Main menu

Background

Wednesday, 12 Jun 2013

မန္တလေးတိုင်းဒေသကြီး၊ ကျောက် ဆည်ခရိုင်မှာနွေနှမ်းဧက ၆၁၀၀၀ စိုက် ပျိုးခဲ့ပါတယ်။ ကျောက်ဆည်မြို့ နယ် မှာ ဧက ၂၃၄၀၀၊ စဉ့်ကိုင်မြို့နယ်မှာ ဧက ၁၁၂၀၀၊မြစ်သားမြို့နယ်မှာ ဧက ၂၅၅၀၀၊ တံတားဦးမြို့နယ်မှာ ဧက ၉၀၀ စိုက်ပျိုးခဲ့ပါတယ်။ ဇွန်လဆန်းက စပြီး၊နွေနှမ်းများစတင်ပေါ်ထွက်လျက် ရှိပါတယ်။ နှမ်းဖြူတစ်တင်း ၄၆၀၀၀ ကျပ်၊ နှမ်းညိုတစ်တင်း ၃၅၅၀၀ ကျပ်၊ နှမ်းနက်တစ်တင်း ၄၀၀၀၀ ကျပ်ဈေး နှုန်းများနဲ့ စတင်အရောင်းအဝယ် ဖြစ် လျက်ရှိပါတယ်။

Wednesday, 5 Jun 2013

မေလ ၂၉ ရက်က ရေနံစိမ်းဈေးနှုန်းများဟာ ရက် သတ္တပတ် လေးပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ကျဆင်းခဲ့ပါ တယ်။ ဒီလိုကျဆင်းခဲ့တာကို အကြောင်းပြုပြီး ဟင်းသီးဟင်း ရွက်ဆီများကို ဇီဝလောင်စာဆီအဖြစ် ဝယ်လိုအားလည်း ကျ ဆင်းစေခဲ့တဲ့အတွက် စားအုန်းဆီဈေးများလည်း ရက်သတ္တ ပတ် ခုနှစ်ပတ်အတွင်း အမြင့်ဆုံးနှုန်း သို့ ရောက်ရှိရာမှ ပြန် လည် ကျဆင်းခဲ့ပါတယ်။ ငါးရက်ကြာ ဆက်တိုက်မြင့်တက် နေရာမှအတက်ရပ် သွားခြင်းဖြစ်ပါ တယ်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်မှာ သြဂုတ် လအတွက် ကြိုရောင်းဈေးဟာ ၁ ဒသမ ၂ ရာခိုင်နှုန်းထိကျဆင်းပြီး မက်ထရစ် တစ်တန်ကို ၂၃၇၁ ရင်းဂစ် (၇၇၁ ဒေါ်လာ) နှုန်းရှိခဲ့ပါတယ်။ ကွာလာ လမ်ပူ ဈေးကွက်မှာမူ မနက်ပိုင်း ဈေးကွက်မှာ ၂၃၇၇ ရင်းဂစ် နှုန်း ရှိခဲ့ပါတယ်။

Tuesday, 28 May 2013

မုံရွာကုန်စည်ဒိုင် မေလတတိယပတ် သီးနှံဈေးကွက်မှာ ပဲမျိုးစုံပုံမှန်ဈေးများနဲ့ ပုံမှန်အရောင်းအဝယ်သာ ဖြစ်ခဲ့ပေမဲ့ ဆီထွက်သီးနှံဈေးကွက်ကတော့ အနည်းငယ် ကမောက်ကမနိုင်တယ်လို့ပြောရမလိုဖြစ်နေပါတယ်။ အသေးစိတ်လေ့ လာတဲ့ အခါ ဆီထွက်သီးနှံအနေနဲ့ လူကြောင့်မဟုတ်ဘဲ သဘာဝကဖန်တီးလို့ သီးနှံအထွက်လျော့ လို့ ဈေးကွက် အပြောင်းအလဲမြန်ဆန်ခြင်းဖြစ်ပြီး စားဆီဈေးကွက် ကတော့ သဘာဝက ဖန်တီးလို့ ဈေးတက်တာထက် လူဖန်တီးတဲ့ (ဆီအရည်အသွေးရော နှောမှု) တွေကြောင့် စားသုံးသူတွေမှာ အခက်တွေ့နေရတာလို့ လုပ်ငန်း သမားပိုင်း က ပြောပါတယ်။

ဈေးကွက်အခြေအနေကိုကြည့်တဲ့အခါ မြေပဲဆန် (နီ) ဟာ မနှစ်ကနဲ့ကာလ တူမှာ တစ်ပိဿာ ၁၉၃၀ ကျပ်ကနေ ယနေ့ ၁၇၅၀ ကျပ်၊ မြေပဲဆန်ဖြူမှာ ၁၈၇၅ ကျပ်ကနေ ၁၇၇၅ ကျပ်၊ မြေပဲလုံးဆန်တစ်တင်း  ၃၂၀၀၀ ကျပ်၊ ယနေ့ ၂၈၀၀၀ ကျပ် အသီးသီး ကျဆင်းသွားကြပြီး နှမ်းဈေးကွက်မှာတော့ မနှစ်ကနဲ့ ကာလတူမှာ နှမ်းညိုတစ်တင်း ၂၄၀၀၀ ကျပ်မှ ယခု ၃၄၅၀၀ ကျပ်၊တစ်တင်းကို ၁၀၅၀၀ ကျပ်ထိ မြင့်တက်ခဲ့သလို နှမ်းဖြူဈေးလည်း မနှစ်က တစ်တင်း ၂၅၀၀၀ ကျပ်မှ ယခု ၄၃၀၀၀ ကျပ်၊ တစ်တင်း  ၁၈၀၀၀ ကျပ်ထိ စံချိန်တင် ဈေးမြောက်ခဲ့တာတွေ့ရပါတယ်။ ရေမြင့်ရင် ကြာလည်းမြင့်သလို နှမ်းဈေးမြင့်တော့ နှမ်းဆီဈေးက မနှစ်ကနဲ့ ကာလတူမှာ တစ်ပိဿာ ၃၀၀၀ ကျပ်ကနေ၊ ဒီနှစ် ၄၄၀၀ ကျပ်ထိ တစ်ပိဿာ ၁၄၀၀ ကျပ် တက်ဈေးဖြစ်ခဲ့ပြီး၊ မြေပဲဈေးက မနှစ်ကထက် ကျတော့ မြေပဲဆီဈေး မနှစ်ကနဲ့ကာလတူတစ်ပိဿာ ၃၆၀၀ ကျပ်ကနေ ဒီနှစ် ၃၄၅၀ ကျပ်ဈေးကို ကျခဲ့ ရပါတယ်။ ကုန်ကြမ်းသီးနှံဈေးတက်လို့ ကုန်ချောစားဆီဈေးတက်ကာ စားသုံးသူတွေ ပစ္စည်းအစစ်သုံးစွဲရရင် ခံသာပေမဲ့ မြင့်တက်လာတဲ့ စားဆီဈေးကို အခြေပြုပြီး ဝိသမလောဘနဲ့ အခြားအရည်အသွေး မပြည့်၀ ဈေး သက်သာ တဲ့ဆီတွေနဲ့ ရောနှော ပြုပြင်ပြီး အစစ်နဲ့ဈေးတူ ဈေးကွက်ဝင်တဲ့အခါ စားသုံးသူမှာ နှစ်ခါနာခဲ့ရပါ တယ်။ ငွေကြေးကုန် ကျမှုအပြင် နောက်ဆက်တွဲဆိုးကျိုးတွေပါ ပါလာရင်တော့ .....။ မေလတတိယပတ်ထဲမှာ နယ်စုံကမြေပဲဆန်တွေ ပုံမှန်ဝင်လာနေပြီး တစ်ရက် အိတ် ၃၀၀ မှ ၄၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။ နှမ်းကတော့ စိုက်ချိန်စောတဲ့ ရေသွင်းနှမ်း အချို့ ဈေးကွက်ထဲ အနည်းငယ် စတင်ဝင်လာခဲ့ရာ ယခုတစ်ပတ်အတွင်း တစ်ရက်တင်း ၂၀၀ ခန့် အရောင်းအဝယ် ဖြစ်နေသလို မုံရွာခရိုင် အနယ်နယ်အရပ်ရပ်မှာ စိုက်ခဲ့ကြတဲ့ နွေနှမ်းတွေ စုံညီစွာ ဈေးကွက်ဝင်ခဲ့ ရင်တော့ နှမ်းဈေးနဲ့အတူ နှမ်းဆီဈေးလည်း ပြန်အေးလာနိုင်တယ်လို့ ကုန်သည်နဲ့ဆီစက်လိုင်းသမားတွေ က ပြောခဲ့ပါကြောင်း .....။ထွန်းလှိုင်-မုံရွာ
 

Tuesday, 28 May 2013

ပြည်ဈေးကွက်မှာ နွေနှမ်းများ စိုက်ချိန် ဖြစ်လို့ လှောင်နှမ်းအနည်းငယ် ကြောင့် အရောင်းအဝယ်ဖြစ်နေ တာ တွေ့ရပါတယ်။ မြို့တွင်း ဆီစက်သမား များကလည်း ဆီကြိတ်ရန်အဝယ်ရှိ ပေမဲ့ နှမ်းအနည်းငယ်သာ ရှိလို့ ရှိတဲ့ နှမ်းနီကို ဆီကြိတ်ရလို့ နှမ်းဈေးရော၊ ဆီဈေးပါမြင့်တက်လာတာတွေ့ရပါတယ်။ နှမ်းဈေးမှာ မေလ ပထမပတ်မှာ နှမ်းနီ ၄၅ ပိဿာတစ်အိတ် ၁၁၀၀၀၀ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ် ၁၅၀၀၀၀ ကျပ်၊ ဒုတိယပတ်မှာ နှမ်းနီ ၄၅ ပိဿာ တစ်အိတ် ၁၂၅၀၀၀ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာ တစ်အိတ် ၁၄၀၀၀၀ ကျပ်ရှိခဲ့ပြီး၊ မေလ တတိယ ပတ်မှာ နှမ်းနီ ၄၅ ပိဿာတစ်အိတ် ၁၄၅၀၀၀ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာ တစ်အိတ် ၁၅၀၀၀၀ ကျပ်ဈေးဖြင့် နှမ်းနီဈေးမှာ တစ်ပတ်ထက်တစ်ပတ်မြင့် တက်လာပြီး၊ နှမ်းနက်ဈေးမှာ ငြိမ်နေပါ တယ်။ နှမ်းဆီဈေးမှာ မေလ ပထမ ပတ်မှ ယခု အချိန်အထိ တစ်ပိဿာ ၄၄၀၀၊ ၄၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ ဝေေ၀မင်း-ပြည်

Tuesday, 28 May 2013

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၃-၁၄ ခုနှစ်အတွက် နွေနှမ်းဧက ၃၂၀၀၀ ခန့် စိုက်ပျိုးခဲ့ပါတယ်။ နွေနှမ်း ကို မတ်၊ ဧပြီလများမှာ ရေသွင်းစိုက်ပြီး အပင်သက် ၂ လကြာမှ ထွက်ပေါ်လို့ ဇွန်လဆန်းမှ နွေနှမ်း ထွက်ပေါ်မှာဖြစ် ပါတယ်။ မေလ ၉၊ ၁၄၊ ၁၅၊ ၁၆ ရက် နေ့များမှာ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း မိုးရွာသွန်းခဲ့လို့ နွေနှမ်းပင်များ အကြိုက် ပန်းပွင့်များ ဝေဆာလာပြီး၊ အချို့အပင်တွေမှာ အသီးကင်းများ ဝင်နေပြီဖြစ်ကြောင်း၊ တောင်သူ တစ်ဦး ကပြောပြပါတယ်။မုံရွာ၊ မြောင်၊ ချောင်း ဦးမြို့နယ်များမှာ နွေနှမ်းအများဆုံး စိုက် ပျိုးခဲ့ပြီး၊ ယခင်နှစ်က တစ်ဧကပျမ်းမျှ ၁၄ တင်းခန့် ထွက်ရှိပြီး၊ ယခုနှစ်မှာ အထွက် ပိုနိုင်တယ်လို့ ဆိုပါတယ်။ ယခုအချိန်က မိုးနှမ်းစစိုက်ချိန်၊ နွေနှမ်း မပေါ်မီအချိန်ဖြစ်လို့ နှမ်းဈေးနှုန်း တက် ရိပ်ပြနေပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ ၂၀၁၃ ခု မေလအတွင်း နှမ်းတစ်တင်း အနိမ့်၊ အမြင့်ဈေးများမှာ နှမ်းညို ၃၅၀၀၀ ကျပ်၊ ၃၅၅၀၀ ကျပ်၊ နှမ်းဖြူ ၃၇၀၀၀ ကျပ်၊ ၄၄၀၀၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၄၀၀၀ ကျပ်၊ ၄၄၀၀ ကျပ် ဈေးအသီးသီးပေါက်ပြီး၊ နေ့စဉ် နှမ်း ဖြူ/ နှမ်းညို တင်း ၁၀၀ နဲ့ ၂၀၀ ကြား အရောင်းအဝယ် ဖြစ်တယ်လို့ ဈေး ကွက်က သိရပါတယ်။သန်းသန်းတင်-မုံရွာ

Monday, 20 May 2013

ကမ္ဘာပေါ်မှာ စားအုန်းဆီဒုတိယ အများဆုံးထုတ်လုပ်တဲ့ မလေးရှားနိုင်ငံ က ဈေးနှုန်းများ ကျဆင်းနေချိန်မှာ တင်ပို့မှုကို တိုးမြှင့်နိုင်ဖို့နဲ့ သိုလှောင်မှု လက်ကျန်ကို လျှော့ချဖို့အတွက် မလေး ရှားနိုင်ငံက ပို့ကုန်ခွန်ကို ဇွန်လအထိ စတုတ္ထလအဖြစ် ဆက်လက် ထားရှိမှာ ဖြစ်ပါတယ်။ ကြိုရောင်းကြိုဝယ်ဈေး များလည်း ကျဆင်းခဲ့ပါတယ်။

Monday, 20 May 2013

မန္တလေးဈေးကွက်မှာ ဆီစက် လုပ်ငန်းများ ရာခိုင်နှုန်းပြည့်နီးပါး ရပ် ဆိုင်းထားရပြီး၊ ရောနှောဆီ ဈေးကွက် တွင်ကျယ်လျက်ရှိကြောင်း သိရပါ တယ်။ တံဆိပ်နဲ့ နာမည်ယူရောင်းချတဲ့ ဆီစက်အနည်းငယ်သာ စက်လည်ပတ် မှု ရှိပြီး၊ ရောနှောဆီအသုံးများခြင်း၊ စက်မှုဇုန်များ မီးဖြတ်ထားခြင်းကြောင့် ဆီစက်လည်ပတ်မှု ပိုပြီးနည်းလာပါ တယ်။

Monday, 20 May 2013

ပြည်ဈေးကွက်မှာ မြေပဲဆန်ဈေးမှာ ပြောင်းလဲမှုမရှိဘဲ ပုံမှန်ဖြစ်နေပါတယ်။ မင်းတုန်းနဲ့ကံမဘက်မှ ဆီကြိတ်မြေပဲဆန် တစ်နေ့ အိတ် ၅၀၀ ခန့် အဝင်ရှိသလို လုံးဆန်လည်း တစ်နေ့အိတ် ၂၀၀ ခန့် အဝင်ရှိနေပါတယ်။ မြို့ခံပွဲရုံများနဲ့ ဆီစက် များကအဝယ်ရှိပြီး ပွဲရုံများက ရန်ကုန်ဆီစက်များသို့ ပြန်ရောင်းချသလို၊ ပဲလှော် ဖိုများသို့လည်း ရောင်းချတာတွေ့ရပါတယ်။ ဆီစက်များကတော့ ဒေသတွင်းဆီ ဖူလုံမှုအတွက် ဝယ်နေပါ တယ်။ မြေပဲဆီဆန် တစ်ပိဿာ ၁၆၀၀ ကျပ်၊ လုံးဆန် တစ်ပိဿာ ၁၈၀၀ ကျပ်ဈေးနဲ့ ပုံမှန်အရောင်း အဝယ်ဖြစ် လျက်ရှိပါတယ်။  ဝေေ၀မင်း-ပြည်

Monday, 20 May 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ မေလ ၈ ရက်မှ ၁၄ ရက် တာကာလမှာ ကန်ဒေါ်လာ သုည ဒသမ ၆၆၇ သန်း တန်ဖိုးရှိတဲ့ နှမ်းရောင်စုံ ၃၆၉ တန် တင် ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေ ကတော့ နှမ်းနက် ၂၀၄ တန်နီးပါး၊ နှမ်း ဖြူ ၁၅၉ တန်ကျော်နဲ့ နှမ်းနီ ၅ တန်ခွဲ ဖြစ်ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ် လာ ၆၀၀၀ ဖိုးရှိ နှမ်းလှော် ၃ တန် တင်ပို့ခဲ့တာတွေ့ ရပါတယ်။ နှမ်းလှော်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာလည်း တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တစ်ဖက် နိုင်ငံ မှာ နှမ်းလှော်ကို မုန့်ပဲသရေစာ ပြုလုပ်ရာမှာ အသုံးပြုကြတယ်လို့ သိရ ပါတယ်။ ယခင်အပတ်က နှမ်းရောင်စုံ တင်ပို့မှု တန် ၄၂၀ ကျော်ရှိခဲ့တာမို့ ယခု အပတ် ၅၁ တန် လျော့နည်းသွား ခဲ့ပါတယ်။ မိုးနည်း ရပ်ဝန်းဖြစ်တဲ့ စဉ့် ကိုင်မှာ ယခုနှစ်နွေနှမ်းစိုက် တောင်သူ များ စိုက်ထားတဲ့ နှမ်းအထွက်နှုန်း ကောင်းစေရန် မိုးလိုအပ်နေပြီး မိုး ခေါင်တာကြောင့် နှမ်းပင်ပေါက် ကျဲ ခြင်း၊ စုပ်ပိုးကျခြင်းတို့ကြောင့် ဆေးဖျန်း နေကြရတယ်လို့ သိရပါတယ်။ မူဆယ်-ရွှေလီနှမ်းပေါက်ဈေးတွေကို ကြည့်လျှင် ယခင်အပတ်ထက် ဈေးမြင့် နေတာ တွေ့ရပါတယ်။ ကုန် ပစ္စည်း ဟောင်း တွေကို လှောင်သမားတွေက ဈေး ကောင်းပေးပြီး ဝယ်နေတာမို့ ဈေးမြင့် နေရတာပါ -
မိမိဘက်(ကျပ်/တန်)                                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)    ယခု            ယခင်        ပြောင်းလဲမှု    %    ယခု      ယခင်     ပြောင်းလဲမှု    %နှမ်းဖြူ       ၁၄၂၉၀၀၁    ၁၄၀၀၂၁၆      ၂၈၇၈၅       ၂    ၁၅၉၀    ၁၅၉၀            -           -နှမ်းနက်    ၁၅၇၅၈၄၄    ၁၅၄၄၁၀၁        ၃၁၇၄၃      ၂    ၁၇၅၃    ၁၇၅၃           -            -မော်မော်အောင်၊MIRT (DCCA)

Monday, 13 May 2013

ရေတွက်ပုံ - ဒေါ်လာစဉ်         နေ့စွဲ    CIF (ရန်ကုန်) (၁)    ၆-၅-၂၀၁၃    ၈၄၅    (၂)    ၇-၅-၂၀၁၃    ၈၅၀            (၃)    ၈-၅-၂၀၁၃    ၈၅၅(၄)    ၉-၅-၂၀၁၃    ၈၆၀(၅)    ၁၀-၅-၂၀၁၃    ၈၆၀ Source:  ဆီကုန်သည်များအသင်း

Pages