Main menu

Background

Wednesday, 13 Sep 2017

      အမေရိကန်နိုင်ငံမှ တင်သွင်း လာသည့် အေးခဲအသားများ တင် ဆောင်လာသည့် ကုန်သင်္ဘောသည် တရုတ်နိုင်ငံ ရှန်ဟဲဆိပ်ကမ်းသို့ စက် တင်ဘာလ ၁ ရက် ဆိုက်ကပ်လာခဲ့ကြောင်း ဆင် ဟွာသတင်းဌာနက ရေးသား ဖော်ပြ ခဲ့သည်။အမေရိကန်နိုင်ငံမှ ကုန်တင် သင်္ဘောသည် အမေရိကန်ဒေါ်လာသုံး သိန်းကျော်တန်ဖိုးရှိသည့်အေးခဲအမဲ သား ၁၅ ဒသမ ၁ တန်ကို တင်ဆောင် လာခြင်းဖြစ်ကြောင်း ရှန်ဟဲ Entry-Exit Inspection and Quarantine Bureau  ၏ ထုတ်ဖော်ပြောကြားချက် ကို ဆင်ဟွာသတင်းတွင် ဖော်ပြထား သည်။အမေရိကန်နှင့်တရုတ်နိုင်ငံတို့ သည် ၁၄နှစ်ကြာ ကုန်သွယ်မှုများ ရပ် ဆိုင်းခဲ့ပြီးနောက် ယခုနှစ် ဇွန်လမှစတင် ကာ ကုန်သွယ်မှု ပြန်လည်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။    ယခုရေ

Monday, 11 Sep 2017

      ထိုင်းနိုင်ငံ   မြောက်ပိုင်းဒေသ တွင်  လက်ရှိဖြစ်ပွားနေသည့်  ပြဿနာ များကို ဖြေရှင်း၍  ဒေသဖွံ့ဖြိုးရေးစီမံ ကိန်းအသစ်များ ချမှတ်ဆောင်ရွက်ခြင်း ဖြင့် မဟာမဲခေါင်ဒေသခွဲ၏ စီးပွားရေး အချက်အချာဒေသ တစ်ခုဖြစ် လာသည် အထိ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက် ရန် ရည်မှန်းထားကြောင်း  ထိုင်းနိုင်ငံ ဝန်ကြီးချုပ်က  အမျိုးသားသတင်းဗျူရို ဌာနသို့ ပြောကြားခဲ့ပါသည်။မဟာမဲခေါင်     ဒေသခွဲတွင် ကမ္ဘောဒီးယားနိုင်ငံ၊    လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊  ဗီယက်နမ်နိုင်ငံ နှင့်တရုတ်နိုင်ငံ၏  ယူနန်နှင့်ဂူရှီဇောင်း ပြည်နယ်တို့ ပါဝင်ပါသည်။  ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ၏    အဓိကဝင်ထွက် ရာနေရာဖြစ်သည့်အပြင်  မြောက်ဘက

Monday, 11 Sep 2017

     ထိုင်းနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ  ဆောင်ရွက်ရာ၌ လွယ်ကူချောမွေ့စေရန်အတွက်  မကြာမီကထုတ်ပြန်ခဲ့သည့် အစိုးရ၏ဖြေ လျော့ဆောင်ရွက်ပေးမှုများအပေါ် အားရကျေနပ်မှုရှိပါကြောင်းနှင့် နိုင်ငံ ခြားသားများအတွက် အီလက်ထရောနစ်နည်းပညာများဖြင့် ဆောင်ရွက်ပေး မှုကို ထိုင်းအစိုးရကထောက်ပံ့ပေးရန်လိုအပ်ကြောင်းJoint Foreign Chambers  of Commerce of Thailand (JFCCT)  ၏ ဥက္ကဋ္ဌStanley Kangါ က ပြောကြား ပါသည်။ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) မှ ခွင့်ပြုချက်ရရှိထားသည့် လုပ်ငန်းများရှိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများနှင့် ကျွမ်းကျင်ပညာရှင်များ အတွက် လေးနှစ်အခမဲ့ဗီဇာကင်း

Monday, 11 Sep 2017

         ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ(WTO)  ဝန်ကြီးအဆင့် အစည်းအဝေးကို ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်ရာ အစည်းအဝေးမတိုင်မီ ကျင်းပသည့်ညှိနှိုင်း အစည်း အဝေးကို အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ အစည်းအဝေး၌ အိန္ဒိယသည် ၎င်း ၏ Trade Facilitation Agreement on Services (TFS)  အဆိုပြု လွှာအား  ဆွေးနွေးရန် တွန်းအားပေးဖွယ်ရှိကြောင်း သိရှိရပါသည်။

Monday, 11 Sep 2017

      သြဂုတ်လအတွင်း တရုတ်နိုင်ငံ ထုတ်ကုန် စည် ၉၃ မျိုးအပေါ်  တန်ပြန်စုပုံခွန်သစ်များ စည်း ကြပ်ရန် အိန္ဒိယကစီစဉ်နေသည်ဆိုသည့် သတင်း အား တရုတ်နိုင်ငံပိုင်သတင်းက ဖော်ပြခဲ့ခြင်းမှာ အဖြစ်မှန်မဟုတ်ဟု တရုတ်နို င် ငံရှိ အိန္ဒိယသံရုံးက ပြောကြားထားကြောင်း သိရှိရပါသည်။လက်ရှိကာလအထိ   ဓာတုပစ္စည်းများ၊ သံမဏိနှင့် အခြားသတ္တုပစ္စည်းများ၊ ချည်ခင်များ၊ စက်ပစ္စည်းများ၊ ရော်ဘာနှင့် ပလတ်စတစ်ပစ္စည်း များ၊  လျှပ်စစ်ပ စ္စည်း များ၊  လူသုံးကုန်ပစ္စည်းများ စသည့် တရုတ်နိုင်ငံမှ  ကုန်ပစ္စည်းအမယ်ပေါင်း ၉၃ မျိုးမှာ တန်ပြန်စုပုံခွန် စည်းကြပ်မည့် ပစ္စည်း များအဖြစ် သတ်မှတ်စည်းကြပ်လျက်ရှိကြောင်း၊ ယင်းအမယ်များမှာ ပြီးခဲ့သည့် 

Friday, 8 Sep 2017

       အိန္ဒိယနိုင်ငံတွင် ယခုနှစ်မုတ်သုံရာသီအတွင်း အဆိုးရွားဆုံးရေလွှမ်း မိုးမှုများ ဖြစ်ပေါ်လျက်ရှိသော်လည်း နိုင်ငံ၏လယ်ယာကဏ္ဍထုတ်လုပ်မှု အပေါ်တွင် အကျိုးသက်ရောက်မှုမရှိခဲ့ကြောင်း တိုင်းမ်အော့ဖ်အိန္ဒိယ သတင်း တွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံတွင် မုတ်သုံရာသီ စတင်ဝင် ရောက်ချိန်မှ ယနေ့အထိ အဆိုးရွားဆုံးရေလွှမ်းမိုးမှုများဖြစ်ပေါ်လျက်ရှိရာ စိုက်ပျိုးမြေများ ပျက်စီး ဆုံးရှုံးခဲ့ရသည်။သို့သော် လည်း လယ်သမားများ အနေဖြင့် ရေပြန်လည်ကျဆင်းသွား ချိန်တွင် အချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ခဲ့သဖြင့် ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးမှုမရှိခဲ့ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။''တစ်နိုင်ငံလုံး ရေလွှမ်းမိုးမှုတွေ ဖ

Friday, 8 Sep 2017

      ဖိလစ်ပိုင်နိုင်ငံက ဆန်ပိုမိုသို လှောင်ထားနိုင်ရန်အတွက် ဆန်တန် ချိန်နှစ်သိန်းခွဲ  ဝယ်ယူသွားမည်ဖြစ် ကြောင်း၊  ဗီယက်နမ်၊ ထိုင်းနှင့် စင်ကာ ပူနိုင်ငံရှိ ဝယ်လက်များထံမှ အဆိုပါ ဆန်တန်ချိန်များကို ဝယ်ယူသွားမည် ဖြစ်ကြောင်း rice outlook သတင်းတွင် ဖော်ပြထားသည်။ဖိလစ်ပိုင်နိုင်ငံ ဆန်ဝယ်ယူရေး အေဂျင်စီဖြစ်သည့် အမျိုးသားအစား အစာအာဏာပိုင်အဖွဲ့ (National Food Authority's-NFA) က ဆန် တန်ချိန် ၂၅၀၀၀၀ ဝယ်ယူရေးအတွက် တင်ဒါခေါ်ယူ၍  ဆောင်ရွက်သွားမည် ဖြစ်သည်။ ယခုတင်ဒါခေါ်ယူ၍ ဝယ် ယူသွားမည့်ဆန်များကို သိုလှောင်ထား မည်ဖြစ်သည်ဟုဆိုသည်။အပြည်ပြည်ဆိုင်ရာ ဆန်တင်ပို့ သူများအသင်းတွင် ဆန်တင်ပို့သူ ၁၈ ဦးရှိသည့်အနက် ၁၄ ဦးတ

Friday, 8 Sep 2017

       ကမ္ဘာ့ဘဏ်အနေဖြင့် ထိုင်းနိုင်ငံ၏စီးပွားရေး တိုးတက်မှု အပေါ် အကောင်းဘက်မှ ရှုမြင်ပြီး ယခုနှစ်အတွက် တိုးတက်မှု နှုန်းအား ၃ဒသမ ၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊၂၀၁၈ ခုနှစ် အတွက် တိုးတက်မှုနှုန်းအား ၃ဒသမ ၆ ရာခိုင်နှုန်းသို့ လည်းကောင်း အသီးသီး တိုးမြှင့်ခန့်မှန်းထားကြောင်း၊ ပထမနှစ်ဝက်အတွင်း ပို့ကုန်နှင့် ခရီးသွားလာမှု လုပ်ငန်းများမှာ မူလမျှော်မှန်းထားသည်ထက် ပိုမိုအားကောင်းခဲ့၍ ဖြစ်ကြောင်း ဖော်ပြထားပါ သည်။ ထိုင်းနိုင်ငံ အတွက် ယခုနှစ်နှင့် လာမည့်နှစ်တို့တွင် စီးပွားရေး တိုးတက်လာ မည်ဟု ရှုမြင်ကြောင်း၊ လတ်တလောတွင်စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု အရှိန်အဟုန်ရနေကြောင်း၊ ကမ္ဘာ့ဘဏ်၏ ထိုင်းနိုင်ငံ အတ

Monday, 4 Sep 2017

     ပြည်တွင်း၌ ကြက်သွန်နီဈေးနှုန်းများ မြင့်တက်လျက်ရှိနေပြီး ဆက် လက်မြင့်တက်လာခြင်းမရှိစေရန် အိန္ဒိယဗဟိုအစိုးရက ကုန်သည်များ၏ ကြက်သွန်နီသိုလှောင်မှုပမာဏကို ကန့်သတ်ရန် ပြည်နယ်အစိုးရများအား သြဂုတ် ၂၃ ရက်၌ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ထို့ပြင် ပြည်တွင်း၌  ကြက်သွန်နီလုံလောက်မှုရှိစေရေးနှင့် ဈေးနှုန်း တည်ငြိမ်စေရေးတို့အတွက် ကြက်သွန် နီတင်ပို့မှုအပေါ် အနိမ့်ဆုံးပို့ကုန်ဈေး နှုန်း (minimum export price-MEP) သတ်မှတ်ရန်အတွက်လည်း  ဗဟို အစိုးရက စဉ်းစားနေကြောင်း၊ ထိုသို့ သတ်မှတ်ရာ၌ ကြက်သွန်နီပို့ကုန်တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀ ဖြင့် သတ်မှတ်ရန်ကိုလည်း အိန္ဒိယ စားသုံးသူရေးရာဝန်ကြီးဌာနက  ကူးသန်းရောင

Monday, 4 Sep 2017

     ထိုင်းနိုင်ငံ၊ ပို့ဆောင်ရေးဝန်ကြီးဌာနသည် နိုင်ငံတော် အတွက် ဘဏ္ဍာငွေဝန်ထုပ်ဝန်ပိုးဖြစ်မှုကို လျှော့ချပေးမည့် နည်းလမ်းများကို ရှာဖွေလျက်ရှိရာ ဗန်ကောက်မြို့ရှိ ထိုင်း ယဉ်ကျေးမှုစင်တာနှင့်     တာလင်ကျန်ကို   ဆက်သွယ်မည့် လိမ္မော်ရောင်လျှပ်စစ်ရထားလမ်းစီမံကိန်း၏ အနောက်ဘက် လမ်းပိုင်းကို ပုဂ္ဂလိကသို့ ရာနှုန်းပြည့် တည်ဆောက်ခွင့်ပေးရန်  စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ပို့ဆောင်ရေး ဝန်ကြီးဌာနသည် လိမ္မော်ရောင် လျှပ်စစ် ရထားလမ်းစီမံကိန်းကို ပုဂ္ဂလိကသို့ ရာနှုန်းပြည့်တည်ဆောက် ခွင့်ပြုခြင်းနှင့်ပတ်သက်၍  လက်တွေ့အကောင်အထည်ဖော် နိုင်မည့်  အခြေအနေများကို စစ်ဆေးရန်အတွက် ပြည်သူ့ပို့ ဆောင်ရေးလုပ်ငန်းများကို လုပ်

Pages