့က ကိုရီးယား အလုပ်အကိုင်နှင့်အလုပ်သမားဝန်ကြီး ဌာနက ၂၀၁၆ခုနှစ်အတွက် အနိမ့်ဆုံး တစ်နာရီလုပ်ခကို ယခုနှစ်ထက် ဝမ်၄၅၀ ပိုမို၍ ဝမ်၆ç၀၃၀ သတ်မှတ်ကြောင်း ကြေညာခဲ့သည့်အတွက် ယ ခု နှစ်ထက် ၈ ဒသမ ၁ ရာခိုင်နှုန်းပိုမိုပါတယ်။ အဆိုပါတစ်နာရီအနိမ့်ဆုံး လုပ်ခသည် တစ်ရက် ရှစ်နာရီအလုပ် ချိန်ရှိသော အလုပ်များအတွက် တစ်ရက်လုပ်ခ ဝမ် ၄၈,၂၄၀ (ဒေါ်လာ ၄၁ ဒသမ ၀၉)ရရှိမည် ဖြစ်ပြီးတစ်လလျှင် ၁,၂၆၀, ၂၇၀ ဝမ် (ဒေါ်လာ ၁,၀၇၂ ဒသမ ၅၈)ရရှိမည် ဖြစ်သည်။ တစ်လလုပ်ခ/ လစာသည် တစ်လလျှင် အလုပ်ချိန် ၂၀၉နာရီ အပေါ် အခြေခံတွက်ချက်ထားသည်။ အနိမ့်ဆုံးလုပ်ခသတ်မှတ်ရေးကော်မရှင်က အဆိုပါအနိမ့် ဆုံးလုပ်ခကို စံပြု တွက်ချက်ရမည်ဖြစ်ပြီး၊ အနိမ

Pages