Main menu

Background

Monday, 1 Jul 2013

ပဲပုပ်ဆီရောင်းလိုအားမြင့်တက်မှုကြောင့် စားအုန်းဆီဝယ်လိုအား ကျဆင်းနိုင် မဲ့ လက္ခဏာရှိတဲ့အတွက် စားအုန်းဆီဈေးနှုန်းက တစ်လကျော်အတွင်း ဒုတိယ မြောက်နေ့အဖြစ် အနည်းဆုံးဈေးသို့ကျဆင်းခဲ့ကြောင်း ဘလွမ်းဘတ်သတင်းမှာ ဖော်ပြထားပါတယ်။

Monday, 1 Jul 2013

ဝမ်းတွင်းမြို့နယ်မှာ ဧပြီလက ရေသွင်းနှမ်းဧက ၁၀၀၀ ကျော် စိုက် ပျိုးခဲ့ပါတယ်။ ရေသွင်းနှမ်းဖြစ်တဲ့အတွက် အပင်ဖြစ်ထွန်းမှုအတွက် ရေအလုံ အလောက်ရှိတဲ့အပြင် မေလအတွင်းက မိုးများရွာသွန်းခဲ့တာကြောင့် အပင်များ အောင်မြင်ဖြစ် ထွန်းမှု ပိုမိုကောင်းမွန်တယ်လို့ နှမ်းစိုက် တောင်သူများက ဆိုပါတယ်။ အခုဆိုရင် နှမ်းများ စတင် ရိတ်သိမ်းနေပြီဖြစ်လို့ နှမ်းရိတ်သိမ်းစကာလ အဖွင့် ဈေးမှာတစ်တင်း ၃၅၀၀၀ ကျပ်ဖြစ်ပြီး၊ ယခင် နှစ်ရေသွင်းနှမ်း ပေါ်ကာစ ကာလ ပေါက်ဈေးမှာ ၂၄၀၀၀ ကျပ်ဖြစ်လို့ ဒီနှစ် နှမ်းအဖွင့်ေ ဈးကောင်းတယ် လို့ ပြောရမှာ ဖြစ်ပါတယ်။ ဇူလိုင်လဆန်းရောက်ရင် ဝမ်းတွင်းနွေနှမ်းတွေ ဈေးကွက်ထဲကို ဝင် လာတော့ မှာ ဖြစ်ပါတယ်။ ခင်စန်းမြင့်-ဝမ်းတွင်း

Monday, 1 Jul 2013

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇွန်လ ၁၉ ရက်မှ၂၅ရက် အတွင်းကန်ဒေါ်လာ၂ ဒသမ ၅၁၃သန်းတန်ဖိုးရှိတဲ့ နှမ်း ရောင်စုံ ၁၄၅၇ တန်ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံ တွေကတော့ နှမ်းဖြူ ၉၁၉ တန်ကျော်၊ နှမ်းနက် ၂၉၈ တန်နီးပါးနဲ့ နှမ်းညို ၂၄၀ တန်ခန့်တင်ပို့နိုင်ခဲ့လို့ ယခင်အပတ်ထက်ပိုမိုတင်ပို့လာနိုင်တာတွေ့ရပါတယ်။

Monday, 1 Jul 2013

 
ဇွန်လကုန်ပတ် မုံရွာဆီထွက်သီးနှံ ဈေးကွက်မှာနှမ်းနဲ့မြေပဲကုန်သည် လက် ကျန်နည်းပြီး၊ နယ်အဝင်လျော့နေ တာနဲ့အမျှ ဝယ်လိုအားကောင်းမွန်နေ တာမို့ တက်ဈေးအသီးသီးဖြစ်ပေါ်ခဲ့ပါ တယ်။ ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဆီ ထွက်သီးနှံများရဲ့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံး ပေါက်ဈေးများကို လေ့လာတဲ့အခါ မြေပဲဆန်ဈေးကွက်မှာ

Thursday, 27 Jun 2013

ကျွန်မတို့မြန်မာနိုင်ငံရဲ့စားသုံးဆီဈေးကွက်မှာ မြေပဲဆီ၊ နှမ်းဆီ၊ ပဲပုစေ့ဆီ၊ နေကြာဆီ၊ ပြောင်းဆီ၊ စားအုန်းဆီနှင့် ထိုင်းနိုင်ငံထုတ် ဖွဲနုဆီစသည်ဖြင့်အမယ်စုံ၊အမျိုးစုံကိုဝယ်ယူရရှိနိုင်ပါတယ်။ မြေပဲဆီကို လည်းတံဆိပ်အမျိုးမျိုး၊ အဆင့်အတန်းအမျိုးမျိုးခွဲခြားပြီးရောင်းနေ တာ ကိုလည်းဈေးကွက်ထဲ မှာ တွေ့မြင် ရမှာ ဖြစ်ပါတယ်။ ဒါတင်မက သေးဘဲ Vegetable Oil(ဟင်းသီးဟင်းရွက်ဆီ) ဆိုတဲ့စကားလုံး ကိုတံဆိပ် ကပ်ပြီး ရောင်းတာလည်းရှိနေပြန်ပါသေးတယ်။ ဒါကြောင့် Vegetable Oil (ဟင်းသီးဟင်းရွက်ဆီ)အကြောင်း အနည်းငယ် တင်ပြလိုပါတယ်။

Thursday, 27 Jun 2013

 
ပြည်မြို့ဝန်းကျင်ရှိ ကျေးရွာများဖြစ်တဲ့ ဝက်ထီးကန်၊ လယ်တဲ့၊ ကန်ကျိုး၊ ကန် ကြီးကုန်း၊ အနောက်ရွာသစ်နဲ့ တဲ့ကုန်းကျေးရွာများမှာ မိုးနှမ်းများစတင်စိုက်ပျိုးနေပြီ ဖြစ်ပါတယ်။ နွေနှမ်းပေါ်ပြီး မိုးနှမ်းများ စိုက်ပျိုးနေချိန် မှာ နှမ်းဈေးမှာ ယခင်အပတ် အတိုင်း ဈေးအမြင့်နဲ့ ငြိမ်နေပါတယ်။

Thursday, 27 Jun 2013

မြန်မာ-တရုတ်နယ်စပ်ရှိ  မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇွန်လ ၁၂ ရက်မှ ၁၈ ရက်တာ ကာလမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၅၉ သန်း တန်ဖိုးရှိတဲ့ နှမ်းရောင်စုံ ၁၀၁၃ တန်ကျော်ကိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေကတော့ နှမ်းဖြူ ၆၂၅ တန်ခန့်၊ နှမ်းနက် ၂၄၈ တန်ကျော်နဲ့ နှမ်း ညို ၁၃၉ တန်ခွဲဖြစ်ပါတယ်။ယခင်အပတ်က မူဆယ်စခန်းမှနှမ်းရောင်စုံ ၉၃၅ တန် သာတင်ပို့နိုင်ခဲ့ရာယခုအပတ်မှာ ၇၈ တန်ကျော်တင်ပို့မှုပိုမိုလာပါတယ်။

Wednesday, 12 Jun 2013

ဇွန် ၇ ရက်က မလေးရှားစားအုန်း ဆီကြိုရောင်းကြိုဝယ်ဈေးက နှစ်လအ တွင်းအမြင့်ဆုံးဈေးကို ရောက်ရှိခဲ့ပါ တယ်။ဒါကြောင့် စားအုန်းဆီထုတ်လုပ် မှုမှာ ကမ္ဘာ့ ဒုတိယနေရာမှာ ရှိနေတဲ့ မလေးရှားနိုင်ငံရဲ့ မေလအတွင်းက လက်ကျန် ကျဆင်းခဲ့တဲ့အတွက် ရက် သတ္တပတ်အလိုက် ဈေးနှုန်းမြင့်တက် မှုက ပဉ္စမမြောက် ရက်သတ္တပတ် အဖြစ် ရောက်ရှိခဲ့ပါတယ်။သိုလှောင်လက်ကျန် နှုန်းက ဧပြီမှာ တန် ၁ ဒသမ ၉၃ သန်း ရှိရာမှ မေလမှာ တန် ၁ ဒသမ ၇၈ သန်းထိ ကျဆင်းခဲ့ရာတစ်နှစ်အတွင်း အနိမ့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ဒါကြောင့် စားသုံးမှုက ထုတ်လုပ်မှုကို ကျော်လွန် လာပြီလို့ဆိုနိုင်ကြောင်းရိုက်တာစစ်တမ်း မှာဖေါ်ပြထားပါတယ်။

Wednesday, 12 Jun 2013

ရှမ်းပြည်နယ် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်မှာ မိုးဦးကာလ မိုးရွာ သွန်းမှု နည်းခဲ့ပေမယ့် ပဲပုပ်မိုးသီးနှံ စိုက်ပျိုးမှုကို ထိခိုက်မှုမရှိဘဲ လျာထား သတ်မှတ်ချက် အတိုင်း စိုက်ပျိုး နိုင်ခဲ့ ကြောင်း သိရပါတယ်။ တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် က တောင်သူအများစု က ဧပြီလမှာ မြေအခြောက်နဲ့ ထယ် ရေးပြင်ခဲ့ပြီး၊ မေလမှာ ရွာသွန်းခဲ့ တဲ့ ပြတ်တောင်း ပြတ်တောင်းမိုးနဲ့အတူ ပဲပုပ်သီးနှံကို စတင်စိုက်ပျိုးနိုင်ခဲ့တာ ကြောင့် ၅ လက်မခန့် အရွယ်ရော က် ပေါက်မြောက်နေတဲ့ အပင်ငယ်လေး များ ဇွန်လဆန်းမှာ ရက်ဆက်ရွာတဲ့ မိုးနဲ့အတူ ရှင်သန်ဖြစ်ထွန်းခဲ့တာကြောင့် ဆီဆိုင်မြို့နယ်က တောင်သူများ၊ ပဲပုပ် တစ်သီးစိုက်ပျိုးအောင်မြင်ပြီးခဲ့ကြပါပြီ။

Wednesday, 12 Jun 2013

မန္တလေးတိုင်းဒေသကြီး၊ ကျောက် ဆည်ခရိုင်မှာနွေနှမ်းဧက ၆၁၀၀၀ စိုက် ပျိုးခဲ့ပါတယ်။ ကျောက်ဆည်မြို့ နယ် မှာ ဧက ၂၃၄၀၀၊ စဉ့်ကိုင်မြို့နယ်မှာ ဧက ၁၁၂၀၀၊မြစ်သားမြို့နယ်မှာ ဧက ၂၅၅၀၀၊ တံတားဦးမြို့နယ်မှာ ဧက ၉၀၀ စိုက်ပျိုးခဲ့ပါတယ်။ ဇွန်လဆန်းက စပြီး၊နွေနှမ်းများစတင်ပေါ်ထွက်လျက် ရှိပါတယ်။ နှမ်းဖြူတစ်တင်း ၄၆၀၀၀ ကျပ်၊ နှမ်းညိုတစ်တင်း ၃၅၅၀၀ ကျပ်၊ နှမ်းနက်တစ်တင်း ၄၀၀၀၀ ကျပ်ဈေး နှုန်းများနဲ့ စတင်အရောင်းအဝယ် ဖြစ် လျက်ရှိပါတယ်။

Pages