Main menu

Background

Wednesday, 4 Jan 2012

    ဂျပန်နဲ့အိန္ဒိယနိုင်ငံတို့က ဒေါ်လာ ၁၅ ဘီလီယံရှိ ငွေကြေးသဘောတူစာချုပ်ကို ဒီဇင်ဘာ ၂၈ ရက်က ချုပ် ဆိုခဲ့ပါတယ်။ ဒီသဘောတူစာချုပ်အရ ရူပီးငွေကြေးရဲ့ တန်ဖိုးကိုမြှင့်တင်ဖို့ အထောက်အကူပေးနိုင်မှာ ဖြစ်ပါ တယ်။ နယူးဒေလီသို့ ဂျပန်ဝန်ကြီးချုပ် ရောက်ရှိစဉ်မှာ ဒီသဘောတူ စာချုပ်ကို  ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

Tuesday, 27 Dec 2011

    ရေလွှမ်းမိုးဒဏ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ကို ကူးသန်း ရောင်းဝယ်ရေးခရီးစဉ်တွေ အပြည့်အ၀ ပျံသန်းနိုင်ဖို့အတွက် ဧပြီ ၁ ရက်နေ့က စပြီးဖွင့်လှစ်တော့မယ်လို့ ထိုင်းလေဆိပ်များအသင်း ( AOT)  ဥက္ကဌ အနီရုသ်သာနွန်ကူဘာက ဒီဇင်ဘာ ၁၉ ရက်က ပြောပါတယ်။

Tuesday, 27 Dec 2011

    ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO  ကို  ရုရှားနိုင်ငံ ဝင်ရောက်ခွင့်ရခြင်းက အိန္ဒိယနဲ့ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုမှာ "အပြုသဘောဂယက်ရိုက်ခတ်မှု" ရှိ ကြောင်းနဲ့ လောလောဆယ်နှစ်နိုင်ငံကုန်သွယ်မှုက တစ်နှစ် ကို ဒေါ်လာ ၁၀ ဘီလီယံဝန်းကျင်ရှိနေတာက တကယ် ဖြစ်နိုင်တဲ့ အလားအလာအောက်မှာရှိနေသေးကြောင်း အိန္ဒိယ အရာရှိတွေက ပြောပါတယ်။

Tuesday, 27 Dec 2011

    မတ် ၁၁ ရက်မြေငလျင်နဲ့ ဆူနာမီကြောင့် ပြည်တွင်း ဝယ်လိုအားကျဆင်းပြီးနောက် ၂၀၁၂  ကမ္ဘာ့ ရောင်းအား ၂၀ ရာခိုင်နှုန်း တိုးတက်မယ်လို့ ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီ တိုယိုတာကခန့်မှန်းထားပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာတစ်ဝန်းစီးရေ ၈ ဒသမ ၄၈ သန်းရောင်းရမယ်လို့ ခန့်မှန်းထားပါတယ်။

Tuesday, 27 Dec 2011

    အင်တာနက်အသုံးပြုမှု ကြီးထွားမှုအဆင့်မြင့်မားလာပေမဲ့ ဗီယက်နမ်မှာ အီး ကောမတ်ကို အသုံးပြုတာနည်းနေသေးတယ်လို့ ဟနွိုင်းမြို့မှာ ဒီဇင်ဘာ ၁၇ ရက်က ကျင်းပတဲ့ ဆွေးနွေးပွဲကိုတက်ရောက်လာသူတွေက ပြောကြပါတယ်။

Tuesday, 27 Dec 2011

    ဥရောပသမဂ္ဂကချမှတ်ထားသော ရည်မှန်းချက်များ ကို ဗြိတိသျှတို့က ဆန့်ကျင်ကန့်ကွက်မှုကြောင့် ဥရောပ ဘဏ္ဍာရေးဝန်ကြီးများက ဖြည့်ဆည်းမပေးနိုင်တော့မဲ့ အခြေအနေသို့ ဆိုက်ရောက်ခဲ့ပြီးနောက် အပြည်ပြည်ဆိုင် ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)မှ တစ်ဆင့် ယူရိုဇုန် ကယ်တင်ရေး လုပ်ငန်းတွေကို အကူအညီပေးဖို့ ဂျီ-၂၀ အဖွဲ့ဝင် နိုင်ငံတွေနဲ့ အခြားထောက်ပံ့တဲ့ နိုင်ငံကြီး တွေကို ဥရောပသမဂ္ဂ (အီးယူ)က ပန်ကြားခဲ့ပါတယ်။

Monday, 19 Dec 2011

    ကုန်ကြမ်းပစ္စည်းအတွက် ကုန်ကျစရိတ်မြင့်တက်နေ တာနဲ့ အမှာစာကျဆင်းတာတွေကြောင့် လက်ရှိဘဏ္ဍာ ရေးနှစ်ရဲ့ တတိယသုံးလပတ်မှာ ကုန်ထုတ်လုပ်မှုကဏ္ဍရဲ့ တိုးတက်မှုကို ထိခိုက်နိုင်မယ်လို့ အိန္ဒိယကုန်သည်ကြီး များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းရဲ့ စစ်တမ်းမှာ ဒီဇင် ဘာ ၁၁ ရက်နေ့က ဖော်ပြထားပါတယ်။

Monday, 19 Dec 2011

    ဂရိနိုင်ငံမှာ အခွန်ကို ထပ်မံပြီး  တိုးမြှင့်ကောက်ခံဖို့ မဖြစ်နိုင် တော့တဲ့အတွက် ကြီးမားလှတဲ့ ဘတ်ဂျက်လိုငွေ ကိုလျှော့ချနိုင်ဖို့အတွက် အစိုးရကဏ္ဍမှ ဝန်ထမ်းများကို အများကြီးလျှော့ချရမယ်လို့ အပြည်ပြည် ဆိုင်ရာ ငွေကြေး  ရန်ပုံငွေအဖွဲ့(အိုင်အမ်အက်ဖ်)မစ်ရှင်အဖွဲ့ အကြီးအကဲ ပေါသွမ်ဆင်က ဒီဇင်ဘာ ၁၄ ရက်ကပြောပါတယ်။    "အခွန်တိုးမြှင့်ဖို့အတွက် ရပေါက်ရလမ်း မရှိတော့ဘူး"လို့ ပေါသွမ်ဆင် က အေသင်မှာ ပြုလုပ်တဲ့ ကွန်ဖရင့်တစ်ခုမှာ ပြောပါတယ်။

Monday, 19 Dec 2011

    လွန်ခဲ့သည့်နှစ်က အစိုးရရဲ့ထောက်ပံ့ကြေးများ ရပ်ဆိုင်းခြင်းနဲ့ ဒစ်ဂျစ်တယ်ထုတ်လွှင့်မှုတွေကို ဇူလိုင် လက အပြီးသတ်ဆောင်ရွက်နိုင်ခြင်း စတာတွေကြောင့် ဂျပန်နိုင်ငံရဲ့ ပြည်တွင်းတီဗွီဈေးကွက်များကျဆင်းခဲ့ပါ တယ်။ ဒါကြောင့် ဂျပန်တီဗွီထုတ်လုပ်သူတွေက ပြည်ပ ဈေးကွက်တွေကို အာရုံစိုက်လာပါတယ်။

Monday, 19 Dec 2011

    တောင်ကိုရီးယားနိုင်ငံရဲ့ တစ်နိုင်ငံလုံး အလုပ်လက်မဲ့အခြေအနေက နိုဝင်ဘာလ မှာ သုံးနှစ်အတွင်း အနည်း ဆုံးနှုန်းနဲ့ ဆက်လက်တည်ရှိနေပေမဲ့ လူငယ်အလုပ်လက်မဲ့ နှုန်းကသုညဒသမ ၅ ရာခိုင်နှုန်းမြင့်တက်ပြီး ၆ ဒသမ ၈ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ကိုရီး ယားစာရင်းဇယား (Statistics Korea) ရဲ့ ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

Pages