Background
ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း(၅) ခု၊ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်ကျိုင်းတုံ၊တာချီလိတ်ဒေသ များတွင် တရား မဝင် ကုန်စည်စီးဆင်းမှု များအား တားဆီးပညာပေးခြင်း လုပ် ငန်းများကို မိုဘိုင်းအဖွဲ့များဖြင့် ပညာ ပေးကာလ စတင်ဆောင်ရွက်လျက်ရှိပါ သည်။ကုန်သွယ်မှုလုပ်ငန်းများတရားဝင် ပုံမှန်လမ်းကြောင်းပေါ်သို့ ပိုမိုရောက်ရှိ လာခြင်းနှင့် ကုန်သည်လုပ်ငန်းရှင်များအတွက်လမ်းကြောင်းမှန်ပေါ်မှကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းအလေ့အထရရှိေ စရေး အတွက် စစ်ဆေးပညာ ပေးမှုကာလကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၁၅ရက်နေ့ထိ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟို ကော်မတီမှ တိုးမြှင့် သတ်မှတ်လိုက် ကြောင်း သတင်းရရှိပါသည်။
စင်ကာပူလုပ်သားအင်အား ကျွမ်း ကျင်မှုအရည်အသွေးမြှင့်သင်တန်း(Singapore Workforce Skills Qualification WSQ) မှ ပို့ချမှုတွေကို သူတို့ကုမ္ပဏီတွေမှာစတင်အသုံးပြု ချိန်ကစပြီးအလုပ်ရှင်နှင့် အလုပ် သမား နှစ်ဦးနှစ်ဘက်စလုံး အကျိုးခံစားခွင့်တွေ ရရှိခဲ့ကြောင်း ဇွန် ၁၁ ရက် ဗုဒ္ဓဟူးနေက လုပ်သားအင်အား့ဖြိုးရေး အေဂျင်စီ(WDA) ရဲ့ ၂၀၁၃ ခုနှစ် အကျိုး ရလဒ် သုံးသပ်ရေး စစ်တမ်း (Outcomes Evaluation Survey= OES) မှာ ဖော်ပြထားတယ်လို့စီအင်အေ ဝက်ဘ် ဆိုက် သတင်းမှာ ဖော်ပြထားပါတယ်။
တိုကျို
စရိတ်ကျဉ်းကယ်ရီယာလေယာဉ်တွေမှာလုပ်သားရှားပါးမှုကြောင့် လေကြောင်းခရီးစဉ်ဖျက်သိမ်း တာ တွေမြင့်မား လာတဲ့ အတွက် အဲဒီ ပြဿနာကို ဖြေရှင်းဖု့ိ ပြည်ပနဲ့ ကိုယ် ပိုင် ကာကွယ်ရေး တပ်ဖွဲ(Self Defance Force)မှ လေယာဉ်မှူး တွေ ကို ပိုမိုငှားရမ်းဖို့ ဂျပန် သယ်ယူပို့ ဆောင်ရေးဝန်ကြီးဌာနက စီစဉ် နေ ကြောင်း အဆာဟိရှင်ဘွန်း သတင်း မှာ ဖော်ပြပါတယ်။
မန္တလေးမြို့ သကြား၊ သကာရည် လုပ်ငန်းရှင်များ ကထိန်တော်အသင်းမှ နေ့စဉ် (ဥပုသ်နေ့မှအပ) အနယ်နယ် အရပ်ရပ်မှသကြား၊ သကာရည်လုပ်ငန်း ရှင်များအရောင်းအဝယ်ပြု လုပ်လျက်ရှိ ပါတယ်။ ဒီဇင်ဘာလလယ်မှ စတင်ပြီး သကာရည်အသစ်များ ဝင်ရောက်လျက် ရှိပါတယ်။ယခု ၂၀၁၄ ခုနှစ်၊ဇန်နဝါရီလ မှာ သကာပွက်ရည်တစ်ပိဿာ ၅၅၀ ကျပ်မှ ၅၆၅ ကျပ်ထိ ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်ပြီး သကြား အေ ၉၅၀ ကျပ်၊ ဘီ ၉၄၀ ကျပ်၊ စီ ၉၃၀ ကျပ်ဈေးဖြင့် နေ့စဉ် ပိဿာ ၃၀ ဝင်အိတ် ၄၀၀၀ မှ ၅၀၀၀ ကြား အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။
၂၁ ရာစုရဲ့ မြင့်မားလှတဲ့ ယှဉ်ပြိုင် မှုများကြားမှာ မိမိတို့နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များလည်း ပါဝင် နေပြီး၊ သူ့ထက်ငါအပြိုင် ကြိုးစား အားထုတ်မှု၊ ကွက်ကျော်မြင်မှုများနဲ့ အတူစီးပွားရေးသမားပီသစွာ ဈေးကွက် ထဲမှာလည်း အကွက်မြင်တဲ့ ကုန်သည် များမှ တစ်ဖက်နိုင်ငံမှ ဝယ်ယူချင်တဲ့ ကုန်ပစ္စည်းကို နည်းလမ်းမျိုးစုံနဲ့ တိုက် ရိုက် တင်ပို့ပေးနေပါတယ်။
ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဇန်နဝါရီနောက်ဆုံး သီတင်းပတ်အတွင်း ကန်ဒေါ်လာ ခုနှစ် သိန်းနှစ်သောင်းကျော်တန်ဖိုးရှိ နို့ဆီ ၄၈၃ ဒသမ ၇၅၆ တန်ကိုတင်သွင်းခဲ့ ပါတယ်။ ဒီတစ်ပတ်မှာ အိုကေနို့ဆီ ၁၃၂ တန်၊ ဒွန်းနို့ဆီ ၂၅၂ ဒသမ ၅၄ တန်နဲ့ အခြားတံဆိပ်နို့ဆီ ၉၉ ဒသမ ၂၁၆ တန်တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ်နို့ဆီအဝင်မှာ တန်ချိန် လေးရာနီးပါး ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန်ရှစ်ဆယ်ကျော်အဝင် ပိုခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလအတွင်း ရေထွက်ကုန် ၄၅၂၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၀ ဒသမ ၉၀၁ သန်းဖိုးရှိပြီး ယခင်လက တင်ပို့မှုထက် တန် ၃၀၀ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် ဇန်နဝါရီလ ၂၂ ရက်မှ ၂၈ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၃၂၄ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၈၂၈ တန်ကျော်ကို မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှ တင်ပို့နိုင်ခဲ့ပါတယ်။
နိုဝင်ဘာလ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန် ဒေါ်လာ သုည ဒသမ ၇၀၁ သန်းတန်ဖိုးရှိ ပရဆေး ကုန် ကြမ်း ၆၈၈ တန်ခန့်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်တင်ပို့မှု ထက် တန် ၁၀၀ ကျော် လျော့နည်းခဲ့ပါတယ်။
မန္တလေး-လားရှိုး-မူဆယ်မှ တစ် ဆင့်တရုတ်နိုင်ငံကို တင်ပို့နေတဲ့ မြန်မာ့ ပို့ကုန်များထဲတွင် ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ပဲတီစိမ်းနဲ့ပြောင်း အဝင်များနေပါတယ်။ လယ်ယာထွက် ကုန် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းနဲ့ရေထွက်ကုန် ဂဏန်း၊ ငါးရှဉ့်တို့ နေ့စဉ်အဝင်ရှိပြီး ပြောင်းကနေ့စဉ်ပျမ်း မျှ ကားစီးရေ ၅၀ ဝန်းကျင်နဲ့ ပဲတီစိမ်း ကား ပျမ်းမျှစီးရေ ၃၅ စီးခန့်ရှိ တယ်လို့ သိရပါတယ်။
၂၀၁၃ ခုနှစ် ဇူလိုင်လမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကူးသန်းရောင်းဝယ်ရေးဇုန်မှကန်ဒေါ်လာ သုည ဒသမ ၇၉၄ သန်းတန်ဖိုးရှိတဲ့ ပန်းသီး၊ ပန်းသစ်တော်နဲ့ လိမ္မော်သီး တန်ချိန်ပေါင်း၁၆၇၀ကျော်ကို တင်သွင်း နိုင်ခဲ့တယ်လို့သိရပါတယ်။