Background
၂၀၁၆ ဘောလုံးရာသီတွင် ရှမ်းပြည်နယ်ကို ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် ရှမ်းယူနိုက်တက်အသင်းအား ကမ္ဘောဇဘဏ်နှင့်SCANIAတို့ကကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း ရှမ်းယူနိုက်တက်အသင်းပိုင်ဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။ရှမ်းယူနိုက်တက်အသင်းအားSCANIAကားကုမ္ပဏီက ပံ့ပိုးကူညီ သည့် စာချုပ်ချုပ်ဆိုပွဲကိုဇန်နဝါရီ ၆ ရက်က ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါစာချုပ်များအရ ရှမ်းယူနိုက်တက်အသင်း၏ အိမ်ကွင်းဝတ်စုံ တွင် ကမ္ဘောဇဘဏ်၏ အမှတ်တံဆိပ်ဖြစ်သော KBZ Bank ကိုဖော်ပြ ထားမည်ဖြစ်ပြီးအဝေးကွင်းဝတ်စုံတွငSCANIA အမှတ်တံဆိပ်ကို ဖော်ပြပေးမည်ဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ပံ့ပိုးကူညီမှုများနှင့်ပတ်သက်၍ ရှမ်းယူနိုက်တက်အသင်း ၏ အမှုဆောင်အရာရှ
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်က အိန္ဒိယ-မြန်မာ နယ်စပ်ရှိ မဏိပူရပြည်နယ်၊ အင်ဖာမြို့တွင် အင် အား ရစ်ချ်တာစကေး ၆ ဒသမ ၇အဆင့်ရှိသည့်အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး ခုနစ်ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူဦးရေမှာ ထပ်မံတိုးလာနိုင်ဖွယ်ရှိ ကြောင်း NDTVသတင်းတွင် ဖော်ပြထားသည်။ငလျင်လှုပ်ခတ်မှုကြောင့် အင်ဖာမြို့ပေါ်တွင် အပျက်အစီးများ စုပုံနေပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်နေကြောင်း၊ ငလျင်လှုပ်ရှားမှု၏ဗဟိုချက်သည် မြေအောက် ၅၅ ကီလိုမီတာအကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ရာ အင်ဖာမြို့မှ ပြည်သူများသည် လမ်းမများ ပေါ်သို့ ထွက်ပြေးခဲ့ကြေ ကြာင်းဒါကာထရီဗျူး သတင်းတွင်
သြစတြေးလျနိုင်ငံ အနောက်ပိုင်းတွင် တောမီးများ အဆက်မပြတ် လောင်ကျွမ်းနေမှုကြောင့် သစ် တောဟက်တာပေါင်း ၅၈၀၀၀ ကျော် မီးလောင်ဆုံး ရှုံးခဲ့ပြီးမီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ သြစတြေးလျ ဒေါ်လာ ၅၃သန်းကျော်(အမေရိကန်လာ ၃၈သန်း) ရှိကြောင်း ဆင်ဟွာသတင်းတွင်ဖော်ပြထားသည်။တောမီးများသည် ဗစ်တိုးရီးယားပြည်နယ်၊ ဂရိတ်အိုးရှင်းလမ်းမတစ်လျှောက် လောင်ကျွမ်းခဲ့ရာ ခရစ္စမတ်ကာလတွင် အဆိုပါလမ်း၌ နေထိုင်ကြ သည့်ပြည်သူများမှာလက်လွတ်ထွက်ပြေးခဲ့ရသည် ဟု ဆိုသည်။ခရစ္စမတ်နေ့က တောမီးလောင်ကျွမ်းမှုကြောင့် နေအိမ်ပေါင်း ၁၁၆ လုံး မီးလောင်ကျွမ်းခံခဲ့ရကြောင်း သြစတြေးလျ အသံလွှင့်ဌာနက ကြေညာခဲ့သည်။ နေအိမ်များပျက်စီးဆုံးရှုံးခဲ့သော်လည်း လူများ
HR ဝန်ထမ်းများအတွက်HR Summit 2016 ကို ဇန်နဝါရီ ၂၂ ရက်၌ရန်ကုန်မြို့ရှိ Novotel Max Yangon တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။အဆိုပါHR Summit 2016 ကို မြန်မာနိုင်ငံတွင်ပထမဦးဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ် ပြီး နိုင်ငံ တကာမှHRပညာရှင်များကလာရောက်ဟောပြောဆွေးနွေးကြမည်ဖြစ်ကြောင်းသိရသည်။အဆိုပါHRဆွေးနွေးပွဲသို့ တက်ရောက်လိုသူ များသည် www.mihrs.com,register@mihrs.com, information@mihrs.com, info@3rdeyems.com သို့ဝင်ရောက်၍ ဝင်ကြေးအမေရိကန်ဒေါ်လာ၅၀ ပေးသွင်း
မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း (MPT) မှ (MPT) ကိုအသုံးပြုသော မိဘပြည်သူများအား အစဉ်အမြဲအားပေးသုံးစွဲ သည့်အတွက်တန်ဖိုး ထားလေးစားသော အားဖြင့် လက်ကျန်ငွေလွဲှပြောင်းခြင်းဝန်ဆောင်မှုကိုအသုံးပြုပြီး မိမိဖုန်းသို့ပြန်လည်ဘီလ်လွဲှပြောင်း မိသော MPTအသုံးပြုသူများအား ၎င်းတို့ပေး ဆောင်ထားရသည့် လွဲှပြောင်းခြင်းဝန်ဆောင်ခ ငါးရာခိုင်နှုန်းကို ၎င်းင်းတို့၏ဖုန်းများ သို့ ပြန်လည် ဖြည့်သွင်းပေးအပ်ခဲ့ကြောင်း ဇန်နဝါရီ ၈ ရက်က သတင်းထုတ်ပြန်ကြေညာခဲ့သည်။MPT သည် သုံးစွဲသူများ အလွန်စိတ်ဝင် စားခဲ့သည့် ဖုန်းအချင်းချင်း လက်ကျန်ငွေလွဲှ ပြောင်းပေးခြင်း ဝန်ဆောင်မှုကို မကြာသ
မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၂၄၀ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၄၃၃၉ တန်ကျော် တင်ပို့နိုင်တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၇၄၄ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၀၈၅ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၃၄ တန်ကျော်၊ကဏန်း ၁၆ တန်ကျော်နဲ့ ပုစွန် နှစ်တန် နီးပါး တင်ပို့တဲ့အတွက် ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါက ၆၈ တန်ကျော် လျော့နည်းတင်ပို့ခဲ့ပါတယ်။ကော့သောင်းကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၁၆၄ သန်း တန်ဖိုး
မြန်မာ့ပျားရည်ကို ပြည်တွင်းသုံးစွဲမှု ထက် ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့နေရ ကြောင်း သိရပါတယ်။ ပျားရည်ကို ပြည် တွင်းမှာ ဆေးဝါးအဖြစ်သာ အဓိကအသုံး ပြုကြပြီး ပြည်ပနိုင်ငံများတွင် သကြားအစား ပျားရည်စား သုံးခြင်းနှင့် အအေးပိုင်းနိုင်ငံ များ၌ ပျားရည်ကို အဓိကထားပြီး သုံးစွဲမှုများနေတာကြောင့် ပြည်ပဈေးကွက်သို့ တင်ပို့နေ ရခြင်းဖြစ်ပါတယ်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေးဌာနခွဲ၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) တွင် ဖွင့်လှစ်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုအခြေခံသင် တန်း အမှတ်စဉ် (၇)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ညီလာခံခန်းမ၊ ပဉ္ဒမထပ်၊ ရန်ကုန်တိုင်းဒေသကြီး ရုံးအမှတ် (၂၂၈/၂၄၀) ၊ ကမ်းနားလမ်း၊ ပန်းဘဲတန်းမြို့နယ်တွင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘလ (၁၆) ရက် (သောကြာနေ့)၊ နံနက် (၀၉း၃၀) အချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
ဗီယက်နမ် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ ဗီယက်တဲလ်ဂရု(ပ်) (Viettel Group)က4 Gနည်းပညာကို အောက်တိုဘာမှစ၍ ရှေ့ပြေးစမ်းသပ်ဆောင်ရွက်သွားတော့မှာဖြစ်ကြောင်း ဗီယက်တဲလ်ဂရု(ပ်) ဒုတိယညွှန်ကြား ရေးမှူး ချုပ် ဒိုမင်းဖောင်ရဲ့ ပြောကြား ချက်ကိုကိုးကားပြီးVNSသတင်းမှာ ဖော်ပြပါတယ်။လာမယ့်နှစ် ပထမ သုံးလပတ် ထက်နောက်မကျစေဘဲ အခြေစိုက်ထပ် ဆင့်ထုတ်လွှင့်ရေးစခန်းပေါင်း ၁၂၀၀၀ ကိုစိုက်ထူသွားမှာဖြစ်ကြောင်း သူက ပြောပါတယ်။ 4G ကွန်ရက်ကို ကျေးရွာ အတွက် ဆောင်ရွက်ပေး ပြီးမှ ခရိုင်၊ ပြည်နယ်နဲ့ မြို့တော်ကြီးများ မှာ ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ 4G နည်းပညာကို အသုံး ပြုမယ်ဆိုရင်ဗီယက်တဲလ် အသုံးပြုသူ တွေကဆင်းမ်ကတ်များကို အသစ
အမေရိကန်နိုင်ငံတွင် အသက်အရွယ်ကြီးရင့်လာသည့် အမျိုးသမီး များထက် အသက်ငယ်ရွယ်သူအမျိုးသမီးများတွင် ရင်သားကင်ဆာဖြစ် ပွားမှုနှုန်းမှာပိုမို မြင့်တက်လျက်ရှိကြောင်း အမေရိကန်နိုင်ငံ လူဦးရေနှင့် ကင်ဆာဖြစ်ပွားမှုတို့ကို စာရင်းအင်းကောက်ယူလျက်ရှိသည့် ြှုံ သုတေသီများ၏ အစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါသုတေသနအဖွဲ့သည် အမေရိကန်နိုင်ငံရှိ အမျိုးသမီးများကို အသက် ၃၀မှ ၃၉၊ အသက် ၄၀မှ ၄၉နှင့် အသက် ၅၀မှ ၆၉နှစ်၊ အသက် ၇၀မှ ၈၄အထိ အုပ်စုလေးစုခွဲ၍ လေ့ လာမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။