Main menu

Background

Friday, 6 Sep 2019

    တရုတ်နိုင်ငံသည် ဟောင်ကောင်နှင့်ကပ်လျက်တွင်တည်ရှိသော ရှန်းကျန့်အား တရုတ်၏ဝိသေသလက္ခဏာများနှင့် ဆိုရှယ်လစ်စနစ်အတွက် သရုပ်ဖော်ပြသည့် စမ်းသပ်ဇုန်တည် ဆောက်ရာတွင် ပံ့ပိုးပေးသွားမည်ဖြစ်ကြော င်း နိုင်ငံတော် ကောင်စီနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ သြဂုတ် ၁၈ရက်တွင် ထုတ်ပြန်လိုက်သော လမ်းညွှန်ချက်အရသိရသည်။ ထိုသို့ပံ့ပိုးပေးခြင်းဖြင့် ဘက်စုံနည်းလမ်းဖြင့် ကြီးမားခေတ်မီသော ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်ရာတွင် လမ်းအသစ်ကို ရှာဖွေရန် ကောင်းမွန်သောနည်းလမ်း ဖြစ်လာနိုင်ပြီး၊ တရုတ်နိုင်ငံ၏ အိပ်မက်ဖြစ်သော ကြီးမားသည့် အမျိုးသားအဆင့် ပြုပြင်ပြောင်းလဲရေး အကောင်အထည်ပေါ်လာရေးအတွက် ခိုင်မာ သည့် ပံ့ပိုးမှုကို ပြုလု

Friday, 6 Sep 2019

     ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr.Jurin Kaksanawisit က လယ်သမားများ၏ သီးနှံဈေးနှုန်း နိမ့်ကျနေမှုအပေါ် ကူညီရန်အတွက် ဆန်စပါးအမျိုးအစား ငါးခုအတွက်ဈေးနှုန်း အာမခံချက်ကို အဆိုပြုခဲ့ေ ကြာင်း သိရှိရသည်။ Mr.Jurin က အဆိုပြုလွှာအား လယ်သမားများ၏ကိုယ် စားလှယ်များ၊ ဆန်စပါးကုန်သည်အသင်းများ၊ အစိုးရအရာရှိများနှင့် မကြာခင်က ကျင်းပခဲ့သည့် အစည်းအဝေးမှ ညှိနှိုင်း ဆွေးနွေးဆုံးဖြတ်ချက်များ အပေါ်အခြေခံ၍ အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းဆွေးနွေးချက်များမှ စပါးအစို ဓာတ်နှုန်း ၁၅ ရာခိုင်နှုန်းဖြင့် အများဆုံးပမာဏ ၁၄ တန်မှ တန် ၃၀ အပေါ် စပါးဈေးအာမခံမှုဆိုင်ရာ အချက်အလက်များကို ချမှတ်ရန် သဘောတူ ခဲ့

Friday, 6 Sep 2019

    ကုန်အမှတ်တံဆိပ် မှတ်ပုံတင်လိုသည့် လုပ်ငန်းများသည် “Ipos Go” ဟု အမည်ပေးထားသော လက်ကိုင်ဖုန်းအက်ပလီကေးရှင်းအသစ်ကို အသုံးပြု၍ စင်ကာပူ မူပိုင်ခွင့်ရုံး (Intellectual Property Office of  Singapore – Ipos) သို့ တိုက်ရိုက် လျှောက်ထားနိုင်ပြီဖြစ် ကြောင်း သိရှိရသည်။ အဆိုပါ လက်ကိုင်ဖုန်း အက်ပလီကေးရှင်းသည် မှတ်ပုံတင်လျှောက်ထားမှု လုပ်ငန်းစဉ်ကို မြန်ဆန်စေမည်ဖြစ်ကြောင်း၊ ယခင်က မှတ်ပုံတင်လျှောက်ထားရာ တွင် ပျမ်းမျှကြာချိန် တစ်နာရီမှ ၄၅ မိနစ်အတွင်းရှိရာမှ ယခုအက်ပလီကေးရှင်းကို အသုံးပြု၍ လျှောက်ထားလျှင် ၁၀ မိနစ်ခန့်ကြာမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းများအနေဖြင့် ယခင် ဝန်ဆောင်မှုပေးနေသည့် စင်ကာပူမူပိုင်ခွင့်ရု

Friday, 6 Sep 2019

     အိန္ဒိယနိုင်ငံရှိ ပုဂ္ဂလိကပိုင် စရိတ် ကျဉ်း လေကြောင်းလိုင်းဖြစ်သော IndiGo လေကြောင်းလိုင်းသည် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၀ ရက်မှစတင်၍ အိန္ဒိယ နိုင်ငံ ကိုလ်ကတ္တားမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့အကြား လေေ ကြာင်း ခရီးစဉ်များ တိုက်ရိုက်ပျံသန်း ပြေးဆွဲ မည်ဖြစ်သည်။ IndiGo လေကြောင်းလိုင်းသည် လေယာဉ်အုပ်စုအားဖြင့် ၂၃၈ စင်းရှိပြီး အိန္ဒိယ ပြည်တွင်းဈေးကွက်၏ ၄၈ ရာခိုင်နှုန်းခန့်ကို ရရှိထားရ နေ့စဉ် လေကြောင်းဖြင့် ခရီး သွားလာသည့် ပြည်တွင်းခရီးသည် ၁၂ သန်း၏ တစ်ဝက်ကျော်အား လေကြောင်းခရီးစဉ်ပေါင်း ၁၄၀၀ ကျော်ဖြင့် သယ်ယူပို့ဆောင် လျက်ရှိသည်။ IndiGo လေကြောင်း ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်အရ ယခု ရန်ကုန်မြို့

Tuesday, 3 Sep 2019

       ဆော်ဒီအာရေးဘီးယားနိုင်ငံ အစားအစာနှင့် ဆေးဝါး အာဏာပိုင်အဖွဲ့ (Saudi Food and Drug Authority - SFDA)  သည် ဘာစမာတီဆန်များအား တင်သွင်းခွင့်ပြုရာတွင် ဆန် တင်ပို့သူ၏ အသေးစိတ်အချက်အလက် များ ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသားနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းမှ အတည်ပြုထားသည့် ဓာတ်ခွဲခန်းများက တင်ပို့သည့် ကုန်စည်အပေါ် ပိုးသတ်ဆေး ဓာတ်ကြွင်းစစ်ဆေးမှု သက်သေခံချက် စသည် တို့ အပါအဝင် အိန္ဒိယနိုင်ငံမှ ဆန်တင်ပို့သူများ လိုက်နာရမည့် လမ်းညွှန်ချက် (Guideline) ခြောက်ရပ်ကို ယခုနှစ် ဇူလိုင်လ၌ ချမှတ်ခဲ့ရာ ၎င်းအချက်များအပေါ် သက်သာခွင့်ပြုထားသည့်ကာလမှာ ကုန်ဆုံးတော့မည် ဖြစ်သည်။

Tuesday, 3 Sep 2019

   ဂျပန်အစိုးရသည် ၂၀၃၀ ပြည့်နှစ် အရောက်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် နျူကလီးယားစွမ်းအင်တို့မှ စွမ်းအင် ၄၄ ရာခိုင်နှုန်း ထုတ်ယူရန် ရည်မှန်းထားသည့် ဆိုလာစွမ်းအင် အသုံးပြုမှုသည် ဂျပန်နိုင်ငံတွင် တိုး တက် များပြားလာသော်လည်း၂၀၁၆ ခုနှစ်၏ ပေါင်းစပ်စွမ်းအင်အချိုးကို လေ့လာကြည့်ပါက ရေအားလျှပ်စစ်ပါဝင်မှု ၈ ရာခိုင်နှုန်းရှိပြီး ဆိုလာနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ပါဝင်မှုနှုန်းမှာ ၇ ရာခိုင်နှုန်းသာရှိသည်ကိုတွေ့ရ သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုမှု တိုးတက်လာခြင်းသည် အနာဂတ် ဂျပန် နိုင်ငံ၏ စွမ်းအင်မူဝါဒတွင် မဏ္ဍိုင်တစ်ရပ် အဖြစ် ပါဝင်လာမည် ဖြစ်သည့် အသွင် ဆောင်နေသည်။ ဂျပန်နိုင်ငံတွင်

Tuesday, 3 Sep 2019

      တရုတ်နိုင်ငံ၏ ရွှေသတ္တုတူးဖော် ထုတ်လုပ်သောကဏ္ဍတွင် ခေတ်မမီ တော့သော ထုတ်လုပ်ရေး အသုံးအဆောင် များကို ပိတ်သိမ်းခြင်းနှင့် ၎င်း၏ စက်မှုဆိုင်ရာ တည်ဆောက်မှုပုံစံကို အမြင့်ဆုံး ဖြစ်စေရန် ပြုလုပ်နေမှု များကြောင့် ထုတ်လုပ်မှုများ ကျဆင်းနေသော်လည်း ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်တို့၏ ရွှေဝယ်ယူမှုမှာ  မက်ထ ရစ်တန်ချိန် ၅၂၃ ဒသမ ၅၄ တန်ရှိခဲ့ကာ ယမန် နှစ်ကထက်  ၃ ဒသမ ၂၇ ရာခိုင် နှုန်း ကျဆင်း ခဲ့ကြောင်း တရုတ်ရွှေ အသင်းမှ ထုတ်ပြန်ချက်အရ သိရှိရသည်။ ရွှေချောင်းများ  ဝယ်ယူမှုမှာ ယခင်နှစ်က ထက် ၁၇ ဒသမ ၂၉ ရာခိုင်နှုန်းကျဆင်းခဲ့ကာ တန်ချိန် ၁၁၀ ဒသမ ၅၁တန်သာ ရှိခဲ့ပြီး၊ ရွှေပြားများ ဝယ်ယူမှုမှာ ၂၉ ဒသမ ၂၇ ရာခို

Tuesday, 3 Sep 2019

      ထိုင်းမူပိုင်ခွင့် ဦးစီးဌာနအနေ ဖြင့် လယ်သ မားများနှင့် ပြည်တွင်းထုတ် လုပ်သူများအား လမ်းကြောင်းအသစ်များ ချဲ့ထွင်နိုင်ရေး ကူညီပေးနိုင်ရန် အလို့ငှာအွန်လိုင်းမှနေ၍ ပထဝီဒေသဆိုင်ရာ အညွှန်း Geographical Indicator (GI) လက်မှတ်ရှိ ထုတ်ကုန်များအား ရောင်းချနိုင်ရန် 7-Eleven  လူသုံးကုန် ပစ္စည်းစတိုးဆိုင်များ၏ လုပ်ငန်းရှင် CP Plc  နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။ ဒီဇင်ဘာလကစ၍ ပထဝီဒေသ ဆိုင် ရာ အညွှန်း Geographical  Indicator (GI) လက်မှတ်ရ ထုတ်ကုန် ၁၀ မျိုးအား ပထမအဆင့်အနေဖြင့် www.shopat 24.com မှ စတင်ရောင်းချတော့မည် ဖြစ်ကြောင်း သိရသည်။

Pages