Background
အတွဲ(၁၅)အမှတ်(၁၃)
မတ်လ ၁၅ ရက်မှ ၂၁ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင် တန်ချိန် ၁၃၈၅၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ် ဘိလပ်မြေအဝင်မှာ တန်ချိန် ၁၂၄၅၀၀ ကျော်ရှိခဲ့တာ ကြောင့် ဒီတစ် ပတ်မှာ ဘိလပ်မြေတန်ချိန် ၁၃၉၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ် လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၃၂၃၀၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၃၂၈၁၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၄၄၀ ကျော် အဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှ အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။
အတွဲ(၁၅)အမှတ်(၁၂)
အတွဲ(၁၅)၊ အမှတ်(၁၀)
အေးရှားဝေါလ်တိုးဂိတ်အနီးမှာ ယာယီအခြေပြု၍ စားသုံးသူအကာ အကွယ်ပေးရေးနဲ့ တရားမဝင် ကုန်
သွယ်မှုတားဆီးထိန်းချုပ်ရေးတာဝန် ထမ်းဆောင်နေသော လရ-၁ အဖွဲ့ဟာ ပရိုဘောက်စ် EE/xxxx နဲ့4F/xxxx နှစ်စီးပေါ်မှ ကျပ် ၅၄ ဒသမ ၇၉၀ သိန်းတန်ဖိုးရှိ အလှကုန်ပစ္စည်းမျိုးစုံ
( L'oreal မျက်တောင်ကော့ဆေး၊ Heng Feng Brand Lipstick ? Shampoo? Nutrition Hair Dressing ၊ ဆံပင်ဆိုးဆေး၊ Makeup Kit ? Cosmetic powder) ကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းရရှိပါ တယ်။ DCCA
အျတွဲ(၁၅၊ အမှတ်(၁၀)
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ကMobile Team လရ-၁ အဖွဲ့ဟာ ရှောင်ကွင်းလမ်းအား လှည့်လည်စစ်ဆေးစဉ် ရှောင်ကွင်းလမ်းဘေး တစ်နေရာမှာ စုပုံထားတဲ့ ကျွန်းသစ်နဲ့ ပြုလုပ်ထားတယ်လို့ ယူဆရတဲ့ တံခါးချပ်ကြီး ၆ ချပ်၊ အသေး ၉ ချပ်၊ သစ်ပြားအတို/အရှည် ၁၈ ချပ်၊ ပွတ်လုံးတိုင် ၂ တိုင်တို့ကို သိမ်းဆည်းရမိခဲ့တဲ့အတွက် အကောက်ခွန် လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်ပြီး မြို့နယ်သစ်တော ဦးစီးဌာနသို့ အပ်နှံသွားမယ်လို့ ရှေ့ပြေးသတင်းများရရှိထားပါတယ်။
DCCA
အတွဲ(၁၅)၊ အမှတ်(၁၀)
အတွဲ(၁၅)အမှတ်(၁၀)
အတွဲ(၁၅)အမှတ်(၁၀)
အတွဲ(၁၅)၊ အမှတ်(၈)
တာချီလိတ်နယ်စပ် ကုန်သွယ် ရေးစခန်း ထုတ်နုတ်အင်အားဖြင့် Mobile Team ဝှေ့ရဲစစ်ဆေးရေး ဂိတ်မှ ဦးစီးအရာရှိ ဦးစီးတဲ့အဖွဲ့သည် ဖေဖော် ဝါရီလ ၁၂ ရက်နေ့တွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တာချီလိတ် မိုင်းဆက်လမ်းကြောင်းပေါ်ရှိစစ်မှုထမ်းဟောင်း ကားရေဆေးခုံအနီးတွင် မိုင်းဆတ်သို့ သယ်ယူရန်စုပုံထားတဲ့ တရုတ်နိုင်ငံထုတ်စပါးအရက်နှင့် Blue River စီးကရက်များကို စစ်ဆေးတွေ့ရှိ သဖြင့် အကောက်ခွန်အမှုတွဲ ဖွင့်လှစ်သိမ်းဆည်းခဲ့တယ်လို့သိရပါတယ်။