Main menu

Background

Monday, 19 Dec 2011

    ဒီဇင်ဘာ ၁၂ ရက်ကစပြီး တက္ကစီခများစတင်ပြင် ဆင်ပြီးတဲ့ နောက် Confort DelGro  တက္ကစီဒရိုင်ဘာ များအတွက် ခရီးသည်ကျဆင်းလာတာကို တွေ့ရပါတယ်။ ကားခပြောင်းလဲမှုတွေထဲမှာ အသွားအလာများချိန်ကို မနက် ၆ နာရီမှ မနက် ၉ နာရီခွဲအထိ တိုးမြှင့်ပေးတာ လည်းပါဝင်ပါတယ်။ ယခင်က အပိုကြေးကို မနက် ၇ နာရီကနေ စတင်ယူခဲ့တာဖြစ်ပါတယ်။ အချိန်တိုးပေးလိုက် တဲ့ ကာလအတွင်းမှာ ခရီးသည်ဦးရေက ၃၀ ရာခိုင်နှုန်း အထိကျဆင်းခဲ့တယ်လို့ မနက်ပိုင်းတက္ကစီသမားတွေက ပြောပါတယ်။

Tuesday, 13 Dec 2011

    စမတ်လုပ်ငန်းများမပေါ်မီအထိ ဖင်လန်ကုမ္ပဏီ နိုကီယာက အိန္ဒိယ မိုဘိုင်းဖုန်းဈေးကွက်မှာ ဦးဆောင်နေခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာ အမေရိ ကန် CDMA (Code Division Multiple Access) ကို ဥရောပ GSM (Global System for Mobile) နည်းပညာက ပြတ်ပြတ်သား သားကျော်တက်လာချိန်မှာ နိုကီယာက  ကမ္ဘာ့မိုဘိုင်းဈေးကွက်ကို ဦး ဆောင်လာခဲ့ပါတယ်။

Tuesday, 13 Dec 2011

          ဗြိတိန်နိုင်ငံရဲ့တောင်းဆိုချက်တွေကို ဖြည့်ဆည်းမ ပေးဘူးဆိုရင် ကြွေးမြီအကျပ်အတည်းကနေ ယူရိုငွေကြေး ကို ကယ်တင်ဖို့ချမှတ်ထားတဲ့ ဥရောပသမဂ္ဂ (အီးယူ)ရဲ့ သဘောတူစာချုပ်သစ်ကို တားဆီးသွားမှာ  ဖြစ်ပါတယ်။

Tuesday, 13 Dec 2011

    ဥရောပဘဏ္ဍာရေးအကျပ်အတည်းကြောင့် ဖြစ်ပွားမယ့် စီးပွားရေးဆုတ်ကပ်က ပျံ့နံှ့လာတဲ့အတွက် တောင်ကိုရီး ယားမှာ အသစ်ခန့်အပ်မယ့်အလုပ်သမား အရေအတွက် က လာမဲ့နှစ်မှာ ထက်ဝက်ကျဆင်းမယ်လို့ ပြည်တွင်း ဉာဏ်ကြီးရှင်များအဖွဲ့တစ်ခုက ပြောပါတယ်။

Tuesday, 13 Dec 2011

    ရေများပြန်ကျပြီးချိန်မှစပြီး နိုင်ငံတစ်ဝန်းလုံးရှိ ရေလွှမ်းမိုးခံခဲ့ရတဲ့ စက်ရုံများတွင် လုပ်သား ၃၄၀၀၀၀ ကျော်ကို အလုပ်ရှင်များကအလုပ်ပြန်ပေးထားပြီးဖြစ်ကြောင်း အလုပ်သမားကာကွယ်ရေးနဲ့ သက်သာချောင်ချိရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် အားသစ်အစ္စမိုက ဒီဇင်ဘာ ၂ ရက်ကပြောပါတယ်။

Tuesday, 13 Dec 2011

    ယူရိုဇုန်ကသောင်းကနင်းဖြစ်မှုက ကမ္ဘာ့စီးပွားရေးကို အကျပ်အတည်းအတွင်းသိ့ု ဆွဲချသွားအောင် ခြိမ်းခြောက် နေတဲ့အတွက် တရုတ်အပါအဝင် အရှေ့အာရှနိုင်ငံများ အတွက် ၂၀၁၂ ခုနှစ် စီးပွားရေးတိုးတက်မှုနှုန်းကို အာရှ ဖွံ့ဖြိုးရေးဘဏ်က ဒီဇင်ဘာ ၆ ရက်က လျှော့ချခန့်မှန်းခဲ့ပါ တယ်။

Wednesday, 30 Nov 2011

                    ကမ္ဘာ့စီးပွားရေးပြိုကွဲတာ ပြင်းပြင်းထန်ထန် ဖြစ်လာရင် အာရှဖွံ့ဖြိုးဆဲ နိုင်ငံတွေအနက် ထိုင်းနဲ့ မလေးရှားတွေက အန္တရာယ်နဲ့အများဆုံး နီးကပ်နေတယ်လို့ အဆင့်သတ်မှတ်ရေးအေဂျင်စီ Fitch က နိုဝင်ဘာ ၂၂ ရက်က ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ဂယက်ရိုက် ခတ်မှုအနည်း ဆုံး ခံရမဲ့နိုင်ငံဖြစ်ပြီး အကယ်၍ကမ္ဘာ့ စီးပွားရေးက ပြင်းပြင်းထန်ထန်ကျဆင်းလာရင် စီးပွားရေး တွန်းအားပေးအစီအစဉ်ကို အများဆုံးပေး နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့ Fitch က ပြောပါတယ်။ ပြည်တွင်း စီးပွားရေးအင်အားကြီးမှုနဲ့ နိုင်ငံရဲ့ ကြွေးမြီ/ဂျီဒီပီအချိုးက နိမ့်ကျတဲ့အတွက် အင်ဒိုနီးရှားက ဒေသတွင်းမှာ ဥရောပကြွေးမြီ အကျပ် အတည်းနဲ့ အထိအတွေ့ အနည်းဆုံးနိုင်ငံဖြစ်ပါတယ်။ အရှေ့တောင် အာရှမှာ အကြီးဆုံးဖြစ်တဲ့ အင်ဒိုနီးရှားစီးပွားရေးက လာမဲ့ ၁၂ လကနေ ၁၈ လအတွင်းမှာ အဆင့်မြင့်တက်လာမယ်လို့ Fitch  အေဂျင်စီရဲ့ လေ့လာဆန်းစစ်ရေးမှူး ဖိလစ်မက်နီကိုလပ်က ပြောပါတယ်။ သို့သော် အဓိကကျတဲ့စမ်းသပ်မှုကတော့ အင်ဒိုနီးရှား အစိုးရကစီးပွားရေးကျဆင်းမှု ကို နည်းသွားအောင် ဘယ်လိုကောင်းမွန်စွာ ဆောင်ရွက်နိုင်မယ်ဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ်။                      Fitch အေဂျင်စီက အင်ဒိုနီးရှားနိုင်ငံကို BB+ အဆင့်သတ်မှတ် ထားပြီး အကောင်းဘက်ကရှုမြင်ထားပါတယ်။ အထိတ်တလန့်ဖြစ်မှု တွေကို ကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်က အင်ဒိုနီးရှားအတွက် အလားအလာ ကောင်းနေပါတယ်လို့ သူက ဂျာနယ်လစ်တွေကို ပြောပါတယ်။ တရုတ်နဲ့အိန္ဒိယနိုင်ငံတွေကလည်း ပြင်ပမှာဖြစ်ပေါ်နေတဲ့ အထိတ် တလန့်ဖြစ်မှုတွေနဲ့ အထိုက်အလျောက် အကာအကွယ် ရနေပါတယ်။ ဒါပေမဲ့ ၂၀၀၈ ခုနှစ်နှောင်းပိုင်းကစခဲ့ပြီး ၂၀၀၉ ထိဖြစ်ပွားခဲ့တဲ့ နောက်ဆုံး ကမ္ဘာ့ စီးပွားရေးကျဆင်းမှုနဲ့နှိုင်းယှဉ်ရင် မူဝါဒဆိုင်ရာ တွန်းအားပေး မှုတွေက အနည်းငယ်ကျဆင်းနိုင်ပါတယ်။ အာရှနိုင်ငံတွေက ကမ္ဘာ့တခြား နိုင်ငံတွေနဲ့နှိုင်းယှဉ်ရင် ငွေကြေးသုံးစွဲမှုတွေကို အလုံးအရင်းနဲ့ ဆောင်ရွက် နိုင်တယ်လို့ Fitch  က ပြောပါတယ်။ Source.AFP

Wednesday, 30 Nov 2011

                      နောက်ထပ်ဖြစ်ပေါ်လာမဲ့ ဘဏ္ဍာရေးအကျပ် အတည်းကိုကာကွယ်နိုင်အောင် ဆောင်ရွက်တဲ့ ဝေါစထရိ ပြုပြင်ပြောင်းလဲမှုတွေကိုအမေရိကန်ကဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ်ရဲ့အစိတ်အပိုင်းတစ်ရပ် အဖြစ် ပြင်းထန်တဲ့ စီးပွားရေး အထိတ်တလန့်ဖြစ်တာ တွေကို ဘဏ်တွေက ဖြေရှင်းနိုင်ခြင်း ရှိမရှိ စမ်းသပ်ဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၂ ခုနှစ်မှာ အမေရိကန်ဘဏ်ကြီး ၃၁ ဘဏ်ကိုကြံ့ခိုင်မှု စစ်ဆေးသွား မယ်လို့ နိုဝင်ဘာ ၂၂ ရက်က ဗဟိုဘဏ်က ကြေညာ ပါတယ်။ ၂၀၁၁ ခုနှစ်က အမေရိကန်ကဘဏ်ကြီး ၁၉ ခုကို စစ်ဆေးခဲ့ပြီးဖြစ်တဲ့အတွက် နောက်ထပ်ဘဏ် ၁၂ ခု တိုးပြီး စစ်ဆေးမဲ့သဘောရှိပါတယ်။ ရရန်ပိုင်ခွင့် အမေ ရိကန်ဒေါ်လာဘီလီယံ ၅၀ထက်ကျော်တဲ့ဘဏ် သို့မဟုတ် ဦးပိုင်တွေကို စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။                  " အဖွဲ့အစည်းတစ်ခုချင်းကိုစစ်ဆေးမဲ့ အသေးစိတ် သတ်မှတ်ချက်နဲ့ စစ်ဆေးမှုအခြေအနေက ကုမ္ပဏီရဲ့ အရွယ်အစား၊ ရှုပ်ထွေးနက်နဲမှု၊ စွန့်စားရမှုပမာဏနဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့ နယ်ပယ်ပမာဏနဲ့ သက်ဆိုင်ပါတယ်" လို့ အမေရိကန်ဗဟိုဘဏ်က ပြောပါတယ်။ အကျပ်အတည်းကိုကြံ့ကြံ့ခံနိုင်အောင် လုပ်ငန်းတွေ ကကြံ့ခိုင်မှုရှိတယ်လို့ ဆုံးဖြတ်ပြီးရင် ချမှတ်ထားတဲ့ စည်းမျဉ်းတွေအရ ဗဟိုဘဏ်နဲ့ကြီးကြပ်ရေးအဖွဲ့က အမြတ် ခွဲဝေမှုကိုပိုပြီးထုတ်ပေးဖို့နဲ့ စတော့ရှယ်ယာကိုပြန်ဝယ် ခွင့်ကို ဗီတိုအာဏာသုံးခွင့်ရှိပါတယ်။                     ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၉ ရက်မှာ သူတို့ရဲ့စီမံချက်ကို ဘဏ်အများကတင်သွင်းရမှာဖြစ်ပြီး ရလဒ်တွေကို မကြာမီ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ Source.AFP

Wednesday, 30 Nov 2011

                       ဂျပန်နိုင်ငံမှာ အခြေကျနေထိုင်ကြတဲ့ နိုင်ငံခြားသား တွေအတွက် ဒီဇိုင်းဆွဲထားတဲ့ တစ်ကိုယ်ရေသုံး ကွန်ပျူတာ (ပီစီ) ကို ကုမ္ပဏီထုတ်လုပ်မယ်လို့ ပင်နာဆိုးနစ်ကုမ္ပဏီက ပြောပါတယ်။                        နုတ်ဘုတ်စတိုင်နဲ့ ထုတ်လုပ်တဲ့  Let'snote CF. S10TYUUP ရဲ့ ကီးဘုတ်ကို ဝင်းဒိုးဆဲဗင်း အာလတီ မိတ်က အမေရိကန်စတိုင်နဲ့ ထုတ်လုပ်ပါမယ်။ ဒီဆောဖ့်ဝဲ က ဘာသာစကား ၃၇ ခုကို သုံးလို့ရပါမယ်။ ဒါကြောင့် အသုံးပြုတဲ့သူက ဂျပန်ဘာသာစကားကိုရော မိခင်ဘာ သာစကားကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ မိုဒယ်အသစ် ကို နိုဝင်ဘာ ၂၄ ရက်ကစပြီး rakuten.com.jp/ panasonic/ ကနေ မှာယူရရှိနိုင်ပါတယ်။ နိုဝင်ဘာ ၂၈ ရက်စပြီး တင်ပို့ပေးပါမယ်။ ဈေးနှုန်းကအခွန်အပါအဝင် ယန်း ၁၇၉၈၀၀ (၂၃၃၉ ဒေါ်လာ) ဖြစ်ပါတယ်။ Source. ajw.asahi.com

Wednesday, 30 Nov 2011

                     ထိုင်းနိုင်ငံရှိကျောင်းတွေမှာသုံးဖို့အတွက် ပညာရေးဝန်ကြီးဌာနကို တဲဘလက် ကွန်ပျူတာတွေ ပေးသွင်းဖို့ စိတ်ဝင်စားကြောင်း ကွန်ပျူတာကုမ္ပဏီကြီးဖြစ်တဲ့ အက်ပဲ ကုမ္ပဏီက ပြသခဲ့ပါတယ်။ အက်ပဲကုမ္ပဏီမှကိုယ်စားလှယ်အဖွဲ့က ပညာရေးဝန်ကြီး ဂိုရာဝတ်အောပေပင်ရာကူးကို တွေ့ဆုံခဲ့ပြီး ကျောင်းသားများ တဲဘလက်သုံးစွဲရေး စီမံကိန်းမှာ ကုမ္ပဏီရဲ့ထုတ်ကုန်တွေက အကျိုးပြုနိုင်မှာဖြစ်ကြောင်းအဆိုပြုခဲ့ပါတယ်။ စီမံကိန်းမှာ အက်ပဲထုတ်ကုန်တွေ မည်ကဲ့သို့ အသုံးပြုမည်ကို စမ်းသပ်ရန်အတွက် လုပ်ငန်းအဖွဲ့တစ်ခုကို ဖွဲ့စည်းမှာဖြစ်ကြောင်းပညာရေးဝန်ကြီးက ပြောပါတယ်။ တကယ်လို့ စမ်းသပ်မှု ရလဒ်ကကောင်းမယ်ဆိုရင် ဈေးနှုန်းတွေမြင့်မားတဲ့တိုင်အောင် ဝန်ကြီးဌာန က စိတ်ဝင်စား မှာဖြစ်ပါတယ်။ ရလဒ်မကောင်းဘူးဆိုရင်တော့ ဝန်ကြီးဌာနက အန်း ဒရွိုက် စက်အမျိုးအစားကိုရွေးချယ်ရမှာဖြစ်ကြောင်း မစ္စတာဂိုရာဝတ်က ပြောပါတယ်။ " ကနေ့ လိုအပ်နေတာက တကယ်တန်း အသုံးဝင်မဲ့ နည်းပညာဖြစ်ပါတယ်။ ကိရိယာတွေက အားလုံးအတူတူပဲဖြစ်တဲ့အတွက် ဝန်ကြီးဌာနက စက်ကိရိယာချည်း သက်သက်ဝယ်တာမဟုတ်ပါဘူး။ စက်ကိရိယာရဲ့စနစ်ကိုပါဝယ်တာ ဖြစ်ပါတယ်။သူတို့ ကုမ္ပဏီမှာ ပညာရေးနဲ့ပတ်သက်တဲ့ ဖြေရှင်းချက်တွေရှိတယ်"လို့ အက်ပဲက ပြော ကြောင်း အခြေခံပညာရေးကော်မရှင်မှ အထွေထွေအတွင်းရေးမှူးချီနာပက်ဖန်ရက်က ပြောပါ တယ်။    ကျောင်းသားတွေကို တဲဘလက်ကွန်ပျူတာတွေ ဖြန့်ချိရေးဟာ ဖြူထိုင်းပါတီရဲ့ ရွေးကောက်ပွဲကြွေးကြော်သံဖြစ်ပါတယ်။ Source.bangkokpost.com

Pages