Main menu

Background

Wednesday, 30 May 2012

      အမရပူရမြို့နယ်ရှိ ရက်ကန်းလုပ် ငန်းများမှသဘာဝချည်ထည်နဲ့ သဘာ၀ ဆိုးဆေးလုပ်ကိုင်သူ သုံးဦးဝန်းကျင်သာ ရှိပြီး ဓာတုဆိုးဆေးများသုံးပြီး၊ အဆင် သင့်ဆေးဆိုးလုပ်ကိုင်သူ   များပြား ကြောင်း သိရပါတယ်။သဘာဝချည်ထည်နဲ့ သဘာဝဆိုး ဆေးထည်များအား  ပြည်ပနိုင်ငံများမှ ဝယ်ယူလိုသော်လည်း ထုတ်လုပ်မှု နည်းခြင်းကြောင့် ပြသရောင်းချမှု မပြုလုပ် နိုင်ကြောင်း သိရပါတယ်။

Monday, 14 May 2012

          ရက်ကန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆောင်းဒါးရက်ကန်းကျောင်း အဆင့်မြှင့်တင်ရေးစာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲနဲ့ အရောင်းပြပွဲကို ဧပြီလဆန်းက ဆောင်းဒါးရက်ကန်းကျောင်း သင်တန်းခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို သမဝါယဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်း၊ ရက်ကန်းလုပ်ငန်း အတတ်ပညာရှင်၊ လုပ်ငန်းရှင်များ၊ ရက်ကန်းကျောင်း ကျောင်းအုပ်များနဲ့တာဝန်ရှိသူများ  တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာ ရက်ကန်းလုပ်ငန်းများ

Monday, 9 Apr 2012

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက် မဲခရိုင်၊ မဘိမ်းမြို့နယ်အတွင်းမှာ သက် ငယ်များ အရောင်းအဝယ်ဖြစ်နေကြပါ တယ်။ သက်ငယ်များဟာ  တောထဲမှာ သဘာဝအလျှောက်  ပေါက်ရောက်တဲ့ အပင်များဖြစ်ပါတယ်။ ကျေးရွာတိုင်းမှ သက်ငယ်ပင်များ  ပေါက်ရောက်တာ တွေ့ရှိရပေမယ့် ခိုတာကျေးရွာအုပ်စု၊ ပြင်လဟာကျေးရွာမှာတော့

Tuesday, 27 Dec 2011

နှစ်စဉ်ခရီးသွားရာသီမှာ ရှမ်းပြည် နယ်တောင်ပိုင်းရှိ ညောင်ရွှေ၊ အင်း လေ ဒေသ၊ ပင်းတယမြို့နဲ့ ကုံလုံဒေသ၊ ကလောမြို့ကလေးများသို့ ပြည်ပခရီး သွားများ အမြောက်အမြား လာရောက် လည်ပတ်ကြပါတယ်။

Tuesday, 13 Dec 2011

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့ နယ်၊ ဒလ-တွံတေးကားလမ်းရှိ ပျော် ဘွယ်လေးကျေးရွာမှာ အိမ်တွင်း လက် မှုလုပ်ငန်းအဖြစ် ကျေးရွာရဲ့ ဆင်းရဲနွမ်း ပါးမှုလျှော့ချရေးအတွက်  အထောက် အကူဖြစ်စေသော  စက္ကူပန်းခက်၊ ပန်းခိုင်လုပ်ငန်းများကို မိမိတို့ရဲ့ နေအိမ် များမှာ မိသားစုများ ဝိုင်းဝန်းလုပ်ကိုင် ကြပြီး၊ နွေရာသီ ကျောင်းပိတ်ရက် များတွင် ကျောင်းသူ၊ ကျောင်းသားများ ပါ နောက်နှစ်ကျောင်းစရိတ်၊ ကျောင်း မုန့်ဖိုးများရရှိအောင် လုပ်ကိုင်လျက် ရှိကြပါတယ်။

Tuesday, 15 Nov 2011

                စစ်ကိုင်းမြို့အနောက်ဘက်ရှိ ဆင်မြေရွာ၊ သဗြူးရွာ၊ ဒေါင်းမရွာ၊ မအူပင်ရွာ စတဲ့ ဒေသခံများဟာ တောင်သူလုပ်ငန်းအပြင် ကျောက်စိမ်းပုတီးသွေးဖြတ်လုပ် ငန်းများ တစ်ပိုင်တစ်နိုင်လုပ်ကိုင်မှုများကြောင်း သိရပါတယ်။ဆင်မြေရွာမှ ကျောက် ဖြတ်သွေး လုပ်ကိုင်သူတစ်ဦးက " ဦးလေးအရင်က လက်သမားအလုပ်လုပ်တာ၊ လွန်ခဲ့တဲ့ ငါးနှစ်ကစပြီး ကျောက်စိမ်းပုတီးဈေးကွက် ဖြစ်တည်လာတော့ တစ်ရွာလုံး နီးပါး ပုတီးဖောက်လုပ်ငန်းကိုပါ လုပ်လာကြတယ်။ တောင်သူအလုပ်လည်းလုပ် တယ်။ အိမ်မှာ မှီခိုနေတဲ့သူလည်း တစ်ပိုင်တစ်နိုင် ဝင်လုပ်ကိုင်တယ်။ ဒါကြောင့် ကျောက်ဖြတ်ခုံ ရှစ်ခုံနဲ့ အိမ်မှာပဲ အလုပ်လုပ်တယ်။ ခုံရှစ်ခုံဆို တစ်ရက်ကို ကျောက်ဖြတ်ခ ၄၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်ကြား ရတယ်။ သွက်လက်တဲ့အပေါ် မူတည်ပြီးရတာ။ နေ့စားငှားရင် လက်သွက်တဲ့အပေါ် မူတည်ပြီး ၁၅၀၀ ကျပ်မှ ၂၅၀၀ ကျပ်ကြား ပေးရတယ်။ ဒီအလုပ်က ခွန်အားသက်သာတယ်။ အရိပ်ထဲလုပ်ရတော့ လုပ်ကိုင်တဲ့သူများလာတာ။ တစ်ရက်သွေးတာတောင် သောင်းဂဏန်းရ တယ်။ တောင်သူအလုပ်ကတော့ ရာသီခွင်ပဲ လုပ်ရတာပေါ့" လို့ ပြောပါတယ်။ ကျောက်စိမ်းပုတီးကို အသေးဆုံးဆိုဒ် ၄ မီလီမီတာ၊ အကြီးဆုံးဆိုဒ် ၁၃ မီလီမီတာပြု လုပ်ရကြောင်း၊ အညံ့စား ပုတီးတစ်လုံး အသေးဆိုဒ် ၂ ကျပ်၊ အကြီးဆိုဒ် ၅ ကျပ်မှ ၁၀၀ ကျပ်ကြားတန်ဖိုးရှိ ပုတီးအများဆုံး ပြုလုပ်ရကြောင်း၊ ကျောက်ဖြတ်ခတစ်လုံး ၁၀ ကျပ်ရှိကြောင်း သိရပါတယ်။ ဇူးဇူး

Monday, 31 Oct 2011

                     မြန်မာနိုင်ငံဟာ သဘာဝရေမြေတောတောင်တွေနဲ့ စိမ်းလန်းစွာပေါက်ရောက်နေတဲ့ အဖိုးတန် သစ်ပင်၊ ပန်းမန်တွေနဲ့ ဆေးဖက်ဝင် သစ်ပင် အမျိုးမျိုး ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ပါတယ်။ သဘာဝအလျောက် သစ်ပင်ပန်းပင်တွေရဲ့ ဝတ်ရည်တွေကို စုပ်ယူပြီး ရရှိလာတဲ့ သဘာဝပျားရည်ဟာ အလွန် ဆေးဖက်ဝင်သလို ပျားတွေကိုမွေးမြူပြီး ရရှိတဲ့မွေး မြူရေးပျားရည်ဟာလည်း သဘာဝပျားရည်ကဲ့သို့ ဆေးဖက်ဝင်ပြီး ပြည်ပနိုင်ငံတွေကလည်း နှစ်ခြိုက် စွာ ဝယ်ယူအားပေးလျက်ရှိပါတယ်။                         သဘာဝပျားရည်ကို မြန်မာပြည်အနှံ့ ဒေသ ပေါင်းစုံမှရရှိနိုင်ပြီး မွေးမြူရေးပျားရည်ကို စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ မကွေး တိုင်းဒေသကြီးတို့မှာ အများအပြား ရရှိနိုင်ပြီး နေကြာပန်းတွေလိုမျိုး ပန်းများပွင့်ချိန် မြန်မာပြည် အနှံ့ ရရှိနိုင်ပါတယ်။                          ပျားရည်ကို ကချင်ပြည်နယ်မှ ထွက်တဲ့ ရှဉ့် မတက်ဥနဲ့ အချိုးကျရောစပ်ပြီး ရှဉ့်မတက်ပျားရည် ဆိုပြီး အားဆေးအဖြစ်သောက်သုံးကြသလို ကြက် သွန်ဖြူတစ်လုံးနဲ့ ပျားရည်ကိုလည်း ဆေးအဖြစ် ဖော်စပ်ကာ ဥတစ်လုံး ပျားရည်ဆေးဝါးအဖြစ် သုံးဆောင်ကြပါတယ်။ ကြက်သွန်ဖြူပျားရည်စားသုံး ခြင်းနဲ့ သွေးတွင်းရှိ ကိုလက်စထရောတွေ လျော့ ကျစေသကဲ့သို့ နှလုံးကျန်းမာရေးအတွက် စားသုံးကြကြောင်း သိရှိရပါတယ်။                         ပျားရည်မှာ ဓာတ်တိုးပစ္စည်းပါဝင်မှုတွေ များ တာကြောင့် ခုခံအားစနစ်ကို မြင့်တက်စေတဲ့အပြင် ဘက်တီးရီးယားနဲ့ ရောင်ရမ်းမှုကို တွန်းလှန်စေနိုင် ပြီး ဝေဒနာတွေ သက်သာစေနိုင်သလို သွေးတွင်း သကြားဓာတ်ကိုလည်း ထိန်းညှိပေးကြောင်း လေ့လာသိရှိရပါတယ်။ နေ့စဉ်ပျားရည်ထမင်းစား ဇွန်း တစ်ဇွန်းစားပေးပါက အစာကြေစေပြီး ဝမ်းဗိုက် ပြဿနာကင်းစေနိုင်ကြောင်းလည်း သိရှိရပါတယ်။                          ပျားရည်ကို ပြည်တွင်းမှာသာမက ပင်လယ် ရေကြောင်းမှ ပြည်ပနိုင်ငံတွေကို နှစ်စဉ်တင်ပို့မှုမှာ လေ့လာကြည့်မယ်ဆိုရင် အောက်ပါအတိုင်း တွေ့ရှိရပါတယ်-                               တန်ဖိုး-ကန်ဒေါ်လာ                       ၂၀၀၉-၂၀၁၀        ၂၀၁၀-၂၀၁၁        ၂၀၁၁-၂၀၁၂                                                                                           (အောက်တိုဘာလအထိ)                        ၉၁၇၇၄၇ .၇၀       ၁၅၄၅၂၉၅ .၅၀       ၆၆၆၇၉၀ .၀၀                ၂၀၁၁ခုနှစ် အောက်တိုဘာ ၁၈ ရက်မှာ ပျားလုပ်ငန်းဌာနရဲ့ ထောက်ခံချက်နဲ့ မွေးမြူရေးပျား ရည် တန်ချိန် ၁၂၀ ကို ထိုင်းနိုင်ငံကို တင်ပို့နိုင်ဖို့ပို့ကုန်လိုင်စင်လျှောက်ထားခဲ့ကြောင်း သိရှိရပါတယ်။                မွေးမြူရေးပျားရည်ကို ဂျပန်၊ ထိုင်း၊ မလေး ရှား၊ တောင်ကိုရီးယား၊ တရုတ်နိုင်ငံတွေကို နှစ်စဉ် တင်ပို့လျက်ရှိပြီး မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာနရဲ့ မွေးမြူရေးပျားရည်ဖြစ်ကြောင်း ထောက်ခံချက်နဲ့ တင်ပို့နိုင်ရာ အရည်အသွေး ကောင်း မွေးမြူရေးပျားရည်တွေကို ဈေးကွက်တိုး ချဲ့ပြီး တင်ပို့နိုင်ရေးအကြံပြုတင်ပြလိုက်ရပါတယ်။ နန်းထွေးထွေးမေ 

Tuesday, 18 Oct 2011

                       ကျွန်တော်တို့မြန်မာနိုင်ငံမှာ တစ်ဦးနဲ့တစ်ဦး သာရေး၊ နာရေး၊ လူမှုရေးကိစ္စ အကျိုးအကြောင်းစုံလင်ကို စာနဲ့ ရေးသားဆက်သွယ်တဲ့အခါ စက္ကူ စာအိတ်နဲ့ထည့်ပြီး ဆက်သွယ်ကြတဲ့ ဓလေ့က နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အဲဒီမှာ စက္ကူကို စနစ်တကျအိတ်ချိုးပြီး စာအိတ်လုပ်ရောင်းတဲ့ သာမန် လုပ်ငန်း တစ်ခုအနေနဲ့သိခဲ့ကြပါတယ်။ ဒါပေမဲ့ ထူးခြားတာက ဂျပန်နိုင်ငံမှာ အထက်မှာ ဖော်ပြခဲ့တဲ့ အချင်းချင်းဆက်သွယ် စက္ကူ စာအိတ်လေးများအပြင် မင်္ဂလာ လက်ဖွဲ့ လှူရေး၊ တန်းရေး၊ နှစ်သစ်ကူးမင်္ဂလာစတဲ့ အလှူမင်္ဂလာ ထောက်ပံ့ တဲ့ ငွေထည့်စာအိတ်၊ ဆေးရုံတွင် တက် ရောက်နေတဲ့ လူနာများအတွက် ထောက်ပံ့ငွေထည့်စာအိတ်၊ နာရေး ကိစ္စများအတွက် ထောက်ပံ့ငွေ ထည့်စာအိတ်၊ ကုမ္ပဏီဝန်ထမ်းများ၊ အစိုးရ ဝန်ထမ်းများ ရာထူးတိုးမြှင့်တဲ့ အခါ ထောက်ပံ့ငွေထည့် စာအိတ်ဆိုပြီး အမျိုးမျိုးမတူညီ ကွဲပြားတဲ့ စာအိတ် အမှတ်အသားပုံဖော်ထားတဲ့ သင်္ကေတများ ခွဲခြားထားကြ ပါတယ်။ ၎င်းင်းစာ အိတ်ပေါ်မှာ ပုံဖော်ထားတဲ့သင်္ကေတ အမှတ်အသား၊ အနုပညာလုပ်ငန်းဟာ သူတို့နိုင်ငံမှာ တွင်ကျယ်စွာ လုပ်ကိုင်နေ ကြပါတယ်။                    ဂျပန်နိုင်ငံမှာ စက္ကူကြိုးမျှင် ပန်းချိုး ပုံဖော်ထားတဲ့ စက္ကူစာအိတ်ချိုး လုပ်ငန်းက ဝယ်လိုအားကောင်းပြီး၊ အောင်မြင်လာတဲ့အတွက် တိုးချဲ့လုပ်ကိုင်ရန် နေရာအခက်အခဲနဲ့ လုပ်သား အင်အား အခက်အခဲရှိလာခဲ့ပါတယ်။ ဒါကြောင့်လည်း မြေနေရာနဲ့ လုပ်သား စရိတ်သက်သာတဲ့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တစ်ဦးမှ အဲဒီအတတ် ပညာကို ဂျပန်တွင်သင်ယူခဲ့ပြီး၊ မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်မှာ "နေ" လက်မှုပညာ ကုမ္ပဏီ လီမိတက် တည်ထောင်ပြီး လုပ်သား အင်အား ၇၀ ကျော်နဲ့ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်မှာ လုပ်ငန်း စတင်ခဲ့တာအောင်မြင်မှုအတိုင်းအတာ တစ်ခု ရရှိနေပါပြီ။                      ''ကျွန်တော်တို့ကုမ္ပဏီဟာ ဂျပန် နိုင်ငံနဲ့ဆက်သွယ်ဆောင်ရွက်ပြီး၊ ကုန်ကြမ်းဖြစ်တဲ့ စက္ကူကြိုးမျှင် (ရောင်စုံ) များနဲ့စာအိတ်စက္ကူများကို ဂျပန်ကတင် သွင်းပါတယ်။ကျွန်တော်တို့က ရောင်စုံ ကြိုးမျှင်လေးများကို ပန်းချိုးပုံဖော်ပြီး၊ စက္ကူစာအိတ်ပေါ်မှာ တပ်ဆင်ပေးရပါတယ်။ စာအိတ်ပေါ်မှာ သတ်မှတ်ထား တဲ့ ပန်းချိုးပုံဖော် သင်္ကေတများကို ကွက်တိဝင်အောင်ပုံဖော်ပြီး၊ CMP လုပ်ခစားစနစ်ဖြင့်ပြုလုပ်ပြီးနောက် ဂျပန်နိုင်ငံသို့ ပင်လယ် ရေကြောင်းမှ တင်ပို့ ပေးပါတယ်။ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုတစ်ရပ်ဖြစ်တဲ့ စက္ကူကြိုးမျှင် ရောင်စုံများကို အလှဆင်ထား တဲ့ သတ်မှတ် စာအိတ်ထဲကို ငွေကြေး ထောက်ပံ့မှုနဲ့ပတ်သက်လို့၊ မင်္ဂလာ လက်ဖွဲ့ငွေ၊ ဆေးရုံတက်နေတဲ့ လူနာရှင် ထောက်ပံ့ငွေ၊ နာရေးအတွက် ကူညီထောက်ပံ့ငွေ၊ ဝန်ထမ်းများ ရာထူး တိုးမြှင့်တဲ့အခါ ချီးမြှင့်ထောက် ပံ့ငွေ စသည်များကို ပေးတဲ့နေရာမှာ စက္ကူ အိတ်ပေါ်မှာ သတ်မှတ်ထားတဲ့ သင်္ကေတ ပုံလေးတွေပါတဲ့ စာအိတ်ထဲ သို့ထည့်ပြီး ပေးကြတဲ့ဓလေ့ ရှိကြပါတယ်။ အဲဒီပုံဖော်ထားတဲ့ စာအိတ် လုပ်ငန်းကို ကျွန်တော်တို့ သင်ယူခဲ့ပြီး၊ မြေနေရာနဲ့ လုပ်သား စရိတ်သက်သာ တဲ့ မန္တလေးကိုရွေး ချယ်ပြီးဆောင်ရွက် ခဲ့တာကြောင့် ဒေသတွင်း လုပ်သား များအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမို ရရှိခြင်းနဲ့ လက်မှုပညာ အသစ်တစ်ရပ်လည်း တတ်မြောက် လာကြပါတယ်။ ဒီနေ့အထိ ဂျပန်ကို ပင်လယ်ရေကြောင်းမှ သင်္ဘောဖြင့်ပို့ တာ ၂ ခေါက်ရှိပါပြီ။ တစ်ခေါက်ကို ၆ တန်ဆန့် ကွန်တိန်နာ တစ်စီးအတွင်း စက္ကူကြိုးမျှင် ပန်းချိုးပုံဖော် စာအိတ် များကို ဂျပ်ဖာများနဲ့ စနစ်တကျစီ ထပ်တင်ပို့ကြပါတယ်။ စာအိတ်တစ် အိတ်ကို ပုံဖော်ပေးတဲ့ လက်ခကတော့ ပျမ်းမျှတစ်ခုကို သုည ဒသမ ၀၀၂၉၅ ဒေါ်လာရရှိပါတယ်" လို့ တစ်ဖက် တစ် လမ်းက နိုင်ငံခြားငွေ ရရှိအောင် ရှာ ဖွေပေးနေတဲ့ "နေ" လက်မှု ပညာ ကုမ္ပဏီ လီမိတက် အုပ်ချုပ်မှု ဒါရိုက် တာ ဦးနိုင်ဝင်းအောင်ရဲ့ ပြောကြားချက် များကို ဖော်ပြလိုက်ရပါတယ်။ ကျော်ဦး

Wednesday, 5 Oct 2011

 ရက်ကန်းထည်ဈေးကွက်တွင် ကိုယ်တိုင်ထိုးဖောက်မှုထက် လက်ဝေခံထုတ်လုပ်မှုများ                        ရွှေဘိုမြို့၊ ဆိပ်ခွန်ရွာဟာ ရက်ကန်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်လျက်ရှိရာ ယခင်က လက်ရက်ကန်းဖြင့် လုပ်ကိုင်ခဲ့ရာမှ ခေတ်ကာလ ရွေ့လျားလာတာနဲ့အမျှ စက်ရက်ကန်း များ အစားထိုးလုပ်ကိုင်လာပါတယ်။ ဆိပ်ခွန်ရွာမှာ စက်ရက်ကန်းစင် ၈၀၀ ကျော်ဖြင့် လွန်ခဲ့တဲ့ ၁၀ နှစ်ကလုပ်ကိုင် ခဲ့ပြီး ယခုအခါ ဈေးကွက်အတွင်း ကိုယ်တိုင်ထိုးဖောက်မှုထက် လက်ဝေခံထုတ် လုပ်မှုများကြောင့် စင် ၃၀၀ ခန့် လျော့ ကျလာကြောင်း သိရပါတယ်။                     ဆိပ်ခွန်ရွာမှ ရက်ကန်းပိုင်ရှင် ဦးဝင်း မော်ဦးက ''လက်ရက်ကန်းကနေ စက် ရက်ကန်း အစားထိုးလိုက်တော့ အရင် ကထက် အထည်များများ ထွက်တယ်။ ဈေးကွက်မှာက အရင်ကထက် ပိုပြီး မသုံးစွဲဘူး။ ပြည်ပကဝင်တဲ့အထည်က ပြည်တွင်းဖြစ်ကို ထိုးဖောက်နိုင်တယ်။ အသေးစားနဲ့အလတ်စား ရက်ကန်းစင် တွေအနေနဲ့ နာမည်ဖောက်ဖို့ကမလွယ် တော့ နာမည်ပေါက်ပြီးသားသူနဲ့ သွားကပ်ရတာ။ နာမည်ပေါက်တဲ့သူတွေက ရက်ကန်းလုပ်ငန်းကို ကိုယ်တိုင်လုပ်ချင် မှလုပ်မယ်။ ရက်ကန်းစင်ရှိတဲ့ နေရာ တွေမှာလိုက်ဝယ်ပြီး ပြန်ရောင်းတော့ ရက်လုပ်သူအတွက်က တစ်ထည်မှ ၂၈၀ ကျပ်၊ ၃၀၀ ကျပ်ပဲ ကျန်တယ်။ အထည်ဖြစ်ဖို့အတွက်က ကုန်ကြမ်းကို ကြိုဝယ်ထားရတာ။ အရင်းအနှီးကများ ပြီး အမြတ်ကနည်းတော့ စင်တွေလျော့ လာတယ်။ ကျွန်တော့်ရက်ကန်းရုံမှာ တောင် လွန်ခဲ့တဲ့ ၄ လက စင် ၁၀၀ လောက် လုပ်ရတာ။ ခု ၇၃ စင်နဲ့ပဲ အလုပ် လုပ်ရတယ်။ ရွှေဘိုမှာလည်း အရင်က ရက်ကန်းစင်တွေရှိတယ်။ အခုတစ်စင်မှ မလုပ်တော့ဘူး။ တဖြည်းဖြည်းနဲ့ မြန်မာ့ရက်ကန်းက အောက် ရောက်သွားပြီ။ ပျောက်ကွယ်သွားမှာ တောင်စိုးရတယ်''လို့ ပြောပါတယ်။ ဆိပ်ခွန်ရွာမှ ၁/၂၁ ချည်နဲ့ ရက်လုပ်တဲ့ ကြမ်းချော ချည်လုံချည်ကို အဓိကထား ထုတ်လုပ်လျက်ရှိပါတယ်။ ရက်ကန်းစင်တစ်စင်လျှင် တစ်နာရီကို ၁ ကွင်းထွက်ရှိရာ မီးမှန်ပါက ၁၀ ကွင်း ထုတ်လုပ်နိုင်ကြောင်း၊စင် ၅၀၀အတွက် တစ်ရက်လျှင် အထည် ၄၀၀၀ နီးပါး ဆိပ်ခွန်ရွာမှ ထွက်ရှိပါတယ်။ အထည် ရက်လုပ်ရာမှာ ပြည်တွင်းချည်ကို အဓိကထား အသုံးပြုကြောင်း၊ ယခု အခါ လျှပ်စစ်မီး ပုံမှန်ရနေလို့ အထည် များများထုတ်လုပ်နိုင်ပေမဲ့ ကုန်ကြမ်း ဈေး လျှော့ပေးနိုင်ပါက ဈေးကွက် ကောင်းလာနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး 

Tuesday, 30 Aug 2011

ဝက်ကော်ကျေးရွာမှ မြန်မာ့ရိုးရာ ဝါးဦးထုပ်လေးများ                  ဝါးဦးထုပ်/ဝါးခမောက်ဆိုတာ တောင်သူ လယ်သမားတွေအတွက် မရှိမဖြစ်အသုံးအဆောင် များထဲက တစ်ခုပါ။ မြို့ပြမှာလည်း လူလတ်တန်း စားများနဲ့ လက်လုပ်လက်စားအများစုက ယနေ့ အထိ သုံးစွဲနေဆဲပါ။ ခေတ်မမီပေမယ့် လည်း မြန်မာ့ရာသီဥတု နဲ့ကိုက်ညီပြီး ဈေးနှုန်းချိုသာတာ ကြောင့် ယနေ့အထိ ဈေးကွက်ရှိနေသေးတဲ့ မြန်မာ့ရိုးရာလက်မှုပစ္စည်းလေးတွေပါ။ ဝါးဦးထုပ်/ဝါးခ မောက်ထုတ်လုပ်တဲ့ လုပ်ငန်းကလည်း ကျေးလက်နေ ပြည်သူတွေအတွက် လယ်ယာလုပ်ငန်းခွင် အားလပ်ချိန်မှာ အပိုဝင်ငွေရစေတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာဝါးဦးထုပ်/ဝါးခမောက် ထုတ်လုပ်တဲ့လုပ်ငန်းကို လေ့လာဖို့အတွက် ဇီးကုန်း မြို့နယ်၊ ဝက်ကော်ကျေးရွာ၊ ပြည်-ရန်ကုန် ကား လမ်းဘေးရှိ ဝေဠုဝါးခမောက် ကုန်ထုတ်သမဝါ ယမအသင်းလီမိတက်သို့ သွားရောက်ခဲ့ပါတယ်။ အသင်းဥက္ကဌ ဦးမင်းဒင်နဲ့တွေ့ဆုံပြီး ဝါးဦးထုပ်/ ဝါးခမောက် ထုတ်လုပ်နေမှု အခြေအနေများ၊ လုပ်ငန်းသဘာဝများအကြောင်း လေ့လာမေးမြန်း ခဲ့ပါတယ်။                    ဝါးဦးထုပ်/ဝါးခမောက် လေးတစ်လုံးဖြစ်ဖို့ ဝါးပိုးဝါးကရတဲ့ ဝါးပလပ်၊ ကြသောင်းဝါး၊ ချည်နဲ့ ဖယောင်းတို့ကို လက်မှုအတတ်ပညာနဲ့ ပေါင်းစပ် အကောင်အထည်ဖေါ်မှရတာပါလို့ ဝက်ကော်ရွာ၊ ဝေဠု ဝါးခမောက် ကုန်ထုတ်သမဝါယမအသင်း လီမိတက်ဥက္ကဋ္ဌ ဦးမင်းဒင်က ရှင်းပြခဲ့ပါတယ်။ ''အဓိက ကုန်ကြမ်းဖြစ်တဲ့ ဝါးပိုးဝါးပလပ်က မိုးညို၊ ကြံခင်း၊ မြန်အောင်မြို့နယ်တွေကို မှာဝယ် ရပါတယ်။ ဝါးပလပ်အရွက်ငါးရာပါ တစ်ထုပ်ကို ကျပ် ၆ဝဝဝ ဝန်းကျင်ပေးရတယ်''  ဝါးပလပ်ဆိုတာ ဝါးပပ်ကို ပြောတာလား။ဝါးပလပ်ကိုဘယ်အချိန်မှာ ဝယ်ရသလဲ။                ဟုတ်ပါတယ်၊ ဝါးပလပ်ဆိုတာ ဝါးဆစ် တစ်ခုနဲ့ တစ်ခုကြားက ဝါးရဲ့အပြင်ခွံ ဝါးပပ်ပါ။ ဝါးပိုးဝါးရဲ့အလယ်ပိုင်းကရတဲ့ ဝါးပလပ်က အသား မာပြီး ပြောင်နေတဲ့အတွက် ဝါးဦးထုပ်/ဝါးခ မောက်လုပ်ဖို့ အကောင်းဆုံးပါ၊ ဝါးပလပ်ပေါ် ချိန်က အောက်တိုဘာလကနေ ဇွန်လအထိပါ။ သူ့ရာသီချိန်မှာ ကိုယ်ထုတ်လုပ်မယ့် ပစ္စည်းအရေ အတွက်နဲ့ ငွေအင်အားပေါ်မူတည်ပြီး တစ်နှစ်စာ ကြိုဝယ်ရတာပါ။ ဒုတိယကုန်ကြမ်းဖြစ်တဲ့ ကြသောင်းဝါးကိုရော ဘယ်ကနေဝယ်ပါသလဲ                 ကြသောင်းဝါးကတော့ ပဲခူးရိုးမက ဝါးကိုပဲ သုံးပါတယ်။ ဝါးလှည်းတွေမှာ ဝါးတစ်လုံးတန်ဖိုး ဈေးဖြတ်ပြီး လှည်းတစ်စီးအရှိ (အပြတ်) ဝယ်ရ တာပါ။ ဝါးတစ်လုံးကျပ် ၅ဝဝ နှုန်းလောက်တော့ ကျပါတယ်။ ဝါး ကိုရော တစ်နှစ်စာ ကြိုဝယ်ရတာပါလား။                    ကြိုဝယ်ရတာပါပဲ၊ ဒါပေမယ့် ဒီအတိုင်းသိမ်း လို့မရပါဘူး၊ ဝါးဂွေရအောင်ပြုပင်ပြီးမှ သိမ်းလို့ရ ပါတယ်။ ဝါးကို လိုအပ်တဲ့အနေအထားရအောင် စိတ်ပြီး ဂွင်းကွင်းရတယ်။ ဝါးကွင်းတွေကို ဝါးအနု၊ အရင့်လိုက်ပြီး ရေစိမ်ရတယ်။ ရေစိမ်ပြီး ရင် ခြောက် အောင်လှန်းရပါတယ်။ ခြောက်မှ တစ်နှစ်စာသိမ်း ထားပါတယ်။ တတိယကုန်ကြမ်းဖြစ်တဲ့ ချည်ကို ဘယ်လိုချည်မျိုးသုံးရပါသလဲ။                         ဘိလပ်ချည်ကို အဖူးအရွက်တွဲတဲ့နေရာနဲ့ အရွက်အနားကွပ်တဲ့နေရာမှာသုံးပါတယ်။ ဘိလပ် ချည်ဆိုတာဟာ ဘိလပ်မြေအိတ်တွေ ချုပ်တဲ့ ချည်တွေပါ။ စက်ရုံလေလံသမားတွေ လာရောင်း ပါတယ်။ တစ်ပိဿာကို ကျပ် ၄ဝဝဝ လောက် ပေးရပါတယ်။ အဖူးခုျပ်ချည်က သုံးပင်ချည်ဖြစ်ပြီး ရန်ကုန်က ဝယ်ပါတယ်။ တစ်ပိဿာကို ကျပ် ၇ဝဝဝ လောက်ပေးရပါတယ်။ နောက်ဆုံးကုန် ကြမ်းက ဖယောင်းဖြစ်ပြီး ချည်စာတိုက်ရာမှာ သုံးပါတယ်။ အရင်က ပျားဖယောင်းသုံးပြီး အခု တော့ ထင်းရှူးဆီ၊ ဖယောင်းတုံးတို့နဲ့ ကိုယ်တိုင် ဖယောင်းချက်သုံးပါတယ်။ ဇာက တချို့ဦးထုပ် တွေရဲ့ အဖူးအတွင်းဖက်မှာ ထည့်တာပါ။ ဇာထည့် ရင် ဦးထုပ်အနားကို ပလတ်စတစ်နဲ့ ကွပ်ပေးရ ပါတယ်။(ဆက်လက်ဖော်ပြပါမည်)။ 

Pages